သင့်ကလေးများကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု
-
0:00 - 0:05"သင့်ကလေးတွေကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု" အကြောင်း ဟောပြောပွဲမှ ကြိုဆိုပါတယ်
-
0:05 - 0:07ကျွန်တော့်မှာ ကလေးမရှိပါဘူး
-
0:07 - 0:09ဒါကြောင့် သူငယ်ချင်းတွေရဲ့ ကလေးတွေကို ကျွန်တော် ငှားရတယ်
-
0:09 - 0:12(ရယ်မောသံများ)
-
0:13 - 0:15အခုပြောမယ့် အကြံဥာဏ်တွေကို စဉ်းစားချင့်ချိန်ပြီး လက်ခံကြပါ
-
0:15 - 0:18ကျွန်တော်က ဂီဗာ တာလီပါ
-
0:18 - 0:22ကျွန်တော့် အသက်မွေးဝမ်းကျောင်းကတော့ ကွန်ပျူတာ ပညာရှင်ပါ
-
0:22 - 0:27ဒါပေမယ့် ကျွန်တော်က လက်တွေ့သင်တန်းကျောင်းလို့ ခေါ်တဲ့ဟာကို တည်ထောင်ခဲ့သူပါ
-
0:27 - 0:30အဲဒါက နွေရာသီမှာလုပ်တဲ့ အစီအစဉ် တစ်ခုပါ၊ ရည်ရွယ်တာကတော့ ကလေးတွေကို
-
0:30 - 0:33သူတို့စဉ်းစားမိတဲ့ဟာတွေကို ဘယ်လိုတည်ဆောက်ရတယ်ဆိုတာ လေ့လာနိုင်အောင် အထောက်အကူပေးဖို့ပါ
-
0:33 - 0:35ဒါကြောင့် ကျွန်တော်တို့ အများကြီး တည်ဆောက်ဖြစ်ပါတယ်
-
0:35 - 0:38၂-တန်းကျောင်းသားလေးတွေ လက်ထဲကို ကျွန်တော်က ဆောက်လုပ်ရေး ကိရိယာတွေ ထည့်ပေးလိုက်တာ
-
0:38 - 0:42ဒါကြောင့် ခင်ဗျားတို့က ကိုယ့်ကလေးကို လက်တွေ့သင်တန်းကျောင်းကို ပို့ဖို့ စဉ်းစားနေတယ်ဆိုရင်
-
0:42 - 0:45သူတို့တွေ အဖုအပိန့်တွေ၊ ခြစ်ရာတွေ၊ သွေးသံတွေနဲ့ ပြန်လာမှာနော်
-
0:47 - 0:49သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက
-
0:49 - 0:53ပိုမိုတင်းကြပ်လာတဲ့ ကလေးသူငယ် ဆိုင်ရာ လုံခြုံရေး စည်းကမ်းတွေရှိနေတယ်
-
0:53 - 0:59ဒါနဲ့ပတ်သက်လို့ အကန့်အသတ်ရှိမယ့်ပုံမပေါ်ပါဘူး
-
0:59 - 1:01ကလေးသူငယ် ဆိုင်ရာ လုံခြုံရေး စည်းကမ်းတွေကို ဘယ်လောက်ထိ ရူးရူးသွပ်သွပ်ထားကြမယ်ဆိုတာကိုပေါ့
-
1:01 - 1:06ကျွန်တော်တို့ ပလတ်စတစ် ဖလင်အပိုင်းအစတိုင်းမှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်တယ်ဆိုတဲ့ သတိပေးချက်ကို ရေးထားကြတယ်
-
1:06 - 1:08အမေရိကန်ကထုတ်တဲ့ဖလင်ပဲဖြစ်ဖြစ် ရောင်းတဲ့ဖလင်ပဲဖြစ်ဖြစ်
-
1:08 - 1:10အမေရိကန်မှာ တခြားဟာတခုနဲ့ တွဲရောင်းတဲ့ဖလင်ပဲဖြစ်ဖြစ်ပေါ့
-
1:10 - 1:13ကျွန်တော်တို့ ကော်ဖီခွက်တွေမှာ ကျွန်တော်တို့ကို သတိပေးနိုင်အောင်
-
1:13 - 1:16"အထဲမှာရှိသောအရာသည် အပူလောင်နိုင်သည်" လို့ ရေးထားတတ်ကြတယ်
-
1:16 - 1:20ပြီးတော့ ကျွန်တော်တို့ ဒီလိုလဲ တွေးချင်တွေးနေကြဦးမှာ
-
1:20 - 1:22ဂေါက်ရိုက်ဘောလုံးထက် ပို၍ချွန်ထက်သောအရာသည်
-
1:22 - 1:24၁၀-နှစ်အောက် ကလေးများအတွက် အလွန် ချွန်ထက်သည်ပေါ့
-
1:24 - 1:28အဲဒီတော့ ဒီလမ်းကြောင်း ဘယ်မှာ ရပ်သွားသလဲ?
