မြွေဖြူနှင့် မဆိုင်ရာဝင်စွက်သည့် ဘုန်းကြီးအကြောင်း တရုတ်ဒဏ္ဍာရီ - Shunan Teng
-
0:07 - 0:10Xu Xian ဟာ Jin Shan ဘုရားကျောင်းသစ်
ဖွင့်ပွဲအတွက် -
0:10 - 0:14နောက်ထပ် ဖိတ်စာတစ်စောင်ရရှိခဲ့တယ်။
-
0:14 - 0:16သူ့ဇနီး Bai Su Zhen က
-
0:16 - 0:18သွားမတက်ဖို့ သူ့ကို သတိပေးခဲ့တယ်။
-
0:18 - 0:21သူဟာ တကယ်တော့ လူသားအသွင်ရှိတဲ့
သဒ္ဓါတရားရှိတဲ့ မြွေဖြူနတ်ဖြစ်တာကြောင့် -
0:21 - 0:24အိမ်ထောင်ဟာ စွက်ဖက်တဲ့ ဘုန်းကြီးတွေရဲ့
တိုက်ခိုက်တာတွေခံရပြီးသားပါ -
0:24 - 0:26ဘာသာတရားကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်
-
0:26 - 0:29Xu Xian ကတော့ တက်ရောက်ဖို့
ဝတ္တရားရှိတယ်လို့ခံစားမိတယ်။ -
0:29 - 0:30သူတို့မသိတာက
-
0:30 - 0:34ဒီဖိတ်စာတွေဟာ အခြားသူမဟုတ်ဘဲ ငယ်ရွယ်
တဲ့ချစ်သူတွေကို ခွဲဖို့ကြိုးစားခဲ့ဖူးတဲ့ -
0:34 - 0:37လှည့်စားတတ်တဲ့ ဘုန်းကြီး Fa Hai
ဆီကနေ လာတယ်ဆိုတာပါ၊ -
0:37 - 0:40ဖြစ်စဉ်မှာဆိုရင် Xu Xian ကို သတ်လုလုပါ။
-
0:40 - 0:42ဘုန်းကြီးက Xu Xian ကိုထိပ်တိုက်တွေ့ကာ
-
0:42 - 0:44သူဟာ နတ်ဆိုးနဲ့ပေါင်းတဲ့အတွက်
ဘုန်းကြီးကျောင်းမှာနေကာ -
0:44 - 0:47သူ့စိတ်ကို သန့်စင်အောင်လုပ်ရမယ်လို့
ပြောနေတယ်။ -
0:47 - 0:49Xu Xian က ဆန့်ကျင်ပေမဲ့
-
0:49 - 0:51Fa Hai က သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး။
-
0:51 - 0:54အိမ်မှာတော့ Bai Su Zhen ဟာ
စိတ်ပူနေပါတယ်။ -
0:54 - 0:56သူ့ခင်ပွန်းက ဒီလောက်အမြန်ကြီး
ထွက်သွားတော့ -
0:56 - 0:59သူ့ရဲ့ကလေးကို ကိုယ်ဝန်ကိုလွယ်ထားရတယ်
လို့ မပြောလိုက်နိုင်ခဲ့ဘူး။ -
0:59 - 1:03အခုတော့ သူသွားတာ ကြာလှပြီဆိုတော့
တစ်ခုခုတော့ ဖြစ်နေပြီလို့ ခံစားမိတယ်။ -
1:03 - 1:05သူမဟာ ဘုရားကျောင်းဆီ လာခဲ့တယ်၊
-
1:05 - 1:08Fa Hai ကို ရင်ဆိုင်စဉ်
ဘုန်းကြီးက ဝတ်ပြုတဲ့ အခင်းကို ပစ်လိုက်တာ -
1:08 - 1:10မီးနဲ့ မီးခိုးတွေအဖြစ် ပေါက်ကွဲသွားတယ်။
-
1:10 - 1:12ကိုယ်ဝန်ကြောင့် အားနည်းနေတဲ့
-
1:12 - 1:16Bai Su Zhen ဟာ ဘုန်းကြီးကို နှိမ်နှင်းဖို့
ပုစွန်ဆိတ် တပ်သားတွေနဲ့ ဂဏန်း စစ်သေနာပတိ -
1:16 - 1:20တပ်တစ်တပ်ကို ကြံရာမရ ဆင့်ခေါ်လိုက်ပြီး
မီးတောက်ကို ငြှိမ်းဖို့ ဝှေ့ယမ်းတယ်။ -
1:20 - 1:22ဒါပေမဲ့ ပတ်ဝန်းကျင်နေရာမှာ
ရေလည်းကြီးလာတော့ -
1:22 - 1:25အပြစ်မဲ့ရွာသားတွေများစွာဟာ ရေနစ်ကုန်ကြတယ်။
-
1:25 - 1:28ပထမဆုံးအကြိမ်အဖြစ် Bai Su Zhen ဟာ
လူသားတွေကို ထိခိုက်စေခဲ့ပြီး -
1:28 - 1:31နတ်တွေရဲ့ကူညီမှု ကွယ်သွားတယ်။
-
1:31 - 1:32ကောင်းချီးပေးတာ ပြန်အရုပ်မှာ
-
1:32 - 1:36Fa Hai ဟာ သူ့ရဲ့ မှော်သပိတ်ထဲမှာ
