< Return to Video

Gyotaku ရှေးဟောင်း ဂျပန် ငါး ပန်းချီဆေးရေး အတတ်ပညာ။ K. Erica Dodge

  • 0:14 - 0:16
    ခင်ဗျား ဖမ်းမိတဲ့ငါးက ဘယ်လောက်ကြီးလဲ။
  • 0:16 - 0:17
    ဒီလောက်ကြီးလား။
  • 0:17 - 0:18
    ဒီလောက်လား။
  • 0:18 - 0:20
    ဒီလောက်ကြီးလား။
  • 0:20 - 0:21
    ဓာတ်ပုံ အထောက်အထားမပါဘဲ
  • 0:21 - 0:24
    ဖမ်းမိတဲ့ အကြီးစားတစ်ကောင်ကို
    သက်သေပြစရာမရှိပါ။
  • 0:24 - 0:27
    ဒါက ငါးဖမ်းခြင်းရဲ့ အဦးကတည်းကနေ
    မှန်ကန်ခဲ့တာပါ။
  • 0:27 - 0:29
    တကယ်က လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက
  • 0:29 - 0:31
    ဓာတ်ပုံပညာမတိုင်မီက တဒင်္ဂကာလကို
    အမိအရယူနိုင်ခဲ့တယ်။
  • 0:31 - 0:33
    ဂျပန် တံငါသည်တွေက
    အောင်ပွဲရ ဖမ်းမိတာတွေကို
  • 0:33 - 0:35
    မှတ်တမ်းတင်ဖို့ ကိုယ်ပိုင်နည်းလမ်းထွင်တယ်
  • 0:35 - 0:38
    ဒါကို Gyotaku လို့ ခေါ်ကြတယ်။
  • 0:38 - 0:41
    Gyotaku က ဂျပန်က စတင်ခဲ့တဲ့
    ရှေးဟောင်း ငါးပန်းချီဆေးရေး
  • 0:41 - 0:43
    အတတ်ပညာပါ။
  • 0:43 - 0:44
    ခေတ်မီ ကင်မရာတွေ မတိုင်မီက အောင်ပွဲရ
  • 0:44 - 0:47
    ဖမ်းမိတာတွေကို မှတ်တမ်းတင်တဲ့
    နည်းတစ်ခုအနေနဲ့ပါ။
  • 0:48 - 0:50
    Gyo ဆိုတာက ငါးဖြစ်ပြီး
  • 0:50 - 0:52
    taku ဆိုတာက ခပ်နှိပ်ချက်လို့ ဆိုလိုတာပါ။
  • 0:52 - 0:54
    Gyotaku ဖြစ်ပေါ်လာပုံအကြောင်း
  • 0:54 - 0:56
    ကွဲပြားတဲ့ ဇာတ်လမ်းများစွာရှိပါပေမဲ့
  • 0:56 - 0:57
    အခြေခံအားဖြင့် လွန်ခဲ့တဲ့
  • 0:57 - 1:00
    နှစ် ၁၀၀ ကျော်က ဖမ်းမိတဲ့
    ငါး မျိုးစိတ်နဲ့ အရွယ်ကို
  • 1:00 - 1:03
    မှတ်တမ်းတင်ဖို့ နည်းလမ်းတစ်ခု
    လိုအပ်နေခဲ့တဲ့ တံငါသည်တွေနဲ့ စခဲ့တာပါ။
  • 1:03 - 1:06
    တံငါသည်တွေဟာ စက္ကူ၊မင်နဲ့ စုတ်တံတွေကို
  • 1:06 - 1:07
    ပင်လယ်ဆီ ယူသွားတယ်။
  • 1:07 - 1:10
    ပင်လယ်ပြင်က ထူးကဲလှတဲ့ စွန့်စားခန်းတွေရဲ့
    ဇာတ်လမ်းတွေကို ပြောကြတယ်။
  • 1:10 - 1:12
    ဂျပန်လူမျိုးတွေဟာ ငါးကို အလေးအမြတ်ထားတော့
  • 1:12 - 1:15
    တံငါသည်တွေဟာ ဒီငါးတွေကို
    ပုံထပ်ကူးပြီး
  • 1:15 - 1:17
    ငါးတွေကို ပြန်လွှတ်ပေးလေ့ရှိတယ်။
  • 1:17 - 1:18
    ပုံထပ်ကူးဖို့
  • 1:18 - 1:21
    ငါးကို အဆိပ်မရှိတဲ့ sumi-e မင်နဲ့
    ဆေးခြယ်ပြီး
  • 1:21 - 1:23
    ဒါကို ကောက်ရိုးစက္ကူမှာ ရိုက်နှိပ်တယ်။
  • 1:23 - 1:25
    ဒီနည်းနဲ့ ငါးတွေကို လွှတ်ပေးတာ
  • 1:25 - 1:27
    (သို့) သန့်စင်ပြီး စျေးမှာ ရောင်းလို့ရတယ်။
  • 1:27 - 1:30
    ဒီလိုမင်နှိပ်ပုံတွေဟာ
    မှတ်တမ်းအတွက်သာဖြစ်ပြီး
  • 1:30 - 1:31
    အပို အသေးစိတ်တွေ မပါဘူး။
  • 1:31 - 1:33
    ၁၈၀၀ နှစ်လွန်တွေ ရောက်မှသာ
  • 1:33 - 1:35
    မျက်လုံးကို အသေးစိတ် ခြယ်မှုန်းတာနဲ့
  • 1:35 - 1:37
    မင်နှိပ်ပုံတွေမှာ အခြားသော
    အကွန့်အညွန့်တွေ စတင်ခဲ့တယ်။
  • 1:37 - 1:41
    ကျော်ကြားတဲ့ ဆွေကြီးမျိုးကြီး Lord Sakai
    ဟာ ထက်သန်တဲ့ တံငါသည်တစ်ယောက်ပါ။
  • 1:41 - 1:42
    ငါးကြီးတစ်ကောင် ဖမ်းမိတဲ့အခါ
  • 1:42 - 1:44
    သူဟာ နီရဲတဲ့ ရေငံ ငါးကြင်းကြီးကို
  • 1:44 - 1:46
    အမှတ်တရ သိမ်းထားချင်ခဲ့တယ်။
  • 1:46 - 1:50
    ဒီလိုလုပ်ဖို့ သူဖမ်းမိတာကို မင်နှိပ်ပုံ
    လုပ်ဖို့ တံငါသည်တစ်ကို စေခိုင်းခဲ့တယ်။
  • 1:50 - 1:52
