hide💡July 26 marks the anniversary of the Americans with Disabilities Act.
Accessibility and Inclusion is at the heart of what we do, learn with Amara.org about the role of captions in ADA compliance!

< Return to Video

သင် သုညနဲ့ ဘာကြောင့် မစားနိုင်လဲ

  • 0:05 - 0:09
    သင်္ချာလောကမှာ
  • 0:09 - 0:13
    တို့တွေ စည်းမျဉ်းတွေကို ပြောင်းလိုက်တဲ့အခါ
    ထူးဆန်းတဲ့ ရလဒ်အများကြီး ဖြစ်နိုင်တယ်။
  • 0:13 - 0:17
    ဒါပေမဲ့ တို့များကို မချိုးဖောက်ရလို့
    သတိပေးထားတဲ့ ဥပဒေသတစ်ရပ် ရှိတယ်
  • 0:17 - 0:20
    သုညနဲ့ မစားပါနဲ့...တဲ့။
  • 0:20 - 0:23
    ပုံမှန် ကိန်းတစ်လုံး နဲ့
    အခြေခံ လုပ်ထုံးတရပ်၊
  • 0:23 - 0:26
    ရိုးရိုးလေးပေါင်းစည်းခြင်းဟာ
    ဒါမျိုးပြဿနာကို ဘယ်လိုဖြစ်စေနိုင်လဲ။
  • 0:26 - 0:30
    ပုံမှန်အားဖြင့်၊ ပို.. ပိုပြီး
    ငယ်တဲ့ ကိန်းတွေနဲ့ စားလေ..လေ
  • 0:30 - 0:32
    ပို.. ပိုပြီး ကြီးတဲ့
    အဖြေတွေ ထွက်လေ..လေပါပဲ။
  • 0:32 - 0:35
    တစ်ဆယ်_အစား_နှစ် ဟာ ငါး
  • 0:35 - 0:36
    အစား_တစ် ဆို တစ်ဆယ်
  • 0:36 - 0:39
    တစ်သန်းပုံ တစ်ပုံနဲ့ စားရင် ၁၀ သန်း
  • 0:39 - 0:40
    စသည်ဖြင့်ပေါ့။
  • 0:40 - 0:42
    ဒါကြောင့်၊ သင်ဟာ သုညထိ ထိုးဆင်းအောင်
  • 0:42 - 0:45
    ငယ်နေတဲ့ကိန်းတွေနဲ့ စားရင်
  • 0:45 - 0:48
    အဖြေတွေက အကြီးနိုင်သမျှအကြီးဆုံးထိ
    ကြီးလာလိမ့် မလိုထင်ရတယ်။
  • 0:48 - 0:53
    ပြီးတော့၊ ၁၀ကို သုညနဲ့ စားတဲ့ အဖြေက
    အနန္တ မဟုတ်ဘူးလား။
  • 0:53 - 0:55
    ဒီလိုထင်စရာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
  • 0:55 - 0:58
    ဒါပေမဲ့၊ တို့ တကယ်သိတာဟာ ၁၀ ကို
  • 0:58 - 1:01
    သုညနဲ့ နီးနီးလာတဲ့ ကိန်းနဲ့ စားရင်
  • 1:01 - 1:04
    အဖြေက အနန္တတိုင် ကပ်မယ်။
  • 1:04 - 1:08
    ပြီးတော့၊ ဒါက ၁၀ကို သုညနဲ့စားတာ
    အနန္တနဲ့ ညီတယ်လို့
  • 1:08 - 1:11
    ပြောနေတဲ့ ဟာနဲ့ မတူဘူး။
  • 1:11 - 1:12
    ဘာကြောင့် မတူလဲ။
  • 1:12 - 1:16
    ကောင်းပြီ၊ တို့တွေ စားခြင်းဆိုတာ တကယ်တမ်း
    ဘာ ဆိုလိုလဲကို အကျယ်ချဲ့ကြည့်ရအောင်
  • 1:16 - 1:19
    တဆယ်_အစား_နှစ် ဆိုလိုတာက၊
    တို့တွေ ၁၀ ရဖို့
  • 1:19 - 1:23
    နှစ်တွေကို အကြိမ်ဘယ်လောက်များ
    ပေါင်းပေးရမလဲ... သို့မဟုတ်
  • 1:23 - 1:26
    နှစ် အမြောက် ဘာနဲ့ က ၁၀နဲ့ ညီမလဲ။
  • 1:26 - 1:30
    ကိန်းတစ်လုံးနဲ့ စားခြင်းဟာ အခြေခံအားဖြင့်