-
1:28 - 1:33ကျွန်တော်တို့ ထောင့်တိုင်းကို ၀ိုင်းပစ်မယ်၊ ချွန်ထက်တဲ့အရာမှန်သမျှ ဖယ်ရှားပစ်မယ်
-
1:33 - 1:35လောကမှာ ရှိသမျှ ချောင်ကြိုချောင်ကြားကဟာမကျန် ဖယ်ရှားပစ်မယ်ဆိုရင်
-
1:36 - 1:40ကလေးတွေ ပထမဆုံးအကြိမ် ချွန်ထက်တဲ့အရာတွေနဲ့
-
1:40 - 1:43ဒါမှမဟုတ် အနားဝိုင်းပလတ်စတစ်နဲ့ လုပ်ထားတာမဟုတ်တဲ့ အရာတွေနဲ့ ထိမယ်ကိုင်မယ်ဆိုရင်
-
1:43 - 1:45သူတို့တွေ အဲဒီပစ္စည်းတွေကြောင့် ထိခိုက်နာကြင်ကုန်တော့မှာပေါ့
-
1:46 - 1:52ဒါကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့ ကန့်သတ်ဘောင်ဖြစ်တဲ့ လုံခြုံစိတ်ချရတယ်ဆိုတဲ့ဇုံဟာ
-
1:52 - 1:58တဖြည်းဖြည်းသေးလာလေ၊ ကျွန်တော်တို့ ကလေးတွေအတွက် အဖိုးတန် အခွင့်အရေးတွေဖြစ်တဲ့
-
1:58 - 2:00သူတို့ ၀န်းကျင်ကမ္ဘာနဲ့ ဘယ်လို တုံ့ပြန်ပြုမူမယ်ဆိုတဲ့ လေ့လာသင်ယူခွင့်ကို ဖြတ်တောက်ပစ်နေတာပဲပေါ့
-
2:01 - 2:05ကျွန်တော်တို့ ဘယ်လောက်ပဲ အစွမ်းကုန် အင်အားစိုက်စိုက်၊ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းတွေရှိရှိ
-
2:05 - 2:06ကလေးတွေက လျှောက်လက်တည့်စမ်းကြမှာပါပဲ
-
2:06 - 2:09အန္တရာယ်အရှိဆုံးအရာကို သူတို့စွမ်းသလောက် ဘယ်လိုလုပ်မလဲပေါ့
-
2:09 - 2:11သူတို့ဖာသာ ဘယ် ပတ်ဝန်းကျင်မှာပဲ ရှိနေနေပေါ့
-
2:12 - 2:18ခေါင်းစဉ်က ဆွပေးသလိုဖြစ်နေပေမယ့် ဒီ ဆွေးနွေးတင်ပြမှုက တကယ့်တော့ လုံခြုံရေးအကြောင်းနဲ့
-
2:19 - 2:23တစ်ချို့ ရိုးရှင်းတဲ့ ကျွန်တော်တို့လည်းလုပ်ပေးနိုင်တဲ့
-
2:23 - 2:29ကျွန်တော်တို့ကလေးတွေ ဆန်းသစ်တီထွင်တတ်အောင် ယုံကြည်စိတ်ရှိအောင်
-
2:29 - 2:31သူတို့အနီးအနားက ပတ်ဝန်းကျင်ကို ထိန်းချုပ်တတ်အောင် မြေတောင်မြှောက်ပေးဖို့အကြောင်းတွေပါ
-
2:32 - 2:37အခုကျွန်တော် ခင်ဗျားတို့ကို တင်ပြနေတာက ရေးနေဆဲဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲက ကောက်နှုတ်ထားတာပါ
-
2:38 - 2:40စာအုပ်ကိုတော့ ''အန္တရာယ်ရှိတဲ့ အရာ ၅၀" လို့ခေါ်ပါတယ်
-
2:40 - 2:42ဒါက အန္တရာယ်ရှိတဲ့ အရာ ၅-ခုပါ
-
2:42 - 2:45နံပါတ်တစ် အရာကတော့ -- မီးနဲ့ကစားပါတဲ့
-
2:45 - 2:50သဘာဝရဲ့ အခြေခံအကျဆုံး အင်အားတွေထဲက တစ်ခုကို ထိန်းချုပ်ဖို့ လေ့လာခြင်းဟာ
