မြို့ကြီးတစ်မြို့ထဲက သစ်ပင်အားလုံးကို ခုတ်လှဲလိုက်ရင် ဘာဖြစ်သွားမလဲ။ Stefan Al
-
0:07 - 0:10ဒါကတော့ ရှေးဟောင်း မြို့ကြီးနှစ်မြို့နဲ့
-
0:10 - 0:14၎င်းတို့ရဲ့ ကံကြမ္မာတွေကို ပိုင်းဖြတ်ပေး
ခဲ့တဲ့ သစ်ပင်တွေရဲ့ ပုံပြင်ပါ။ -
0:14 - 0:20ဘီစီ ၃၀၀၀ က Uruk ဟာ ယနေ့ခေတ်
New York City ထက် လူဦးရေ ပိုထူထပ်ခဲ့တယ်။ -
0:20 - 0:25ဒီလူပြည့်ကျပ်နေတဲ့ မြို့တော်ဟာ ၎င်းရဲ့
တိုးလာနေတဲ့ လူဦးရေကို ကျွေးမွေးဖို့ -
0:25 - 0:27ရေသွယ်မြောင်းစနစ်ကို
မပြတ် တိုးချဲ့ပေးရတယ်။ -
0:27 - 0:34နောင် နှစ်ပေါင်း ၂၅၀၀ အကြာမှာ Sri Lanka က
Anuradhapura မှာ အလားတူ ပြဿနာရှိခဲ့တယ်။ -
0:34 - 0:36သူတို့ဟာလည်း အစဉ်မပြတ်
တိုးပွားလာနေပြီး -
0:36 - 0:42Uruk မှာလို သူတို့မြို့ဟာ အကျအနလုပ်ထားတဲ့
ရေသွယ်မြောင်းစနစ်ကို အလွန် မှီခိုခဲ့ရတယ်။ -
0:42 - 0:48Uruk ကြီးထွားလာတော့ လယ်သမားတွေဟာ နောက် သီး
နှံတွေအတွက် နေရာလုပ်ဖို့ အပင်တွေ စခုတ်တယ်။ -
0:48 - 0:52ဒါပေမဲ့ Anuradhapura မှာတော့
သစ်ပင်တွေကို အလေးအမြတ်ထားတယ်။ -
0:52 - 0:55သူတို့ရဲ့မြို့ဟာ ဒီအပင်အောက်မှာ
ဗုဒ္ဓကိုယ်တော်တိုင် -
0:55 - 0:59သဗ္ဗညုတဉာဏ် ရတယ်ဆိုတဲ့ ဗောဓိပင်
လက်တက်တစ်ခုကို ထည့်သွင်းထားတယ်။ -
0:59 - 1:02ဘာသာရေး ကြည်ညိုမှုက
လယ်သမားရဲ့ ပုဆိန်တွေကို နှေးစေပြီး -
1:02 - 1:07မြို့ကို မြို့ပြ ပန်းခြံတွေမှာ နောက်ထပ်
သစ်ပင်တွေစိုက်ဖို့ ဖြစ်စေခဲ့တယ်။ -
1:07 - 1:10ကနဦးအနေနဲ့ Uruk ချဲ့ထွင်မှုက
ကောင်းကောင်း အလုပ်ဖြစ်ခဲ့တယ်။ -
1:10 - 1:13ဒါပေမဲ့ သူတို့ရဲ့ ရေအထောက်အပံ့ကို
စစ်ပေးဖို့ သစ်ပင်တွေမရှိတော့ -
1:13 - 1:17Uruk ရဲ့ ရေသွယ်မြောင်းစနစ်ဟာ
ညစ်ညမ်းလာတယ်။ -
1:17 - 1:20အငွေ့ပျံနေတဲ့ ရေက သတ္တုဓာတ်ပါတဲ့
နုန်းတွေ ကျန်ရစ်ပြီး -
1:20 - 1:23ဒါက စိုက်ပျိုးရေးအတွက် မြေဆီလွှာကို
ဆားဓာတ် များလွန်းစေတယ်။ -
1:23 - 1:27ဆန့်ကျင်ဘက်အနေနဲ့ Anuradhapura ရဲ့
ရေသွယ်မြောင်းစနစ်က ဝန်းရံနေတဲ့ -
1:27 - 1:30သစ်တောနဲ့ အတူပေါင်း
လုပ်ဖို့ ပုံစံထုတ်ထားတယ်။ -
1:30 - 1:34နောက်ဆုံးတော့ သူတို့ရဲ့မြို့ဟာ Uruk ရဲ့
လူဦးရေထက် နှစ်ဆကျော် တိုးလာခဲ့ပြီး -
1:34 - 1:41ယနေ့ Anuradhapura ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀
ကျော်က စိုက်တဲ့သစ်ပင်ကို ဂရုစိုက်တုန်းပါ။ -