    ၎င်းနဲ့ မြောက်ခြင်းကို ပြောင်းပြန်ဖြစ်တယ်။
  • 1:30 - 1:32
    နောက်ဆက်တွဲ နည်းအရ၊
  • 1:32 - 1:35
    တို့တွေ ဘယ်ကိန်းကို မဆို
    x လို့ဖော်ပြတဲ့ ကိန်းနဲ့ မြောက်ရင်
  • 1:35 - 1:40
    တို့ စတဲ့ နေရာကို ပြန်ရောက်ဖို့
    နောက်ထပ် မြောက်နိုင်တဲ့
  • 1:40 - 1:42
    ကိန်းသစ်တစ်လုံး
    ရှိလား စုံစမ်းနိုင်တယ်။
  • 1:42 - 1:47
    ရှိတယ် ဆိုရင်.. ဒီ ကိန်းသစ်ကို
    x ရဲ့ အမြောက်လှန်ကိန်း လို့ခေါ်မယ်။
  • 1:47 - 1:51
    ဥပမာ။ သင်ဟာ သုံးကို နှစ်နဲ့ မြောက်၊
    ခြောက် ရလျင်.... ထို့နောက်
  • 1:51 - 1:56
    သုံးပြန်ရဖို့ နှစ်ပိုင်းတစ်ပိုင်းနဲ့
    သင် မြောက်နိုင်ပါတယ်။
  • 1:56 - 1:59
    ဒါ့ကြောင့် နှစ်ရဲ့ အမြောက်လှန်ကိန်းဟာ
    နှစ်ပိုင်းတစ်ပိုင်း၊
  • 1:59 - 2:04
    ပြီးတော့ ၁၀ရဲ့ အမြောက်လှန်ကိန်းဟာ
    ဆယ်ပိုင်းတစ်ပိုင်းပါ။
  • 2:04 - 2:09
    သင် သတိပြုမိနိုင်တာက၊ ဘယ်ကိန်းမဆို
    ၎င်းရဲ့ အမြောက်လှန်ကိန်း
  • 2:09 - 2:11
    မြောက်လဒ်ဟာ တစ် အမြဲတမ်းဖြစ်တာကိုပါ။
  • 2:11 - 2:13
    တို့တွေ သုညနဲ့ စားလိုတယ် ဆိုရင်၊
  • 2:13 - 2:16
    ၎င်းရဲ့ အမြောက်လှန်ကိန်းကို
    တို့ ရှာဖို့ လိုတယ်၊
  • 2:16 - 2:19
    ယင်းက တစ်အစား သုည ဖြစ်သင့်တယ်။
  • 2:19 - 2:25
    ဒါက သုညနဲ့ ၎င်းကို မြောက်ခြင်းဟာ တစ်
    ဖြစ်လာတဲ့ ကိန်းမျိုးသာ ဖြစ်ရလိမ့်မယ်။
  • 2:25 - 2:29
    သို့သော် သုညနဲ့ မြောက်တဲ့ ဘယ်ဟာမဆို
    သုညဖြစ်မြဲကြောင့်
  • 2:29 - 2:32
    ဒါမျိုးကိန်း မရှိကောင်းပါ
  • 2:32 - 2:35
    ဒါ့ကြောင့် သုညဟာ
    အမြောက်လှန်ကိန်း မရှိပါ။
  • 2:35 - 2:37
    ဒါ တကယ်အတည် ဖြစ်တာ သံသယဖြစ်စရာပဲလား။
  • 2:37 - 2:41
    တကယ်တော့ သင်္ချာသမားတွေဟာ အရင်ကတည်းက
    စည်းမျဉ်းတွေကို ချိုးဖောက်ကြပါတယ်။
  • 2:41 - 2:43
    ဥပမာ။ အချိန်အတော်ကြာအောင်
  • 2:43 - 2:47
    အနုတ်ကိန်းတွေရဲ့ နှစ်ထပ်ကိန်းရင်းကို
    သတ်မှတ်ထားတဲ့အရာမျိုးမရှိခဲ့ပါ။
  • 2:47 - 2:51
    သို့သော် သင်္ချာပညာရှင်များဟာ
    i လို့ခေါ်တဲ့ ကိန်းသစ်တစ်ခု အဖြစ်
  • 2:51 - 2:53
    အနုတ်တစ်ရဲ့ နှစ်ထပ်ကိန်းရင်းကို
    သတ်မှတ် ပြီးနောက်
  • 2:53 - 2:58
    ကိန်းထွေ သင်္ချာလောကသစ်ကို
    ဖွင့်လှစ်လိုက်ပါတယ်။
  • 2:58 - 2:59
    သူတို့ ဒါကို ဒီလိုလုပ်နိုင်ရင်
  • 2:59 - 3:01
    စည်းမျဉ်းအသစ်တရပ်
    မလုပ်နိုင်ဘူးလား
  • 3:01 - 3:05
    infinity သင်္ကေတဟာ တစ်_အစား_သုည
