< Return to Video

Fangirl တွေရဲ့ အချစ်ကို ဂုဏ်ပြုခြင်း

  • 0:02 - 0:03
    လွန်ခဲ့တဲ့ လေးနှစ်တုန်းက၊
  • 0:03 - 0:06
    ဆယ်ကျော်သက် ကလေးမလေး
    တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့မှုက
  • 0:06 - 0:08
    ကျွန်မဘဝကို ပြောင်းလဲလိုက်တယ်။
  • 0:08 - 0:10
    အသက် ၁၃ နှစ်ရှိတဲ့ ကလေးမလေးဟာ
  • 0:10 - 0:12
    သူငယ်ချင်း တစ်ယောက်ရဲ့
    ဝမ်းကွဲညီမ ဖြစ်ခဲ့ပြီး၊
  • 0:12 - 0:14
    သာမန်ကိစ္စ တစ်ခုလို သူ ပြောပြခဲ့တာက၊
  • 0:14 - 0:17
    သူ လက်ထပ်တော့မယ့် လူတစ်ယောက်ကို
    တွေ့ထားပြီတဲ့။
  • 0:17 - 0:20
    အဲတော့ကျွန်မက "ဟုတ်ပြီ သူ့အကြောင်းကို
    ငါ့ကိုပြောပြပါဦး" လို့ပြောမိတယ်။
  • 0:20 - 0:23
    ဒါနဲ့ သူက ထိုသူရဲ့ နာမည်က
    Harry Styles ပါတဲ့။
  • 0:23 - 0:24
    (ရယ်သံ)
  • 0:24 - 0:27
    ကျွန်မလည်း ရှင်တို့လိုပဲ
    နည်းနည်း ရယ်လိုက်မိတာကို
  • 0:27 - 0:29
    သူက "ညီမ ပြောနေတာ အတည်
    မဟုတ်ဘူးလို့ ထင်နေတာမလား၊
  • 0:29 - 0:31
    ဒါပေမဲ့ ညီမဟာ တကယ်ကို သူနဲ့အတူ နေမှာပါ။
  • 0:31 - 0:34
    သူနဲ့အတူရှိနေဖို့ဆို တစ်ယောက်ယောက်ရဲ့
    လည်ပင်းကိုတောင်
  • 0:34 - 0:37
    လှီးဖြတ်ရဲလောက်အောင်ကို
    သူ့ကို ချစ်လွန်းလို့ပါ"တဲ့။
  • 0:37 - 0:39
    (ရယ်သံ)
  • 0:39 - 0:41
    ကျွန်မက fangirl တွေနဲ့ ပတ်သက်ပြီး
  • 0:41 - 0:44
    စွဲလမ်း စိတ်ဝင်စားလာခဲ့တာ အဲဒီတုန်းကပါ။
  • 0:44 - 0:46
    အဲ့တုန်းက ကျွန်မ နားမလည်ခဲ့ပေမဲ့၊
  • 0:46 - 0:50
    အဲ့တစ်ဒင်္ဂလေးက ကျွန်မရဲ့ ဘဝလမ်းကြောင်းကို
    စပြီး ပြောင်းလဲပစ်ရင်း
  • 0:50 - 0:52
    လူကြီးတစ်ဦး ဖြစ်ရတာ၊
    အမျိုးသမီးတစ်ဦးဖြစ်ရတာ၊
  • 0:52 - 0:54
    အမှန်တကယ် စိတ်ရဲ့ပျော်ရွှင်မှု ဆိုတာနဲ့
  • 0:54 - 0:56
    ပတ်သက်ပြီး ကျွန်မသိတယ်လို့ ထင်မှတ်ခဲ့တဲ့
  • 0:56 - 0:58
    အရာတိုင်းကို ပြောင်းလဲပစ်လိုက်တယ်။
  • 0:58 - 1:00
    ဒါပေမဲ့ ကျွန်မတို့ မစတင်ခင်
  • 1:00 - 1:01
    fangirl ဆိုတာ ဘယ်သူများလဲ၊
  • 1:01 - 1:04
    Harry Styles ကော ဘာလဲ
    ဆိုတာကို သိနားလည်ဖို့ လိုပါမယ်။
  • 1:04 - 1:07
    Merriam-Webster အဘိဓာန်ထဲတွင်
  • 1:07 - 1:10
    fangirl ဆိုတာ
    "တစ်ယောက်ယောက်ကို သို့မဟုတ်
  • 1:10 - 1:13
    တစ်စုံတစ်ခုကို ထူးကဲစွာ
    သို့မဟုတ် လွန်ကဲစွာ အားပေးတဲ့
  • 1:13 - 1:15
    မိန်းကလေး သို့မဟုတ် အမျိုးသမီး"လို့
    ဆိုပါတယ်။
  • 1:15 - 1:18
    အရာရာတိုင်းဆီမှာ fangirl တွေ
    ရှိနိုင်တာ မှန်ပေမဲ့၊
  • 1:18 - 1:22
    ကျွန်မ အထူးပြု စိတ်ဝင်စားတာက ယောက်ျားလေး
    တီးဝိုင်းအဖွဲ့တွေရဲ့ fangirl တွေပါ။
  • 1:22 - 1:25
    သူတို့ရဲ့ သေလုနီးပါး
    ဂုဏ်သတင်းတွေကြောင့်‌ပေါ့။
  • 1:25 - 1:29
    ကျွန်မအဖေက ၆၀ လွန် နှစ်များတုန်းက Beatles
