ကဲ .... ကျွန်တော်တို့ " ဖဲချပ်အကြောင်း " နည်းနည်း မွှေနှောက်ကြည့်ရအောင်
အခုပြကွက်ကို စိတ်အေး လက်အေး နားလည်နိုင်ဖို့
ကျွန်တော်တို့ရဲ့ ခုံပေါ်မှာ " ဂျိုကာ " တစ်ချပ်မှမှရှိဘူးလို့ ယူဆထားကြမယ်ဗျာ
စိတ်မပူပါနဲ့ .... ဂျိုကာ နဲ့ နောက်ပိုင်းမှာ စမ်းကြည့်ကြအုံးမှာပါ
အခုတော့ ဂဏန်းတွေနဲ့ဘဲ စလိုက်ကြရအောင်
စ စဉ်းစားတော့မယ်ဆိုရင်
ပထမဦးဆုံး သိထားရမှာက
ဖဲထုပ် ၁ ထုပ်မှာ အချပ်ပေါင်း ဘယ်နှစ်ချပ်ပါသလဲ ဆိုတာကိုပါ ?
ကဲ .... ပြောပြပါ့မယ် .... အပွင့် ၄ မျိုးရှိပါတယ်
" ဖဲပွင့် - Spade " ရယ် ၊ " ဒေါင့် - ဒိုင်းမွန်း - Diamond " ရယ်
" ညှင်းပွင့် - Club " နဲ့ " အသဲ - Heart " တွေဘဲပေါ့
အပွင့် ၁ မျိုး မှာ
ဖဲ ၁၃ ချပ် ရှိတယ်
ဝိုင်းစကား နဲ့ ပြောရရင်
.......
သင့်ဆီမှာ A ပုံအကြီးကြီး နဲ့ နံပါတ် ၁ ၊ ၂ ၊ ၃
၄ ၊ ၅ ၊ ၆ ၊ ရ ၊ ၈ ၊ ၉ ၊ ၁ဝ
ပြီးတော့ ဂျက် - Jack ၊ ကင်း - King နဲ့ ကွင်း - Queen ဆိုပြီးတော့ ရှိကြတယ်
အားလုံး ၁၃ ချပ်ပေါ့
အပွင့် ၁ မျိုး ထဲ က သင်ကြိုက်တဲ့ ကဒ် ကို ယူလို့ရသလို
ကြိုက်တဲ့ နံပါတ်ရဲ့ အပွင့် ကိုပါ စိတ်ကြိုက်ရွေးလို့ရတယ်လေ
ဒီတော့ ဒိုင်းမွန်းကွက်-ဂျက် ကိုယူမလား ? ညှင်းပွင့်-ဂျက် ကိုယူမလား
ဖဲပွင့် / စပိတ်-ဂျက် ကို ဆွဲမလား ၊ အသဲ-ဂျက် ကို ဆွဲမလား - သဘောဘဲလေ
ဒါဆိုရင် ဒီ ၂ မျိုး ကို မြှောက်ကြည့်ရအောင်
ကဒ်ပြားအစုံ ကုလားဗန် ထိုး
တွက်ကြည့်ရအောင် ၊ ဂျိုကာ ကို ထုတ်လိုက်ပြီး ကဒ်တွေကို တွက်ကြည့်ကြရအောင်
ဒါပေမဲ့ အားလုံးကို ရောလိုက်ရင် ကျွန်တော်တို့မှာ အပွင့် ၄ ပွင့် ရှိတယ်
ပြီးတော့ ၁ ပွင့် မှာ ၁၃ ကဒ်ရှိတယ်ဆိုတော့
၁၃ ချပ် ကို အပွင့် ၄ မျိုး နဲ့ မြှောက်လိုက်ရင်
ဖဲထုပ် ၁ ထုပ် လုံးမှာ ၅၂ ချပ် ပါတယ်ဆိုတာ တွက်လို့ရပြီပေါ့ဗျာ
နောက်တစ်နည်း ထပ်တွက်ကြည့်ဖို့ရတာ က
ဂဏန်းနံပါတ် ၁ ခု ချင်းစီမှာ
အပွင့် အမျိုးအစား ၄ မျိုး ရှိတယ်လေ
