ပိရမစ်စီးပွားရေးဆိုတာ ဘယ်လိုသတိပြုနိုင်မလဲ
-
0:07 - 0:09၂၀၀၄ ခုနှစ်မှာ
-
0:09 - 0:11Vemma Nutrition လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုဟာ
-
0:11 - 0:13အချိန်ပိုင်းအလုပ်လုပ်ရုံနဲ့
အချိန်ပြည့်ပိုက်ဆံရနေပြီး -
0:13 - 0:17ဘဝပြောင်းသွားစေမယ့် အခွင့်အရေးကို
ကမ်းလှမ်းခဲ့ကြတယ် -
0:17 - 0:19Vemma ရဲ့ ကမ်းလှမ်းမှုက
လူတိုင်းအတွက်ဖြစ်တယ် -
0:19 - 0:23ပညာအရည်အချင်းတွေ
အတွေ့အကြုံတွေလဲ မလိုအပ်ဘူး -
0:23 - 0:25ပိုက်ဆံစရဖို့အတွက်
စ လုပ်စရာနှစ်ခုပဲရှိတယ် -
0:25 - 0:29ဒေါ်လာ ၅၀၀၊ ၆၀၀ တန်တဲ့
အာဟာရဖြည့်အရည် တစ်စုံဝယ်ပြီး -
0:29 - 0:33ဒီလိုထပ်ဝယ်မယ့်
လူနှစ်ယောက်ထပ်စုဆောင်းပေးရုံပါပဲ -
0:33 - 0:35Vemma Nutrition ကုမ္ပဏီဟာ
အမြန် ကြီးထွားလာတယ်၊ -
0:35 - 0:36တစ်လအဖွ့ဲဝင် အများဆုံး ၃၀၀၀၀ အထိ
-
0:36 - 0:41ဆွယ်နိုင်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ
လုပ်ငန်းတစ်ခုဖြစ်လာခဲ့တယ်။ -
0:41 - 0:43ပြဿနာတစ်ခုပဲ ရှိခဲ့တယ်
-
0:43 - 0:49၂၀၁၃ခုနှစ်မှာ ကုမ္ပဏီအနေနဲ့
နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း၂၀၀ ရနေခဲ့ချိန်မှာ -
0:49 - 0:53အဖွဲ့ဝင် အများစုကတော့ သူတို့ပေး
ခဲ့ရတာထက် ပြန်ရတာက နည်းနေခဲ့တယ် -
0:53 - 0:56Vemma ကုမ္ပဏီဟာ ပိရမစ်စနစ်
ဖော်ဆောင်နေမှုကြောင့် တရားစွဲခံခဲ့ရတယ် -
0:56 - 0:58အဖွဲ့ဝင်တွေဟာ အဝယ်လိုက်ဖို့
-
0:58 - 0:59လူထပ်စုဆောင်းတဲ့နည်းနဲ့
-
0:59 - 1:02ငွေရှာတဲ့ အသိများဆဲ့ လိမ်နည်းတစ်မျိုးပါ။
-
1:02 - 1:05ထုံးစံအတိုင်းပဲ တည်ထောင်သူက
ပစ္စည်းတွေဝယ်ခိုင်းပြီး -
1:05 - 1:07အစီအစဉ် လူပိုသိဖို့
ကနဦးလူစုကို ဖျားယောင်းတာပါ။ -
1:07 - 1:09အခြားသူတွေကို စုဆောင်းဖို့
တွန်းအားပေးကာ -
1:09 - 1:12သူတို့ရှာထားတဲ့လူတွေရဲ့
မြှုပ်နှံငွေအချို့ပေးမယ်လို့ ကတိပေးမယ် -
1:12 - 1:15တည်ထောင်တဲ့သူကလဲ
ဝေစုအချို့ယူမယ်ပေါ့ -
1:15 - 1:18ဒီပုံစံဟာ လူသစ်ဝင်လာတဲ့အဖွဲ့တိုင်းမှာ
ထပ်ကာထပ်ကာ ဖြစ်နေမယ် -
1:18 - 1:22အသစ်ဝင်လာသူတွေရဲ့ ငွေတွေဟာ
သူတို့ကိုစုဆောင်းခဲ့သူတွေဆီ စီးဆင်းနေတယ် -
1:22 - 1:24Ponzi စနစ်နဲ့ ကွဲပြားတာက
-
1:24 - 1:26တည်ထောင်သူက အဖွဲ့ဝင်သစ်တွေစုဆောင်းပြီး
-
1:26 - 1:29သူတို့ငွေတွေကို အဖွဲ့ဝင်ပြီးသားသူတွေကို
လူမသိအောင်ပေးတယ် -
