အားလုံး မင်္ဂလာပါ။
ကျွန်တော်က Matt Cutts ပါ။
ကျွန်တော်ဟာ Google မှာ
၁၇ နှစ်နီးပါး အလုပ်လုပ်ခဲ့တယ်။
အဲဒီမှာ အတော်လေး ထင်ရှားတဲ့
အင်ဂျင်နီယာ ဖြစ်ခဲ့လို့
ကျွန်တော်ဟာ Silicon Valley ဂေဟစနစ်ကို
နီးကပ်စွာ သိကျွမ်းခဲ့သူပါ။
အဲဒီနောက်မှာ ကျွန်တော်ဟာ အားကျဖွယ်
လူတချို့ နောက်မှာ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး
US Digital Service တွင်
ခဏကြာ ကူလုပ်ပေးခဲ့တယ်။
HealthCare.gov ဝဘ်ဆိုက် ၂၀၁၃ ခုနှစ်မှာ
တအား ဒေါင်းသွားစဉ်
ကူပေးခဲ့ကြတဲ့ လူအုပ်စုကို ပြောနေတာပါ။
တကယ်နော်။
အဲဒါနဲ့ ကျွန်တော်ဟာ သုံးလမှခြောက်လကြာ
လုပ်ပေးဖို့ လက်မှတ်ထိုးခဲ့ပေမဲ့
သုံးနှစ်နီးပါး ကြသွားတဲ့ နောက်မှာ
Washington DC မှာ ကျွန်တော် ရှိနေတုန်းပါ။
ဖက်ဒရယ် အစိုးရအတွက် လုပ်ကိုင်နေတယ်၊
အစိုးရဟာ နည်းပညာရှင်တွေကို
အခုအချိန်မှာ သိပ်ကို လိုအပ်နေလို့ပါ။
ကျွန်တော့် အလုပ်ဟောင်းတွင်
အခန်းတိုင်းမှာ ဗီဒီယိုတွေ့ဆုံပွဲ စနစ်ကို
ပြက္ခဒိန်ထဲမှာကို ထည့်ပေးထားပြီး
ပါဝါကြိုးတွေကို ပရိဘောဂထဲမှာကို
တပ်ဆင်ပေးထားခဲ့တယ်။
ကျွန်တော် အစိုးရ အေဂျင်စီကို ရောက်သွားတော့
ဖုန်းနဲ့တွေ့ဆုံပွဲ လုပ်ဖို့ ကျွန်တော်ဟာ
လူတစ်ယောက်ကို ခေါ်ပြီး လုပ်ခိုင်းရတယ်။
ကျုပ်တို့ ရုံးခန်းသစ်ကို
ရွေ့ပြောင်းချိန်မှာ၊
ကျုပ်တို့ဆီမှာခဏကြ
ဘာပရိဘောဂမှ မရှိခဲ့ဘူး၊
အဲဒါနဲ့ ဖုန်းကို အမှိုက်ပုံးပေါ်မှာ
တင်ထားခဲ့ကြတယ်။
ကျွန်တော် DC ကို ရွှေ့ပြောင်းတိုင်းမှာ
ကျွန်တော် အံ့ဩမိတာက
အစိုးရက ဆက်ဆံလုပ်ကိုင်နေရတဲ့
စက္ကူတွေ များလှတာကိုပါ။
ဒါက Winston-Salem က ရုံးတစ်ခုပါ၊
North Carolina မှာပါ၊
အဲဒီမှာ လူတွေဟာ
သူတို့ရဲ့ အဆောက်အအုံဟာ စာရွက်စာတမ်းတွေရဲ့
အလေးချိန်ဒဏ်ကို
ခံနိုင်ပါ့မလားလို့ စိုးခဲ့ကြတယ်။
တကယ်နော်။
စက္ကူဆီမှာ အားနည်းချက် တချို့ရှိတယ်။
အခု ပဟေဠိ တစ်ခုမေးမယ်-
ခင်ဗျားတို့ရဲ့ နောက်ဆုံး အမည်ဟာ
H ဒါမှမဟုတ် ပိုမြင့်တဲ့ စာလုံးနဲ့ စရင်၊