    အဖွဲ့ရဲ့ fan တွေ အကြောင်း ပြောပြခဲ့တာကို
  • 1:29 - 1:33
    မှတ်မိသေးရာ၊ အဲ့တီးဝိုင်းအဖွဲ့ဝင်တွေ
    စီးခဲ့ဘူးတယ်လို့ မှတ်ယူခဲ့ကြတဲ့ BMW ကား
  • 1:33 - 1:37
    ထိုးရပ်ထားတာကို အပိုင်းပိုင်း ဖြစ်သွား
    အောင် သူတို့ ဖြုတ်ယူခဲ့ကြတယ်တဲ့။
  • 1:37 - 1:40
    ၆၀ ပြည့်လွန် နှစ်တွေမှာ Beatles ဟာ ကမ္ဘာ့
    အကျော်ကြားဆုံး ဂီတအဖွဲ့ ဖြစ်ခဲ့ပေမဲ့၊
  • 1:40 - 1:43
    ကျွန်မ အဲ့ကလေးမလေးကို
    ၂၀၁၅ ခုနှစ်မှာ တွေဆုံခဲ့စဉ်၊
  • 1:43 - 1:48
    ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ယောက်ျားလေး
    ဂီတအဖွဲ့က One Direction တစ်ခုတည်းပါ။
  • 1:48 - 1:52
    ပြီးတော့ Harry Styles က One Direction ရဲ့
    အဖွဲ့ဝင်တစ်ယောက်လေ။
  • 1:52 - 1:55
    Harry Styles က သူ့ရဲ့
    ကြင်နာတတ်တဲ့ ပြောဆိုပြုမူပုံနဲ့
  • 1:55 - 1:58
    သားနားတဲ့ ဆံပင်ပုံစံကြောင့် နာမည်ကြီးသူပါ။
  • 1:58 - 2:02
    သူ့အကြောင်း ထောင်နဲ့ချီတဲ့ tweets တွေကို
    ဖတ်လိုက်ရလို့ အဲဒါကို ကျွန်မ သိရှိလာရတာပါ။
  • 2:02 - 2:04
    သူ့ကို cupcake မွှေးမွှေးလေးလို့လည်း
    ခေါ်ကြပါသေးတယ်။
  • 2:04 - 2:07
    သူဟာ ခြောက်ပစ်ကင်း နတ်သားလေးပဲ
    ဆိုတာကိုလည်း ကျွန်မ သိလာရတယ်။
  • 2:07 - 2:08
    တစ်ခါတုန်းက၊
  • 2:08 - 2:10
    ကယ်လီဖိုးနီယား အမြန်လမ်းပေါ်မှာ
    သူအန်ခဲ့ဘူးတဲ့
  • 2:10 - 2:12
    နေရာကို နှစ်နာရီအတွင်းမှာကိုပဲ
  • 2:12 - 2:14
    fan တွေက သူတို့ရဲ့ အထွတ်အမြတ်
    နေရာအဖြစ် ပြုလုပ်လိုက်ကြတယ်။
  • 2:14 - 2:16
    (ရယ်သံ)
  • 2:16 - 2:17
    ကျွန်မ ဆက်ဖတ်ကြည့်ခဲ့တယ်--
  • 2:17 - 2:20
    (ရယ်သံ)
  • 2:20 - 2:23
    Fan မှ ရေးဆွဲခဲ့တဲ့ Harry ရဲ့ ပန်းချီကား၊
  • 2:23 - 2:24
    သူငယ်ငယ်တုန်းက ဓာတ်ပုံတွေ၊
  • 2:24 - 2:27
    သူ့ကလေးဘဝ ဓာတ်ပုံတွေကို
    ပန်းချီဆွဲထားတာ မြင်တွေ့ခဲ့ရတယ်။
  • 2:27 - 2:30
    Harry အတွက် အချစ်သင်္ကေတတွေကို
    ကိုယ့်ဘာသာကိုယ် လုပ်ယူနိုင်ပုံ ဗီဒီယိုတွေ
  • 2:30 - 2:34
    ကျွန်မ ကြည့်ကြည့်ခဲ့ရာ၊ ဥပမာ တစ်ခုက
    သူ့မျက်နှာပုံနဲ့ မီးအုပ်ဆောင်းလေး၊
  • 2:34 - 2:37
    ဒါမှမဟုတ် သူ့မွေးချိန် အတိအကျ ပါရှိတဲ့
    သော့ကွင်းလေးပေါ့။
  • 2:37 - 2:38
    Fan တွေရဲ့ စိတ်ကူးယဉ် ဝတ္ထုတွေကို
  • 2:38 - 2:42
    နာရီများစွာကြာ ကျွန်မ ဖတ်ကြည့်ခဲ့ရလို့
    သူနဲ့ အချစ်ဇာတ်လမ်းမျိုးစုံကို စိတ်ကူး
  • 2:42 - 2:45
    ရေးဖွဲ့ထားတဲ့ အထဲမှာ ကိုယ့်ကိုယ်ကိုယ်
    အဓိကဇာတ်ကောင်လိုမျိုး
  • 2:45 - 2:47
    ကျွန်မ ရှိနေသယောင်
    တကယ့်ကို ခံစားလာမိခဲ့တယ်။
  • 2:47 - 2:51
    ဇာတ်လမ်း တစ်ခုထဲမှာဆို သူနဲ့ရခဲ့တဲ့
    ကျွန်မရဲ့ ကိုယ်ဝန်အကြောင်း ပြောပြထားတယ်။
  • 2:51 - 2:55
    နောက်တစ်ခုမှာဆို ကျွန်မတို့ နှစ်ယောက်စလုံး
