ယာဂု နောက်တစ်ပွဲတောင်းနေတဲ့ ဆာလောင်နေတဲ့ မိဘမဲ့ကလေး။ စုတ်ပြတ်နေတဲ့ မင်္ဂလာဝတ်စုံနဲ့ ချုံးကျနေတဲ့ အပျိုဟိုင်း။ အတိတ်ရဲ့ ခရစ်စမတ် တစ္ဆေက ဒုက္ခပေးတာ ခံရတဲ့ ကျောက်ခဲနှလုံးသားနဲ့ ကပ်စေးနှဲ။ သူသေဆုံးပြီး ရာစုနှစ်တစ်ခုကျော်ပြီးမှာ Charles Dickens ရဲ့ လက်ရာက ဒီမှတ်မိ နိုင်တဲ့ သဏ္ဌာန်တွေဟာ ကျန်ရစ်နေပါတယ်။ ထူးခြားလွန်းတာက ၎င်းကိုယ်ပိုင်နာမဝသေသန ဖြစ်စေတဲ့ သူ့လက်ရာ အစုအဝေးပါ။ ဒါပေမဲ့ ဒီလောက် ထူးခြားစေတဲ့ Dickens ရဲ့ အရေးအသား အင်္ဂါရပ်တွေက ဘာတွေလဲ။ Dickens ရဲ့ စိတ်ကူးယဉ်ဝတ္ထုဟာ စိတ်လေးစရာ အခင်းအကျင်း၊ ဇာတ်ကွက်အလှည့်တွေနဲ့ ဆန်းပြားမှုတွေကနေ မျှော်လင့်စောင့်စားချက်နဲ့ ပြည့်နေတယ်။ သူ့လက်ရာရဲ့ဒီအင်္ဂါရပ်တွေက ပရိတ်သတ်ကို ပိုပြီး ဆက်လိုချင်နေစေတာပါ။ ပထမဆုံးထုတ်ဝေစဉ်က သူ့ဝတ္ထုတွေဟာ အခန်းဆက်တွေပါ၊ ဆိုလိုတာက တစ်ကြိမ်ကို အခန်းနည်းနည်းသာ တတ်နိုင်တဲ့ စာပေဂျာနယ်တွေမှာ ထုတ်ဝေခဲ့ပြီး နောက်မှ စာအုပ်တွေအဖြစ် ပြန်ပုံနှိပ်တာပါ။ ဒါက သူတီထွင်တဲ့ သည်းထိတ်ရင်ဖို အဖြစ်တွေနဲ့ ဖွင့်ဟချက်တွေအပေါ် နာမငြိမ်ဖြစ်တဲ့ ထင်ကြေးပေးခြင်း ကို စေ့ဆော်ပေးပါတယ်။ အခန်းဆက်ထုတ်ဝေခြင်းဟာ စိတ်ကူးယဉ်ဝတ္ထုကို ပိုကျယ်ပြန့်တဲ့ ပရိတ်သတ်ရရှိရုံမက သူတို့ကို ဆက်ဖတ်ဖြစ်စေပြီး စာရေးသူကိုယ်တိုင်ကိုပါ ကြော်ငြာပေးတာပါ။ Dickens ဟာ အထူးသဖြင့် သူ့ဇဝနဉာဏ်ကြောင့် လူကြိုက်များလာခဲ့တယ်။ ဒါကို တစ်မူထူးတဲ့ဇာတ်ကောင်နဲ့ ဇာတ်ညွှန်းတွေထဲကိုလောင်းထည့်တယ်။ သူ့ဇာတ်ကောင်တွေဟာ လူ့အပြုအမူရဲ့ ရယ်ရွှင်ဖွယ်ကောင်းမှုသက်သက်ကို ပြသပြီး သူတို့ရဲ့အမည်တွေဟာ မကြာခဏ ဉာဉ်တွေ(သို့) လူမှုအဆင့်တွေကို လူအဖြစ်တင်စားတယ်။ ဥပမာ နင်းပြား Bob Cratchi ခယဝပ်တွားလွန်းတဲ့ Uriah Heep နဲ့ မြူးကြွရွှင်ပျတဲ့ Septimus Crisparkle ပါ။ Dickens ဟာ ဒီရောင်စုံဇာတ်ကောင်တွေကို သူနေထိုင်ရာ လူမှုအဖွဲ့အစည်းကို အသွင်တုတဲ့ ရှုပ်ထွေးတဲ့ လူမှုမနောက်ခံနဲ့ယှဉ်ကာ ဇာတ်အိမ်တည်တယ်။ ဥပမာ သူ မကြာခဏ ထည့်စဉ်းစားတာက စက်မှုတော်လှန်ရေးက