1 00:00:00,792 --> 00:00:02,059 အားလုံး မင်္ဂလာပါ။ 2 00:00:02,083 --> 00:00:03,351 ကျွန်တော်က Matt Cutts ပါ။ 3 00:00:03,375 --> 00:00:07,009 ကျွန်တော်ဟာ Google မှာ ၁၇ နှစ်နီးပါး အလုပ်လုပ်ခဲ့တယ်။ 4 00:00:07,009 --> 00:00:09,726 အဲဒီမှာ အတော်လေး ထင်ရှားတဲ့ အင်ဂျင်နီယာ ဖြစ်ခဲ့လို့ 5 00:00:09,750 --> 00:00:13,133 ကျွန်တော်ဟာ Silicon Valley ဂေဟစနစ်ကို နီးကပ်စွာ သိကျွမ်းခဲ့သူပါ။ 6 00:00:13,133 --> 00:00:16,934 အဲဒီနောက်မှာ ကျွန်တော်ဟာ အားကျဖွယ် လူတချို့ နောက်မှာ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး 7 00:00:16,958 --> 00:00:21,018 US Digital Service တွင် ခဏကြာ ကူလုပ်ပေးခဲ့တယ်။ 8 00:00:21,042 --> 00:00:24,226 HealthCare.gov ဝဘ်ဆိုက် ၂၀၁၃ ခုနှစ်မှာ တအား ဒေါင်းသွားစဉ် 9 00:00:24,250 --> 00:00:28,018 ကူပေးခဲ့ကြတဲ့ လူအုပ်စုကို ပြောနေတာပါ။ 10 00:00:28,042 --> 00:00:29,149 တကယ်နော်။ 11 00:00:29,149 --> 00:00:32,428 အဲဒါနဲ့ ကျွန်တော်ဟာ သုံးလမှခြောက်လကြာ လုပ်ပေးဖို့ လက်မှတ်ထိုးခဲ့ပေမဲ့ 12 00:00:32,428 --> 00:00:34,393 သုံးနှစ်နီးပါး ကြသွားတဲ့ နောက်မှာ 13 00:00:34,417 --> 00:00:36,476 Washington DC မှာ ကျွန်တော် ရှိနေတုန်းပါ။ 14 00:00:36,500 --> 00:00:38,226 ဖက်ဒရယ် အစိုးရအတွက် လုပ်ကိုင်နေတယ်၊ 15 00:00:38,250 --> 00:00:42,143 အစိုးရဟာ နည်းပညာရှင်တွေကို အခုအချိန်မှာ သိပ်ကို လိုအပ်နေလို့ပါ။ 16 00:00:42,167 --> 00:00:43,434 ကျွန်တော့် အလုပ်ဟောင်းတွင် 17 00:00:43,458 --> 00:00:46,059 အခန်းတိုင်းမှာ ဗီဒီယိုတွေ့ဆုံပွဲ စနစ်ကို 18 00:00:46,083 --> 00:00:48,268 ပြက္ခဒိန်ထဲမှာကို ထည့်ပေးထားပြီး 19 00:00:48,292 --> 00:00:52,033 ပါဝါကြိုးတွေကို ပရိဘောဂထဲမှာကို တပ်ဆင်ပေးထားခဲ့တယ်။ 20 00:00:52,033 --> 00:00:54,196 ကျွန်တော် အစိုးရ အေဂျင်စီကို ရောက်သွားတော့ 21 00:00:54,196 --> 00:00:57,934 ဖုန်းနဲ့တွေ့ဆုံပွဲ လုပ်ဖို့ ကျွန်တော်ဟာ လူတစ်ယောက်ကို ခေါ်ပြီး လုပ်ခိုင်းရတယ်။ 22 00:00:57,934 --> 00:01:00,068 ကျုပ်တို့ ရုံးခန်းသစ်ကို