    ဆိုတာမျိုး...ပေါ့
  • 3:05 - 3:08
    ပြီးတော့ ဘာဖြစ်မလဲ ကြည့်မယ်။
  • 3:08 - 3:09
    ဒါကို စလိုက်ကြစို့
  • 3:09 - 3:12
    အနန္တကိန်း နဲ့ ပတ်သတ်လို့ သိထားပြီးသား
    မရှိဘူး စိတ်ကူးကြည့်။
  • 3:12 - 3:14
    အမြောက်လှန်ကိန်းရဲ့ အဓိပ္ပါယ်
    သတ်မှတ်ချက်ကို အခြေခံပြီး
  • 3:14 - 3:18
    သုည အမြောက် အနန္တကိန်း က
    တစ်နဲ့ ညီကို ညီရမယ်။
  • 3:18 - 3:25
    သုည အမြောက် အနန္တကိန်း အပေါင်း
    သုည အမြောက် အနန္တကိန်းဟာ နှစ်နဲ့ညီ မယ်တယ်။
  • 3:25 - 3:26
    အခု၊ ဖြန့်ဝေရ ဂုဏ်သတ္တိအရ
  • 3:26 - 3:29
    ညီမျှခြင်း ဘယ်ဘက်ကို ပြန်စီစဉ်နိုင်တယ်
  • 3:29 - 3:33
    သုည_အပေါင်း_သုည အမြောက် အနန္တကိန်း ပေါ့
  • 3:33 - 3:36
    ပြီးတော့ သုည_အပေါင်း_သုညဟာ
    လုံး၀ သုည ဖြစ်တော့
  • 3:36 - 3:40
    ဒါက သုည အမြောက် အနန္တကိန်းဖြစ်လာတယ်။
  • 3:40 - 3:44
    ကံအကြောင်းမလှစွာဘဲ တို့တွေ ဒါကို
    တစ်နဲ့ ညီထားပြီးသားဖြစ်နေပြီး
  • 3:44 - 3:48
    ညီမျှခြင်း တဘက်က တို့ကိုပြောနေတာ
    ဒါက နှစ်နဲ့ ညီတယ်ဆိုတော့.
  • 3:48 - 3:51
    ဒါဆို တစ်က နှစ်နဲ့ ညီတယ်ပေါ့။
  • 3:51 - 3:54
    ခပ် ကြောင်တောင်တောင်၊
    ဒီလောက် မှားစရာ မလိုပေါင်။
  • 3:54 - 3:58
    တို့ရဲ့ ပုံမှန်ကိန်းကမ္ဘာမှာဆို
    ဒါလုံး၀ကို အမှန် မဟုတ်သေးဘူး။
  • 3:58 - 4:01
    ဒါကို သင်္ချာနည်းကျ အကျုံးဝင်စေတဲ့
    နည်းတစ်ခုရှိသေးတယ်
  • 4:01 - 4:05
    တစ်၊ နှစ်နဲ့ တခြားကိန်းတိုင်းကို
    သုညနဲ့ ညီပေးရင်ပေါ့။
  • 4:05 - 4:08
    သို့သော် အနန္တကိန်းက သုည ညီထားတော့
  • 4:08 - 4:13
    နောက်ဆုံးမှာ သင်္ချာပညာရှင်တွေထိ လုံး၀
    သုံမရတော့ဘူး၊ ဘယ်သူမှလည်း မရဘူး။
  • 4:13 - 4:16
    အရေးပါတာတစ်ခု အမှန်ရှိပါတယ်။
    Riemann စက်လုံး လို့ခေါ်ပြီး
  • 4:16 - 4:19
    ဒါက ကွဲပြားတဲ့နည်းသုံးလို့
    သုညနဲ့စားခြင်း ပါဝင်လာတယ်
  • 4:19 - 4:22
    ဒါပေမဲ့ ဒါက နောက်ရက်ပြောမယ့် အကြောင်းပါ။
  • 4:22 - 4:26
    ဒီအတောအတွင်း အရှင်းဆုံးနည်းနဲ့
    သုညနဲ့စားခြင်းဟာ
  • 4:26 - 4:28
    သိပ်ပြီးတော့ အလုပ်မဖြစ်ပါဘူး။
  • 4:28 - 4:31
    သို့သော် စူးစမ်းဖို့ ပျော်စရာ ကမ္ဘာသစ်တွေ
    ဖန်တီးနိုင်မလား
  • 4:31 - 4:34
    သိဖို့ ကေြာက်ဖွယ်လိလိ
    ရှင်သန်ခြင်းနဲ့ သင်္ချာစည်းမျဉ်းတွေ
  • 4:34 - 4:37
    ချိုးဖောက် စမ်းသပ်ခြင်းကနေ
    မတားဆီးသင့်ဘူးလေ။
Title:
သင် သုညနဲ့ ဘာကြောင့် မစားနိုင်လဲ
Description:

