ကဲ .... ကျွန်တော်တို့ " ဖဲချပ်အကြောင်း " နည်းနည်း မွှေနှောက်ကြည့်ရအောင် အခုပြကွက်ကို စိတ်အေး လက်အေး နားလည်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ခုံပေါ်မှာ " ဂျိုကာ " တစ်ချပ်မှမှရှိဘူးလို့ ယူဆထားကြမယ်ဗျာ စိတ်မပူပါနဲ့ .... ဂျိုကာ နဲ့ နောက်ပိုင်းမှာ စမ်းကြည့်ကြအုံးမှာပါ အခုတော့ ဂဏန်းတွေနဲ့ဘဲ စလိုက်ကြရအောင် စ စဉ်းစားတော့မယ်ဆိုရင် ပထမဦးဆုံး သိထားရမှာက ဖဲထုပ် ၁ ထုပ်မှာ အချပ်ပေါင်း ဘယ်နှစ်ချပ်ပါသလဲ ဆိုတာကိုပါ ? ကဲ .... ပြောပြပါ့မယ် .... အပွင့် ၄ မျိုးရှိပါတယ် " ဖဲပွင့် - Spade " ရယ် ၊ " ဒေါင့် - ဒိုင်းမွန်း - Diamond " ရယ် " ညှင်းပွင့် - Club " နဲ့ " အသဲ - Heart " တွေဘဲပေါ့ အပွင့် ၁ မျိုး မှာ ဖဲ ၁၃ ချပ် ရှိတယ် ဝိုင်းစကား နဲ့ ပြောရရင် ....... သင့်ဆီမှာ A ပုံအကြီးကြီး နဲ့ နံပါတ် ၁ ၊ ၂ ၊ ၃ ၄ ၊ ၅ ၊ ၆ ၊ ရ ၊ ၈ ၊ ၉ ၊ ၁ဝ ပြီးတော့ ဂျက် - Jack ၊ ကင်း - King နဲ့ ကွင်း - Queen ဆိုပြီးတော့ ရှိကြတယ် အားလုံး ၁၃ ချပ်ပေါ့ အပွင့် ၁ မျိုး ထဲ က သင်ကြိုက်တဲ့ ကဒ် ကို ယူလို့ရသလို ကြိုက်တဲ့ နံပါတ်ရဲ့ အပွင့် ကိုပါ စိတ်ကြိုက်ရွေးလို့ရတယ်လေ ဒီတော့ ဒိုင်းမွန်းကွက်-ဂျက် ကိုယူမလား ? ညှင်းပွင့်-ဂျက် ကိုယူမလား ဖဲပွင့် / စပိတ်-ဂျက် ကို ဆွဲမလား ၊ အသဲ-ဂျက် ကို ဆွဲမလား - သဘောဘဲလေ ဒါဆိုရင် ဒီ ၂ မျိုး ကို မြှောက်ကြည့်ရအောင် ကဒ်ပြားအစုံ ကုလားဗန် ထိုး တွက်ကြည့်ရအောင် ၊ ဂျိုကာ ကို ထုတ်လိုက်ပြီး ကဒ်တွေကို တွက်ကြည့်ကြရအောင် ဒါပေမဲ့ အားလုံးကို ရောလိုက်ရင် ကျွန်တော်တို့မှာ အပွင့် ၄ ပွင့် ရှိတယ် ပြီးတော့ ၁ ပွင့် မှာ ၁၃ ကဒ်ရှိတယ်ဆိုတော့ ၁၃ ချပ် ကို အပွင့် ၄ မျိုး နဲ့ မြှောက်လိုက်ရင် ဖဲထုပ် ၁ ထုပ် လုံးမှာ ၅၂ ချပ် ပါတယ်ဆိုတာ တွက်လို့ရပြီပေါ့ဗျာ နောက်တစ်နည်း ထပ်တွက်ကြည့်ဖို့ရတာ က ဂဏန်းနံပါတ် ၁ ခု ချင်းစီမှာ အပွင့် အမျိုးအစား ၄ မျိုး ရှိတယ်လေ ၁၃ ချပ် ကို ၄ မျိုး နဲ့ မြှောက်လိုက်တော့ အတူတူ- ၅၂ ဘဲ ရတာပေါ့ အခုကနေထပ်ပြီး ဖြစ်နိုင်ခြေတွေနဲ့ မတူညီတဲ့ အဖြေတွေ ကို တွက်ဆကြည့်ရအောင် ကဲ .... ကျွန်တော် ၁ ထုပ်လုံးကို ကုလားဗန် ထိုးလိုက်ပြီဆိုပါတော့ ကောင်းကောင်းလေး နှံ့အောင်ထိုးလိုက်ပါပြီ ၁ ထုပ်လုံးထဲကမှ ကြိုက်တဲ့ ၁ ချပ် ကို ကျွန်တော် ဒီမှာ ယူလိုက်ပြီနော် အဲဒီ ၁ ချပ် က ဘာဖြစ်မလဲဆိုတာ ကျွန်တော်စဉ်းစားကြည့်ချင်တယ် ဂျက် ၁ ကဒ် ကို ရွေးမိရင် ဘာဖြစ်နိုင်မလဲ ဒီလိုမျိုး အလာတူဖြစ်ရပ် ဘယ်နှစ်ခေါက်ရှိနိုင်လဲ ? ၅၂ ချပ် ထဲက ကြိုက်တာကို ရွေးလို့ရတယ်ဆိုတော့ ဖြစ်နိုင်ခြေ ၅၂ မျိုး ရှိပြန်တာပေါ့ ဒီ ၅၂ ကြိမ်ထဲမှာ ဂျက်-Jack ကုလား ဘယ်နှစ်ခေါက် ပါနိုင်လဲ ပြန်ပြောရရင် စပိတ် ဂျက် ရှိတယ် ၊ ဒိုင်းမွန်း ဂျက် ရှိတယ် ညှင်း ဂျက် ရှိတယ် ၊ အသဲ ဂျက် ရှိတယ် လေ - မှတ်မိလား ဒီထဲမှာ ဒီအထုပ်ထဲမှာ ဂျက် ၄ ချပ် ရှိတယ် ဒါဆို ၅၂ ကို ၄ နဲ့စားရင် ၊ အပေါ်က ပိုင်းဝေ ရော ၊ အောက်က ပိုင်းခြေရော ၄ နဲ့ စားလို့ပြတ်တယ် ၄ ကို ၄ နဲ့ စားတော့ ၁ ရင် ၅၂ ကို ၄ နဲ့ စားတော့ ၁၃ ရတာပေါ့ အခု ဆက်စဉ်းစားကြည့်မယ် ကြည့် .... ဖြစ်နိုင်ခြေ က .... ကျွန်တော်ပြန်ပြောပြမယ်နော် ကျွန်တော်ထုတ်ထားတဲ့ .ဂျက် ကို ပြန်ထည့်လိုက်ပြီး အထုပ်ကို ပြန် ကုလားဗန်ထိုးလိုက်မယ် ကဲ ဒါဆို ကျွန်တော့်မှာ ၅၂ ချပ် ပြန်ဖြစ်သွားပြီ အသဲပွင့် ၁ ချပ်ကို ရရင် ဖြစ်နိုင်ခြေ ဘယ်နှစ်မျိုးရှိသလဲ ကြုံရာ ၁ ချပ်ကို ရွေးလိုက်ရင် ဖြစ်နိုင်ခြေ ဘယ်လိုရှိမလဲ သေချာမွှေထားတဲ့ ဖဲထုပ်ရယ် အသဲ ၁ ပွင့်ရယ် ၊ ဟုတ်တယ် အသဲပွင့် ၁ ချပ်ပါ ကဲဒီမှာ ၅၂ မျိုးသော ဖြစ်နိုင်ခြေဖဲချပ်တွေ အားလုံးဖြစ်နိုင်တာချည်းဘဲ ဒီထဲမှာ ကျွန်တော်တို့လိုချင်တဲ့ အသဲ ဘယ်နှစ်ချပ်ပါနိုင်သလဲ အကုန်လုံးရှိတာကမှ အသဲ က ၁၃ ချပ် ဂဏန်း က ၁၃ မျိုးဆိုတော့ အသဲ က ၁၃ ချပ်ပါနေပြီ ၊ ဒိုင်းမွန်း က ၁၃ ချပ် ဖဲပွင့် / စပိတ် က ၁၃ ချပ် နဲ့ ညှင်းပွင့် ၁၃ ချပ် ရှိတာပေါ့ အဖြေ က ၅၂ ချပ်ထဲမှာ ၁၃ ရတယ် ၊ ၅၂ အစား ၁၃ အပေါ်ရော အောက်ရော ၁၃ နဲ့ စာလို့ပြတ်တယ် ဆိုတော့ အဖြေက ၄ ဘဲ ပြန်ရတယ် ဆိုလိုတာက ကျွန်တော်ဆွဲလိုက်တိုင်း အသဲပွင့်ရဖို့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၄ ပုံ ၁ ပုံ ဘဲ ရှိတယ်လို့ ပြောချင်တာ အနှစ်ချုပ်ပြောရရင် ဒီအထုပ်ထဲကနေ ကြုံရာ ၁ ကဒ် ကိုဆွဲလိုက်တိုင်း ဖြစ်နိုင်ဖြေ ၁/၄ ဘဲရှိတယ် အခု ပိုပြီးတော့ စိတ်ဝင်စားစရာတစ်ခု လုပ်ကြည့်ရအောင် ဒါမှမဟုတ် ပိုပြီး မြင်သာအောင် - တကယ်လို့ ကျွန်တော်ရွေးလိုက်တာ ဂျက် ၁ ကဒ် ရတယ် ၊ အသဲပွင့်လဲဖြစ်နေပြန်တယ်ဆိုရင်ကော ဖဲ ကစားနည်းနဲ့ မစိမ်းတဲ့သူဆိုရင် သိမှာပါ တစ်ကယ်ကို ၁ ချပ်ထဲ ၊ ဒီ ၁ ချပ်က ဂျက် ၊ အဲဒီ ဂျက် က အသဲပွင့် ဟုတ်တယ် ၊ အသဲပွင့်- ဂျက် အခု ကျွန်တော်တို့ပြောနေတာ အသဲ - ဂျက် ကိုရွေးမိတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ပြောနေတာ ဒီနံပါတ် ၊ ဒီအပွင့် နဲ့ ကိုက်ညီမယ့် ဖဲချပ် က ၁ ကြိမ်ဘဲဖြစ်နိုင်တယ် ဖြစ်နိုင်ခြေ ၅၂ ချပ်လုံး အကြောင်းကို ပြန်သွားကြည့်ရအောင် ဒါဆိုရင် ၅၂ ချပ်ထဲကမှ ၁ ချပ်တည်းသော အသဲဂျက် ကိုရွေးမိနိုင်တာပေါ့ ပြီးတော့ ဂျက် လဲ ဖြစ်ရမယ် ၊ အသဲပွင့် လဲ ဖြစ်ရမယ် ကဲပါ .... အခု နောက်ထပ် ပိုမိုစိတ်ဝင်စားစရာတစ်ခုလုပ်ပြမယ် ဘာတွေဖြစ်နိုင်သလဲ ၊ ခင်များတို့ သိချင်ကြမှာပေါ့ ကျွန်တော်အဖြေမပြောခင် ဖြစ်နိုင်ခြေ အဖြေကိုပြောတာ ၊ ထပ်ပြောမယ်နော် ၊ ဖဲထုပ် ၁ ထုပ်ရှိတယ် ၊ ၅၂ ချပ် ပါတယ် ကျွန်တော် ကုလားဗန်ထိုးထားတယ် ဂျက် သို့မဟုတ် အသဲပွင့် ရဖို့ ဖြစ်နိုင်ခြေတွေ ဘယ်လောက်ရှိမယ်ထင်သလဲ အသဲ - ဂျက်ဖြစ်နိုင်သလို ၊ ဒိုင်းမွန်း - ဂျက် လဲ ဖြစ်နိုင်တယ် ဒါမှမဟုတ် ဖဲပွင့် / စပိတ် - ဂျက် လား ? အသဲ - ကွင်း လား သို့တည်းမဟုတ် အသဲ ၂ ချပ်လား ? ဒါဆို ဖြစ်နိုင်ခြေ က ဘာလဲ ? ပိုပြိး စိတ်ဝင်စားစရာကောင်းလာတယ် မဟုတ်လား - ရှုပ်သွားပြီလား အစကတည်းက ဖြစ်နိုင်ခြေ ၅၂ မျိုး ရှိတယ်ဆိုတာ ကျွန်တော်တို့သိခဲ့တယ် အဲဒီထဲကမှ ကျွန်တော်တို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီတဲ့ ဂျက် ဟုတ်ရင်ဟုတ် အသဲ ဖြစ်ရင်ဖြစ် ဆိုတဲ့ အခြေအနေကို ဆိုလိုတာပါ ရှင်းသွားအောင် ကျွန်တော် Venn Diagram ရဲ့ပုံဆွဲပြမယ် ကြည့်ရတာ ရီစရာလို့ထင်ရမယ် ၊ တကယ်တော့ ရီစရာမဟုတ်ပါဘူး ကျွန်တော်ဆွဲနေတဲ့ စတုဂံဟာ အခြေအားလုံးကို ကိုယ်စားပြုတယ်လို့စဉ်းစားကြည့်ရအောင် ၊ ဒီလိုဆိုရင် သူ့မှာ ဧရိယာ ၅၂ ရှိတယ်ဆိုပါတော့ ၊ ဒါဆိုရင် အဖြေ ၅၂ မျိုးရှိလာမယ် ဂျက် ဆိုတဲ့ အဖြေ ဘယ်နှစ်ကြိမ်ထွက်နိုင်သလဲ ကျွန်တော်တို့ အထက်မှာလေ့လာခဲ့ကြပြီးပြီ ၊ ၁၃ ပုံ မှာ ၁ ပုံ သာဖြစ်နိုင်တယ် ကျွန်တော် စက်ဝိုင်းငယ်လေး ၁ ခု ဆွဲနိုင်တယ် ကျွန်တော်ခန့်မှန်းမိတာ က ဂျက် ရနိုင်ဖို့ ၁/၁၃ ဆိုတော့ ၄/၅၂ က လာ နဲ့တူသလဲဆိုတော့ ၅၂ ပုံ မှာ ၄ ပုံ သာသာပေါ့ ဒီနားမှာ ၊ ဒီနားလေးမှာ ကျွန်တော်ဆွဲလိုက်မယ် ဒီနေရာလေးဟာ ဂျက် ဘဲ ၊ အဲဒါ ၄ ကြိမ် ဘဲ ၊ ၅၂ ထဲ က ဖြစ်နိုင်ခြေ ၄ ကြိမ် ၊ ဒါဆို ၄/၅၂ ဒါမှမဟုတ် ၁/၁၃ အတူတူဘဲ ကဲ ဒါပါဘဲဗျာ နောက်ထပ် စက်ဝိုင်း ၁ ခု ထပ်ဆွဲမယ်နော် ၅၂ ပုံထဲက ၁၃ ပုံ ၊ ၅၂ ချပ် ထဲ က အသဲပွင့် ၁၃ ချပ် ကို ကိုယ်စားပြုမယ့် စက်ဝိုင်းပေါ့ ဒီထဲက တစ်ခုခု က အသဲပွင် ကိုရော ၊ ဂျက် ကိုရော ကိုယ်စားပြုလိမ့်မယ် စက်ဝိုင်းငယ်လေးပေါ်ကို ထပ်ဆွဲလိုက်မယ် ခနလေးနော် ပုံက ပိုအဓိပ္ပာယ်ရှိလာလိမ့်မယ် အသဲပွင့် က အားလုံး ၁၃ ချပ်ရှိတယ် ဒါဟာ အသဲပွင့်အရေအတွက် ဘဲ အပေါ်က ပုံစာကိုလဲ ပြောင်းရေးမယ် ပိုရှင်းသွားအောင်လေ ဒါက ဂျက် အရေအတွက် သေချာတာက စက်ဝိုင်း ၂ ခု ဖြတ်သွားတဲ့ နေရာဟာ ဂျက် နဲ့ အသဲ အရေအတွက်ပေါင်းခြင်း အဖြေဘဲ စက်ဝိုင်း ၂ ခု ဘုံပိုင်နေရာ ၊ ဒီဘက်က စက်ဝိုင်းအစိမ်းရယ် ဘေး က စက်ဝိုင်းလိမ္မော်ရယ် ဖြတ်တဲ့နေရာမှာ ဒီပုစ္ဆာ ကို အဝါရောင် နဲ့ ကျွန်တော်ပြလိုက်မယ် ဒီနေရာလေးမှာ မျှားအသေးလေး ဆွဲလိုက်မယ် ၊ လိုင်းတွေနည်းနည်းတော့ထပ်ကုန်ပြီ အစောကြီးကတည်းက ပုံကို ခပ်ကြိးကြီး ဆွဲခဲ့ရမှာ ဂျက် နဲ့ အသဲပွင့် များ ရဲ့ အရေအတွက် ဒီ သီးသန့် နယ်မြေလေး က ကျွန်တော်တို့တွက်ထုတ်ထားတဲ့ ဂျက် သို့မဟုတ် အသဲပွင့် အရေအတွက် ရှိတဲ့နေရာပေါ့ ဖြစ်နိုင်ခြေတွေကိုစဉ်းစားတဲ့အခါ အခြေအနေအားလုံးကိုက်ညီတဲ့အကြိမ် ကို ဖြစ်နိုင်တဲ့အကြိမ်ပေါင်း နဲ့ စားလိုက်တဲ့အခါ ဟုတ်တယ် ... ဖြစ်နိုင်ခြေအကြိမ်အားလုံး က ၅၂ ခု ရှိတယ် ဒီထဲက ဘယ်နှစ်ခု ကျွန်တော်တို့လိုတဲ့ အချက် နဲ့ ကိုက်ညီသလဲ ဒီနေရာမှာ ဂဏန်းသုံးဖို့လိုလာပြီ ကြည့် .... ဒီစက်ဝိုင်းအစိမ်းက နံပါတ် က ဂျက်အရေအတွက် ကို ပြပြီး လိမ္မော်ရောင်စက်ဝိုင်း က အသဲပွင့် အရေအတွက်ကို ပြနေတယ် ဒါဆို ကျွန်တော်ပြောကြည့်မယ် ၊ ဒီ အစိမ်း နဲ့ လိမ္မော် ကို ဘာလို့မပေါင်းလိုက်တာလဲ ခင်များတို့ပေါင်းလိုက်ရင် ၂ ခါ ရေ သလိုဖြစ်သွားမှာပေါ့ ပေါင်းလိုက်ရင် ၄ နဲ့ ၁၃ ကို ဘဲ ပေါင်းရမှာ ကျွန်တော်တို့ ဘာကိုဆိုလိုနေသလဲ ပြောချင်တာက ဂျက် ၄ ချပ် နဲ့ အသဲပွင့် ၁၃ ချပ် ဒီနည်းလမ်းသုံးခြင်းအားဖြင့် ပုစ္တာ ၂ ခု စလုံးမှာ ကျွန်တော်တို့ အသဲ - ဂျက် ကို ရှာနေတာပေါ့ ဒီမှာ အသဲဂျက်ကိုရှာနေသလို ဟိုမှာလဲရှာ ၂ ခါဖြစ်နေပြီ ၊ အမှန် က ၁ ချပ် ဘဲ ရှိတာ ဒါဆိုသိပြီ ၊ ဂဏန်း ၂လုံး ပေါင်းခြင်းထဲက ပိုနေတဲ့ ဂျက် ၁ ကြိမ်ရယ် ပိုနေတဲ့ အသဲ ၁ ပွင့် ပါတဲ့ စုစုပေါင်း ပိုနေတဲ့ ၁ ကြိမ်တိတိကို ပြန်နှုတ်ရမယ် နောက်တစ်မျိုးစဉ်းစားလို့ရတာက ခင်များတို့က ဧရိယာစုစုပေါင်းကိုလိုချင်တယ်ဆိုရင် ပုံကြီးချဲ့လိုက်မယ်နော် ပြန်ခြုံပြီးပြောရရင် စက်ဝိုင်း ၁ ခု က နောက်စက်ဝိုင်း ၁ ခု ကို ဒီလိုမျိုးဖြတ်သွားပြီး စက်ဝိုင်း ၂ ခု လုံးရဲ့ ဧရိယာကို လိုချင်တဲ့အခါ ိုပထမ စက်ဝိုင်းလေးကိုအရောင်ခြယ်လိုက်တယ် နောက်စက်ဝိုင်းကိုထပ်ခြယ်လိုက်ရင် ... အလယ်က ဘုံပိုင်စက်ဝိုင်းစိတ် ကို ၂ ခါ ခြယ်မိတာတွေ့လိမ့်မယ် ဒါဆို ခင်များတို့ ၂ ခါ ခြယ်မိသွားပြီပေါ့ ဒီလိုဧရိယာတွက်ဖို့ စုစုပေါင်းဧရိယာထဲ က ထပ်နေတဲ့ မျက်နှာပြင်ကို နှုတ်ဖို့လိုတယ် ဒါဆို ဒီနေရာ က A ၊ ဒီနေရာ က B ဆုံ တဲ့ နေရာ က C ပေါင်းလိုက်မယ့် ဧရိယာစုစုပေါင်း က A အပေါင်း B အနှုတ် C C ဆိုတာက ထပ်နေတဲ့မျက်နှာပြင် C ၊ ထို့ကြော်င့ A + B - C ဒါဆိုအဖြေတူရမယ် အသဲပွင့်ဂျက်တွေပါတဲ့ ဂျက်အားလုံး ဂျက်ပါတဲ့ အသဲပွင့်အားလုံး တွက်ရင်းနဲ့ " အသဲပွင့် - ဂျက် " ပါတဲ့ ၁ ချပ် ကို ၂ ခါ တွက်မိနေလို့ တစ် ( ၁ ကြိမ် ) ပြန်နှုတ်ရမယ် အဖြေက ဘယ်လိုဖြစ်လာမလဲဆိုတော့ ၄ အပေါင်း ၁၃ အနှုတ် ၁ တနည်းအားဖြင့် ၁၆ အစား ၅၂ ၊ အပေါ်ရော အောက်ရော ၄ နဲ့ စားလို့ ပြတ်တယ် အဖြေက ဘာနဲ့သွားတူသလဲဆိုတော့ ၁၆ ကို ၄ နဲ့စားရင် ၄ ရမယ် ၅၂ ကို ၄ နဲ့ စားရင် ၁၃ ရမယ် ဒါဆိုရင် ၄/၁၃ ၊ ဘာကိုဆိုလိုသလဲဆိုတော့ ၁၃ ကြိမ်မှာ ၄ ကြိမ် အသဲပွင့် - ဂျက် ရနိုင်ပါတယ်ခင်များ