-
2:50 - 2:54ကလေးတိုင်းရဲ့ တစ်ကိုယ်ရည် သမိုင်းမှာ အခရာကျတဲ့ အခါကာလပါပဲ
-
2:54 - 2:56ကျွန်တော်တို့ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ
-
2:56 - 2:59ဒါဟာ ကျွန်တော်တို့ ပထမဆုံးအကြိမ်အနေနဲ့
-
2:59 - 3:02ဒီဆန်းကြယ်တဲ့ အရာတွေထဲကတစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်
-
3:02 - 3:04ဒီ ဆန်းကြယ်မှုတွေဟာ
-
3:04 - 3:06သူတို့နဲ့ ကစားဖို့ အခွင့်အလမ်းရတဲ့သူတွေအတွက်ပဲ အဖြေရှိတာပါ
-
3:06 - 3:09အဲဒါကြောင့် မီးနဲ့ကစားရခြင်းပါ
-
3:09 - 3:15ဒါက ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြီးကျယ်တဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ မီးလိုပါပဲ
-
3:15 - 3:18မီးနဲ့ကစားခြင်းအားဖြင့် သူတို့တွေ မီးအကြောင်း အခြေခံ စည်းမျည်းတွေ၊
-
3:18 - 3:22မီးသုံးတဲ့ပမာဏတွေ၊ ပေါက်ကွဲလောင်ကျွမ်းတာတွေ၊ မီးပြန်စွန့်ထုတ်တာတွေကို သိသွားမယ်
-
3:22 - 3:24ဒါတွေဟာ မီးရဲ့ ပတ်သက်နေတဲ့ အစိတ်အပိုင်း ၃-ခုပါပဲ
-
3:24 - 3:27ဒါတွေကို ခင်ဗျားတို့က ကောင်းကောင်း ထိန်းချုပ်တတ်ရမယ်
-
3:27 - 3:32ဖွင့်ထားတဲ့ မီးရှို့ဇကာထဲက မီးကို လက်တွေ့စမ်းသပ်ခန်းလို စဉ်းစားရင်
-
3:32 - 3:34အဲဒါနဲ့ ကစားလို့ ကလေးတွေ ဘာသိသွားမလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး
-
3:34 - 3:39အဲဒါကို သူတို့ဖာသာ ကလိခွင့်ပေးလိုက်ပါ၊ ကျွန်တော်ပြောတာကိုယုံ
-
3:40 - 3:42သူတို့တွေ သိသွားလိမ့်မယ်
-
3:42 - 3:47စူးစမ်းရှာဖွေသူ ဒိုရာလို အရုပ်တွေနဲ့ ကစားလို့မရနိုင်တဲ့ အကျိုးတရားတွေပေါ့
-
3:48 - 3:51နံပါတ် နှစ် ကတော့ အိတ်ဆောင်ဓါးတစ်ချောင်း ပိုင်ထားဖို့ပါ
-
3:51 - 3:55အိတ်ဆောင်ဓါးတွေဟာ ကျွန်တော်တို့ ယဉ်ကျေးမှုအသိကနေ တရွတ်ဆွဲ ထွက်ခွာနေကြပါပြီ
-
3:56 - 3:58ဒါကို ကျွန်တော်ကတော့ ဆိုးဝါးတဲ့ကိစ္စလို့ထင်မိတယ်
-
3:58 - 4:01(ရယ်မောသံများ)
-
4:02 - 4:07ခင်ဗျားရဲ့ အိတ်ဆောင်ဓါးဟာ ခင်ဗျားကို လက်ဆောင်ပေးလိုက်တဲ့ ပထမဆုံး စွယ်စုံသုံး ကိရိယာတစ်ခုပါ
-
4:07 - 4:10အဲဒါဟာ ယောက်မဆိုလည်းဟုတ်တယ်၊ ကလော်တဲ့တုတ်ဆိုလည်းဟုတ်တယ်
-