ရွေ့ပြောင်းချိန်မှာ၊ 23 00:01:00,092 --> 00:01:02,363 ကျုပ်တို့ဆီမှာခဏကြ ဘာပရိဘောဂမှ မရှိခဲ့ဘူး၊ 24 00:01:02,363 --> 00:01:04,990 အဲဒါနဲ့ ဖုန်းကို အမှိုက်ပုံးပေါ်မှာ တင်ထားခဲ့ကြတယ်။ 25 00:01:05,625 --> 00:01:08,893 ကျွန်တော် DC ကို ရွှေ့ပြောင်းတိုင်းမှာ ကျွန်တော် အံ့ဩမိတာက 26 00:01:08,917 --> 00:01:12,667 အစိုးရက ဆက်ဆံလုပ်ကိုင်နေရတဲ့ စက္ကူတွေ များလှတာကိုပါ။ 27 00:01:13,500 --> 00:01:15,518 ဒါက Winston-Salem က ရုံးတစ်ခုပါ၊ 28 00:01:15,542 --> 00:01:16,934 North Carolina မှာပါ၊ 29 00:01:16,958 --> 00:01:18,518 အဲဒီမှာ လူတွေဟာ 30 00:01:18,542 --> 00:01:21,976 သူတို့ရဲ့ အဆောက်အအုံဟာ စာရွက်စာတမ်းတွေရဲ့ 31 00:01:22,000 --> 00:01:24,268 အလေးချိန်ဒဏ်ကို ခံနိုင်ပါ့မလားလို့ စိုးခဲ့ကြတယ်။ 32 00:01:24,268 --> 00:01:25,409 တကယ်နော်။ 33 00:01:25,409 --> 00:01:27,155 စက္ကူဆီမှာ အားနည်းချက် တချို့ရှိတယ်။ 34 00:01:27,155 --> 00:01:28,417 အခု ပဟေဠိ တစ်ခုမေးမယ်- 35 00:01:28,417 --> 00:01:32,101 ခင်ဗျားတို့ရဲ့ နောက်ဆုံး အမည်ဟာ H ဒါမှမဟုတ် ပိုမြင့်တဲ့ စာလုံးနဲ့ စရင်၊ 36 00:01:32,125 --> 00:01:35,125 ခင်ဗျားတို့ရဲ့ လက်ကို မြှောက်ပြပေးပါ။ 37 00:01:35,837 --> 00:01:37,104 "ဝိုး"။ 38 00:01:37,138 --> 00:01:38,406 သတင်းဆိုးကို ပြောရပါမယ်- 39 00:01:38,406 --> 00:01:40,760 ခင်ဗျားတို့ရဲ့ စစ်မှုထမ်းဟောင်းဆိုင်ရာ မှတ်တမ်းတွေ 40 00:01:40,760 --> 00:01:42,768 ၁၉၇၃ ခုနှစ် မီးထဲမှာ ဖျက်ဆီးခံလိုက်ကြရတယ်။ 41 00:01:42,792 --> 00:01:43,809 (ရယ်သံများ) 42 00:01:43,833 --> 00:01:45,101 တကယ်နော်။ 43 00:01:45,125 --> 00:01:48,704 ပြီးတော့ စက္ကူနဲ့ စီမံဆောင်ရွက်ရတာကလည်း နှေးကွေးပြီး အမှားတွေ ပါနိုင်ပါတယ်။ 44 00:01:48,704 --> 00:01:50,766 ခင်ဗျားတို့ စစ်မှုထမ်းဟောင်း ဖြစ်ကြရင်၊ 45 00:01:50,766 --> 00:01:53,655 ရထိုက်တဲ့ ကျန်းမာရေးအကျိုးခံစားခွင့်အတွက် လျှောက်ထားရင်၊ 46 00:01:53,655 --> 00:01:55,287 စက္ကူပုံစံကိုသုံးခဲ့တယ် ဆိုပါက၊ 47 00:01:55,287 --> 00:01:58,521 အဲဒီ ပုံစံကို စီမံလုပ်ကိုင်ပေးမှာကို ခင်ဗျားတို့ဟာ လချီစောင့်ရပါမယ်။ 48 00:01:58,521 --> 00:02:01,108 အဲဒါကို ကျွန်တော်တို့က ဝဘ်ပုံစံနဲ့ အစားထိုးပေးလိုက်လို့ 49 00:02:01,108 --> 00:02:03,018 အခုတော့ စစ်မှုထမ်းဟောင်း အများစုတို့ဟာ 50 00:02:03,042 --> 00:02:05,393 သူတို့ရဲ့ ကျန်းမာရေးအကျိုးခံစားခွင့်တွေကို 51 00:02:05,417 --> 00:02:07,238 ၁၀ မိနစ်အတွင်းမှာ ရှာတွေ့နိုင်ကြတယ်။ 52 00:02:07,238 --> 00:02:08,786 (လက်ခုပ်သံများ) 53 00:02:08,786 --> 00:02:11,684 ကျွန်တော့် အနေနဲ့ ဂုဏ်ယူမိတဲ့ လုပ်ဆောင်ချက် တစ်ခု ရှိပါသေးတယ်။ 54 00:02:11,708 --> 00:02:14,710 ကျုပ်တို့ဟာ Small Business Administration မှာပါ ကူလုပ်ခဲ့ကြပြီး 55 00:02:14,710 --> 00:02:17,660 သူတို့ရဲ့စနစ်တစ်ခုကို စက္ကူမှ ဒစ်ဂျစ်တယ်သို့ ရွှေ့ပေးခဲ့ကြတယ်။ 56 00:02:17,660 --> 00:02:19,410 အဲဒီတော့ အဲဒီမတိုင်မီက မြင်ရပုံနဲ့ 57 00:02:19,410 --> 00:02:21,726 ဒါက အဲဒီနောက်ပိုင်း ပုံပါ။ 58 00:02:21,750 --> 00:02:24,184 အရင်က ရုံးခန်းတွေပဲ၊ လူတွေလဲ အရင်အတိုင်းပဲ၊ 59 00:02:24,208 --> 00:02:26,500 ဒါပေမဲ့ စနစ်က လူတိုင်းအတွက် ပိုကောင်းလာတယ်။ 60 00:02:26,737 --> 00:02:30,643 တစ်ချိန်မှာ ကျွန်ုပ်တို့ စနစ်တစ်ခု ခေတ်မီ အောင် ပြောင်းခဲ့မှု ပွဲတော်အတွက် 61 00:02:30,667 --> 00:02:32,549 အနီးရှိ ကုန်စုံစတိုးဆိုင်ကို သွားကြပြီး 62 00:02:32,549 --> 00:02:35,280 "ခင်ဗျားတို့ ကိတ်မုန့်ကို ကျုပ်တို့ ပြုစုပေးခဲ့ကြတဲ့ 63 00:02:35,304 --> 00:02:37,808 ဒီဂျစ်တယ်ပုံစံနဲ့ အလှဆင်ပေးနိုင်မလား" လို့ မေးကြတယ်။ 64 00:02:37,808 --> 00:02:40,852 ဆိုင်ထဲက လူတွေ ကျုပ်တို့ မှာချင်တာကို အတော်လေး စိတ်ညစ်သွားကြတယ်။ 65 00:02:40,852 --> 00:02:43,893 သူတို့က အစိုးရထံမှ တရားဝင် စာနဲ့ ရေးပေးစေလိုခဲ့ကြတယ်။ 66 00:02:43,917 --> 00:02:47,059 ကျုပ်တို့က အစိုးရအတွက် အလုပ်လုပ်နေကြတော့ စာတစ်စောင် ရေးပေးပြီး 67 00:02:47,083 --> 00:02:49,476 "ခင်ဗျားတို့ဟာ ပွဲတော်ကျင်းပရေး ရည်ရွယ်ချက်အတွက် 68 00:02:49,500 --> 00:02:52,845 