သူမကို ထောင်ဖမ်းဖို့ ကြိုးစားခဲ့တယ်။ -
1:36 - 1:38ဒါပေမဲ့ မျှော်လင့်ချက် ပျောက်ကွယ်ပုံရချိန်
-
1:38 - 1:41သူမရဲ့ဝမ်းဗိုက်ကနေ တောက်ပတဲ့
အလင်းတစ်ခု ပေါ်လာတယ်၊ -
1:41 - 1:43ဘုန်းကြီးရူးရဲ့ မှော်အတတ်ကနေ သူမကို
ကယ်တင်လိုက်တာပေါ့။ -
1:43 - 1:44မောင်နှံဟာ အိမ်ကိုပြေးကာ
-
1:44 - 1:47သူတို့ကိုကယ်တင်ခဲ့တဲ့ ဆန်းကြယ်တဲ့
အစွမ်းကိုကျေးဇူးတင်မိတယ် -
1:47 - 1:52မကြာခင်မှာ Bai Su Zhen ဟာ
Xu Shi Lin ဆိုတဲ့ သားလေးမွေးဖွားခဲ့တယ်။ -
1:52 - 1:54ပျော်ရွှင်ဖွယ် အခါသမယဆိုပေမည့်
-
1:54 - 1:56Xu Xian ဟာ စိတ်ပူနေခဲ့တယ်။
-
1:56 - 1:59သူ့ဇနီးရဲ့ မတော်တဆ ဖျက်ဆီးတဲ့
လုပ်ရပ်ကြောင့် တုန်လှုပ်နေခဲ့ပြီး -
1:59 - 2:02ကံဆိုးမှုဟာ သူတို့အိမ်ကို ကျရောက်လာမှာပဲ
ဆိုပြီး ကြောက်နေခဲ့တယ်။ -
2:02 - 2:03နောက်တစ်လ မကြာခင်မှာပံ
-
2:03 - 2:06Fa Hai ဟာ သူတို့တံခါးဝမှာ ပေါ်လာတယ်။
-
2:06 - 2:10သူ့ရဲ့မွေးကင်းစ သားလေးအတွက် ကံကောင်းစေဖို့
သိတ်တစ်လုံးကို Xu Xian ဆီ ကမ်းပေးတယ်။ -
2:10 - 2:11ဘုန်းကြီးကို သတိထားနေပေမဲ့
-
2:11 - 2:15Bai Su Zhen ရဲ့ ဖျက်ဆီးတဲ့လုပ်ရပ်ကို
သတိရရင်း -
2:15 - 2:17Xu Xian ဟာ လက်ဆောင်ကို လက်ခံခဲ့တယ်။
-
2:17 - 2:19ဒါပေမဲ့ သပိတ် အိမ်ထဲရောက်လာလာချင်းပဲ
-
2:19 - 2:24Bai Su Zhen ရဲ့ ဦးခေါင်းဆီ ပျံတက်သွားပြီး
သူမကို အတွင်းမှာ ပိတ်ထားလိုက်တယ်။ -
2:24 - 2:25မိသားစုရဲ့ဆန္ဒတွေကို ဆန့်ကျင်ပြီး
-
2:25 - 2:28Fa Hai ဟာ သပိတ်ကို Lei Feng
စေတီအောက်မှာ မြှုပ်လိုက်တယ်။ -
2:28 - 2:31Xu Xian က သူ့ဇနီးကိုလွှတ်ပေးဖို့
သူ့ကို ပန်ကြားတော့ -
2:31 - 2:32ဘုန်းကြီက ခပ်တင်းတင်း ပြန်ဖြေတာက
-
2:32 - 2:36"သံ သစ်ပင် အပွင့်ပွင့်တံအခါ
သူမ လွတ်လိမ့်မယ်"တဲ့။ -
2:36 - 2:37အပြစ်နဲ့ မွှန်ထူပြီး
-
2:37 - 2:39Shi Lin ကို သူ့အဒေါ်နဲ့ထားခဲ့ပြီး
-
2:39 - 2:41Xu Xian ဟာ ဘုန်းကြီးကျောင်းဆီ
ပြေးသွားတယ်။ -
2:41 - 2:44ဒါပေမဲ့ သူတို့တစ်ယောက်မှ မသိခဲ့တဲ့
တစ်ခုရှိခဲ့တယ်။ -
2:44 - 2:47ကောင်လေးဟာ Xu Xian ရဲ့ ဘာသာတရား
ကိုင်းရှိုင်းမှုကို -
2:47 - 2:48ဆုပေးဖို့
-
2:48 - 2:51မိသားစုဆီ ပို့လိုက်တဲ့ ပညာရှိနတ်
Wen Qu Xing ဝင်စားတာပါ။ -
2:51 - 2:55Bai Su Zhen ကို ဘုရားကျောင်းမှာ
ကာကွယ်ပေးခဲ့တာက ဒီစွမ်းအားပါ၊ -
2:55 - 2:57သူကြီးပြင်းလာတော့ ပညာရှိဖြစ်လာတယ်။
-
2:57 - 3:03၁၉ နှစ်မှာ Shi Lin ဟာ နိုင်ငံကျော်ဘုရင့်
စာမေးပွဲ ဖြေဖို့ နေပြည်တော်ကိုသွားခဲ့ပြီး -
3:03 - 3:08အင်ပါယာတစ်ခုလုံးမှာ အမှတ်အမြင့်ဆုံး
ရရှိခဲ့တယ်။ -
3:08 - 3:12ဘုရင်မင်းမြတ်ကိုယ်တိုင် Shi Lin ကို
ဆုအပ်နှင်းခဲ့တယ်၊ -
3:12 - 3:16ရတနာပန်းတွေနဲ့ စီခြယ်ထားတဲ့
အဆောင်အယောင်ဦးထုပ်တစ်လုံးပါ။ -
3:16 - 3:18အိမ်ကို ဂုဏ်ကျက်သရေနဲ့ ပြန်လာခဲ့ပေမဲ့
-
3:18 - 3:22သူ့မိဘတွေရဲ့ ကံကြမ္မာကတော့
သူ့စိတ်ကို ကြီးလေးစွာ ဖိစီးနေဆဲပါ။ -
3:22 - 3:24သူ့အဖေကို တိုင်းပြည်ကနေထွက်ဖို့ ချော့ရင်း
-
3:24 - 3:29Shi Lin ဟာ သူ့အမေကို ကန်တော့ဖို့
သူ့ကို Lei Feng စေတီကို အလည်ခေါ်သွားတယ်။ -
3:29 - 3:30ရှေ့မှာ ဒူးမထောက်ခင်မှာ
-
3:30 - 3:33သူ့ရဲ့ရတနာစီခြယ်တဲ့ဆုကို လှူဖွယ်ရာအဖြစ်
သံ သစ်ပင်ရှေ့မှာထားလိုက်တယ်။ -
3:33 - 3:36ရုတ်တရက်ပဲ မြေကြီး ပွင့်လာပြီး
Bai Su Zhen ထွက်လာတယ်။ -
3:36 - 3:39နတ်တစ်ပါးရဲ့လက်ဆောင်ကနေ
အပြစ်တွေကနေ လွှတ်ငြိမ်းမှုနဲ့ -
3:39 - 3:41သံ သစ်ပင်က ပန်းတစ်ပွင့်နဲ့အတူ
-
3:41 - 3:42Shi Lin ဟာ သူ့အမေကို လွတ်စေကာ
-
3:42 - 3:44သူ့မိသားစု ပြန်လည်ပေါင်စည်းခဲ့တယ်၊
-
3:44 - 3:47သေမျိုးနဲ့ နတ် နှစ်ခုစလုံးပေါ့။
- Title:
- မြွေဖြူနှင့် မဆိုင်ရာဝင်စွက်သည့် ဘုန်းကြီးအကြောင်း တရုတ်ဒဏ္ဍာရီ - Shunan Teng
- Speaker:
- Shunan Teng
- Description:
-
Xu Xian ဟာ ဘုရားကျောင်းသစ်ဖွင့်ပွဲအတွက် ဖိတ်စာတစ်စောင်ရရှိခဲ့တယ်။ သူ့ဇနီး Bai Su Zhen က သွားမတက်ဖို့ သူ့ကို သတိပေးခဲ့ပေမဲ့ ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ ဗုဒ္ဓဘာသာဝင် Xu Xian ဟာ တက်ရောက်ဖို့ ဝတ္တရားရှိတယ်လို့ခံစားမိတယ်။ သူတို့မသိတာက ဒီဖိတ်စာတွေဟာ သူတို့ကိုခွဲပစ်ဖို့ ဆုံးဖြတ်ထားတဲ့ ဘုန်းကြီး Fa Hai ဆီကနေ လာတယ်ဆိုတာပါ။ ငယ်ရွယ်တဲ့ချစ်သူတွေဟာ ဘုန်းကြီးရဲ့ စွက်ဖက်မှုကနေ လွတ်မြောက်နိုင်ပါ့မလား။ Shunan Teng ကနေပြီး ဒီတရုတ် ဒဏ္ဍာရီကို မျှဝေထားပါတယ်။
သင်ခန်းစာကို Shunan Teng ကပြုစုပြီး Kino Bino က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:47
![]() |
sann tint approved Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
sann tint edited Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
sann tint edited Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
sann tint edited Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
Myo Aung accepted Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
Myo Aung edited Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
sann tint edited Burmese subtitles for The Chinese myth of the white snake and the meddling monk | |
![]() |
sann tint edited Burmese subtitles for The Chinese myth of the white snake and the meddling monk |