1:41 - 1:45သဘာဝဟာ ကျေးလက် နေရာလွတ်တွေနဲ့
အဆက်အစပ်ရှိမနေတာအဖြစ် ထင်လောက်ကြပေမဲ့ -
1:45 - 1:50အပင်တွေဟာ အောင်မြင်တဲ့မြိုတွေအတွက် မရှိ
မဖြစ် အစိတ်အပိုင်းတစ်ခု အမြဲ ဖြစ်ခဲ့တယ်။ -
1:50 - 1:54သစ်ပင်တွေဟာ သဘာဝ ရေမြှုပ်သဖွယ်
လုပ်ဆောင်ပြီး -
1:54 - 1:57မုန်တိုင်း စီးရေကို လေထုလွာထဲကို
ပြန်မရောက်ခင် စုပ်ပေးတယ်။ -
1:57 - 2:00အမြစ်တွေရဲ့ ကွန်ရက်တွေက နွံအစုအပုံတွေကို
ကာကွယ်ပေးခိုက်မှာ -
2:00 - 2:04မြေဆီလွှာကို ရေကို ထိန်းထားပြီး
အဆိပ်တွေ စစ်ထုတ်ခွင့်ပေးတယ်။ -
2:04 - 2:06အမြစ်တွေက ရေကြီးမှုတွေကို တားဆီးပေးစဉ်
-
2:06 - 2:10မုန်တိုင်း ရေပြွန်တွေနဲ့ ရေသန့်စင်ရေး
စက်ရုံတွေ လိုအပ်မှုကို လျှော့ချပေးတယ်။ -
2:10 - 2:15စိမ့်ဝင်နိုင်တဲ့အရွက်တွေက ကာဗွန်နဲ့ အခြား
ညစ်ညမ်းပစ္စည်းတွေကို စစ်ပေးရင်း လေကို -
2:15 - 2:18သန့်စင်စေကာရာသီဥတု ပြောင်းလဲမှုကို
ဆန့်ကျင်ရာမှာ မရှိမဖြစ် ဖြစ်စေတာပါ။ -
2:18 - 2:23လူ့လောကဟာ ဒီသစ်ပင်ဆိုင်ရာ အကျိုး
ကျေးဇူးတွေကို ဖော်ထုတ်နေတာ ရာစုချီပါပြီ။ -
2:23 - 2:27ဒါပေမဲ့ သစ်ပင်တွေဟာ မြို့တစ်မြို့ရဲ့အခြေခံ
အဆောက်အအုံရဲ့ ကျန်းမာရေးအတွက်အရေးပါရုံမက -
2:27 - 2:31၎င်းရဲ့နိုင်ငံသားတွေရဲ့ ကျန်းမာရေးမှာ
အဓိက ကဏ္ဍက ပါဝင်ပါတယ်။ -
2:31 - 2:36၁၈၇၀ နှစ်လွန်က Manhattan မှာ ကျွန်းပန်းခြံ
တွေ အပြင်မှာသစ်ပင် အနည်းပဲရှိခဲ့တယ်။ -
2:36 - 2:38အရိပ်ပေးတဲ့ သစ်ပင်တွေမရှိရင်
-
2:38 - 2:42အဆောက်အအုံတွေက ကြောက်စရာ
နွေရာသီ အပူလှိုင်းတွေအတွင်း -
2:42 - 2:45နေရောင်ခြည်ကို ကိုးဆအထိ ပိုစုပ်ယူတယ်။
-
2:45 - 2:48ဒီကာလရဲ့ ညံ့ဖျင်းတဲ့ မိလ္လာအဆင့်တွေနဲ့
ပေါင်းစပ်တဲ့ စိတ်လေးဖွယ်အပူက -
2:48 - 2:53မြို့ကို ကာလဝမ်းရောဂါလို ဘက်တီးရီးယား
တွေ ပေါက်ဖွားရာတွေ ဖြစ်စေတယ်။ -
2:53 - 2:58ခေတ်သစ်ကာလ Hong Kong မှာ မိုးမျှော်တိုက်
မြင့်တွေနဲ့ မြေအောက် အခြေခအဆောက်အအုံမှာ -
2:58 - 3:00သစ်ပင်တွေ ကြီးထွားဖို့ ခက်ခဲစေတယ်။
-
3:00 - 3:04ဒါက မြို့ရဲ့ ကြောက်ဖွယ်လိလိ ညံ့ဖျင်းတဲ့
လေထု အရည်အသွေးကို ဖြစ်စေတယ်။ -
3:04 - 3:08ဒါက ချောင်းဆိုးရင်ကျပ်နာနဲ့ ဆုတ်ယုတ်လာတဲ့
အဆုတ်လုပ်ဆောင်မှုကို ဖြစ်စေတယ်။ -
3:08 - 3:10သစ်ပင်တွေဟာ စိတ်ကျန်းမာရေးကိုလည်း
သက်ရောက်စေတယ်။ -
3:10 - 3:15အစိမ်းရောင်သစ်ရွက် ရှိတာက အာရုံစိုက်မှု
သက်တမ်းတွေကို တိုးစေပြီး စိတ်ဖိစီးမှုကို -
3:15 - 3:18လျော့စေတယ်လို့ လေ့လာမှုက ညွှန်ပြတယ်။
-
3:18 - 3:22အုတ်နံရံတွေရဲ့ မြင်ကွင်းတွေနဲ့ ာတွေဟာ
ဆေးရုံလူနသစ်ပင်တွေရဲ့ မြင်ကွင်းတွေနဲ့ -
3:22 - 3:26လူနာတွေထက် ပိုနှေးကွေးစွာ နေပြန်ကောင်း
တယ်လို့တောင် ပြသပါတယ်။ -
3:26 - 3:29ကံကောင်းချင်တော့ မြို့များစွာဟာ
ဒီလို မြင်ကွင်းတွေနဲ့ ပြည့်နေပြီး -
3:29 - 3:31ဒါက တိုက်ဆိုင်မှု မဟုတ်ပါ။
-
3:31 - 3:33၁၈ ရာစုလောက် စောစောကကို
-
3:33 - 3:38မြို့ပြစီမံကိန်း ဆွဲသူတွေဟာ မြို့ပြ သစ်ပင်
တွေရဲ့ အရေးပါမှုကို စတင် ကျင့်သုံးခဲ့တယ်။ -
3:38 - 3:43၁၇၃၃ မှာ Colonel James Oglethorpe က
ပန်းခြံတစ်ခုဆီ ၂ မိနစ်ထက် ပိုမလျှောက်ရတဲ့ -
3:43 - 3:48ရပ်ကွက် မရှိရေးကို သေချာစေဖို့ Savannah,
Georgia ရဲ့ မြို့တော်ကို အကွက်ချခဲ့တယ်။ -
3:48 - 3:54ဒုတိယ ကမ္ဘာစစ်နောက် Copenhagen က လမ်း ၅ ခု
ပါတဲ့ တည်ဆောက်မှု အသစ်ကို ညွှန်ကြားတယ်။ -
3:54 - 3:57တစ်ခုစီကို ပန်းခြံတစ်ခုကြားမှာ ညှပ်တယ်။
-
3:57 - 3:59ဒီအဆင်အပြင်က ညစ်ညမ်းမှုနဲ့
သဘာဝ ဘေးတွေမှာ -
3:59 - 4:01မြို့ရဲ့ ခံနိုင်ရည်ရှိမှုကို တိုးစေတယ်။
-
4:01 - 4:04မြို့ပြသစ်ပင်တွေဟာ လူတွေကို
အကျိုးရှိစေရုံမကပါဘူး။ -
4:04 - 4:08Portland ရဲ့ Forest Park ဟာ ဒေသရဲ့
သဘာဝ ဇီဝစုံလင်မှုကို ထိန်းသိမ်းပေးတယ်။ -
4:08 - 4:11မြို့ကို ဒေသတွင်း အပင်မျိုးစုံ၊
ကျေးငှက်မျိုးစိတ်တွေနဲ့ -
4:11 - 4:16နို့တိုက်သတ္တဝါ မျိုးစိတ်
၆၂ မျိုးအတွက် အိမ်ရာဖြစ်စေတယ်။ -
4:16 - 4:20ဘယ်မြို့မှ Singapore ထက် သစ်ပင်တွေကို
နှစ်မြှပ်ထားတာ မရှိဘူး။ -
4:20 - 4:26၁၉၆၇ ကတည်းက Singapore အစိုးရဟာ
အပင် ၁.၂ သန်းကျော် စိုက်ပျိုးခဲ့တယ်။ -
4:26 - 4:32supertrees လို့ခေါ်တဲ့ ထောင်လိုက်
ဥယျာဉ်တွေ အပါအဝင်တွေပါ။ -
4:32 - 4:36ဒီတည်ဆောက်မှုတွေဟာ ၎င်းတို့ကိုယ်တိုင်နဲ့
နေရောင်ခြည် စွမ်းအင်နဲ့ စုထားတဲ့ မိုးရေနဲ့ -
4:36 - 4:39အနီးက မှန်လုံဆောင်တွေကို အကျိုးပြုတယ်။
-
4:39 - 4:44သစ်ပင်တွေနဲ့ သဘာဝပေါက်ပင်တွေက Singapore
မြေထုရဲ့ ၅၀% ကို လက်ရှိ ဖုံးထားတယ်။ -
4:44 - 4:46လေအေးပေးစက် လိုအပ်မှုကို လျှော့ချပြီး
-
4:46 - 4:49ညစ်ညမ်းမှု နိမ့်တဲ့ သယ်ယူပို့ဆောင်ရေးကို
အားပေးတယ်။ -
4:49 - 4:55၂၀၅၀ မတိုင်မီ ကမ္ဘာ့ ၆၅%ကျော်ဟာ မြို့ကြီး