၁၃ ချပ် ကို ၄ မျိုး နဲ့ မြှောက်လိုက်တော့ အတူတူ- ၅၂ ဘဲ ရတာပေါ့
အခုကနေထပ်ပြီး ဖြစ်နိုင်ခြေတွေနဲ့
မတူညီတဲ့ အဖြေတွေ ကို တွက်ဆကြည့်ရအောင်
ကဲ .... ကျွန်တော် ၁ ထုပ်လုံးကို ကုလားဗန် ထိုးလိုက်ပြီဆိုပါတော့
ကောင်းကောင်းလေး နှံ့အောင်ထိုးလိုက်ပါပြီ
၁ ထုပ်လုံးထဲကမှ ကြိုက်တဲ့ ၁ ချပ် ကို ကျွန်တော် ဒီမှာ ယူလိုက်ပြီနော်
အဲဒီ ၁ ချပ် က ဘာဖြစ်မလဲဆိုတာ ကျွန်တော်စဉ်းစားကြည့်ချင်တယ်
ဂျက် ၁ ကဒ် ကို ရွေးမိရင် ဘာဖြစ်နိုင်မလဲ
ဒီလိုမျိုး အလာတူဖြစ်ရပ် ဘယ်နှစ်ခေါက်ရှိနိုင်လဲ ?
၅၂ ချပ် ထဲက ကြိုက်တာကို ရွေးလို့ရတယ်ဆိုတော့
ဖြစ်နိုင်ခြေ ၅၂ မျိုး ရှိပြန်တာပေါ့
ဒီ ၅၂ ကြိမ်ထဲမှာ ဂျက်-Jack ကုလား ဘယ်နှစ်ခေါက် ပါနိုင်လဲ
ပြန်ပြောရရင် စပိတ် ဂျက် ရှိတယ် ၊ ဒိုင်းမွန်း ဂျက် ရှိတယ်
ညှင်း ဂျက် ရှိတယ် ၊ အသဲ ဂျက် ရှိတယ် လေ - မှတ်မိလား
ဒီထဲမှာ
ဒီအထုပ်ထဲမှာ ဂျက် ၄ ချပ် ရှိတယ်
ဒါဆို ၅၂ ကို ၄ နဲ့စားရင် ၊ အပေါ်က ပိုင်းဝေ ရော ၊ အောက်က ပိုင်းခြေရော ၄ နဲ့ စားလို့ပြတ်တယ်
၄ ကို ၄ နဲ့ စားတော့ ၁ ရင်
၅၂ ကို ၄ နဲ့ စားတော့ ၁၃ ရတာပေါ့
အခု ဆက်စဉ်းစားကြည့်မယ်
ကြည့် .... ဖြစ်နိုင်ခြေ က .... ကျွန်တော်ပြန်ပြောပြမယ်နော်
ကျွန်တော်ထုတ်ထားတဲ့ .ဂျက် ကို ပြန်ထည့်လိုက်ပြီး အထုပ်ကို ပြန် ကုလားဗန်ထိုးလိုက်မယ်
ကဲ ဒါဆို ကျွန်တော့်မှာ ၅၂ ချပ် ပြန်ဖြစ်သွားပြီ
အသဲပွင့် ၁ ချပ်ကို ရရင် ဖြစ်နိုင်ခြေ ဘယ်နှစ်မျိုးရှိသလဲ
ကြုံရာ ၁ ချပ်ကို ရွေးလိုက်ရင် ဖြစ်နိုင်ခြေ ဘယ်လိုရှိမလဲ
သေချာမွှေထားတဲ့ ဖဲထုပ်ရယ် အသဲ ၁ ပွင့်ရယ် ၊ ဟုတ်တယ် အသဲပွင့် ၁ ချပ်ပါ
ကဲဒီမှာ ၅၂ မျိုးသော ဖြစ်နိုင်ခြေဖဲချပ်တွေ
အားလုံးဖြစ်နိုင်တာချည်းဘဲ
ဒီထဲမှာ ကျွန်တော်တို့လိုချင်တဲ့ အသဲ ဘယ်နှစ်ချပ်ပါနိုင်သလဲ
အကုန်လုံးရှိတာကမှ အသဲ က ၁၃ ချပ်
ဂဏန်း က ၁၃ မျိုးဆိုတော့
အသဲ က ၁၃ ချပ်ပါနေပြီ ၊ ဒိုင်းမွန်း က ၁၃ ချပ်