    ကင်ဆာရောဂါကို တိုက်ပွဲဝင်နေစဉ်
  • 2:55 - 2:58
    ဆေးရုံမှာ တွေ့ခဲ့ကြတယ်၊ နောက်တစ်ခုထဲ
    ကျတော့ တို့တွေအရမ်းကို ချစ်မိကြလို့
  • 2:58 - 3:00
    လူတွေကို သတ်ဖြတ်မှုနဲ့
    ဝရမ်းပြေးတွေ ဖြစ်လာကြတယ်။
  • 3:00 - 3:02
    (ရယ်သံ)
  • 3:02 - 3:03
    ဒါပေမဲ့--
  • 3:03 - 3:06
    ဘယ်လိုမှ စဉ်းစားမရနိုင်တာ
    ဖြစ်ပျက်ခဲ့တယ်။
  • 3:06 - 3:10
    ကမ္ဘာပေါ်က အကျော်ကြားဆုံး
    ယောက်ျားလေး ဂီတအဖွဲ့ One Direction ရဲ့
  • 3:11 - 3:13
    အဖွဲ့ဝင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်။
  • 3:14 - 3:16
    Zayn Malik က အဖွဲ့ထဲက ထွက်သွားတာနဲ့
  • 3:16 - 3:20
    အင်တာနက် တစ်ခုလုံး
    ခံစားချက်တွေနဲ့ ပေါက်ကွဲသွားခဲ့တယ်။
  • 3:20 - 3:24
    ဒီကောင်မလေးတွေ မအိပ်နိုင်မစားနိုင်
    လမ်းတောင် မလျှောက်နိုင်ဖြစ်ပြီး၊
  • 3:25 - 3:28
    ဒီဆုံးရှုံးမှုကြောင့် ခံစားနေရတယ်ဆိုတဲ့
    tweets တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။
  • 3:28 - 3:32
    Zayn က သူတို့အတွက် ဘယ်လောက် အရေး
    ပါခဲ့ကြောင်း ရေးထားတာတွေ ဖတ်ကြည့်ခဲ့တယ်။
  • 3:32 - 3:35
    ပြီးတော့ ၁၀ နှစ်အရွယ် ကလေးမလေး
    ငိုနေတဲ့ ဗီဒီယိုကို ကြည့်ခဲ့တယ်။
  • 3:36 - 3:38
    တကယ့်ကို ငိုနေခဲ့သလိုပဲ။
  • 3:39 - 3:42
    "အရူးမတွေ" "ကျောချမ်းစရာပဲ"
    "ပေါက်ကရတွေ" ဆိုပြီး
  • 3:42 - 3:46
    အဲ့ဗီဒီယိုတွေကို ပြန်ပို့စ်လုပ်တဲ့ လူတွေ
    ဖေါ်ပြကြတာကိုလဲ မြင်ခဲ့တယ်။
  • 3:46 - 3:49
    ရုတ်တရက် ဆိုသလိုပဲ ကျွန်မရဲ့
    Youtube ဘေးနားမှာ ပေါ်လာတာက
  • 3:49 - 3:52
    "Zayn ထွက်သွားတာကို အားပေးသူတွေရဲ့
    တုန့်ပြန်ပုံ စုစည်းမှု။
  • 3:52 - 3:54
    စိတ်ပိုင်းဆိုင်ရာ သတိပေးချက်"တဲ့။
  • 3:54 - 3:58
    နောက်တော့ ဒီအကြောင်းတွေ ဖော်ပြထားတဲ့
    အဓိက သတင်းတွေကို ဖတ်ကြည့်တယ်။
  • 3:58 - 4:01
    သူတို့တွေကို "မကောင်းဆိုးဝါးလေးတွေ"
    ဆိုပြီး ရေးသား ဖေါ်ပြကြတာ ဖတ်လိုက်ရတယ်။
  • 4:01 - 4:03
    သတင်းစာဆရာ တစ်ယောက်က၊
  • 4:03 - 4:06
    "စိတ်လှုပ်ရှား တက်ကြွနေကြတဲ့
    ဆက်ကျော်သက် မိန်းကလေးတွေလောက်
  • 4:06 - 4:08
    ကြောက်ဖို့ကောင်းတာ
    ကမ္ဘာပေါ်မှာ ဘာမှ မရှိနိုင်ဘူးဆိုတာ
  • 4:08 - 4:11
    Beatles ခေတ်ကတည်းက သိနေကြပါပြီ"
    လို့ ရေးခဲ့တယ်။
  • 4:11 - 4:12
    (ရယ်သံ)
  • 4:12 - 4:16
    ကျွန်မ ဘဝမှာ တစ်ခါမှ မစဉ်းစားခဲ့ဖူးတဲ့
    မေးခွန်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိတယ်။
  • 4:16 - 4:23
    ပေါ့ကြယ်ပွင့် တစ်ယောက်အတွက် အသံကုန်
    အော်ဟစ်နေတဲ့ မိန်းကလေးတွေကို
  • 4:24 - 4:26
    ရူးနေတာ၊ စိတ္တဇဖြစ်နေတာ၊
  • 4:26 - 4:28
    ကြောက်စရာဆိုပြီး
  • 4:28 - 4:31
    ဘာလို့ ပုံဖော် ပြောဆိုနေကြတာလဲ ပါပဲ။