အစိုးရဒိုမိန်းပုံစံကို ကိတ်မုန့်မှာ သုံး နိုင်ကြောင်း" ထည့်ရေးခဲ့ရတယ်။ 69 00:02:52,845 --> 00:02:53,903 (ရယ်သံများ) 70 00:02:53,903 --> 00:02:57,735 အဲဒီနောက် သုံးဆင့်ကိတ်မုန့်နဲ့ ပုံစံဖြည့် ကြတဲ့ ပြက်လုံးဆိုးတွေ ပေါ်ထွက်လာခဲ့တယ်။ 71 00:02:57,735 --> 00:02:59,890 အစိုးရရုံးတွေမှာ ပြောနေကြတဲ့ ပြက်လုံးတွေပါ။ 72 00:02:59,890 --> 00:03:02,309 စက္ကူအကြောင်း ပြောတာ လုံလောက်ပါပြီ၊ 73 00:03:02,333 --> 00:03:05,806 ကျုပ်တို့ဟာ ဒေါင်းသွားကြတဲ့ ကွန်ပျူတာ စနစ်တွေကိုလည်း ပြုပြင်ပေးကြပါသေးတယ်။ 74 00:03:05,806 --> 00:03:08,765 ကျွန်တော်တို့ဟာ နောက်ဆုံး လုပ်ကိုင် နည်းတွေကို မိတ်ဆက်ပေးတယ်၊ 75 00:03:08,765 --> 00:03:11,601 အသုံးပြုသူဗဟိုပြု ဒီဇိုင်းနဲ့ ကလောက်၊ 76 00:03:11,625 --> 00:03:14,840 ပြီးတော့ အစိုးရရဲ့ ဝယ်ယူရေးစနစ်ကို ကျုပ်တို့ မြှင့်တင်ပေးခဲ့ကြတယ်။ 77 00:03:14,840 --> 00:03:17,351 အစိုးရက ဆော့ဝဲ ဝယ်ပုံဟာ 78 00:03:17,375 --> 00:03:22,143 သူတို့က ကုလားထိုင်တွေ၊ လက်နက်တွေ၊ တင့်ကား တွေကို ဝယ်သလိုပဲ ဝယ်ရတယ်၊ 79 00:03:22,167 --> 00:03:27,268 စာမျက်နှာ ၁၀၀၀ ကျော်ရှိတဲ့ စည်းကမ်းချက်တွေကို လိုက်နာရတယ်။ 80 00:03:27,292 --> 00:03:30,976 ဒီတော့ အစိုးရရဲ့ လုပ်ငန်းတွေထဲ ရှုပ်ထွေး နေတဲ့ အရာတွေ ရှိနေသေးတာ အမှန်ပါပဲ။ 81 00:03:31,000 --> 00:03:34,143 ဒါပေမဲ့ ဒီလိုကိစ္စထဲမှာ Silicon Valley ဟာ ကယ်တင်ရှင်နဲ့ တူပါတယ်။ 82 00:03:34,167 --> 00:03:35,434 (ရယ်သံများ) 83 00:03:35,458 --> 00:03:37,226 နောက်ထပ် လာဦးမယ့် အရာ ရှိပါသေးတယ်။ 84 00:03:37,250 --> 00:03:40,101 နည်းပညာ နယ်ပယ်ထဲက အကောင်းဆုံးနဲ့ အတော်ဆုံး ဦးနှောက်တွေက 85 00:03:40,125 --> 00:03:42,061 အစားအစာပို့ပေးရေး လုပ်ငန်းသစ်တွေနဲ့ 86 00:03:42,061 --> 00:03:43,393 စကူတာတွေကို ပြီးတော့ လူတွေဆီ 87 00:03:43,417 --> 00:03:47,309 ပေါင်းပင်တွေ ပို့ပေးနည်း မြှင့်တင်ဖို့ အားထုတ်နေကြတယ်။ 88 00:03:47,333 --> 00:03:50,875 အခုနေ လုပ်ကိုင်ဖို့ အဲဒါတွေဟာ အရေးကြီး အလုပ်တွေများလား။ 89 00:03:51,792 --> 00:03:55,893 