ဖဲပွင့် / စပိတ် က ၁၃ ချပ် နဲ့ ညှင်းပွင့် ၁၃ ချပ် ရှိတာပေါ့
အဖြေ က ၅၂ ချပ်ထဲမှာ ၁၃ ရတယ် ၊ ၅၂ အစား ၁၃
အပေါ်ရော အောက်ရော ၁၃ နဲ့ စာလို့ပြတ်တယ်
ဆိုတော့ အဖြေက ၄ ဘဲ ပြန်ရတယ်
ဆိုလိုတာက ကျွန်တော်ဆွဲလိုက်တိုင်း အသဲပွင့်ရဖို့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၄ ပုံ ၁ ပုံ ဘဲ ရှိတယ်လို့ ပြောချင်တာ
အနှစ်ချုပ်ပြောရရင် ဒီအထုပ်ထဲကနေ
ကြုံရာ ၁ ကဒ် ကိုဆွဲလိုက်တိုင်း ဖြစ်နိုင်ဖြေ ၁/၄ ဘဲရှိတယ်
အခု ပိုပြီးတော့ စိတ်ဝင်စားစရာတစ်ခု လုပ်ကြည့်ရအောင်
ဒါမှမဟုတ် ပိုပြီး မြင်သာအောင် - တကယ်လို့ ကျွန်တော်ရွေးလိုက်တာ
ဂျက် ၁ ကဒ် ရတယ် ၊ အသဲပွင့်လဲဖြစ်နေပြန်တယ်ဆိုရင်ကော
ဖဲ ကစားနည်းနဲ့ မစိမ်းတဲ့သူဆိုရင် သိမှာပါ
တစ်ကယ်ကို ၁ ချပ်ထဲ ၊ ဒီ ၁ ချပ်က ဂျက် ၊ အဲဒီ ဂျက် က အသဲပွင့်
ဟုတ်တယ် ၊ အသဲပွင့်- ဂျက်
အခု ကျွန်တော်တို့ပြောနေတာ အသဲ - ဂျက် ကိုရွေးမိတယ်ဆိုတဲ့
ဖြစ်နိုင်ခြေကို ပြောနေတာ
ဒီနံပါတ် ၊ ဒီအပွင့် နဲ့ ကိုက်ညီမယ့် ဖဲချပ် က ၁ ကြိမ်ဘဲဖြစ်နိုင်တယ်
ဖြစ်နိုင်ခြေ ၅၂ ချပ်လုံး အကြောင်းကို ပြန်သွားကြည့်ရအောင်
ဒါဆိုရင် ၅၂ ချပ်ထဲကမှ ၁ ချပ်တည်းသော အသဲဂျက် ကိုရွေးမိနိုင်တာပေါ့
ပြီးတော့ ဂျက် လဲ ဖြစ်ရမယ် ၊ အသဲပွင့် လဲ ဖြစ်ရမယ်
ကဲပါ .... အခု နောက်ထပ် ပိုမိုစိတ်ဝင်စားစရာတစ်ခုလုပ်ပြမယ်
ဘာတွေဖြစ်နိုင်သလဲ ၊ ခင်များတို့ သိချင်ကြမှာပေါ့
ကျွန်တော်အဖြေမပြောခင်
ဖြစ်နိုင်ခြေ အဖြေကိုပြောတာ ၊ ထပ်ပြောမယ်နော် ၊ ဖဲထုပ် ၁ ထုပ်ရှိတယ် ၊ ၅၂ ချပ် ပါတယ်
ကျွန်တော် ကုလားဗန်ထိုးထားတယ်
ဂျက် သို့မဟုတ် အသဲပွင့် ရဖို့ ဖြစ်နိုင်ခြေတွေ ဘယ်လောက်ရှိမယ်ထင်သလဲ
အသဲ - ဂျက်ဖြစ်နိုင်သလို ၊ ဒိုင်းမွန်း - ဂျက် လဲ ဖြစ်နိုင်တယ်
ဒါမှမဟုတ် ဖဲပွင့် / စပိတ် - ဂျက် လား ? အသဲ - ကွင်း လား
သို့တည်းမဟုတ် အသဲ ၂ ချပ်လား ? ဒါဆို ဖြစ်နိုင်ခြေ က ဘာလဲ ?