  • 4:31 - 4:36
    ဒါပေမဲ့ ဘောလုံးသမား တစ်ယောက်ကို
    အော်ဟစ် အားပေးနေကြတဲ့ ကောင်လေးတွေကော
  • 4:36 - 4:38
    လုံးဝကို ပုံမှန်ပဲလို့
    ထင်ကြတာ ဘာကြောင့်များလဲ။
  • 4:39 - 4:40
    ဘောလုံးပွဲမှာ ကောင်လေးတွေ ငိုကြတာက
  • 4:41 - 4:43
    ကစားပွဲကို ချစ်ကြလို့တဲ့။
  • 4:43 - 4:46
    ကောင်မလေးတွေ Justin Bieber
    ဂီတပွဲတော်မှာ ငိုတာကျတော့ ကော။
  • 4:46 - 4:47
    သနားစရာတွေတဲ့။
  • 4:47 - 4:50
    အဲ့လို မမျှတတဲ့ စံနှုန်းကို ကျွန်မ
    နားလည်လိုက်တာနဲ့
  • 4:50 - 4:53
    fangirl တွေအပေါ်
    ကျွန်မရဲ့ စပ်စု စိတ်ဝင်စားလာခဲ့မှုကို
  • 4:53 - 4:56
    ဆွပေးခဲ့တာက အဲ့ဒီအမြင်ပဲ
    ဆိုတာကိုလည်း နားလည်မိတယ်။
  • 4:56 - 5:00
    သူတို့တွေ နည်းနည်းတော့
    ရူးကြောင်ကြောင်ပဲလို့ ကျွန်မလည်း ထင်ခဲ့တာ။
  • 5:00 - 5:02
    Beatles, the Backstreet Boys,
    One Direction တို့အတွက်
  • 5:02 - 5:04
    အော်နေကြတဲ့ ကောင်မလေးပုံတွေကို
    ကြည့်ကြည့်နေစဉ်
  • 5:04 - 5:07
    ကျွန်မ ခေါင်းထဲ ဝင်လာတဲ့ စကားလုံးက
    စိတ်လှုပ်ရှား တက်ကြွမှု မဟုတ်ဘဲ
  • 5:07 - 5:09
    "ကယောင်ချောက်ချားဖြစ်မှု" ဆိုတာပါ။
  • 5:09 - 5:12
    ကျွန်မ အဲဒီတုန်းက အဲဒီလောကကြီးရဲ့
    သမိုင်းကြောင်းကိုတော့ မသိခဲ့ဘူး။
  • 5:12 - 5:14
    ၁၉ ရာစုတုန်းက
  • 5:14 - 5:18
    ကယောင်ချောက်ချားဖြစ်မှုဟာ အမျိုးသမီး
    စိတ်ဖောက်ပြန်မှု တရားဝင် ရောဂါဖြစ်ခဲ့ပြီး
  • 5:18 - 5:22
    အမျိုးသမီးတွေ စိတ်ခံစားမှု ပြင်းထန်ရင်
    ဒါမှဟုတ် ပြုမူရာတွင် ပြဿနာရှိရင်
  • 5:22 - 5:25
    ဆရာဝန်တွေက အဲဒီလို ရောဂါနာမည်ကို
    သုံးနှုန်းခဲ့ကြတယ်။
  • 5:25 - 5:29
    "hysterical" ဆိုတဲ့ စကားလုံးက လက်တင်
    စကားလုံး "hystericus" မှ လာတာဖြစ်ပြီး
  • 5:29 - 5:31
    "သားအိမ်" လို့ အဓိပ္ပာယ်ရပါတယ်။
  • 5:31 - 5:35
    အဲ့လို ရောဂါဟာ သားအိမ်ရဲ့ ချွတ်ယွင်းမှု
    ကြောင့် ဖြစ်လာရတယ်လို့ ယူဆခဲ့ကြလို့ပါ။
  • 5:35 - 5:38
    အဲ့ကြောင့် ကယောင်ချောက်ချားဖြစ်မှု အတွက်
    ကုသနည်းက
  • 5:38 - 5:40
    hysterectomy ပါ။
  • 5:40 - 5:44
    ကျွန်မတို့ဟာ သားအိမ်ကို ဖယ်ရှားပစ်ခြင်းကို
    အဲဒီလို ဆက်ပြီး ခေါ်နေကြတုန်းပါ။
  • 5:44 - 5:45
    အဲဒီ့ အချိန်မှာ
  • 5:45 - 5:48
    ကျွန်မက ကျွန်မရဲ့ စွဲလမ်းမှုကို
    ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
  • 5:48 - 5:52
    ဘာလို့လဲဆိုတော့ ကျွန်မဟာ fangirl
    တွေကို စွဲလမ်းနေသူသက်သက် မဟုတ်တော့လို့ပါ။
  • 5:52 - 5:56
    အခု ကျွန်မ စွဲလမ်းနေတဲ့ အချက်က fangirl
    တွေအကြောင်း ကမ္ဘာကြီးက ပြောဆိုနေပုံနဲ့
  • 5:57 - 6:02
    ကလေးမလေးတွေရဲ့ တက်ကြွလှုပ်ရှားမှုကို
    ကမ္ဘာကြီးရဲ့ သုံးသပ်ပုံကိုပါ။
  • 6:03 - 6:06