Patreon စာမျက်နှာသို့: https://www.patreon.com/teded

သင်ခန်းစာအပြည့်အစုံကြည်ရန်: https://ed.ted.com/lessons/why-can-t-you-divide-by-zero

သင်္ချာ လောကမှာ၊ တို့တွေက စည်းမျဉ်းတွေကို အပြောင်းအလဲလုပ်တဲ့အခါ လွန်စွာထူးဆန်းတဲ့ ရလဒ်တွေဖြစ်နိုင်ပါတယ်။ သို့သော်.. တို့များကို မချိုးဖောက်ဖို့ သတိပေးပြီးသား စည်မျဉ်းတစ်ခုဟာ၊ သုညနဲ့ မစားရ...ပါ။ တွေ့နေမြင်နေကျ ကိန်းတစ်လုံးနဲ့ အခြေခံ သင်္ချာလုပ်ထုံးလုပ်နည်းတရပ်ကို ပုံမှန်အတိုင်းပဲ ပေါင်းစပ်မှုဟာ ဒီလို ပြဿနာတွေကို ဘယ်လို ဖြစ်စေမလဲ။

ရုပ်သံလှု်ရှားမှုပုံရိပ်-Nick Hilditch.

ကျွန်တော်တို့ရဲ့ patrons ကို အားပေးမှုအတွက် သင့်ကို များစွာကျေးဇူးတင်ပါသည် ခဗျာ။
သင့်တို့ မရှိရင် ဒီ ဗီဒီယိုလည်း ဖြစ်လာ ပေမည်မဟုတ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:51
sann tint approved Burmese subtitles for Why can't you divide by zero? - Apr 26, 2018, 6:34 AM
sann tint accepted Burmese subtitles for Why can't you divide by zero? - Apr 26, 2018, 6:31 AM
sann tint edited Burmese subtitles for Why can't you divide by zero? - Apr 26, 2018, 6:31 AM
sann tint edited Burmese subtitles for Why can't you divide by zero? - Apr 26, 2018, 6:19 AM
sann tint edited Burmese subtitles for Why can't you divide by zero? - Apr 26, 2018, 5:45 AM
sann tint edited Burmese subtitles for Why can't you divide by zero? - Apr 26, 2018, 5:32 AM
sann tint edited Burmese subtitles for Why can't you divide by zero? - Apr 24, 2018, 6:03 PM
Tun Lin Aung + 1 edited Burmese subtitles for Why can't you divide by zero? - Apr 24, 2018, 10:38 AM
Show all

Burmese subtitles

Revisions