1:29 - 1:32အဖွဲ့ဝင်ဟောင်းတွေကလဲ သူတို့ရတဲ့ငွေကို
တရားဝင်မြှုပ်နှံမှုတစ်ခုက ရတယ်ထင်တယ် -
1:32 - 1:34ပိရမစ်စီးပွားရေးစနစ်
ကြီးထွားလာတာနဲ့အမျှ -
1:34 - 1:38အသစ်သွေးဆောင်ခံရသူတွေအနေနဲ့
ပိုက်ဆံရဖို့ တစ်စထက်တစ်စ ခဲယဉ်းလာကြတယ် -
1:38 - 1:42ဘာလို့လဲဆိုတော့ ပါဝင်လာသူအရေအတွက်ဟာ
ထပ်ညွှန်းကိန်းနဲ့ ကြီးထွားလာနေလို့ပါ။ -
1:42 - 1:47လူတစ်ယောက် အမြတ်ရဖို့
လူ ၆ယောက်စုဆောင်းရတဲ့ ပုံစံဆွဲကြည့်လိုက်ပါ -
1:47 - 1:49တည်ထောင်သူက စတင်ဖို့
လူ ၆ယောက်စုဆောင်းတယ် -
1:49 - 1:52သူတို့တစ်ဦးချင်းစီက
၆ယောက်စီထပ်စုဆောင်းတယ် -
1:52 - 1:55ဒုတိယမြောက် စုဆောင်းမှုအဆင့်မှာ
လူ ၃၆ဦးရှိနေပြီ -
1:55 - 1:57ဒီလူတစ်ဦးချင်းစီက
၆ဦးစီ စုဆောင်းဦးမယ် -
1:57 - 2:01အသစ်စုဆောင်းထားတာ
၂၁၆ဦးထိ ရှိနေပြီ -
2:01 - 2:03စုဆောင်းမှု ၁၂ဆင့်မြောက်မှာတော့
-
2:03 - 2:07၂.၁ ဘီလီယံသော အဖွဲ့ဝင်အသစ်တွေဟာ
-
2:07 - 2:11ပိုက်ဆံရဖို့ လူ ၁၃ဘီလီယံကို
ထပ်စုဆောင်းရတော့မယ် -
2:11 - 2:14ကမ္ဘာ့လူဦးရေထက်တောင် ပိုနေပါတယ်
-
2:14 - 2:15ဒီဖြစ်ရပ်မှာ
-
2:15 - 2:17အသစ် စုဆောင်းခံရသူတွေဖြစ်တဲ့
-
2:17 - 2:20စနစ်မှာ ပါဝင်သူဦးရေရဲ့
၈၀ရာခိုင်နှုန်းကျော်ဟာ -
2:20 - 2:22သူတို့ရင်းထားသမျှ
ငွေအားလုံး ဆုံးရှုံးနေရပါပြီ -
2:22 - 2:24လက်တွေ့ဖြစ်ရပ်မှာလဲ
-
2:24 - 2:27အသစ်ဝင်လာသူအများစုဟာ
ဆုံးရှုံးနေကြရတယ် -
2:27 - 2:30ပိရမစ်စီးပွားရေးဟာ
နိုင်ငံအများစုမှာ တရားမဝင်ကြပါဘူး -
2:30 - 2:32စစ်ဆေးဖို့ရာလဲ ခဲယဉ်းပါတယ်
-
2:32 - 2:34ပုံစံမျိုးကွဲပေါင်းများစွာနဲ့
တည်ရှိနေတတ်ကြတယ် -
2:34 - 2:36ငွေဝိုင်းစုကာ လက်ဆောင်ပေးတဲ့အဖွဲ့တွေ
-
2:36 - 2:40ငွေအတူစုပြီး မြှုပ်နှံတဲ့အဖွဲ့တွေနဲ့
ဆင့်ပွားစီးပွားရေးစနစ်တွေ မျိုးစုံပါတယ် -
2:40 - 2:44ပိရမစ်စီးပွားရေးစနစ်နဲ့ တရားဝင်
ဆင့်ပွားစီးပွားရေးစနစ်ကြား ခြားနားချက်ဟာ -
2:44 - 2:46မသဲမကွဲဖြစ်နေတတ်ပါတယ်
-
2:46 - 2:48သီအိုရီအရတော့ ခြားနားချက်အနေနဲ့
-
2:48 - 2:50ဆင့်ပွားစီးပွားရေးကုမ္ပဏီရဲ့
အဖွဲ့ဝင်တွေဟာ -
2:50 - 2:55အဓိကအားဖြင့် လက်လီဝယ်သူတွေကို
ကုန်ပစ္စည်းတစ်ခု ဝန်ဆောင်မှုတစ်ခုကို -
2:55 - 2:56ရောင်းချပြီး ပိုက်ဆံရကြတယ်
-
2:56 - 3:01ပိရမစ်စီးပွားရေးစနစ်မှာတော့
လူသစ်စုဆောင်းခြင်းကနေ အဓိကပိုက်ဆံရကြတယ် -
3:01 - 3:02လက်တွေ့မှာတော့
-