    ဘာလို့လဲဆိုတော့၊ ကလေးမလေးတွေရဲ့
    တက်ကြွလှုပ်ရှားမှုကို
  • 6:06 - 6:09
    ဖော်ပြဖို့အတွက် "ရူးနေတာ၊ စိတ္တဇ
    ကယောင်ချောက်ချား"ဆိုတဲ့
  • 6:09 - 6:14
    စကားလုံးတွေကို သုံးနှုန်းပြောဆိုနေတဲ့
    ကမ္ဘာကြီးထဲ ကြီးပြင်းလာကြရင်၊
  • 6:14 - 6:17
    အဲဒီကလေးမလေးတွေ သူတို့ကိုသူတို့
    မြင်ကြပုံကို ဘယ်လို သက်ရောက်မလဲဆိုတာ
  • 6:17 - 6:21
    ကျွန်မ သိချင်လို့ပါ။
  • 6:21 - 6:26
    ပြီးတော့၊ သူတို့တွေဟာ ယောက်ျားလေးတွေထက်
    ပိုပြီး ရူးကြောင်ကြောင် ဖြစ်ကြတယ်လို့
  • 6:26 - 6:30
    ပြောတဲ့ ကမ္ဘာကြီးထဲမှာ ကြီးပြင်းလာ
    ရမယ်ဆိုရင်၊
  • 6:30 - 6:32
    သူတို့ဟာ ကောင်လေးတွေထက်
    ဆင်ခြင်တုံတရားနည်းပြီ
  • 6:32 - 6:36
    ကျိုးကြောင်းဆင်ခြင်မှု ပိုနည်းပြီး
    မွေးလာကြတယ်၊ သူတို့ရဲ့
  • 6:36 - 6:39
    အကိုမောင်တွေလိုပဲ ဉာဏ်ရည်ဉာဏ်သွေးကို
    လေးစားစရာ အကြောင်း မရှိဘူးလို့
  • 6:39 - 6:43
    သူတို့ကို ထုတ်ဖေါ်
    ပြောကြားသလို ဖြစ်မနေပေဘူးလား။
  • 6:43 - 6:47
    အမျိုးသမီးတွေရဲ့ အော်ဟစ်သံတွေကို ကျွန်မ
    စွဲလမ်း စိတ်ဝင်စားလာတာကို အထူးပြောချင်တယ်။
  • 6:47 - 6:50
    ကြောက်မက်စရာ ပုံစံနဲ့ အော်ဟစ်တာမျိုးကို
    ပြောနေတာ မဟုတ်ဘူး။
  • 6:50 - 6:52
    fangirl တွေက ဂီတပွဲတွေမှာ အော်ကြတဲ့
  • 6:52 - 6:54
    တစီစီ အော်သံတွေကို ပြောတာပါ။
  • 6:54 - 6:56
    အဲ့အသံကို ကျွန်မ ပြောလိုက်ရုံနဲ့ကို
  • 6:56 - 6:59
    တချို့လူတွေက အဲဒါကို စဉ်းစားကြည့်ရုံနဲ့ကို
    နာကျင် စိတ်ညစ်စရာမျိုးလို
  • 6:59 - 7:02
    အလိုလို ရွံမိကြတာ ဘကြောင့်များလဲ
    ဆိုတာ ကျွန်မ သိချင်တယ်။
  • 7:02 - 7:05
    အဲဒီနောက် Amy Hume နဲ့ ကျွန်မ တွေ့ခဲ့တယ်။
  • 7:05 - 7:06
    သူဟာ အသံဆိုင်ရာ နည်းပြတစ်ယောက်ပါ။
  • 7:06 - 7:09
    သူဟာ ကျွန်မအတွက် လုံးဝကို
    အံ့အားသင့်စရာ ပုဂ္ဂိုလ်ပါ။
  • 7:09 - 7:11
    အသက် ၁၁ နှစ်ကနေ ၁၃ နှစ် အကြားရှိ
    ကလေးမလေးတွေရဲ့ အသံဟာ
  • 7:11 - 7:14
    လေ့လာဖို့ သိပ်ကို စိတ်ဝင်စားစရာ
    ကောင်းတဲ့ အရာပါလို့
  • 7:14 - 7:17
    သူက ကျွန်မကို ပြောပြခဲ့လို့ပါ။
  • 7:17 - 7:18
    ဘာကြောင့်များပါလိမ့်။
  • 7:18 - 7:20
    ဘာကြောင့်လဲ ဆိုတော့ Carol Gilligan ရဲ့
    သုတေသနအရ၊
  • 7:20 - 7:22
    အဲ့အရွယ်ဟာ မိန်းကလေးတွေ
  • 7:22 - 7:25
    သူတို့ရဲ့ အသံစွမ်းဆောင်မှုကို ပြနိုင်ကြကာ
    စပြီး ပြောင်းလဲကြတဲ့ အရွယ်မို့လို့ပါ။
  • 7:25 - 7:28
    ဥပမာအနေနဲ့ လူကြီးဆန်ဖို့အတွက်
    အသက်ပြင်းပြင်းရှုတာမျိုး
  • 7:28 - 7:32
    (အနိမ့်ဆုံး သံစဉ်နဲ့ ပြောခြင်း)
    စိတ်မပါတော့သယောင် အသံနဲ့ ပြောခြင်း။
  • 7:32 - 7:33
    (ရယ်သံ)
  • 7:33 - 7:36
    ဒါပေမဲ့ အဲ့သုတေသနအရပဲ
  • 7:36 - 7:40
    ယောက်ျားလေးတွေကော အသံစွမ်းဆောင်မှုပြကာ