ခင်ဗျားတို့ရဲ့ လက်ကို မြှောက်ပြပေးပါ။
"ဝိုး"။
သတင်းဆိုးကို ပြောရပါမယ်-
ခင်ဗျားတို့ရဲ့ စစ်မှုထမ်းဟောင်းဆိုင်ရာ
မှတ်တမ်းတွေ
၁၉၇၃ ခုနှစ် မီးထဲမှာ ဖျက်ဆီးခံလိုက်ကြရတယ်။
(ရယ်သံများ)
တကယ်နော်။
ပြီးတော့ စက္ကူနဲ့ စီမံဆောင်ရွက်ရတာကလည်း
နှေးကွေးပြီး အမှားတွေ ပါနိုင်ပါတယ်။
ခင်ဗျားတို့ စစ်မှုထမ်းဟောင်း ဖြစ်ကြရင်၊
ရထိုက်တဲ့ ကျန်းမာရေးအကျိုးခံစားခွင့်အတွက်
လျှောက်ထားရင်၊
စက္ကူပုံစံကိုသုံးခဲ့တယ် ဆိုပါက၊
အဲဒီ ပုံစံကို စီမံလုပ်ကိုင်ပေးမှာကို
ခင်ဗျားတို့ဟာ လချီစောင့်ရပါမယ်။
အဲဒါကို ကျွန်တော်တို့က
ဝဘ်ပုံစံနဲ့ အစားထိုးပေးလိုက်လို့
အခုတော့ စစ်မှုထမ်းဟောင်း အများစုတို့ဟာ
သူတို့ရဲ့ ကျန်းမာရေးအကျိုးခံစားခွင့်တွေကို
၁၀ မိနစ်အတွင်းမှာ ရှာတွေ့နိုင်ကြတယ်။
(လက်ခုပ်သံများ)
ကျွန်တော့် အနေနဲ့ ဂုဏ်ယူမိတဲ့
လုပ်ဆောင်ချက် တစ်ခု ရှိပါသေးတယ်။
ကျုပ်တို့ဟာ Small Business Administration
မှာပါ ကူလုပ်ခဲ့ကြပြီး
သူတို့ရဲ့စနစ်တစ်ခုကို
စက္ကူမှ ဒစ်ဂျစ်တယ်သို့ ရွှေ့ပေးခဲ့ကြတယ်။
အဲဒီတော့ အဲဒီမတိုင်မီက မြင်ရပုံနဲ့
ဒါက အဲဒီနောက်ပိုင်း ပုံပါ။
အရင်က ရုံးခန်းတွေပဲ၊
လူတွေလဲ အရင်အတိုင်းပဲ၊
ဒါပေမဲ့ စနစ်က လူတိုင်းအတွက်
ပိုကောင်းလာတယ်။
တစ်ချိန်မှာ ကျွန်ုပ်တို့ စနစ်တစ်ခု ခေတ်မီ
အောင် ပြောင်းခဲ့မှု ပွဲတော်အတွက်
အနီးရှိ ကုန်စုံစတိုးဆိုင်ကို သွားကြပြီး
"ခင်ဗျားတို့ ကိတ်မုန့်ကို
ကျုပ်တို့ ပြုစုပေးခဲ့ကြတဲ့
ဒီဂျစ်တယ်ပုံစံနဲ့ အလှဆင်ပေးနိုင်မလား"
လို့ မေးကြတယ်။
ဆိုင်ထဲက လူတွေ ကျုပ်တို့ မှာချင်တာကို
အတော်လေး စိတ်ညစ်သွားကြတယ်။
သူတို့က အစိုးရထံမှ တရားဝင်
စာနဲ့ ရေးပေးစေလိုခဲ့ကြတယ်။
ကျုပ်တို့က အစိုးရအတွက် အလုပ်လုပ်နေကြတော့
စာတစ်စောင် ရေးပေးပြီး
"ခင်ဗျားတို့ဟာ ပွဲတော်ကျင်းပရေး
ရည်ရွယ်ချက်အတွက်
အစိုးရဒိုမိန်းပုံစံကို ကိတ်မုန့်မှာ သုံး
နိုင်ကြောင်း" ထည့်ရေးခဲ့ရတယ်။
(ရယ်သံများ)
အဲဒီနောက် သုံးဆင့်ကိတ်မုန့်နဲ့ ပုံစံဖြည့်