4:10 - 4:13အဲဒါဟာ ၀က်အူလှည့်ဖြစ်သလို၊ အဲဒါဟာ ဓါးမလည်းဖြစ်ပါတယ်
-
4:13 - 4:18အဲဒါဟာ အစွမ်းထက်တဲ့၊ အစွမ်းတွေကိုပေးတဲ့ ကိရိယာတစ်ခုပါပဲ
-
4:18 - 4:21ယဉ်ကျေးမှုတော်တော်များများမှာ သူတို့တွေက ဓါးကိုပေးကြတယ်
-
4:21 - 4:23သူတို့ လမ်းလျှောက်တတ်ကာစကလေးအရွယ်ရောက်တာနဲ့ သူတို့မှာ ဓါးတွေ ရှိနေပြီ
-
4:23 - 4:27ဒါတွေက အင်းနူဝစ် (အက်စကီးမိုးလူမျိုးနွယ်တစ်မျိုး) ကလေးလေးတွေ ဝေလငါးအဆီ လှီးနေကြတာပါ
-
4:27 - 4:31ဒါကို ကျွန်တော် ၁၀-နှစ်သားတုန်းက ကနေးဒီးယန်း ရုပ်ရှင်ပွဲတော်မှာ ပထမဆုံး ကြည့်ခဲ့ဖူးတာ
-
4:31 - 4:35ကလေးတွေ ဓါးတွေနဲ့ ကစားနေတာကို တွေ့ရတာ မပျောက်နိုင်အောင်ပဲ စိတ်ထဲစွဲထင်ကျန်နေတယ်
-
4:35 - 4:39ကလေးတွေဟာ "မိမိ" ဆိုတဲ့ ဆင့်ပွားအသိကို မွေးမြူနိုင်တယ်ဆိုတာ ဒီဟာကနေ ပြောပြနေတယ်
-
4:39 - 4:41နုနယ်တဲ့အရွယ်မှာ ပစ္စည်းကိရိယာတစ်ခုကနေတဆင့်ပေါ့
-
4:41 - 4:43ခင်ဗျားတို့သာ ရိုးရှင်းတဲ့ စည်းမျည်းလေး ၂-ခုလောက် ချထားလိုက်
-
4:44 - 4:49ခန္ဒာကိုယ်နဲ့ဝေးတဲ့နေရာကနေ လှီးဖြတ်ဖို့၊ အသွားကို မြိနေအောင်ထားဖို့၊ အားနဲ့မသုံးဖို့
-
4:49 - 4:52ဒါတွေက ကလေးတွေ နားလည်နိုင်၊ လိုက်နာလေ့ကျင့်နိုင်တဲ့ ကိစ္စတွေပါ
-
4:52 - 4:53သူတို့ဖာသာ ရှမိတာမျိုးတွေလည်း ရှိမှာပါပဲ
-
4:53 - 4:56ကျွန်တော့်ခြေထောက်မှာ ဆိုးဝါးတဲ့ အမာရွတ်တွေရှိတယ်၊ ကျွန်တော့်ဖာသာ ထိုးမိတာ
-
4:57 - 4:59ဒါပေမယ့် ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကလေးတွေက ငယ်တော့ ရှရင် ပျောက်တာမြန်တယ်
-
4:59 - 5:03(ရယ်မောသံများ)
-
5:03 - 5:05နံပါတ် သုံး -- ကတော့ လှံပစ်ခြင်းပါ
-
5:06 - 5:10ကျွန်တော်တို့ရဲ့ ဦးဏှောက်က တကယ်တော့ ပစ္စည်းပစ္စယတွေကို ပစ်ခတ်ဖို့ချိတ်သွယ်ထားသလိုဖြစ်နေတယ်
-
5:10 - 5:15ကြွက်သားတွေလိုပါပဲ၊ ဦးဏှောက်ရဲ့ အစိတ်အပိုင်းတွေကို အသုံးမပြုရင်
-
5:15 - 5:17အချိန်ကြာလာလေ ကြုံ့လာပျက်ဆီးလာလေပဲ
-
5:18 - 5:21ဒါပေမယ့် အဲဒီကြွက်သားတွေကို လေ့ကျင့်ပေးမယ်ဆိုရင်
-
5:21 - 5:23ရှိသမျှကြွက်သားတွေက စနစ်တစ်ခုလုံးကို ကြံ့ခိုင်မှုပေးပါတယ်
-
5:23 - 5:25ခင်ဗျားတို့ရဲ့ဦးဏှောက်လည်း ဒီသဘောတရားအတိုင်းပါပဲ
-