    ပြောင်းလဲတာ ဘယ်အရွယ်မှာလို့ ထင်ကြလဲ။
  • 7:40 - 7:42
    "ယောက်ျားလေးတွေက နောက်ကျပြီး
    အရွယ်ရောက်လို့"
  • 7:42 - 7:44
    ၁၈ နှစ် ဖြစ်ဖို့ များတယ်။
  • 7:44 - 7:46
    မှားပါတယ်။
  • 7:46 - 7:48
    အဖြေမှန်က ၄ နှစ်သား အရွယ်ပါတဲ့။
  • 7:48 - 7:52
    အဲ့အရွယ်မှာ ယောက်ျားလေးတွေက မငိုဖို့နဲ့
    တစာစာမအော်ဖို့ သင်ယူကြရလို့ပါ။
  • 7:52 - 7:55
    အဲ့အသံတွေက ယောက်ျားမဆန်တဲ့
    အသံတွေမို့လို့ပါ။
  • 7:55 - 7:57
    အဲဒီကျမှ ကျွန်မ နားလည်မိလိုက်တာက
  • 7:57 - 8:01
    fangirl ရဲ့ စီကနဲအော်သံဟာ
    အံ့ဖွယ် စွမ်းအား တစ်ခုဆိုတာကိုပါ။
  • 8:01 - 8:03
    (ရယ်သံ)
  • 8:03 - 8:07
    ဘာလို့လဲဆိုတော့ ဒါဟာ ဂုဏ်ပြုလိုစိတ်နဲ့
    ပျော်ရွှင်မှု အစစ်အမှန်ကို မကြောက်မရွံ့
  • 8:07 - 8:09
    ရိုးသားစွာ ဖော်ပြချက်မို့လို့ပါ။
  • 8:09 - 8:12
    ပြီးတော့ အဲဒါက ဘယ်လို
    လုပ်ရမှန်းကို သူတို့
  • 8:12 - 8:14
    မေ့မသွားသေးတဲ့ အသံပဲ ဖြစ်လို့ပါ။
  • 8:14 - 8:17
    fangirl တွေဆီမှာ နောက်ထပ်
    အထူးစွမ်းအင် ရှိတယ်လို့ ကျွန်မ ထင်တယ်၊
  • 8:17 - 8:20
    အရွယ်ရောက်နေကြတဲ့
    ကျွန်မသူ ငယ်ချင်းအများစုတို့က
  • 8:20 - 8:23
    ဘယ်လို လုပ်ရမှန်း မသိကြတာကို
    သူတို့တွေက လုပ်တတ်ကြလို့ပါ။
  • 8:23 - 8:27
    Fangirl တွေဟာ ဝန်ခံစိတ် ဒါမှမဟုတ် ရှက်စိတ်
    ကို မပြသဘဲ တစ်ခုခုကို ချစ်နိုင်ကြလို့ပါ။
  • 8:27 - 8:30
    Fangirl တွေကို နှစ်ပေါင်းများစွာ
    ကြာအောင် လေ့လာမှုရဲ့ အဆုံးမှာ
  • 8:30 - 8:33
    သူတို့ကို အသိအမှတ်ပြုပြီး
    ဂုဏ်ပြုပေးဖို့ တစ်ခုခုကို ရေးမယ်လို့
  • 8:33 - 8:35
    ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။
  • 8:35 - 8:39
    Beyonce ဂီတပွဲနဲ့၊ rave ပွဲနဲ့
    ဘုရားကျောင်း ဆုံတွေ့သလိုမျိုး
  • 8:39 - 8:42
    ရင်သပ်ရှုမောစရာ ဟာသပြဇာတ်ကို
    ကျွန်မ ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 8:42 - 8:43
    "Fangirls" လို့ အမည်ပေးခဲ့ပြီး
  • 8:43 - 8:46
    Trojan မြင်းကြီးလို ပုံဖော်ထားပါတယ်။
  • 8:46 - 8:49
    ဒီကောင်မလေးတွေကို ရယ်စရာဖြစ်အောင်
    ပုံဖော်ပေးထားတာက
  • 8:49 - 8:51
    သူတို့ကို ရှင်တို့နှလုံးသားထဲ
    ခိုးသွင်းပေးဖို့ အတွက်ပါ
  • 8:51 - 8:54
    (ရယ်သံ)
  • 8:54 - 8:55
    ကျေးဇူးပါ။
  • 8:55 - 8:58
    (လက်ခုပ်သံ)
  • 8:58 - 8:59
    တစ်ချိန်တုန်းက--
  • 8:59 - 9:01
    ကျေးဇူးပါ။
  • 9:01 - 9:03
    တစ်ချိန်တုန်းက ကလေးမလေး
    တစ်ယောက် ဆိုခဲ့တာက၊
  • 9:03 - 9:05
    "ငါ့ခံစားချက်တွေကို ဘာလို့ ဝှက်ထားရမှာလဲ။
  • 9:05 - 9:07
    အဲဒါတွေက ရှင့်ကို နှောင့်ယှက်နေလို့လား။
  • 9:07 - 9:10
    ဒါမှမဟုတ် ယောက်ျားလေးတွေ
    လုပ်ကြတာမျိုး မဟုတ်လို့လား။