Silicon Valley ဟာ ကမ္ဘာကြီး ပိုကောင်းအောင် လုပ်ပေးဖို့ကို ပြောဆိုရတာ ကြိုက်တယ်။ 90 00:03:55,917 --> 00:03:59,684 ဒါပေမဲ့ တကယ်ကျတော့ အစိုးရထဲမှာမှ ကိုယ့်အားထုတ်မှုရဲ့ 91 00:03:59,708 --> 00:04:01,648 သက်ရောက်မှုကို လက်တွေ့ခံစားရတာပါ။ 92 00:04:01,648 --> 00:04:03,495 လူတစ်ယောက်ရဲ့ ဖခင်ဆုံးသွားခဲ့ပါတယ်။ 93 00:04:03,495 --> 00:04:06,171 သူဟာ Twitter မှနေပြီး ကျွန်တော့်ကို မရရအောင် ရှာယူခဲ့ပြီး 94 00:04:06,171 --> 00:04:09,893 သူ့အတွက် အင်မတန်မှ မလွယ်ကူခဲ့ချိန်မှာ ကျုပ်တို့ မြှင့်တင်ပေးခဲ့ကြတဲ့ စနစ်တစ်ခုက 95 00:04:09,917 --> 00:04:12,375 သူ့ကို များစွာမှ ကူညီပေးခဲ့တာကို ပြောဖို့ အတွက်ပါ။ 96 00:04:12,393 --> 00:04:16,134 အဲဒီလို ခဲယဉ်းတဲ့ ကာလမျိုးမှာ အစိုးရဟာ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်၊ 97 00:04:16,134 --> 00:04:19,309 အဲဒါကြောင့် အစိုးရထဲမှာ ဆန်းသစ်တီထွင်မှု တွေ လုပ်ပေးဖို့ လိုအပ်တယ်။ 98 00:04:19,333 --> 00:04:21,321 အခု ကျွန်တော် ဝန်ခံချင်တာ တစ်ခု ရှိပါတယ်။ 99 00:04:21,321 --> 00:04:22,980 ကျွန်တော် DC ကို ရောက်ခါစတုန်းက 100 00:04:22,980 --> 00:04:26,101 ဗျူရိုကရက် ဆိုတဲ့ စကားလုံးကို ကျွန်တော် တခါတရံ သုံးတတ်ခဲ့တယ်။ 101 00:04:26,125 --> 00:04:27,393 အခု နောက်ပိုင်းမှာကျတော့၊ 102 00:04:27,417 --> 00:04:30,601 ကျွန်တော်ဟာ ပြည်သူ့ ဝန်ထမ်းဆိုတဲ့ စကားလုံးသုံးရတာ ပိုကြိုက်တယ်။ 103 00:04:30,625 --> 00:04:33,228 လူတွေကို ငိုလာစေနိုင်တဲ့ Francine လို လူမျိုးဆိုပါစို့။ 104 00:04:33,228 --> 00:04:35,668 အနည်းဆုံးအားဖြင့် သူမရဲ့ အားမာန်စိတ်ကို တွေ့မိလို့ 105 00:04:35,668 --> 00:04:38,101 ကျွန်တော် ငိုချင်ခဲ့တာ အမှန်ပါပဲ။ 106 00:04:38,125 --> 00:04:42,101 ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း နက်နက်ရှိုင်းရှိုင်း အရမ်းကို ဂုဏ်ယူပါတယ်။ 107 00:04:42,125 --> 00:04:45,518 သူတို့ဟာ ယုတ္တိမရှိတဲ့ အခြေအနေတွေကို ဖြတ်ကျော်ရင်း 108 00:04:45,542 --> 00:04:48,875 ညဉ့်မိုးချုပ်အထိ အဖြေမှန်ကို ရှာဖို့ ကြိုးပမ်းကြမယ့် သူတွေပါ။ 109 00:04:49,833 --> 00:04:52,434 အစိုးရဟာ လစာအပြင် အပိုဆုငွေတွေကို မပေးနိုင်လို့ 110 00:04:52,458 --> 00:04:55,726 ကျုပ်တို့ဟာ ကိုယ်ပိုင် ဆုတွေကို တီထွင်ခဲ့ကြရတယ်။ 111 00:04:55,750 --> 00:04:58,726 ကျုပ်တို့ရဲ့ လက်ဖွဲ့က Molly ဆိုတဲ့ ကဏန်းကောင်ပါ။ 112 00:04:58,750 --> 00:05:02,643 တကယ်တမ်းမှာ ကဏန်းပုံစံ ပိုက်ဆံအိတ် ဖြစ်တဲ့ အဲဒီဆုဟာ 113 00:05:02,667 --> 00:05:04,913 သတ္တုပြားထဲမှာ ဝက်အူနဲ့ စုပ်ထားတာပါ။ 114 00:05:05,628 --> 00:05:08,479 ဒီခေတ်ထဲတွင် အရာရာတိုင်းကို ဖြေရှင်းပေးနိုင်ကြတဲ့ 115 00:05:09,083 --> 00:05:11,987 မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော် သိပ်မယုံချင်ပါဘူး။ 116 00:05:12,250 --> 00:05:14,059 ကျွန်တော် ပိုယုံကြည့်တာက 117 00:05:14,083 --> 00:05:16,125 ကျွန်တော့်ကို ကူဖို့ လာကြတဲ့ လူတွေကိုပါ။ 118 00:05:16,683 --> 00:05:20,018 ခင်ဗျားတို့က တကယ့်ကို အနှစ်သာရရှိတာ တစ်ခုခုကို ရှာနေကြရင် -- 119 00:05:20,042 --> 00:05:24,851 ပြီးတော့ စိတ်ပျက်ဖွယ် အရာတွေ အပါအဝင် အကြောင်းစုံကို အပြည့်အဝ သိရှိလိုကြရင် 120 00:05:24,875 --> 00:05:26,613 ခင်ဗျားတို့ သိသင့်တာက ဒီလိုပါ။ 121 00:05:26,613 --> 00:05:28,809 မြို့တွေ၊ ပြည်နယ်နဲ့ ပြည်ထောင်စု အဆင့်များတွင် 122 00:05:28,833 --> 00:05:33,796 ပြည်သူ့ဝန်ထမ်းတွေက နည်းပညာရှင်တွေနဲ့ လက်တွဲပြီး 123 00:05:33,796 --> 00:05:36,893 လုပ်ကိုင်ဖို့ ကြိုးစားကြတဲ့ အခါမှာ ခက်ခဲရှုပ်ထွေးတဲ့ အရာတွေသာမက 124 00:05:36,917 --> 00:05:40,103 သေရေးရှင်ရေး အရေးပါပြီး ယုံကြည့်ရန် ခက်တဲ့ အရာတွေ ဖြစ်ပျက်တတ်ပါတယ်။ 125 00:05:40,103 --> 00:05:42,658 အဲဒါကို ကျုပ်တို့ဟာ ထာဝရ လုပ်ကိုင်ပေးဖို့ မလိုပါဘူး။ 126 00:05:42,658 --> 00:05:46,062 ဒါပေမဲ့ အဲဒီလိုနည်းဖြင့် ခင်ဗျားတို့ဟာ ပြည်သူ့ ဝန်ဆောင်မှုထဲမှာ အခုကိုပဲ 127 00:05:46,062 --> 00:05:47,797 အပြောင်းအလဲကို လုပ်ပေးနိုင်ကြပါတယ်။ 128 00:05:47,797 --> 00:05:49,128 ကျေးဇူးတင်ပါတယ်။ 129 00:05:49,128 --> 00:05:51,750 (လက်ခုပ်သံများ)