    ဒီနောက်မှာ တံငါသည်များစွာဟာ
    Lord Sakai ဆီ
  • 1:52 - 1:55
    သူတို့ရဲ့ Gyotaku မင်နှိပ်ပုံတွေ
    ယူဆောင်လာကြတယ်။
  • 1:55 - 1:56
    လက်ရာကို ကြိုက်ရင်
  • 1:56 - 1:58
    သူအတွက် ရေးဆွဲပေးဖို့ အလုပ်ခန့်တယ်။
  • 1:58 - 2:01
    Edo ခေတ်အတွင်းက နန်းတော်ထဲမှာ
    မင်နှိပ်ပုံများစွာ ချိတ်ဆွဲထားတယ်။
  • 2:01 - 2:04
    ဒီခေတ်နောက်ပိုင်းမှာ Gyotaku ဟာ
    လူကြိုက်မများတော့ဘဲ
  • 2:04 - 2:07
    စတင် မှေးမှိန်လာခဲ့တယ်။
  • 2:07 - 2:09
    ယနေ့ Gyotaku ဟာ လူကြိုက်များတဲ့
    အနုပညာပုံစံဖြစ်လာကာ
  • 2:09 - 2:10
    လူများစွာက နှစ်သက်ကြတယ်။
  • 2:10 - 2:13
    ဒီပုံတွေက တံငါသည်တွေဆီ
    ကံကောင်းခြင်း ယူလာတယ်လို့ ဆိုတယ်။
  • 2:13 - 2:16
    ဒါပေမဲ့ အနုပညာ ပုံစံကတော့ အရင်ကနဲ့
    လုံးဝ ခြားနာပါတယ်။
  • 2:16 - 2:19
    ယနေ့ ပန်းချီဆရာများစွာဟာ ကိုယ်တိုင်
    မှားရင်း ပြင်ရင်း လေ့လာကြတယ်။
  • 2:19 - 2:21
    ပန်းချီဆရာက မင်နှိပ်ပုံ မစခင်မှာ
  • 2:21 - 2:24
    မင်နှိပ်ပုံအတွက် ငါးကို ပြင်ဆင်ဖို့လိုတယ်။
  • 2:24 - 2:26
    ပထမဆုံး ပန်းချီဆရာက ငါးကို ထွင်းထားတဲ့
  • 2:26 - 2:28
    မျက်နှာပြင်ပေါ် တင်လိုက်တယ်။
  • 2:28 - 2:29
    နောက် ပန်းချီဆရာက ဆူးတောင်တွေကို ဖြန့်ကာ
  • 2:29 - 2:31
    အခြောက်ခံဖို့ ပျဉ်ပေါ်မှာ
    ပင်နဲ့ တွယ်တယ်။
  • 2:31 - 2:34
    ဒီနောက်မှာ ငါးကို ရေနဲ့ သန့်စင်တယ်။
  • 2:34 - 2:35
    မင်နှိပ်ပုံလို့ဆိုတဲ့အခါ
  • 2:35 - 2:37
    နည်းလမ်း နှစ်ခုရှိပါတယ်။
  • 2:37 - 2:41
    သွယ်ဝိုက်နည်းက ဆန်အနှစ်ကို သုံးရင်း
    ငါပေါ်ကို စိုစွတ်တဲ့အဝတ်စ
  • 2:41 - 2:43
    (သို့) စက္ကူကို ကပ်တာနဲ့ စတင်ပါတယ်။
  • 2:43 - 2:45
    ဒီနောက် ပန်းချီဆရာက ပိတ်စ (သို့) စက္ကူပေါ်
  • 2:45 - 2:47
    မင်ထည့်ဖို့ (သို့) မင်နှိပ်ပုံ
  • 2:47 - 2:51
    ထုတ်ဖို့ tompo (သို့) ပိုသား ဖုံးထားတဲ့
    ဝါဂွမ်းလုံး တစ်လုံး အသုံးပြုတယ်။
  • 2:51 - 2:52
    ဒီနည်းက ကျွမ်းကျင်မှု ပိုလိုပြီး
  • 2:52 - 2:54
    ငါးကနေ စက္ကူကို ဆွဲခွာတဲ့အခါ
  • 2:54 - 2:56
    စက္ကူ ပေါက်ပြဲမသွားအောင်
  • 2:56 - 2:59
    အတော် ဂရုတစိုက်ရှိဖို့လို့တယ်။
  • 2:59 - 3:00
    ဒီတိုက်ရိုက် နည်းမှာ
  • 3:00 - 3:02
    ပန်းချီဆရာက ငါးအပေါ်မှာ
    တိုက်ရိုက် ဆေးခြယ်ကာ
  • 3:02 - 3:06
    နောက်တော့ ငါးကို စိုစွတ်တဲ့ အဝတ်စ
    (သို့) စက္ကူနဲ့ ညင်သာစွာ ဖိကပ်လိုက်တယ်။
  • 3:06 - 3:07
    ဒီနည်းလမ်းနှစ်ခုနဲ့ဆိုတော့
  • 3:07 - 3:09
    ထပ်တူကျတဲ့ မင်နှိပ်ပုံ
    နှစ်ခုမရှိပေမဲ့
  • 3:09 - 3:12
    နှစ်ခုစလုံးက ငါးရဲ့ အံ့ဖွယ်ရာ
    ရုပ်ပုံတွေကို ဖော်ပြကြတယ်။
  • 3:12 - 3:13
    အပြီးသတ်မွမ်းမံမှုအတွက်
  • 3:13 - 3:15
    ပန်းချီဆရာက အတုံး (သို့)
    တံဆိပ်တုံးသုံးပြီး
  • 3:15 - 3:17
    သူ့တို့လက်ရာကို အမှတ်အသားပြုကာ
  • 3:17 - 3:18
    ဒါကိုကိုင်ပြီး ပြောနိုင်တာက
  • 3:18 - 3:21
    "ငါးက ဒီလောက်ကို အတိအကျ ကြီးတာကွ"တဲ့။
Title:
Gyotaku ရှေးဟောင်း ဂျပန် ငါး ပန်းချီဆေးရေး အတတ်ပညာ။ K. Erica Dodge
Speaker:
K. Erica Dodge
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/gyotaku-the-ancient-japanese-art-of-printing-fish-k-erica-dodge တွင် ကြည့်ရှုပါ။