ပိုပြိး စိတ်ဝင်စားစရာကောင်းလာတယ် မဟုတ်လား - ရှုပ်သွားပြီလား
အစကတည်းက ဖြစ်နိုင်ခြေ ၅၂ မျိုး ရှိတယ်ဆိုတာ ကျွန်တော်တို့သိခဲ့တယ်
အဲဒီထဲကမှ ကျွန်တော်တို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီတဲ့ ဂျက် ဟုတ်ရင်ဟုတ်
အသဲ ဖြစ်ရင်ဖြစ် ဆိုတဲ့ အခြေအနေကို ဆိုလိုတာပါ
ရှင်းသွားအောင် ကျွန်တော် Venn Diagram ရဲ့ပုံဆွဲပြမယ်
ကြည့်ရတာ ရီစရာလို့ထင်ရမယ် ၊ တကယ်တော့ ရီစရာမဟုတ်ပါဘူး
ကျွန်တော်ဆွဲနေတဲ့ စတုဂံဟာ
အခြေအားလုံးကို ကိုယ်စားပြုတယ်လို့စဉ်းစားကြည့်ရအောင် ၊ ဒီလိုဆိုရင်
သူ့မှာ ဧရိယာ ၅၂ ရှိတယ်ဆိုပါတော့ ၊ ဒါဆိုရင် အဖြေ ၅၂ မျိုးရှိလာမယ်
ဂျက် ဆိုတဲ့ အဖြေ ဘယ်နှစ်ကြိမ်ထွက်နိုင်သလဲ
ကျွန်တော်တို့ အထက်မှာလေ့လာခဲ့ကြပြီးပြီ ၊ ၁၃ ပုံ မှာ ၁ ပုံ သာဖြစ်နိုင်တယ်
ကျွန်တော် စက်ဝိုင်းငယ်လေး ၁ ခု ဆွဲနိုင်တယ်
ကျွန်တော်ခန့်မှန်းမိတာ က
ဂျက် ရနိုင်ဖို့
၁/၁၃ ဆိုတော့ ၄/၅၂ က လာ နဲ့တူသလဲဆိုတော့ ၅၂ ပုံ မှာ ၄ ပုံ သာသာပေါ့
ဒီနားမှာ ၊ ဒီနားလေးမှာ ကျွန်တော်ဆွဲလိုက်မယ်
ဒီနေရာလေးဟာ ဂျက် ဘဲ ၊ အဲဒါ ၄ ကြိမ် ဘဲ ၊
၅၂ ထဲ က ဖြစ်နိုင်ခြေ ၄ ကြိမ် ၊ ဒါဆို ၄/၅၂ ဒါမှမဟုတ် ၁/၁၃ အတူတူဘဲ
ကဲ ဒါပါဘဲဗျာ
နောက်ထပ် စက်ဝိုင်း ၁ ခု ထပ်ဆွဲမယ်နော်
၅၂ ပုံထဲက ၁၃ ပုံ ၊ ၅၂ ချပ် ထဲ က အသဲပွင့် ၁၃ ချပ် ကို ကိုယ်စားပြုမယ့် စက်ဝိုင်းပေါ့
ဒီထဲက တစ်ခုခု က အသဲပွင် ကိုရော ၊ ဂျက် ကိုရော ကိုယ်စားပြုလိမ့်မယ်
စက်ဝိုင်းငယ်လေးပေါ်ကို ထပ်ဆွဲလိုက်မယ်
ခနလေးနော် ပုံက ပိုအဓိပ္ပာယ်ရှိလာလိမ့်မယ်
အသဲပွင့် က အားလုံး ၁၃ ချပ်ရှိတယ်
ဒါဟာ အသဲပွင့်အရေအတွက် ဘဲ