ကြတဲ့ ပြက်လုံးဆိုးတွေ ပေါ်ထွက်လာခဲ့တယ်။
အစိုးရရုံးတွေမှာ ပြောနေကြတဲ့
ပြက်လုံးတွေပါ။
စက္ကူအကြောင်း ပြောတာ လုံလောက်ပါပြီ၊
ကျုပ်တို့ဟာ ဒေါင်းသွားကြတဲ့ ကွန်ပျူတာ
စနစ်တွေကိုလည်း ပြုပြင်ပေးကြပါသေးတယ်။
ကျွန်တော်တို့ဟာ နောက်ဆုံး လုပ်ကိုင်
နည်းတွေကို မိတ်ဆက်ပေးတယ်၊
အသုံးပြုသူဗဟိုပြု ဒီဇိုင်းနဲ့ ကလောက်၊
ပြီးတော့ အစိုးရရဲ့ ဝယ်ယူရေးစနစ်ကို
ကျုပ်တို့ မြှင့်တင်ပေးခဲ့ကြတယ်။
အစိုးရက ဆော့ဝဲ ဝယ်ပုံဟာ
သူတို့က ကုလားထိုင်တွေ၊ လက်နက်တွေ၊ တင့်ကား
တွေကို ဝယ်သလိုပဲ ဝယ်ရတယ်၊
စာမျက်နှာ ၁၀၀၀ ကျော်ရှိတဲ့
စည်းကမ်းချက်တွေကို လိုက်နာရတယ်။
ဒီတော့ အစိုးရရဲ့ လုပ်ငန်းတွေထဲ ရှုပ်ထွေး
နေတဲ့ အရာတွေ ရှိနေသေးတာ အမှန်ပါပဲ။
ဒါပေမဲ့ ဒီလိုကိစ္စထဲမှာ Silicon Valley ဟာ
ကယ်တင်ရှင်နဲ့ တူပါတယ်။
(ရယ်သံများ)
နောက်ထပ် လာဦးမယ့် အရာ ရှိပါသေးတယ်။
နည်းပညာ နယ်ပယ်ထဲက
အကောင်းဆုံးနဲ့ အတော်ဆုံး ဦးနှောက်တွေက
အစားအစာပို့ပေးရေး လုပ်ငန်းသစ်တွေနဲ့
စကူတာတွေကို ပြီးတော့ လူတွေဆီ
ပေါင်းပင်တွေ ပို့ပေးနည်း မြှင့်တင်ဖို့
အားထုတ်နေကြတယ်။
အခုနေ လုပ်ကိုင်ဖို့ အဲဒါတွေဟာ
အရေးကြီး အလုပ်တွေများလား။
Silicon Valley ဟာ ကမ္ဘာကြီး ပိုကောင်းအောင်
လုပ်ပေးဖို့ကို ပြောဆိုရတာ ကြိုက်တယ်။
ဒါပေမဲ့ တကယ်ကျတော့
အစိုးရထဲမှာမှ ကိုယ့်အားထုတ်မှုရဲ့
သက်ရောက်မှုကို လက်တွေ့ခံစားရတာပါ။
လူတစ်ယောက်ရဲ့ ဖခင်ဆုံးသွားခဲ့ပါတယ်။
သူဟာ Twitter မှနေပြီး
ကျွန်တော့်ကို မရရအောင် ရှာယူခဲ့ပြီး
သူ့အတွက် အင်မတန်မှ မလွယ်ကူခဲ့ချိန်မှာ
ကျုပ်တို့ မြှင့်တင်ပေးခဲ့ကြတဲ့ စနစ်တစ်ခုက
သူ့ကို များစွာမှ ကူညီပေးခဲ့တာကို
ပြောဖို့ အတွက်ပါ။
အဲဒီလို ခဲယဉ်းတဲ့ ကာလမျိုးမှာ အစိုးရဟာ
ကောင်းမွန်စွာ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်၊
အဲဒါကြောင့် အစိုးရထဲမှာ ဆန်းသစ်တီထွင်မှု
တွေ လုပ်ပေးဖို့ လိုအပ်တယ်။
အခု ကျွန်တော် ဝန်ခံချင်တာ တစ်ခု ရှိပါတယ်။
ကျွန်တော် DC ကို ရောက်ခါစတုန်းက
ဗျူရိုကရက် ဆိုတဲ့ စကားလုံးကို
ကျွန်တော် တခါတရံ သုံးတတ်ခဲ့တယ်။
အခု နောက်ပိုင်းမှာကျတော့၊
ကျွန်တော်ဟာ ပြည်သူ့ ဝန်ထမ်းဆိုတဲ့
စကားလုံးသုံးရတာ ပိုကြိုက်တယ်။
လူတွေကို ငိုလာစေနိုင်တဲ့
Francine လို လူမျိုးဆိုပါစို့။
အနည်းဆုံးအားဖြင့် သူမရဲ့
အားမာန်စိတ်ကို တွေ့မိလို့
ကျွန်တော် ငိုချင်ခဲ့တာ အမှန်ပါပဲ။
ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း
နက်နက်ရှိုင်းရှိုင်း အရမ်းကို ဂုဏ်ယူပါတယ်။
သူတို့ဟာ ယုတ္တိမရှိတဲ့
အခြေအနေတွေကို ဖြတ်ကျော်ရင်း
ညဉ့်မိုးချုပ်အထိ အဖြေမှန်ကို
ရှာဖို့ ကြိုးပမ်းကြမယ့် သူတွေပါ။
အစိုးရဟာ လစာအပြင်
အပိုဆုငွေတွေကို မပေးနိုင်လို့
ကျုပ်တို့ဟာ ကိုယ်ပိုင် ဆုတွေကို
တီထွင်ခဲ့ကြရတယ်။
ကျုပ်တို့ရဲ့ လက်ဖွဲ့က
Molly ဆိုတဲ့ ကဏန်းကောင်ပါ။
တကယ်တမ်းမှာ ကဏန်းပုံစံ
ပိုက်ဆံအိတ် ဖြစ်တဲ့ အဲဒီဆုဟာ
သတ္တုပြားထဲမှာ ဝက်အူနဲ့ စုပ်ထားတာပါ။
ဒီခေတ်ထဲတွင် အရာရာတိုင်းကို
ဖြေရှင်းပေးနိုင်ကြတဲ့
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို
ကျွန်တော် သိပ်မယုံချင်ပါဘူး။
ကျွန်တော် ပိုယုံကြည့်တာက
ကျွန်တော့်ကို ကူဖို့ လာကြတဲ့ လူတွေကိုပါ။
ခင်ဗျားတို့က တကယ့်ကို အနှစ်သာရရှိတာ
တစ်ခုခုကို ရှာနေကြရင် --
ပြီးတော့ စိတ်ပျက်ဖွယ် အရာတွေ အပါအဝင်
အကြောင်းစုံကို အပြည့်အဝ သိရှိလိုကြရင်
ခင်ဗျားတို့ သိသင့်တာက ဒီလိုပါ။
မြို့တွေ၊ ပြည်နယ်နဲ့
ပြည်ထောင်စု အဆင့်များတွင်
ပြည်သူ့ဝန်ထမ်းတွေက
နည်းပညာရှင်တွေနဲ့ လက်တွဲပြီး
လုပ်ကိုင်ဖို့ ကြိုးစားကြတဲ့ အခါမှာ
ခက်ခဲရှုပ်ထွေးတဲ့ အရာတွေသာမက
သေရေးရှင်ရေး အရေးပါပြီး ယုံကြည့်ရန် ခက်တဲ့
အရာတွေ ဖြစ်ပျက်တတ်ပါတယ်။
အဲဒါကို ကျုပ်တို့ဟာ ထာဝရ
လုပ်ကိုင်ပေးဖို့ မလိုပါဘူး။
ဒါပေမဲ့ အဲဒီလိုနည်းဖြင့် ခင်ဗျားတို့ဟာ
ပြည်သူ့ ဝန်ဆောင်မှုထဲမှာ အခုကိုပဲ
အပြောင်းအလဲကို လုပ်ပေးနိုင်ကြပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)