  • 9:10 - 9:12
    အရင်တုန်းက fangirl တွေကို
    အဆိုးမြင်ခဲ့သူ အနေနဲ့
  • 9:12 - 9:15
    ရှင်တို့အားလုံးနဲ့အတူ
    အဲ့မေးခွန်းကို ထားရစ်ခဲ့ပါရစေ။
  • 9:15 - 9:18
    ဘာဖြစ်လို့ fangirl တွေရဲ့
    အဲ့အသံကို နှိမ့်ချပေးရမှာလဲ။
  • 9:18 - 9:20
    သူတို့က ရူးကြောင်ကြောင်တွေမို့လို့လာ။
  • 9:20 - 9:23
    ဒါမှမဟုတ် ကျွန်မတို့ရဲ့
    "သင့်လျော်တယ်" ဆိုတဲ့ သတ်မှတ်ချက်က
  • 9:23 - 9:26
    အမျိုးသားတွေ လက်ခံထားတာကို
    အခြေခံထားလို့ များလား။
  • 9:26 - 9:29
    ကောင်မလေးတွေ တက်ကြွလှုပ်ရှားစွာဖြင့်
    အော်ဟစ်နေကြတာကို မြင်တဲ့အခါ
  • 9:29 - 9:33
    ကျွန်မတို့ ခံစားမိတဲ့ ထင်မြင်ချက်တွေကို
    ပြန်လည် သုံးသပ်ကြမယ် ဆိုရင်ရော။
  • 9:33 - 9:36
    အဲ့ပျော်ရွှင်မှုကို ဖော်ပြဖို့ ကျွန်မတို့
    သုံးတဲ့ စကားလုံးတွေကို
  • 9:36 - 9:38
    ပြန်လည် စဉ်းစားကြည့်ကြပြီး၊
  • 9:38 - 9:41
    မိန်းကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊
    စိတ်ဝင်စားမှုနဲ့ စွမ်းဆောင်ရည်တွေကို
  • 9:41 - 9:44
    နှိမ့်ချရာကျတဲ့ စကားလုံးကို
    ကျွန်မတို့ အားလုံးက
  • 9:44 - 9:47
    သုံးနှုန်းခွင့် မပြုဘဲ နေကြမယ် ဆိုရင်ကော။
  • 9:47 - 9:50
    ဘာလို့လဲဆိုတော့၊ ကျွန်မရဲ့ လေ့လာမှုအရ
  • 9:50 - 9:54
    သူတို့တွေဟာ အမြန်လမ်းဘေးက Harry Styles
    အန်ခဲ့တဲ့ နေရာကို နှစ်နာရီ အတွင်းမှာကို
  • 9:54 - 9:57
    အထွတ်အမြတ် အထိမ်းအမှတ်အဖြစ် ထူထောင်
    နိုင်ခဲ့တဲ့ သူတွေဖြစ်ကြလို့ပါ။
  • 9:57 - 9:58
    (ရယ်သံ)
  • 9:58 - 10:02
    အဲဒါက ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးတွေမှာ
    စီမံနိုင်စွမ်းတွေ ရှိဖို့လိုအပ်ပါတယ်။
  • 10:02 - 10:03
    (ရယ်သံ)
  • 10:03 - 10:06
    အဲ့ဒါ "စွမ်းဆောင်နိုင်ရည်" မဟုတ်ရင်
    ဘာများလဲ။
  • 10:06 - 10:12
    (လက်ခုပ်သံများ)
  • 10:12 - 10:16
    ကျွန်မအထင် fangirl တွေကို ဝေဖန်မယ့်အစား
    သူတို့ဆီက ကျွန်မတို့ သင်ယူနိုင်ကြပါတယ်။
  • 10:16 - 10:17
    ကျွန်မတို့ အားလုံး
  • 10:17 - 10:20
    မနက်ဖြန်မှာ သေသွားနိုင်တယ်ဟာပဲ၊
    ဒီတော့ ကျွန်မတို့ အသက်ရှင်နေသေးတုန်း
  • 10:20 - 10:22
    အရာတွေကို ဘာဖြစ်လို့ မချစ်နိုင်ကြတာလဲ။
  • 10:22 - 10:25
    ကျွန်မနဲ့အတူ တစ်ခုကြိုးပမ်းပေးဖို့
    ရှင်တို့ အားလုံးကို တောင်းပန်ပါရစေ။
  • 10:25 - 10:27
    ရှင်တို့ အားလုံး မတ်တတ်ရပ်ပေးလို့ ရမလား။
  • 10:27 - 10:29
    ထရပ်နိုင်ကြရင်၊ မတ်တတ်ရပ်ပေးကြပါ။
  • 10:29 - 10:31
    ဟုတ်ပြီ၊ ဆက်လုပ်ရမှာက ဒီလိုပါ။
  • 10:31 - 10:33
    ကျွန်မ သုံးအထိ ရေမယ်၊
  • 10:33 - 10:34
    ကျွန်မ ရေလို့ပြီးသွားရင်၊
  • 10:34 - 10:37
    ရှင်တို့ တစ်ယောက်ချင်းစီကို
    ကျွန်မ မေတ္တာရပ်ခံချင်တာက