အပေါ်က ပုံစာကိုလဲ ပြောင်းရေးမယ်
ပိုရှင်းသွားအောင်လေ
ဒါက ဂျက် အရေအတွက်
သေချာတာက စက်ဝိုင်း ၂ ခု ဖြတ်သွားတဲ့ နေရာဟာ
ဂျက် နဲ့ အသဲ အရေအတွက်ပေါင်းခြင်း အဖြေဘဲ
စက်ဝိုင်း ၂ ခု ဘုံပိုင်နေရာ ၊ ဒီဘက်က စက်ဝိုင်းအစိမ်းရယ်
ဘေး က စက်ဝိုင်းလိမ္မော်ရယ် ဖြတ်တဲ့နေရာမှာ
ဒီပုစ္ဆာ ကို အဝါရောင် နဲ့ ကျွန်တော်ပြလိုက်မယ်
ဒီနေရာလေးမှာ
မျှားအသေးလေး ဆွဲလိုက်မယ် ၊ လိုင်းတွေနည်းနည်းတော့ထပ်ကုန်ပြီ
အစောကြီးကတည်းက ပုံကို ခပ်ကြိးကြီး ဆွဲခဲ့ရမှာ
ဂျက် နဲ့ အသဲပွင့် များ ရဲ့ အရေအတွက်
ဒီ သီးသန့် နယ်မြေလေး က
ကျွန်တော်တို့တွက်ထုတ်ထားတဲ့ ဂျက် သို့မဟုတ် အသဲပွင့် အရေအတွက် ရှိတဲ့နေရာပေါ့
ဖြစ်နိုင်ခြေတွေကိုစဉ်းစားတဲ့အခါ
အခြေအနေအားလုံးကိုက်ညီတဲ့အကြိမ် ကို ဖြစ်နိုင်တဲ့အကြိမ်ပေါင်း နဲ့ စားလိုက်တဲ့အခါ
ဟုတ်တယ် ... ဖြစ်နိုင်ခြေအကြိမ်အားလုံး က ၅၂ ခု ရှိတယ်
ဒီထဲက ဘယ်နှစ်ခု ကျွန်တော်တို့လိုတဲ့ အချက် နဲ့ ကိုက်ညီသလဲ
ဒီနေရာမှာ ဂဏန်းသုံးဖို့လိုလာပြီ
ကြည့် .... ဒီစက်ဝိုင်းအစိမ်းက နံပါတ် က ဂျက်အရေအတွက် ကို ပြပြီး
လိမ္မော်ရောင်စက်ဝိုင်း က
အသဲပွင့် အရေအတွက်ကို ပြနေတယ်
ဒါဆို ကျွန်တော်ပြောကြည့်မယ် ၊ ဒီ အစိမ်း နဲ့ လိမ္မော် ကို ဘာလို့မပေါင်းလိုက်တာလဲ
ခင်များတို့ပေါင်းလိုက်ရင် ၂ ခါ ရေ သလိုဖြစ်သွားမှာပေါ့
ပေါင်းလိုက်ရင် ၄ နဲ့ ၁၃ ကို ဘဲ ပေါင်းရမှာ
ကျွန်တော်တို့ ဘာကိုဆိုလိုနေသလဲ
ပြောချင်တာက ဂျက် ၄ ချပ် နဲ့
အသဲပွင့် ၁၃ ချပ်
ဒီနည်းလမ်းသုံးခြင်းအားဖြင့်
ပုစ္တာ ၂ ခု စလုံးမှာ ကျွန်တော်တို့ အသဲ - ဂျက် ကို ရှာနေတာပေါ့
ဒီမှာ အသဲဂျက်ကိုရှာနေသလို