5:26 - 5:30ဒါကြောင့် ပစ္စည်းတွေပစ်တာကို လေ့ကျင့်ပေးခြင်းအားဖြင့်
-
5:30 - 5:33ဦးဏှောက်ရဲ့ အရှေ့ခြမ်းနဲ့ ဦးဏှောက်လုံးခြမ်းတွေရဲ့ အလယ်ပိုင်းတွေကို လှုံ့ဆော်ပေးတယ်ဆိုတာ ပြထားတာတွေရှိပါတယ်
-
5:33 - 5:38ဦးဏှောက်ရဲ့ အဲဒီအပိုင်းတွေက မျက်စိအာရုံ နဲ့ သုံးဘက်မြင်သဘောကို နားလည်းခြင်း
-
5:38 - 5:43စနစ်တကျပုံဖော်ထားတဲ့ ပြဿနာဖြေရှင်းခြင်း တွေနဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ဖြစ်နိုင်ခြေတော့ ရှိပါတယ်
-
5:43 - 5:47ဒါဟာ သူတို့ကို အမြင်ဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ သူတို့ရဲ့ ခန့်မှန်းတွက်ချက်နိုင်စွမ်းတွေ ဖွံ့ဖြိုးလာဖို့ အကူအညီပေးတယ်
-
5:48 - 5:53ပစ်တယ်ဆိုတာ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ခန္ဓာကိုယ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ထားတာပါ
-
5:53 - 5:57ဒါကြောင့် ဒီလို တစ်ကိုယ်လုံးသုံးရတဲ့ လေ့ကျင့်မှုဟာ အရမ်းကောင်းပါတယ်
-
5:57 - 6:03ဒီလို ပစ်မှတ်ကိုအခြေခံတဲ့ လေ့ကျင့်မှုတွေဟာ
-
6:03 - 6:08ကလေးတွေအတွက် အလေးပေးခြင်းနဲ့ အာရုံစူးစိုက် ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးလာဖို့ အကူအညီပေးပါတယ်
-
6:08 - 6:10ဒါတွေဟာ ကောင်းပါတယ်
-
6:10 - 6:14နံပါတ် လေး -- ကတော့ အိမ်သုံးပစ္စည်းတွေကို ဖြုတ်ခြင်းပါ
-
6:14 - 6:18ခင်ဗျားတို့ရဲ့ ပန်းကန်ဆေးစက်ထဲမှာ စိတ်ဝင်စားစရာအရာတွေရဲ့ ကမ္ဘာတစ်ခု ရှိပါတယ်
-
6:18 - 6:23နောက်ခင်ဗျားတို့ အိမ်ကပစ္စည်းတစ်ခုခုကို လွှင့်ပစ်တော့မယ်ဆိုရင် အဲဒါကို မပစ်လိုက်ပါနဲ့ဦး
-
6:23 - 6:26ခင်ဗျားတို့ရဲ့ကလေးနဲ့ အဲဒါကို တစ်စချင်းဖြုတ်ပါ၊ ဒါမှမဟုတ် ကလေးကို ကျွန်တော့်ကျောင်းကို ပို့လိုက်ပါ
-
6:26 - 6:28ကျွန်တော်တို့က ကလေးတွေနဲ့အတူ အဲဒါကို တစ်စခြင်းဖြုတ်ပေးပါမယ်
-
6:28 - 6:30ဘယ်အစိတ်အပိုင်းက ဘာလဲဆိုတာ မသိခဲ့ရင်တောင်
-
6:30 - 6:33အဲဒါတွေက ဘာအတွက်များလဲလို့ ပဟေဠိအဖြေညှိနေတာဟာ
-
6:33 - 6:36ကလေးတွေအတွက် တကယ့်ကို အလေ့အထကောင်းတစ်ခုပါ
-
6:36 - 6:42သူတို့ ပစ္စည်းတွေကို ဖြုတ်တတ်တယ်ဆိုတဲ့ အသိတစ်မျိုး ရလာတယ်
-