ဓာတ်ပုံပညာ မတိုင်မီက တံငါသည်တွေဟာ သူတို့ရဲ့ အောင်ပွဲရ ဖမ်းမိတာတွေကို ဘယ်လို မှတ်တမ်းတင်ကြသလဲ။ ၁၉ ရာစု ဂျပန်မှာ လတ်လတ်ဆတ်ဆတ် ဖမ်းမိတဲ့ ငါးတွေရဲ့ အနုစိတ် ထပ်ကူးထားတဲ့ပုံတွေဖြစ်တဲ့ gyoktaku ကို ဖန်တီးဖို့ ဂျပန် ငါးဖမ်းလှေတွေကို ကောက်ရိုးစက္ကူ၊ sumi-e မင်၊ စုတ်တံတွေနဲ့ တပ်ဆင်ထားတယ်။ K. Erica Dodge ကနေပြီး ဒီပြိုင်ဆိုင်မှုရှိတဲ့ ငါး ယဉ်ကျေးမှုရဲ့ ဇာတ်လမ်းကို ပြန်ပြောပြထားပါတယ်။ ထပ်မံပြီး သင့်ကိုယ်ပိုင် ရေးခြစ်ထားတဲ့ ပုံတွေ ဖန်တီးဖို့ အကြံဉာဏ်တချို့ရောပါ။

သင်ခန်းစာကို K. Erica Dodge က ပြုစုပြီး လှုပ်ရှားမှုပုံရိပ်များကို Franco Barroeta က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:38

Burmese subtitles

Revisions Compare revisions