< Return to Video

How to solve one-step equations with fractions and decimals | 6th grade | Khan Academy

  • 0:00 - 0:02
    ပုစ္ဆာတစ်ချို့
  • 0:02 - 0:04
    ဖြေရှင်းကြည့်ရအောင်
  • 0:04 - 0:08
    1/3 နဲ့ a နဲ့ ပေါင်းတဲ့အခါ
  • 0:08 - 0:11
    5/3 ရမယ်ဆိုရင်
  • 0:11 - 0:14
    ဒီညီမျှခြင်းမှန်ကန်စေမယ့် a ကဘာဖြစ်မလဲ
  • 0:14 - 0:18
    1/3 + a လို့ပေးထားရင်
    အဖြေက 5/3 နဲ့ညီမျှဖို့
  • 0:18 - 0:23
    a ရဲ့တန်ဖိုးက ဘယ်လောက်ဖြစ်ရမလဲ
  • 0:24 - 0:27
    ဒီပုစ္ဆာကိုဖြေရှင်းဖို့
    နည်းလမ်းအများကြီးရှိတယ်
  • 0:27 - 0:30
    ပြီးတော့ ကောင်းတဲ့အချက်က
  • 0:30 - 0:33
    ဘယ်နည်းလမ်းက အမှန်ပါရယ်လို့ မရှိဘူး
  • 0:33 - 0:35
    ဒါပေမယ့် အရိုးရှင်းဆုံးဖြစ်မယ်ထင်တဲ့
  • 0:35 - 0:36
    နည်းလမ်းကိုတွေးကြည့်မယ်
  • 0:36 - 0:38
    ကျွန်တော် မဖြေရှင်းပြရသေးခင်
    videoကို ရပ်ထားပြီး
  • 0:38 - 0:41
    အရင်ဆုံး သင်ကိုယ်တိုင်ဖြေရှင်းကြည့်ပါ
  • 0:41 - 0:46
    a ကို ညီမျှခြင်းရဲ့ တစ်ဘက်ခြမ်းမှာ
  • 0:46 - 0:48
    သီးသန့်ထားလို့ရမရ စမ်းကြည့်မယ်
  • 0:48 - 0:50
    ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့အတွက်
  • 0:50 - 0:51
    ဒီအတိုင်းဆက်ထားပြီး
  • 0:51 - 0:54
    1/3ကို တစ်နည်းနည်းနဲ့ဖယ်ထုတ်မယ်
  • 0:54 - 0:56
    အလွယ်ဆုံးကတော့
  • 0:56 - 0:59
    1/3ကို ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ
  • 0:59 - 1:01
    နှုတ်လိုက်မယ်
  • 1:01 - 1:03
    ဒါပေမယ့် ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ
  • 1:03 - 1:04
    ဒီအတိုင်းနှုတ်လိုက်လို့ မရဘူး
  • 1:04 - 1:07
    1/3 + a = 5/3 ဆိုရင်
  • 1:07 - 1:10
    အကယ်၍ ဘယ်ဘက်ခြမ်းကနေ
    1/3ကို နှုတ်လိုက်တဲ့အခါ
  • 1:10 - 1:12
    ညီမျှခြင်းပျက်စီးသွားလိမ့်မယ်
  • 1:12 - 1:14
    ဒီဘက်ခြမ်းက 1/3 လျော့သွားပေမယ့်
  • 1:14 - 1:15
    ဒီဘက်ခြမ်းက မပြောင်းလဲဘူး
  • 1:15 - 1:17
    ဒီလိုဆိုရင်ဘယ်ဘက်ခြမ်းက
  • 1:17 - 1:18
    5/3 ထက်နည်းသွားမယ်
  • 1:18 - 1:21
    ဒီတော့ ညီမျှခြင်းဆက်တည်မြဲဖို့
  • 1:21 - 1:24
    ဘယ်ဘက်ခြမ်းကို ဘာပဲပြင်ပြင်
    ညာဘက်ခြမ်းကိုပါ လိုက်ပြင်ပေးရမယ်
  • 1:24 - 1:27
    အဲဒါကြောင့် 1/3ကိုနှစ်ဘက်စလုံးကနေ နှုတ်မယ်
  • 1:27 - 1:30
    ဒါဆို ဘယ်ဘက်ခြမ်းမှာ
  • 1:30 - 1:32
    1/3 - 1/3 ဖြစ်မယ်
    အဓိက ရည်ရွယ်ချက်က
  • 1:32 - 1:35
    1/3 ကိုဖယ်ထုတ်ဖို့ အတွက်ပါ
  • 1:35 - 1:40
    a = 5/3 - 1/3 ဆိုပြီးရလာပြီ
  • 1:42 - 1:46
    5/3 - 1/3
  • 1:46 - 1:50
    -1/3
    ဒါဆိုဘာရလာမလဲ
  • 1:50 - 1:53
    ဆက်ပြီးတော့ 5/3 ထဲက
  • 1:53 - 1:56
    1/3ကိုနှုတ်ပါမယ်
  • 1:56 - 1:59
    ဒီအခါမှာ 4/3 ကျန်နေမယ်
  • 1:59 - 2:04
    ဒါကြောင့် a = 4/3 လို့ရလာပြီ
  • 2:06 - 2:07
    မှန်မမှန် စမ်းစစ်ကြည့်လို့ရတယ်
  • 2:07 - 2:12
    1/3 + 4/3 က သေချာပေါက် 5/3 နဲ့ ညီမျှတယ်