ဖြစ်ပေါ်တဲ့ အပြောင်းအလဲတွေပါ။ ဒီကာလအတွင်း အောက်ခြေလူတန်းစားတွေဟာ ညစ်ပတ်တဲ့ အလုပ်ခွင် နေထိုင်မှုအခြေအနေတွေကိုတွေ့ကြုခဲ့ရတယ်။ Dickens ကိုယ်တိုင် ကလေးအဖြစ်နဲ့ ဆင်းရဲဒုက္ခကြုံခဲ့ရပြီး သူ့အဖေ မြီစားထောင်ကို အပို့ခံရပြီးနောက် ဖိနပ်တိုက်တဲ့ စက်ရုံတစ်ခုမှာ အတင်းစေခိုင်းခံရတယ်။ ဒါက မည်ကာမတ္တဇာတ်ကောင်က သူမအဖေ ထောင်သားကို စောင့်ရှောက်တဲ့ Little Dorrit က Marshalsea ထောင်ကို သရုပ်ဖော်ချက်ကို သြဇာသက်ရောက်ခဲ့တယ်။ ထောင်၊ မိဘမဲ့ဂေဟာ၊ ဆင်းရဲသားရပ်ကွက် တွေဟာ ဝတ္ထုအတွက် စိတ်ပျက်ဖွယ်နေရာတွေလို့ ထင်ရနိုင်ပေမဲ့ Dickens ကိုကျတော့ သူ့လူမှုအဖွဲ့အစည်းရဲ့မမြင်နိုင်ရဆုံးလူတွေ နေထိုင်ပုံကို ဖော်ထုတ်ခွင့်ပေးပါတယ်။ Nicholas Nickleby မှာ Nicholas ဟာ ကျောင်းဆရာ Wackford Squeers.နဲ့ အလုပ်တစ်ခုလုပ်ခဲ့တယ်။ သူဟာ မကြာခင် သဘောပေါက်တာက Squeers ဟာ သူတို့မိဘတွေက အလိုမရှိတဲ့ကလေးတွေကို အခနဲ့ခေါ်ထားပြီး ၎င်းတို့ကို အကြမ်းဖက်တာနဲ့ ငတ်ပြတ်အောင်ထားတဲ့ ရိုက်စားဆီကနေ ထွက်ပြေးနေတာပါ။ Oliver Twist ကလည်း နိုင်ငံစောင့်ရှောက်မှု အောက်က ကလေးတွေရဲ့ အတိဒုက္ခနဲ့ပတ်သက်ပါတယ်၊ Oliver က အစာအတွက် Mr. Bumble ကို အသနားခံတဲ့ သူဆင်းရဲအလုပ်သမားဂေဟာရဲ့ ရက်စက်တဲ့ အခြေအနေတွေကို သရုပ်ဖော်ထားတာပါ။ လန်ဒန်ကို ထွက်ပြေးတော့ ပြစ်မှုကျူးလွန်တဲ့ ဒုစရိုက်လောကတစ်ခုမှာ ပိတ်မိတယ် ဒီဝတ္ထုတွေဟာ Victorian ဘဝကို ညစ်ပေ၊ အကျင့်ပျက်၊ ရက်စက်တာအဖြစ် မကြာခဏ ဖော်ပြပါတယ်။ ဒါပေမဲ့ သူ့အချိန်ဟာ မှေးမှိန်နေခဲ့တဲ့ အစဉ်အလာဟောင်းတွေထဲကတစ်ခုလိုပဲ ဆိုတာ Dickens လည်းမြင်ခဲ့တယ်။ လန်ဒန်ဟာ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ လူမှု ရွေ့လျားမှုရဲ့ အဆင်သစ်တွေကနေ ခေတ်သစ်ကမ္ဘာရဲ့ ဥဖောက်စက်ဖြစ်လာနေခဲ့တယ်။ ဒါကြောင့် Dickens ရဲ့လန်ဒန်ဟာ ဆန့်ကျင်ဘက်ဒွန်တွဲနေတဲ့ နေရာတစ်ခုပါ၊ အံ့ဖွယ်နဲ့ဖြစ်နိုင်ခြေနဲ့ တစ်ပြိုင်နက် ပြည့်နေတဲ့ ကြမ်းတမ်းတဲ့ ကမ္ဘာတစ်ခုပါ။ ဥပမာအနေနဲ့ Great Expectations ရဲ့ ပဟေဠိဟာ Pip ရဲ့အလားအလာ ဝန်းကျင်မှာ ဗဟိုပြုတယ်၊ အမည်မသိ အကျိုးတော်ဆောင်တစ်ဦးက မထင်မရှား ကောက်ယူပြီး အထက်တန်းလွှာထဲကို တွန်းပို့ခံရတဲ့ မိဘမဲ့ကလေးတစ်ဦးပါ။ ရည်ရွယ်ချက်နောက်လိုက်ရာမှာ Pip ဟာ သူ့အတွက် ရည်မှန်းချက်ကြီးတဲ့ အခြားသူတွေရဲ့ သားကော်ဖြစ်လာပြီး ဇာတ်ကောင်တွေရဲ့ လောင်းရိပ်တစ်ခုနဲ့ ညှိုနှိုင်းယူရမှာပါ။ Dickens ရဲ့ များစွာသော ဇာတ်လိုက်တွေလိုပဲ သနားစရာ Pip' ရဲ့ အနေအထားက အတောမသတ် မတည်မငြိမ်ပါ။ Dickens ကိုဖတ်ခြင်းနဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သူ့ဇာတ်ကောင်တွေအတွက် အဆိုးဆုံး အခြေအနေမှာ စာဖတ်သူတွေအတွက် အကောင်းဆုံး အခြေအနေဖြစ်လို့ပါ။ Dickens ဟာ ထုံးစံအရ သူ့ဝတ္ထုတွေအဆုံးမှာ ရှင်းလင်းတဲ့ အဖြေကို ပေးတယ်၊ The Mystery of Edwin Drood ကလွဲရင်ပေါ့။ ဝတ္ထုဟာ ပဟေဠိဆန်တဲ့ အခြေအနေတေွမှာ မိဘမဲ့ Edwin ပျောက်ဆုံးမှုကို အသေးစိတ်ဖေါ်ပြတယ်။ ဒါပေမဲ့ Dickens ဟာ ဝတ္ထုမပြီးခင်မှာ သေဆုံးခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းတဲ့ ဘာမှတ်စုမှမထားခဲ့ဘူး။ စာဖတ်သူတွေဟာ လူသတ်သမားအဖြစ် ဘယ်သူ့ကို Dickens ရည်ရွယ်ခဲ့သလဲဆိုတာနဲ့ Edwin Drood တောင်မှ အရင်ဆုံး အသတ်ခံ ရလားဆိုတာ သဲကြီးမဲကြီး ဆက်ငြင်းခုံခဲ့တယ်။ များစွာသော ပြောင်းလဲမှုတွေ၊ စာပေ ဂါဝရပြုမှုတွေနဲ့ သူ့ဝတ္ထုတွေ စာမျက်နှာတွေအနှံ့မှာ Dickens ရဲ့ ဝင်းပနေတဲ့ ဘာသာစကားနဲ့ မြင်ကွင်းကျယ် လေကအမြင်ဟာ ဆက်လက် မြည်ဟိန်းနေပါတယ်။ ယနေ့မှာ နာမဝသေသန Dickensian ဟာ ပေရေနေတဲ့ လုပ်ငန်း (သို့) နေထိုင်တဲ့ အခြေအနေတွေကိုသွယ်ဝိုက်ဆိုတယ်။ ဒါပေမဲ့ ဝတ္ထုသရုပ်ဖော်ဖို့ Dickensian ဟာ ထုံးစံအတိုင်း ချီးကျူးထိုက်သလို မထင်မှတ်တဲ့နေရာတွေမှာ ဖြစ်ပျက်တဲ့ စစ်မှန်တဲ့ စွန့်စားမှုနဲ့ ရှာဖွေတွေ့ရှိမှု အသုံးပြုတဲ့ ဝတ္ထုတစ်ပုဒ်အဖြစ်လို့လည်း ညွှန်းပါတယ်။ မကြာခဏတော့ စိတ်ဓာတ်ကျဖွယ် ရုပ်ဝတ္ထုကို စူးစမ်းပေမဲ့ Dickens ရဲ့စူးရှတဲ့ ဇဝနဉာဏ်ဟာ အမှောင်ဆုံး ထောင့်တွေမှာ အလင်းတွေ့ဖို့ တာဝန်မပျက်ခဲ့ပါ