1 00:00:07,828 --> 00:00:11,936 ယာဂု နောက်တစ်ပွဲတောင်းနေတဲ့ ဆာလောင်နေတဲ့ မိဘမဲ့ကလေး။ 2 00:00:11,936 --> 00:00:15,591 စုတ်ပြတ်နေတဲ့ မင်္ဂလာဝတ်စုံနဲ့ ချုံးကျနေတဲ့ အပျိုဟိုင်း။ 3 00:00:15,591 --> 00:00:20,468 အတိတ်ရဲ့ ခရစ်စမတ် တစ္ဆေက ဒုက္ခပေးတာ ခံရတဲ့ ကျောက်ခဲနှလုံးသားနဲ့ ကပ်စေးနှဲ။ 4 00:00:20,468 --> 00:00:22,676 သူသေဆုံးပြီး ရာစုနှစ်တစ်ခုကျော်ပြီးမှာ 5 00:00:22,676 --> 00:00:27,358 Charles Dickens ရဲ့ လက်ရာက ဒီမှတ်မိ နိုင်တဲ့ သဏ္ဌာန်တွေဟာ ကျန်ရစ်နေပါတယ်။ 6 00:00:27,358 --> 00:00:32,067 ထူးခြားလွန်းတာက ၎င်းကိုယ်ပိုင်နာမဝသေသန ဖြစ်စေတဲ့ သူ့လက်ရာ အစုအဝေးပါ။ 7 00:00:32,067 --> 00:00:36,879 ဒါပေမဲ့ ဒီလောက် ထူးခြားစေတဲ့ Dickens ရဲ့ အရေးအသား အင်္ဂါရပ်တွေက ဘာတွေလဲ။ 8 00:00:36,879 --> 00:00:39,528 Dickens ရဲ့ စိတ်ကူးယဉ်ဝတ္ထုဟာ စိတ်လေးစရာ အခင်းအကျင်း၊ 9 00:00:39,528 --> 00:00:43,539 ဇာတ်ကွက်အလှည့်တွေနဲ့ ဆန်းပြားမှုတွေကနေ မျှော်လင့်စောင့်စားချက်နဲ့ ပြည့်နေတယ်။ 10 00:00:43,539 --> 00:00:46,938 သူ့လက်ရာရဲ့ဒီအင်္ဂါရပ်တွေက ပရိတ်သတ်ကို ပိုပြီး ဆက်လိုချင်နေစေတာပါ။ 11 00:00:46,938 --> 00:00:50,286 ပထမဆုံးထုတ်ဝေစဉ်က သူ့ဝတ္ထုတွေဟာ အခန်းဆက်တွေပါ၊ 12 00:00:50,286 --> 00:00:55,515 ဆိုလိုတာက တစ်ကြိမ်ကို အခန်းနည်းနည်းသာ တတ်နိုင်တဲ့ စာပေဂျာနယ်တွေမှာ ထုတ်ဝေခဲ့ပြီး 13 00:00:55,515 --> 00:00:58,621 နောက်မှ စာအုပ်တွေအဖြစ် ပြန်ပုံနှိပ်တာပါ။ 14 00:00:58,621 --> 00:01:01,621 ဒါက သူတီထွင်တဲ့ သည်းထိတ်ရင်ဖို အဖြစ်တွေနဲ့ ဖွင့်ဟချက်တွေအပေါ် 15 00:01:01,621 --> 00:01:04,412 နာမငြိမ်ဖြစ်တဲ့ ထင်ကြေးပေးခြင်း ကို စေ့ဆော်ပေးပါတယ်။ 16 00:01:04,412 --> 00:01:08,116 အခန်းဆက်ထုတ်ဝေခြင်းဟာ စိတ်ကူးယဉ်ဝတ္ထုကို ပိုကျယ်ပြန့်တဲ့ ပရိတ်သတ်ရရှိရုံမက 17 00:01:08,116 --> 00:01:09,623 သူတို့ကို ဆက်ဖတ်ဖြစ်စေပြီး 18 00:01:09,623 --> 00:01:13,407 စာရေးသူကိုယ်တိုင်ကိုပါ ကြော်ငြာပေးတာပါ။ 19 00:01:13,407 --> 00:01:16,955 Dickens ဟာ အထူးသဖြင့် သူ့ဇဝနဉာဏ်ကြောင့် လူကြိုက်များလာခဲ့တယ်။ 20 00:01:16,955 --> 00:01:21,225 ဒါကို တစ်မူထူးတဲ့ဇာတ်ကောင်နဲ့ ဇာတ်ညွှန်းတွေထဲကိုလောင်းထည့်တယ်။ 21 00:01:21,225 --> 00:01:24,996 သူ့ဇာတ်ကောင်တွေဟာ လူ့အပြုအမူရဲ့ ရယ်ရွှင်ဖွယ်ကောင်းမှုသက်သက်ကို