တွေမှာ နေထိုင်လိမ့်မယ်လို့ ခန့်မှန်းတယ်။ -
4:55 - 4:59မြို့ပြစီမံကိန်းဆွဲသူတွေက ပတ်ဝန်းကျင်
သဟဇာတဖြစ်တဲ့ အုတ်မြစ်ကို ချနိုင်ပေမဲ့ -
4:59 - 5:02ဒါတွေကို လူသားတွေ အတွက်သာမက
ဂေဟာရိပ်သာအဖြစ် ဖန်တီးဖို့ကတော့ -
5:02 - 5:05ဒီမြို့ပြ သစ်တောတွေမှာ နေထိုင်တဲ့
လူတွေအပေါ် မူတည်ပါတယ်။
- Title:
- မြို့ကြီးတစ်မြို့ထဲက သစ်ပင်အားလုံးကို ခုတ်လှဲလိုက်ရင် ဘာဖြစ်သွားမလဲ။ Stefan Al
- Speaker:
- Stefan Al
- Description:
-
သင်ခန်းစာအပြည့်အစုံကို https://ed.ted.com/lessons/what-happens-if-you-cut-down-all-of-a-city-s-trees-stefan-al တွင် ကြည့်ရှုပါ။
၂၀၅၀ မတိုင်မီမှာ ကမ္ဘာ့လူဦးရေ ၆၅ ရာခိုင်နှုန်းကျော်ဟာ မြို့ကြီးတွေမှာ နေထိုင်ကြလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ သဘာဝဟာ ကျွန်ုပ်တို့ရဲ့ ကျေးလက် နေရာလွတ်တွေနဲ့ အဆက်အစပ်မရှိတော့ဘူးလို့ ထင်လောက်ပေမဲ့ သစ်ပင်တွေဟာ အောင်မြင်တဲ့ မြိုကြီးတွေအတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ လူ့လောကဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီက မြို့ကြီးတွေကို ဖန်တီးကတည်းက ဒီသစ်ပင်ဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ထုတ်နေခဲ့တာပါ။ ဒီတော့ အောင်မြင်တဲ့ မြို့ကြီးတစ်မြို့ရဲ့ ရှင်ကျန်မှုအတွက် သစ်ပင်တွေကို ဒီလောက် အရေးပါကြတာ ဘာကြောင့်များလဲ။
သင်ခန်းစာကို Stefan Al က ဖန်တီးပြီး Mette Ilene Holmriis က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:05
![]() |
sann tint approved Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
Myo Aung accepted Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
Myo Aung edited Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
sann tint edited Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
sann tint edited Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
sann tint edited Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
sann tint edited Burmese subtitles for What happens if you cut down all of a city's trees? | |
![]() |
sann tint edited Burmese subtitles for What happens if you cut down all of a city's trees? |