  • 2:13 - 2:15
    နောက်တစ်ပုဒ်ထပ်ဖြေရှင်းကြည့်ရအောင်
  • 2:15 - 2:20
    ဆိုပါစို့ K - 8 က
  • 2:21 - 2:25
    11.8 နဲ့ညီမျှတယ်
  • 2:25 - 2:28
    ထပ်ပြီး K တန်ဖိုး ရှာပေးရမယ်
  • 2:28 - 2:29
    ညီမျှခြင်းဘယ်ဘက်ခြမ်းမှာ K ပဲထားမယ်
  • 2:29 - 2:33
    ဒီ8ကို ဒီအတိုင်း မနှုတ်ချင်ဘူး
  • 2:33 - 2:36
    ဒါဆိုရင် ဒီ 8 ကိုဖယ်ထုတ်ဖို့
    ဘယ်ဘက်ခြမ်းမှာ
  • 2:36 - 2:37
    8ပေါင်းထည့်မယ်
  • 2:37 - 2:38
    ဒီတော့ ဘယ်ဘက်မှာ လုပ်သလို
  • 2:38 - 2:40
    ညာဘက်မှာလည်းသေချာပေါက် 8ပေါင်းရမှာပေါ့
  • 2:40 - 2:43
    နှစ်ဘက်လုံးကို 8 ပေါင်းလိုက်မယ်
  • 2:43 - 2:46
    ဘယ်ဘက်ခြမ်းက -8 မှာ
  • 2:46 - 2:46
    8 ပေါင်းလိုက်တဲ့အခါ
  • 2:46 - 2:48
    ကျေသွားမယ်
  • 2:48 - 2:50
    K ပဲကျန်ခဲ့မယ်
  • 2:50 - 2:53
    ညာဘက်မှာတော့ 11.8 + 8
  • 2:53 - 2:58
    11 + 8 က 19 ဆိုတော့ 19.8 ဖြစ်မယ်
  • 2:59 - 3:01
    ဖြေရှင်းလို့ပြီးပြီ
    တစ်ခါထပ်ပြီး ညီမျှခြင်းတွေကို
  • 3:01 - 3:03
    အဖြေမှန်မမှန် ပြန်စစ်လို့ရတယ်
  • 3:03 - 3:08
    19.8 - 8 က 11.8 ဖြစ်တယ်
  • 3:08 - 3:11
    နောက်တစ်ပုဒ်ထပ်သွားကြမယ်
    ပျော်စရာကောင်းပါတယ်
  • 3:11 - 3:16
    ကဲ ဆိုပါစို့
  • 3:16 - 3:20
    5/13 = t - 6/13
  • 3:20 - 3:22
    စိတ်ဝင်စားစရာပဲ
    ဒီတစ်ခါ ကိန်းရှင်က
  • 3:22 - 3:24
    ညာဘက်မှာရှိနေပေမယ့်
  • 3:24 - 3:25
    ဒီအတိုင်းပဲထားမယ်
  • 3:25 - 3:28
    ညာဘက်မှာရှိသမျှအားလုံးကို ဖယ်ခြင်းအားဖြင့်
  • 3:28 - 3:29
    t တန်ဖိုးရှာလို့ရမရ ကြည့်ကြမယ်
  • 3:29 - 3:34
    အရှေ့မှာလုပ်ခဲ့တဲ့အတိုင်းပဲ
    6/13 ကိုဖယ်ချင်ရင်
  • 3:34 - 3:36
    အဲဒါကို ပေါင်းထည့်လိုက်ရုံပေါ့
  • 3:36 - 3:37
    6/13ကို ပေါင်းထည့်မယ်
  • 3:37 - 3:39
    ညာဘက်ခြမ်းကိုပဲပြင်လို့မရဘူး
  • 3:39 - 3:41
    ဘာလို့ဆို နှစ်ဘက်က ညီမှာမဟုတ်တော့ဘူး
  • 3:41 - 3:45
    ဒါဆို ညီမျှခြင်းမပျက်ဆီးအောင်
    ဘယ်ဘက်ခြမ်းကို ထက်တူပြင်ရမယ်
  • 3:45 - 3:48
    ဘာဆက်ဖြစ်သွားမလဲ
  • 3:48 - 3:49
    ဘယ်ဘက်မှာ
  • 3:50 - 3:52
    နေရာပိုကျယ်သွားအောင် ဆွဲလိုက်မယ်
  • 3:52 - 3:57
    5/13 + 6/13 ရှိတယ်
  • 3:58 - 4:04
    + 6/13 =
  • 4:04 - 4:07
    -6/13 ကို 6/13 ပေါင်းမယ်
  • 4:07 - 4:09
    0 ရလာမယ်
  • 4:09 - 4:13
    6/13 - 6/13 = 0 ဖြစ်လို့ t ပဲကျန်မယ်
  • 4:13 - 4:14
    ဒါဆို t က ဒါနဲ့ညီမျှသွားတယ်
  • 4:14 - 4:17
    5/13 ကို 6/13 ပေါင်းရင်
  • 4:17 - 4:19
    11/13 ရမယ်
  • 4:19 - 4:24
    ဒီတော့ 11/13 = t ဆိုပြီးရလာပြီ
  • 4:24 - 4:25
    တနည်းအားဖြင့်
  • 4:25 - 4:30
    t = 11/13 လို့ရေးလို့လည်းရတယ်
Title:
How to solve one-step equations with fractions and decimals | 6th grade | Khan Academy
Description:

more » « less
Video Language:
English
Team:
Khan Academy
Duration:
04:32

Burmese subtitles

Revisions Compare revisions