ဟိုမှာလဲရှာ ၂ ခါဖြစ်နေပြီ ၊ အမှန် က ၁ ချပ် ဘဲ ရှိတာ
ဒါဆိုသိပြီ ၊ ဂဏန်း ၂လုံး ပေါင်းခြင်းထဲက
ပိုနေတဲ့ ဂျက် ၁ ကြိမ်ရယ်
ပိုနေတဲ့ အသဲ ၁ ပွင့် ပါတဲ့
စုစုပေါင်း ပိုနေတဲ့ ၁ ကြိမ်တိတိကို ပြန်နှုတ်ရမယ်
နောက်တစ်မျိုးစဉ်းစားလို့ရတာက
ခင်များတို့က ဧရိယာစုစုပေါင်းကိုလိုချင်တယ်ဆိုရင်
ပုံကြီးချဲ့လိုက်မယ်နော်
ပြန်ခြုံပြီးပြောရရင်
စက်ဝိုင်း ၁ ခု က နောက်စက်ဝိုင်း ၁ ခု ကို ဒီလိုမျိုးဖြတ်သွားပြီး
စက်ဝိုင်း ၂ ခု လုံးရဲ့ ဧရိယာကို လိုချင်တဲ့အခါ
ိုပထမ စက်ဝိုင်းလေးကိုအရောင်ခြယ်လိုက်တယ်
နောက်စက်ဝိုင်းကိုထပ်ခြယ်လိုက်ရင် ... အလယ်က ဘုံပိုင်စက်ဝိုင်းစိတ် ကို ၂ ခါ ခြယ်မိတာတွေ့လိမ့်မယ်
ဒါဆို ခင်များတို့ ၂ ခါ ခြယ်မိသွားပြီပေါ့
ဒီလိုဧရိယာတွက်ဖို့
စုစုပေါင်းဧရိယာထဲ က ထပ်နေတဲ့ မျက်နှာပြင်ကို နှုတ်ဖို့လိုတယ်
ဒါဆို ဒီနေရာ က A ၊ ဒီနေရာ က B
ဆုံ တဲ့ နေရာ က C
ပေါင်းလိုက်မယ့် ဧရိယာစုစုပေါင်း က A အပေါင်း B အနှုတ် C
C ဆိုတာက ထပ်နေတဲ့မျက်နှာပြင် C ၊ ထို့ကြော်င့ A + B - C
ဒါဆိုအဖြေတူရမယ်
အသဲပွင့်ဂျက်တွေပါတဲ့ ဂျက်အားလုံး
ဂျက်ပါတဲ့ အသဲပွင့်အားလုံး တွက်ရင်းနဲ့
" အသဲပွင့် - ဂျက် " ပါတဲ့ ၁ ချပ် ကို ၂ ခါ တွက်မိနေလို့ တစ် ( ၁ ကြိမ် ) ပြန်နှုတ်ရမယ်
အဖြေက ဘယ်လိုဖြစ်လာမလဲဆိုတော့ ၄ အပေါင်း ၁၃ အနှုတ် ၁
တနည်းအားဖြင့် ၁၆ အစား ၅၂ ၊ အပေါ်ရော
အောက်ရော ၄ နဲ့ စားလို့ ပြတ်တယ်
အဖြေက ဘာနဲ့သွားတူသလဲဆိုတော့
၁၆ ကို ၄ နဲ့စားရင် ၄ ရမယ်
၅၂ ကို ၄ နဲ့ စားရင် ၁၃ ရမယ်
ဒါဆိုရင် ၄/၁၃ ၊ ဘာကိုဆိုလိုသလဲဆိုတော့ ၁၃ ကြိမ်မှာ ၄ ကြိမ် အသဲပွင့် - ဂျက် ရနိုင်ပါတယ်ခင်များ