< Return to Video

May 31 - Pioneering Faith in Japan

  • 0:01 - 0:02
    Hiizu (Hide) Kuniya ဟာ
  • 0:02 - 0:06
    ဂျပန်နိုင်ငံရဲ့ အစောဆုံး သတ္တမနေ့ ဥပုသ်ဓမ္မဆရာတွေထဲက တစ်ဦးဖြစ်တယ်။
  • 0:07 - 0:10
    Kuniya ကို ၁၈၇၂ ခုနှစ် ဂျပန်မှာ မွေးဖွားခဲ့ပါတယ်။
  • 0:11 - 0:14
    သူ့အသက်၂၀ပြည့်အချိန်မှာ စစ်မှုထမ်းဖို့ အခေါ်ခံရပါတယ်။
  • 0:15 - 0:17
    စစ်တပ်ထဲမှာ၊ သူငယ်ချင်းတစ်ယောက်ရဲ့ လွှမ်းမိုးမှုကနေတစ်ဆင့်
  • 0:17 - 0:19
    ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့ပါတယ်။
  • 0:19 - 0:23
    အဲ့နောက် Mokutarou Kawasaki ဆိုတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက်နှင့် တွေ့ဆုံခဲ့ပါတယ်။
  • 0:24 - 0:29
    Kawasakiဟာ ဂျပန်နိုင်ငံကို ပထမဆုံး တရားဝင် သတ္တမနေ့ ဥပုသ်သာသနာပြုဖြစ်တဲ့ William Calhoun Grainger တင်ပြတဲ့
  • 0:29 - 0:32
    အင်္ဂလိပ်ကျမ်းစာ‌လေ့လာတဲ့အတန်းကို တက်ရောက်ခဲ့သည်။
  • 0:33 - 0:37
    Kawasaki က Kuniya ကို သူနဲ့အတူ လေ့လာဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။
  • 0:38 - 0:40
    Kuniyaက လက်ခံလိုက်တယ်။
  • 0:40 - 0:43
    သမ္မာကျမ်းစာကို ထက်ထက်သန်သန်လေ့လာရင်းနှင့်
  • 0:43 - 0:46
    ဥပုသ်‌နေ့သတင်းစကားဟာ သမ္မာကျမ်းစာအမှန်တရားဖြစ်ပြီး
  • 0:46 - 0:48
    မကြာခင် ယေရှုကြွလာမယ်ဟဆိုတာကို သူယုံကြည်လက်ခံလာခဲ့ပါတယ်။
  • 0:49 - 0:51
    မကြာပါဘူး။ သူနှင့် Kawasaki ရေနှစ်ခြင်းခံလိုက်ပါတယ်။
  • 0:52 - 0:56
    ရေနှစ်ခြင်းခံပြီးတဲ့နောက်၊ Kuniyaက ဟောပြောခြင်းတွင်မှာ ပါဝင်လာပါတယ်။
  • 0:57 - 1:00
    လမ်းပေါ်မှာ တရားဟောတယ်။ စာပေတွေ စတင်လိုက်လံ ရောင်းချပြီးတော့
  • 1:00 - 1:01
    သတ္တမနေ့ဥပုသ်အသင်း‌တော်ရဲ့ ပထမဆုံးဂျပန်ဘာသာစကားနှင့်စာပေထုတ်လုပ်မှုရဲ့
  • 1:01 - 1:05
    စာပေတည်းဖြတ်တဲ့နေရာမှာ ကူညီလုပ်ကိုင်ခဲ့ပါတယ်။
  • 1:07 - 1:08
    ၁၉၀၀ခုနှစ် နွေရာသီမှာ
  • 1:08 - 1:12
    Kuniya က ဆင်းရဲနွမ်းပါးတဲ့ ဂျပန်လူမျိုးတွေအတွက်
  • 1:12 - 1:14
    "Kobe Sanitarium" (ကိုဘီ ကျန်းမာ‌ေရးစောင့်ရှောက်မှု ဆေးရုံ) ငယ်လေးကို ဖွင့်လှစ်ခဲ့ပါတယ်။
  • 1:14 - 1:16
    ဒါဟာ ဘုရားကျောင်းတစ်ခုဖြစ်တည်ဖို့ လမ်းစဖြစ်ခဲ့ပါတယ်။
  • 1:17 - 1:18
    Kuniyaရဲ့ အဆိုအရ
  • 1:18 - 1:21
    ဘုရားကျောင်းကို တည်ထောင်ရာမှာ နာကျင်ခဲရင်းမှုတွေ ရှိနေပေမယ့်
  • 1:21 - 1:25
    ဂျပန်သာသနာပြုလုပ်ငန်းရဲ့ ဗဟိုချက်တစ်ခုဖြစ်နေခဲ့ပါတယ်။
  • 1:25 - 1:28
    ၁၉၀၄ ခုနှစ်မှာ Kuniya က ကိုရီးယားခရစ်ယာန် နှစ်ယောက်နှင့် တွေ့ဆုံခဲ့ပါတယ်။
  • 1:29 - 1:31
    သူတို့ကို သတ္တမနေ့ဥပုသ်အကြောင်းကိုပြောပြခဲ့ပြီတော့
  • 1:31 - 1:34
    ကျမ်းစာထဲက အမှန်တရားကို လက်ခံကြပြီး ရေနှစ်ခြင်းခံကြပါတယ်။
  • 1:34 - 1:37
    ဒါဟာဆိုရင် ကိုရီးယားလူမျိုးတွေအတွက် ပထမဆုံး မျှော်လင့်ခြင်းအလုပ်ဖြစ်လာပါတယ်။
