-
ကမ္ဘာမြေကြီးကို ကျွန်တော်တို့ ဘာအတွက်များ အသုံးပြုနေကြတာလဲ။
-
လေ့လာကြည့်ဖို့ ခရီးတစ်လျှောက် လိုက်သွားကြစို့။
-
ကျွန်တော်တို့ရဲ့ ခရီးစဉ်တစ်လျှောက် တစ်စက္ကန့်တိုင်းမှာ မြေမျက်နှာပြင်ရဲ့ 1% ကို
-
ဘယ်လိုသုံးနေတယ်ဆိုတာကို တွေ့မြင်ရမှာပါ။
-
ကမ္ဘာမြေကြီးကို စက္ကန့် ၁၀၀ အတွင်းမှာ လေ့လာကြည့်ကြရအောင်
-
အဆင်သင့် ဖြစ်ပြီလားခင်ဗျာ။
-
ပထမ 10 စက္ကန့်မှာ ရေခဲပြင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ မြေမျက်နှာပြင်အေးခဲကို ဖြတ်သန်းသွားကြပါမယ်။
-
နောက်ထပ် 11 စက္ကန့်မှာတော့ သဲကန္တာရတွေ၊ ခြောက်သွေ့ပြီး
ကျောက်ဆောင်ထူထပ်တဲ့ ဒေသတွေကို ဖြတ်သန်းသွားမှာပါ။
-
ရှေ့ဆက်သွားကြရအောင်။
-
နောက်ထပ် 2 စက္ကန့်စာမှာတော့ ကျွန်တော်တို့ အနည်းဆုံးအသုံးပြုတဲ့
-
ဂေဟစနစ်တွေကို တွေ့မြင်ရမှာ ဖြစ်ပြီး၊
-
အဲဒီထဲမှာ
-
မထိမခိုက်ရသေးတဲ့ သစ်တောတွေရဲ့ ၈ စက္ကန့်စာသာ ပါဝင်ပါတယ်။
-
ကျန်ရှိတဲ့ မြေနေရာအားလုံးနီးပါးကို လူသားတွေက တိုက်ရိုက် အသုံးချနေကြတာ ဖြစ်ပါတယ်။
-
မြေမျက်နှာပြင်ရဲ့ 1% ကိုသာ အဆောက်အဦးတွေ တည်ဆောက်ထားပေမယ့်
-
ကျွန်တော်တို့ရဲ့ ခြေရာက ကမ္ဘာတစ်ဝန်းလုံးအထိ ပျံ့နှံ့နေပါတယ်။
-
စိုက်ပျိုးမြေတွေက မြေမျက်နှာပြင်ရဲ့ ၁၁ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး၊
-
အဲဒီထဲက ထက်ဝက်နီးပါးကို တိရစ္ဆာန်မွေးမြူရေးအတွက် အစာအဖြစ် အသုံးပြုနေကြပါတယ်။
-
ဒါမှမဟုတ် စက္ကန့် 20 စာ အသုံးပြုကြပါတယ်။
-
သစ်တောတွေဆီကို တစ်ဖန် ပြန်ရောက်လာခဲ့ပါပြီ။
-
ဒီသစ်တောတွေကို သစ်ထုတ်လုပ်ဖို့ စီမံခန့်ခွဲထားသလို၊
-
ကျွန်တော်တို့ရဲ့ ရာသီဥတု၊ လေထုနဲ့ ရေအရင်းအမြစ်တွေကို ထိန်းညှိပေးရာမှာလည်း
-
အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။
-
တချို့နေရာတွေက တောရိုင်းတိရစ္ဆာန်တွေအတွက် အလွန်ကောင်းမွန်ပေမယ့်၊
အဲဒီအထဲက တော်တော်များများကို သိရှိဖို့ လိုအပ်ပါသေးတယ်။
-
ဝမ်းနည်းစရာကတော့ မြေမျက်နှာပြင်ရဲ့ သုံးပုံတစ်ပုံကျော်ကို အသား၊ နို့နဲ့
-
တိရစ္ဆာန်ထွက်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ဦးစားပေး သတ်မှတ်ထားခြင်းပါပဲ။
-
ကျွန်တော်တို့ရဲ့ ခရီးစဉ် 14 စက္ကန့်မှာတော့ လူအသုံးနည်းတဲ့
-
မြက်ခင်းပြင်ကျယ်တွေနဲ့ တောင်ကုန်းတွေပေါ်ကို
-
ရောက်ရှိမှာဖြစ်ပြီး၊
-
အဲဒီနေရာတွေမှာ နွား၊ သိုး၊ ဆိတ်တွေကိုလည်း တွေ့မြင်ရမှာပါ။
-
တောရိုင်းတိရစ္ဆာန်တွေလည်း ဒီနေရာမှာ ကျက်စားနိုင်ပါတယ်။
-
မွေးမြူထားတဲ့တိရစ္ဆာန်အချို့ကို ဂရုတစိုက် စီမံထားတဲ့အတွက်
တခြားမျိုးစိတ်တွေလည်း ရှင်သန်နိုင်ပါတယ်။
-
ဒါပေမယ့် အများစုကတော့ မဟုတ်ပါဘူး။ နောက်ဆုံး ၁၉ စက္ကန့်မှာ
-
နွားမွေးမြူရေးကို အဓိကထားလုပ်ကိုင်တဲ့ ကျယ်ပြန့်တဲ့ မြက်ခင်း ၃ ခုကို တွေ့ရမှာ
-
ဖြစ်ပါတယ်။
-
နွားတွေဟာဆိုရင် ယခုအခါ
-
တောရိုင်းနို့တိုက်သတ္တဝါအားလုံးရဲ့ အရေအတွက်ထက် ၁၀ ဆနီးပါး
-
ပိုများနေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
-
ရာသီဥတု အကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ
-
မျိုးစိတ်သန်းပေါင်းများစွာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ
-
ကျွန်တော်တို့ ဒီမြေတွေကို
-
ဘယ်လိုအသုံးပြုနေတယ်ဆိုတာကို ပြန်လည်စဉ်းစားဖို့ မလိုအပ်ဘူးလားခင်ဗျာ။
-
သစ်ပင်တွေ ပိုပြီးလိုအပ်နေပါတယ်။ ကျေးဇူးပြုပြီး စိုက်ပေးကြပါ။
-
သဘာဝတရားကို နေရာပိုဖန်တီးပေးတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။
-
ဒါဆို သဘာဝတရားအတွက် နေရာပိုဖန်တီးပေးလိုက်ရင် ဘာတွေဖြစ်လာမလဲ။