  • 10:37 - 10:40
    fangirl တွေရဲ့ အကောင်းဆုံး အော်ဟစ်သံကို
    အော်ဟစ်ပေးကြဖို့ကိုပါ။
  • 10:40 - 10:41
    (ရယ်သံ)
  • 10:41 - 10:42
    ဟုတ်ပြီနော်။
  • 10:42 - 10:45
    ကျွန်မက ရှင်တို့ကို အော်ခိုင်းရတာရဲ့
    အကြောင်းရင်းက ဒီလိုပါ။
  • 10:45 - 10:49
    ရှင်တို့ အယောက် ငါးထောင်ခန့်က
    တကယ့်ကို အဲဒီလို အော်ဟစ်ကြမယ်ဆိုရင်၊
  • 10:49 - 10:53
    ကျွန်မတို့အားလုံး အဲ့အသံကို ပထမဦးဆုံး
    အကြိမ်ကြားရမယ့် အခွင့်အလမ်းကို ရရှိပြီး
  • 10:53 - 10:56
    အဲဒါက ရူးကြောင်ကြောင်အသံ
    မဟုတ်တာကို သဘောပေါက်လာကြမှာပါ။
  • 10:57 - 10:58
    အဲ့ဒါဟာ မျှော်လင့်ချက်ရဲ့ အသံပါ။
  • 10:59 - 11:00
    ကျွန်မတို့ စလို့ရပြီလား။
  • 11:00 - 11:02
    ကျွန်မတို့ စနို​င်ပြီလား။
  • 11:02 - 11:03
    (ပရိသတ်- စနိုင်ပြီ)
  • 11:03 - 11:06
    ဟုတ်ပြီ၊ ကျွန်မကတော့ ညစ်ရပါ့မယ်၊
    ကျွန်မက မိုက်ခွက်နဲ့ဆိုတော့
  • 11:06 - 11:08
    အဲ့အသံကို မကြားစေချင်လို့
    အသံကုန် အော်လို့ မရဘူးလေ။
  • 11:08 - 11:11
    ဒါပေမဲ့ ရှင်တို့ကတော့ ၁၁၀ ရာခိုင်နှုန်း
    အော်ကြရမယ်နော်။
  • 11:11 - 11:14
    အဆင်သင့်ပဲလား၊ ကျွန်မနဲ့အတူ
    အသက်ကို တဝကြီး ရှုသွင်းကြပါ။
  • 11:14 - 11:16
    ရှင်တို့ချစ်ကြတဲ့ တစ်ယောက်ယောက်ကို
    စဉ်းစားကြည့်ကြပါ၊
  • 11:16 - 11:18
    တစ်၊ နှစ်၊ သုံး။
  • 11:18 - 11:24
    (ပရိသတ် အော်သံများ)
  • 11:25 - 11:32
    (ရယ်သံ နှင့် လက်ခုပ်သံများ)
  • 11:33 - 11:38
    ရှင်တို့အားလုံး အံ့မခမ်းပါပဲ၊
  • 11:38 - 11:42
    ဒီအခန်းထဲကို ရှင်တို့ လျှောက်ဝင်လာ
    ကြစဉ်တုန်းကလိုပဲ
  • 11:42 - 11:43
    အားလုံး ဉာဏ်ရည်အပြည့်
  • 11:43 - 11:45
    သိက္ခာအပြည့်နဲ့ပါပဲ။
  • 11:45 - 11:46
    (ရယ်သံ)
  • 11:46 - 11:47
    ကျေးဇူးတင်ပါတယ်
  • 11:47 - 11:50
    (လက်ခုပ်သံ)
Title:
Fangirl တွေရဲ့ အချစ်ကို ဂုဏ်ပြုခြင်း
Speaker:
Yve Blake
Description:

Fangirl တွေကို စဉ်းစားလိုက်တာနဲ့ သင့်စိတ်ထဲမှာ ဘာကိုတွေးလိုက်မိလဲ။ မျက်ရည်တွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ (ပုံမှန်အားဖြင့် ယောက်ျားလေး တီးဝိုင်းအဖွဲ့)ကို အားပေးကြသူတို့ရဲ့ အော်ဟစ်သံတွေလား။ အဲဒီလို စဉ်းစားမိချိန်မှာ သင်ဟာ မျက်နှာရှုံ့မိမယ် ဒါမှမဟုတ် မျက်လုံးတွေကို မော့ကြည့်မိမှာပါ။ ပျော်ရွှင်စရာ ကောင်းပြီး အသက်ပါတဲ့ ဒီဟောပြောပွဲတွင် ပြဇာတ်ရေးဆရာမ Yve Blake က fangirl ရဲ့ တက်ကြွလှုပ်ရှားမှုနဲ့ စွမ်းအားကို လွဲမှားစွာ နားလည် တုံ့ပြန်ကြပုံကို ပြန်လည်သုံးသပ်ဖို့နဲ့ ကျွန်ုပ်တို့အားလုံးဟာ မိမိတို့ရဲ့ ပြင်းပြတဲ့ အားမာန်စိတ်ကို ဘာလို့ လက်ခံယုံ ကြည်သင့်ကြောင်း အလေးပေး ဆွေးနွေး တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:03

Burmese subtitles

Revisions