3:02 - 3:06ဆင့်ပွားစီးပွားရေးကုမ္ပဏီတွေက
အလုပ်ဖြစ်နေကြပေမယ့် -
3:06 - 3:08အဖွဲ့ဝင်တွေကတော့ ရောင်းတာကနေပဲ
ငွေရဖို့ဆိုတာ မဖြစ်နိုင်ဘူး -
3:08 - 3:12ပိရမစ်စီးပွားရေးစနစ်ဖော်ဆောင်နေတဲ့
Vemma Nutrition လိုကုမ္ပဏီတွေဟာ -
3:12 - 3:15ထုတ်ကုန်၊ ဝန်ဆောင်မှုကို ဘန်းပြပြီး
လူဆွယ်မှ ပိုက်ဆံပေးတဲ့စနစ်ကနေ -
3:15 - 3:20တရားဝင် ဆင့်ပွားစီးပွားရေးကုမ္ပဏီတွေအဖြစ်
ပုံဖျက်ပြီးနေလေ့ရှိကြပါတယ် -
3:20 - 3:25ပိရမစ်စီးပွာရေးစနစ်အများစုဟာ
ယုံကြည်မှုရထားတဲ့ ချက်ခ်ကျောင်းလိုနေရာတွေ -
3:25 - 3:29ရွှေ့ပြောင်းအခြေချလာသူတွေနဲ့
စိတ်တူကိုယ်တူအဖွ့ဲတွေကို အမြတ်ထုတ်လာတယ် -
3:29 - 3:32အမြတ်အစွန်း မရကြသေးခင်မှာပဲ
ပထမဆုံး အဖွ့ဲဝင်ဖြစ်လာသူတွေကို -
3:32 - 3:35ကောင်းကြောင်းတွေပြောစေဖို့ တွန်းအားပေးတယ်
-
3:35 - 3:37သူတို့ပတ်ဝန်းကျင်ကသူတွေက
နမူနာယူပြီးလိုက်လဲလုပ်ကြရော -
3:37 - 3:39အဖွဲ့ဝင်အများစု အမြတ်ရမနေကြဘူးဆိုတာကို
-
3:39 - 3:44နားမလည်ကြသေးခင်မှာပဲ
ဖွ့ဲစည်းပုံက ကြီးထွားလာပါတော့တယ် -
3:44 - 3:47တစ်ခါတစ်ရံမှာ လှည့်ဖျားခံခဲ့ရသူတွေဟာ
ထုတ်ပြောဖို့ ရှက်တတ်ကြပါတယ် -
3:47 - 3:51ပိရမစ်စီးပွားရေးဟာ လူတွေကို အခွင့်အလမ်းတွေ
လုပ်ပိုင်ခွင့်တွေနဲ့ ဆွယ်လေ့ရှိပါတယ် -
3:51 - 3:54ဒီတော့ အဖွ့ဲဝင်တွေဟာ
ပိုက်ဆံရှာတာနဲ့တင် အဆုံးသတ်ပဲ -
3:54 - 3:57စနစ်ထက် သူတို့ကိုယ်သူတို့သာ
အပြစ်တင်နေတတ်ကြပါတယ် -
3:57 - 4:00ပေးထားတဲ့ကတိကဝတ်တွေဖြစ်မလာတာက
သူတို့အသုံးမကျလို့ပါလို့ပဲ တွေးနေတတ်ကြတယ် -
4:00 - 4:02လှည့်ဖျားခံထားရသူအချို့ကတော့
-
4:02 - 4:04ထပ်ပြီး စနစ်ပေါင်းစုံမှာ
မြှုပ်နှံနေတတ်ပြီး -
4:04 - 4:07မြှုပ်နှံလိုက်တိုင်း ပိုက်ဆံတွေ
ဆုံးရှုံးနေကြရပါတယ် -
4:07 - 4:08ဒီလိုမျိုးတွေ ဖြစ်တတ်တယ် ဆိုပေမယ့်လဲ
-
4:08 - 4:11ပိရမစ်စနစ်ဆိုတာ သတိပြုမိစေဖို့
နည်းလမ်းတွေရှိပါတယ် -
4:11 - 4:14အချိန်တိုအတွင်းဖိအားပေးနေတာဟာ
သတိပြုစရာတစ်ချက်ပါ -
4:14 - 4:19ချက်ချင်းလုပ်ပါ၊ ၊ တစ်သက်မှာတစ်ခါပဲရမယ့်
အခွင့်အရေးကြီးပါ ဆိုတာမျိုးကို သတိပြုပါ -
4:19 - 4:24ဘဝပါပြောင်းသွားစေမယ့် ငွေပမာဏ
အများကြီးဝင်မယ်ပြောလာရင်လဲ သံသယဖြစ်စရာပါပဲ -
4:24 - 4:28နောက်ဆုံးအနေနဲ့ပြောရရင်
တရားဝင်ဆင့်ပွားစီးပွားရေးလုပ်ငန်းတွေဟာ -
4:28 - 4:33ထုတ်ကုန်၊ ဝန်ဆောင်မှုကိုရောင်းချဖို့