ပြသပြီး 22 00:01:24,996 --> 00:01:29,438 သူတို့ရဲ့အမည်တွေဟာ မကြာခဏ ဉာဉ်တွေ(သို့) လူမှုအဆင့်တွေကို လူအဖြစ်တင်စားတယ်။ 23 00:01:29,438 --> 00:01:31,966 ဥပမာ နင်းပြား Bob Cratchi 24 00:01:31,966 --> 00:01:33,997 ခယဝပ်တွားလွန်းတဲ့ Uriah Heep နဲ့ 25 00:01:33,997 --> 00:01:37,786 မြူးကြွရွှင်ပျတဲ့ Septimus Crisparkle ပါ။ 26 00:01:37,786 --> 00:01:42,095 Dickens ဟာ ဒီရောင်စုံဇာတ်ကောင်တွေကို သူနေထိုင်ရာ လူမှုအဖွဲ့အစည်းကို အသွင်တုတဲ့ 27 00:01:42,095 --> 00:01:44,623 ရှုပ်ထွေးတဲ့ လူမှုမနောက်ခံနဲ့ယှဉ်ကာ ဇာတ်အိမ်တည်တယ်။ 28 00:01:44,623 --> 00:01:46,257 ဥပမာ သူ မကြာခဏ ထည့်စဉ်းစားတာက 29 00:01:46,257 --> 00:01:49,276 စက်မှုတော်လှန်ရေးက ဖြစ်ပေါ်တဲ့ အပြောင်းအလဲတွေပါ။ 30 00:01:49,276 --> 00:01:50,647 ဒီကာလအတွင်း 31 00:01:50,647 --> 00:01:55,207 အောက်ခြေလူတန်းစားတွေဟာ ညစ်ပတ်တဲ့ အလုပ်ခွင် နေထိုင်မှုအခြေအနေတွေကိုတွေ့ကြုခဲ့ရတယ်။ 32 00:01:55,207 --> 00:01:58,620 Dickens ကိုယ်တိုင် ကလေးအဖြစ်နဲ့ ဆင်းရဲဒုက္ခကြုံခဲ့ရပြီး 33 00:01:58,620 --> 00:02:01,850 သူ့အဖေ မြီစားထောင်ကို အပို့ခံရပြီးနောက် 34 00:02:01,850 --> 00:02:05,061 ဖိနပ်တိုက်တဲ့ စက်ရုံတစ်ခုမှာ အတင်းစေခိုင်းခံရတယ်။ 35 00:02:05,061 --> 00:02:09,518 ဒါက မည်ကာမတ္တဇာတ်ကောင်က သူမအဖေ ထောင်သားကို စောင့်ရှောက်တဲ့ 36 00:02:09,518 --> 00:02:13,868 Little Dorrit က Marshalsea ထောင်ကို သရုပ်ဖော်ချက်ကို သြဇာသက်ရောက်ခဲ့တယ်။ 37 00:02:13,868 --> 00:02:18,310 ထောင်၊ မိဘမဲ့ဂေဟာ၊ ဆင်းရဲသားရပ်ကွက် တွေဟာ ဝတ္ထုအတွက် စိတ်ပျက်ဖွယ်နေရာတွေလို့ 38 00:02:18,310 --> 00:02:20,300 ထင်ရနိုင်ပေမဲ့ Dickens ကိုကျတော့ 39 00:02:20,300 --> 00:02:24,080 သူ့လူမှုအဖွဲ့အစည်းရဲ့မမြင်နိုင်ရဆုံးလူတွေ နေထိုင်ပုံကို ဖော်ထုတ်ခွင့်ပေးပါတယ်။ 40 00:02:24,080 --> 00:02:25,449 Nicholas Nickleby မှာ 41 00:02:25,449 --> 00:02:29,270 Nicholas ဟာ ကျောင်းဆရာ Wackford Squeers.