  • 1:38 - 1:41
    Kuniya က Korea ကိုသွားပြီး သာသနာပြုအလုပ်မှာ ပါဝင်ခဲ့ပါတယ်။
  • 1:41 - 1:43
    ၁၉၀၇ ခုနှစ်မှာ လက်တင်ရဓမ္မဆရာတစ်ဦးဖြစ်လာပြီး
  • 1:43 - 1:48
    သတ္တမနေ့မျှော်လင့်ခြင်းအသင်းတော်ရဲ့ ပထမဆုံး ဂျပန်အမှုဆောင်တွေက တစ်ဦးဖြစ်လာခဲ့ပါတယ်။
  • 1:49 - 1:52
    Kuniya က ၁၉၀၉ ခုနှစ် အထွေထွေညီလာခံအစည်းအဝေးကို တက်ရောက်ခဲ့ပြီးတော့
  • 1:52 - 1:55
    ဂျပန်နိုင်ငံမှာ သူ့ရဲ့အမှုဆောင်လုပ်ငန်းနှင့် အတွေ့အကြုံ‌တွေကို အစီရင်ခံတင်ပြခဲ့ပါတယ်။
  • 1:56 - 1:59
    တမန်တော်ပေါလုလိုဘဲ
  • 1:59 - 2:00
    လက်လှမ်းမမီတဲ့ နေရာ‌ဒေသတွေမှာ ဧဝံဂေလိတရားကို‌ကြွေးကြော်ဖို့
  • 2:00 - 2:03
    သူ့မှာ တာဝန်ရှိတယ်လို့ Kuniya က ခံယူခဲ့ပါတယ်။
  • 2:04 - 2:05
    စာပေတွေကို ရောင်းချရင်း
  • 2:05 - 2:08
    ဂျပန်နိုင်ငံရဲ့မြို့ကြီးအတော်များများမှာ ဘုရားကျောင်းတွေကို တည်ထောင်ခဲ့ပါတယ်။
  • 2:09 - 2:13
    ၁၉၁၈ ခုနှစ်မှာတော့ တိုကျိုမြို့မှာ သာသနာပြုလုပ်ငန်းကို တိုးတက်လုပ်ဆောင်ဖို့ Kuniya ကို ဖိတ်ခေါ်ခြင်းခံရပါတယ်။
  • 2:13 - 2:15
    သူရဲ့ အမှုဆောင်မှု ရလဒ်ကြောင့်၊
  • 2:15 - 2:18
    ဒီမြို့တော်ထဲမှာ ဘုရားကျောင်း‌တွေ သိသိသာသာကြီးထွားလာခဲ့ပါတယ်။
  • 2:19 - 2:24
    ဒုတိယကမ္ဘာစစ်အတွင်းမှာ Kuniya အပါအဝင် ဂျပန်လူမျိုး ၄၂ ဦးကို
  • 2:24 - 2:25
    ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
  • 2:26 - 2:28
    ခြောက်လလောက် အကျဉ်းချခံခဲ့ရပြီးတဲ့နောက်
  • 2:28 - 2:31
    သူ့မှာ ကျောက်ကပ်နဲ့ နှလုံးရောဂါ နှစ်ခုစလုံး ရှိနေတဲ့အကြောင်းကို သိရပြီးတော့
  • 2:31 - 2:33
    ဆေးရုံကို အပို့ခံလိုက်ရပါတယ်။
  • 2:34 - 2:36
    ကျေးဇူးတော်ကြောင့် သူ့ကျန်းမာရေး ဝေဒနာကနေ ပြန်လည်သက်သာလာခဲ့ပါတယ်။
  • 2:36 - 2:39
    Kuniya ဟာ တရားစွဲဆိုခြင်းကနေ ကင်းလွတ်ခဲ့ပြီး လွတ်မြောက်ခဲ့ပါတယ်။
  • 2:40 - 2:42
    စစ်ပွဲအပြီးမှာ အရပ်ရပ်ဒေသမှာ ပြန့်ကျဲနေကြတဲ့ ယုံကြည်သူတွေနှင့်
  • 2:42 - 2:46
    ရှာဖွေသူတွေကို အားပေးဖို့အတွက် ချက်ချင်းသွားရောက် လည်ပတ်ခဲ့ပါတယ်။
  • 2:47 - 2:50
    ဓမ္မဆရာHiizu Kuniya က ၁၉၆၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
  • 2:50 - 2:54
    ဘုရားသခင်အပေါ် သူ့ရဲ့သစ္စာရှိအမှူထမ်းလုပ်ဆောင်ခဲ့ခြင်းက
  • 2:54 - 2:56
    ဂျပန်နိုင်ငံရဲ့ သတ္တမနေ့မျှောင်လင့်ခြင်းအသင်းတော်အတွက် ခိုင်မာတဲ့အုတ်မြစ်ချခဲ့ပါတယ်။
  • 2:56 - 2:58
    ရှေ့ဦးသာသပြုအမှုဆောင်တွေရဲ့အကြောင်းကို ပိုသိချင်တယ်ဆိုရင်တော့
  • 2:59 - 3:02
    encyclopedia.adventist.org မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Title:
May 31 - Pioneering Faith in Japan
ASR Confidence:
1.00
Description:

more » « less
Video Language:
English
Team:
Team Adventist
Project:
Mission Spotlight DVD
Duration:
03:15

Burmese subtitles

Revisions