အဖွဲ့ဝင်တွေကို ငွေပေးမနေသင့်ပါဘူး -
4:33 - 4:37ပိရမစ်စီးပွားရေးစနစ်ဟာ တစ်ဦးတစ်ယောက်ချင်း၊
အဖွဲ့အစည်းတွေနဲ့ -
4:37 - 4:41တစ်နိုင်ငံလုံးအထိပါ
ဖျက်ဆီးနိုင်စွမ်းရှိပါတယ် -
4:41 - 4:43မီးကို မီးနဲ့တိုက်လိုက်ပါ
-
4:43 - 4:46ယခုဗီဒီယိုကို
သင့်အသိလူသုံးဦးဆီ ဝေမျှပြီး... -
4:45 - 4:49သူတို့ကိုလည်း ထိုနည်းတူ
ပြန်လည်ဝေမျှဖို့ ပြောပြလိုက်ပါ
- Title:
- ပိရမစ်စီးပွားရေးဆိုတာ ဘယ်လိုသတိပြုနိုင်မလဲ
- Speaker:
- စတေစီ ဘော့စ်စလေ
- Description:
-
သင်ခန်းစာ အပြည့်အစုံကို View full lesson: https://ed.ted.com/lessons/how-to-spot-a-pyramid-scheme-stacie-bosley တွင်ကြည့်ပါ။ခ၂၀၀၄ ခုနှစ်မှာ အာဟာရပစ္စည်းတွေရောင်းတဲ့ ကုမ္ပဏီတစ်ခုကနေ အချိန်ပိုင်းအလုပ်လုပ်ရုံကနေ အချိန်ပြည့်ပိုက်ဆံရနေစေမယ့် ဘဝပြောင်းသွားစေမယ့် အခွင့်အရေးတစ်ခုကို ကမ်းလှမ်းခဲ့ကြတယ်။ လုပ်ငန်းစဉ်က နှစ်ခုပဲရှိတယ်၊ ဒေါ်လာ ၅၀၀တန် ပစ္စည်းတစ်စုံကိုဝယ်ယူပြီး လူသစ်နှစ်ဦး စုဆောင်းပေးရုံပဲဖြစ်တယ်။ ၂၀၁၃ ခုနှစ်အရောက်မှာ ကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း၂၀၀လောက် ဝင်နေခဲ့တယ်။ ပြဿနာကတစ်ခုပဲရှိခဲ့တယ်၊ အဖွဲ့ဝင်အများစုဟာ သူတို့ကုန်သွားတာထက် ပြန်ရတာက နည်းနေခဲ့တာပဲဖြစ်တယ်။ စတေစီ ဘော့စ်လေက ပိရမစ်စီပွားရေးစနစ်အကြောင်းနဲ့ ဘယ်လိုသတိပြုနိုင်မလဲဆိုတာ ရှင်းပြပေးပါလိမ့်မယ်။ သင်ခန်းစာကို Stacie Bosley က ပြုစုပြီး Wooden Plane Production က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:49
![]() |
sann tint edited Burmese subtitles for How to spot a pyramid scheme | |
![]() |
sann tint approved Burmese subtitles for How to spot a pyramid scheme | |
![]() |
sann tint edited Burmese subtitles for How to spot a pyramid scheme | |
![]() |
sann tint accepted Burmese subtitles for How to spot a pyramid scheme | |
![]() |
sann tint edited Burmese subtitles for How to spot a pyramid scheme | |
![]() |
sann tint edited Burmese subtitles for How to spot a pyramid scheme | |
![]() |
sann tint edited Burmese subtitles for How to spot a pyramid scheme | |
![]() |
Aung Thura Win Thein edited Burmese subtitles for How to spot a pyramid scheme |