နဲ့ အလုပ်တစ်ခုလုပ်ခဲ့တယ်။ 42 00:02:29,270 --> 00:02:33,101 သူဟာ မကြာခင် သဘောပေါက်တာက Squeers ဟာ သူတို့မိဘတွေက 43 00:02:33,101 --> 00:02:36,544 အလိုမရှိတဲ့ကလေးတွေကို အခနဲ့ခေါ်ထားပြီး ၎င်းတို့ကို အကြမ်းဖက်တာနဲ့ 44 00:02:36,544 --> 00:02:39,849 ငတ်ပြတ်အောင်ထားတဲ့ ရိုက်စားဆီကနေ ထွက်ပြေးနေတာပါ။ 45 00:02:39,849 --> 00:02:43,979 Oliver Twist ကလည်း နိုင်ငံစောင့်ရှောက်မှု အောက်က ကလေးတွေရဲ့ အတိဒုက္ခနဲ့ပတ်သက်ပါတယ်၊ 46 00:02:43,979 --> 00:02:46,490 Oliver က အစာအတွက် Mr. Bumble ကို အသနားခံတဲ့ 47 00:02:46,490 --> 00:02:50,040 သူဆင်းရဲအလုပ်သမားဂေဟာရဲ့ ရက်စက်တဲ့ အခြေအနေတွေကို သရုပ်ဖော်ထားတာပါ။ 48 00:02:50,040 --> 00:02:55,090 လန်ဒန်ကို ထွက်ပြေးတော့ ပြစ်မှုကျူးလွန်တဲ့ ဒုစရိုက်လောကတစ်ခုမှာ ပိတ်မိတယ် 49 00:02:55,090 --> 00:02:57,860 ဒီဝတ္ထုတွေဟာ Victorian ဘဝကို ညစ်ပေ၊ အကျင့်ပျက်၊ 50 00:02:57,860 --> 00:03:00,190 ရက်စက်တာအဖြစ် မကြာခဏ ဖော်ပြပါတယ်။ 51 00:03:00,190 --> 00:03:03,760 ဒါပေမဲ့ သူ့အချိန်ဟာ မှေးမှိန်နေခဲ့တဲ့ အစဉ်အလာဟောင်းတွေထဲကတစ်ခုလိုပဲ 52 00:03:03,760 --> 00:03:05,658 ဆိုတာ Dickens လည်းမြင်ခဲ့တယ်။ 53 00:03:05,658 --> 00:03:08,541 လန်ဒန်ဟာ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ လူမှု ရွေ့လျားမှုရဲ့ 54 00:03:08,541 --> 00:03:12,591 အဆင်သစ်တွေကနေ ခေတ်သစ်ကမ္ဘာရဲ့ ဥဖောက်စက်ဖြစ်လာနေခဲ့တယ်။ 55 00:03:12,591 --> 00:03:16,131 ဒါကြောင့် Dickens ရဲ့လန်ဒန်ဟာ ဆန့်ကျင်ဘက်ဒွန်တွဲနေတဲ့ နေရာတစ်ခုပါ၊ 56 00:03:16,131 --> 00:03:21,368 အံ့ဖွယ်နဲ့ဖြစ်နိုင်ခြေနဲ့ တစ်ပြိုင်နက် ပြည့်နေတဲ့ ကြမ်းတမ်းတဲ့ ကမ္ဘာတစ်ခုပါ။ 57 00:03:21,368 --> 00:03:24,107 ဥပမာအနေနဲ့ Great Expectations ရဲ့ ပဟေဠိဟာ 58 00:03:24,107 --> 00:03:26,521 Pip ရဲ့အလားအလာ ဝန်းကျင်မှာ ဗဟိုပြုတယ်၊ 59 00:03:26,521 --> 00:03:30,061 အမည်မသိ အကျိုးတော်ဆောင်တစ်ဦးက မထင်မရှား ကောက်ယူပြီး 60 00:03:30,061 --> 00:03:32,700 အထက်တန်းလွှာထဲကို တွန်းပို့ခံရတဲ့ မိဘမဲ့ကလေးတစ်ဦးပါ။ 61 00:03:32,700 --> 00:03:34,289 ရည်ရွယ်ချက်နောက်လိုက်ရာမှာ 62 00:03:34,289 --> 00:03:37,690 Pip ဟာ သူ့အတွက် ရည်မှန်းချက်ကြီးတဲ့ အခြားသူတွေရဲ့ သားကော်ဖြစ်လာပြီး 63 00:03:37,690 --> 00:03:40,817 ဇာတ်ကောင်တွေရဲ့ လောင်းရိပ်တစ်ခုနဲ့ ညှိုနှိုင်းယူရမှာပါ။ 64 00:03:40,817 --> 00:03:43,250 Dickens ရဲ့ များစွာသော ဇာတ်လိုက်တွေလိုပဲ 65 00:03:43,250 --> 00:03:46,769 သနားစရာ Pip' ရဲ့ အနေအထားက အတောမသတ် မတည်မငြိမ်ပါ။ 66 00:03:46,769 --> 00:03:49,278 Dickens ကိုဖတ်ခြင်းနဲ့ အကြောင်းရင်းတွေထဲက တစ်ခုက 67 00:03:49,278 --> 00:03:51,269 သူ့ဇာတ်ကောင်တွေအတွက် အဆိုးဆုံး အခြေအနေမှာ 68 00:03:51,269 --> 00:03:54,765 စာဖတ်သူတွေအတွက် အကောင်းဆုံး အခြေအနေဖြစ်လို့ပါ။ 69 00:03:54,765 --> 00:03:58,719 Dickens ဟာ ထုံးစံအရ သူ့ဝတ္ထုတွေအဆုံးမှာ ရှင်းလင်းတဲ့ အဖြေကို ပေးတယ်၊ 70 00:03:58,719 --> 00:04:02,449 The Mystery of Edwin Drood ကလွဲရင်ပေါ့။ 71 00:04:02,449 --> 00:04:07,390 ဝတ္ထုဟာ ပဟေဠိဆန်တဲ့ အခြေအနေတေွမှာ မိဘမဲ့ Edwin ပျောက်ဆုံးမှုကို အသေးစိတ်ဖေါ်ပြတယ်။ 72 00:04:07,390 --> 00:04:10,429 ဒါပေမဲ့ Dickens ဟာ ဝတ္ထုမပြီးခင်မှာ သေဆုံးခဲ့ပြီး 73 00:04:10,429 --> 00:04:13,619 လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းတဲ့ ဘာမှတ်စုမှမထားခဲ့ဘူး။ 74 00:04:13,619 --> 00:04:18,761 စာဖတ်သူတွေဟာ လူသတ်သမားအဖြစ် ဘယ်သူ့ကို Dickens ရည်ရွယ်ခဲ့သလဲဆိုတာနဲ့ 75 00:04:18,761 --> 00:04:23,560 Edwin Drood တောင်မှ အရင်ဆုံး အသတ်ခံ ရလားဆိုတာ သဲကြီးမဲကြီး ဆက်ငြင်းခုံခဲ့တယ်။ 76 00:04:23,560 --> 00:04:25,111 များစွာသော ပြောင်းလဲမှုတွေ၊ 77 00:04:25,111 --> 00:04:26,260 စာပေ ဂါဝရပြုမှုတွေနဲ့ 78 00:04:26,260 --> 00:04:27,866 သူ့ဝတ္ထုတွေ စာမျက်နှာတွေအနှံ့မှာ 79 00:04:27,866 --> 00:04:31,285 Dickens ရဲ့ ဝင်းပနေတဲ့ ဘာသာစကားနဲ့ မြင်ကွင်းကျယ် လေကအမြင်ဟာ 80 00:04:31,285 --> 00:04:33,460 ဆက်လက် မြည်ဟိန်းနေပါတယ်။ 81 00:04:33,460 --> 00:04:35,340 ယနေ့မှာ နာမဝသေသန Dickensian ဟာ 82 00:04:35,340 --> 00:04:38,592 ပေရေနေတဲ့ လုပ်ငန်း (သို့) နေထိုင်တဲ့ အခြေအနေတွေကိုသွယ်ဝိုက်ဆိုတယ်။ 83 00:04:38,592 --> 00:04:43,127 ဒါပေမဲ့ ဝတ္ထုသရုပ်ဖော်ဖို့ Dickensian ဟာ ထုံးစံအတိုင်း ချီးကျူးထိုက်သလို 84 00:04:43,127 --> 00:04:46,931 မထင်မှတ်တဲ့နေရာတွေမှာ ဖြစ်ပျက်တဲ့ စစ်မှန်တဲ့ စွန့်စားမှုနဲ့ ရှာဖွေတွေ့ရှိမှု 85 00:04:46,931 --> 00:04:49,722 အသုံးပြုတဲ့ ဝတ္ထုတစ်ပုဒ်အဖြစ်လို့လည်း ညွှန်းပါတယ်။ 86 00:04:49,722 --> 00:04:52,512 မကြာခဏတော့ စိတ်ဓာတ်ကျဖွယ် ရုပ်ဝတ္ထုကို စူးစမ်းပေမဲ့ 87 00:04:52,512 --> 00:04:57,972 Dickens ရဲ့စူးရှတဲ့ ဇဝနဉာဏ်ဟာ အမှောင်ဆုံး ထောင့်တွေမှာ အလင်းတွေ့ဖို့ တာဝန်မပျက်ခဲ့ပါ