6:42 - 6:44ပစ္စည်းတွေက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ
-
6:44 - 6:48အဲဒါတွေရဲ့ တစ်ချို့အစိတ်အပိုင်းတွေကိုတော့ သူတို့နားလည်းတယ်၊ ဒါက နောက်ဆုံးမှာ
-
6:48 - 6:50သူတို့ အားလုံးကို နားလည်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်ပါတယ်
-
6:50 - 6:53ဒါဟာ တစ်ခုခုကို သိထားလို့ရတယ်ဆိုတဲ့ သိနိုင်စွမ်း အာရုံတစ်မျိုးပါ
-
6:54 - 6:57ကျွန်တော်တို့အိမ်မှာ ရှိနေတဲ့၊ စိတ်ချရပါတယ်လို့ ယူဆထားတဲ့ ဒီအမဲရောင်သေတ္တာတွေဟာ
-
6:57 - 7:01တကယ်တော့ တခြားလူတွေကလုပ်ထားတဲ့ ရှုပ်ထွေးတဲ့ ပစ္စည်းတွေပါ
-
7:01 - 7:03ဒါကို ခင်ဗျားတို့ နားလည်နိုင်နေတာပဲ
-
7:03 - 7:07နံပါတ် ငါး -- ကတော့ နှစ်ခုပွားဖို့ပါ
-
7:07 - 7:09သက္ကရာဇ် ၂၀၀၀ ဒီဂျစ်တယ် မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်ပါတဲ့
-
7:09 - 7:12(ရယ်မောသံများ)
-
7:12 - 7:15လုံခြုံရေးဆိုင်ရာ စည်းကမ်းတွေထက်
-
7:15 - 7:18ကျွန်တော်တို့ပိုင်တဲ့ ပစ္စည်းတွေကို ဘယ်လို တုံ့ပြန်ပြုမူခွင့်ပဲရှိရမယ်လို့ ကန့်သတ်ဖို့ကြိုးစားထားတဲ့ တခြားဥပဒေတွေ ရှိပါသေးတယ်
-
7:18 - 7:20ဒီကိစ္စမှာတော့ ဒီဂျစ်တယ် မီဒီယာ ပစ္စည်းတွေကို ပြောတာပါ
-
7:21 - 7:28ဒါကို လုပ်ပုံလုပ်နည်းက ရိုးရှင်းပါတယ်၊ iTunes ကနေ သီချင်းတစ်ပုဒ်ဝယ်ပြီး CD ထဲ ကူးလိုက်
-
7:28 - 7:31ပြီးရင် CD ကို MP3 သီချင်းအနေနဲ့ ထုတ်ယူလိုက်၊ ပြီးရင် ဒီကွန်ပျူတာမှာပဲ ပြန်ဖွင့်နားထောင်
-
7:31 - 7:33ဒါဆို ခင်ဗျားတို့ ဥပဒေတစ်ခုကို ချိုးဖောက်လိုက်တာပဲ
-
7:33 - 7:37နည်းပညာဆန်ဆန်ပြောရရင် အမေရိက အသံသွင်းလုပ်ငန်းအဖွဲ့က ခင်ဗျားကို လာပြီးဒုက္ခပေးလို့ရတယ်
-
7:37 - 7:39ဒါဟာ ကလေးတွေနားလည်ထားသင့်တဲ့ အရေးကြီး သင်ခန်းစာတစ်ခုပါ
-
7:39 - 7:43ဒီလို ဥပဒေတွေကို မတော်တဆ ချိုးဖောက်လိုက်မိနိုင်တယ်ဆိုတာ
-
7:43 - 7:45ဒါကြောင့် ဥပဒေတွေရဲ့ ဆိုလိုရင်းကို အဓိပ္ပာယ်ကောက်ရတယ်ဆိုတာတွေပေါ့
-
7:45 - 7:48ဒါက ကျွန်တော်တို့ ကလေးတွေနဲ့ ပြောလေ့ရှိတဲ့ဟာပါ
-
7:48 - 7:52ကျွန်တော်တို့ ပစ္စည်းတွေကို ကလိပြီး ခွဲနေဖွင့်နေတဲ့အခါမျိုး
-
7:52 - 7:55တစ်စခြင်းဖြုတ်ပစ်ပြီး တခြားဟာတွေမှာ သုံးတဲ့အခါမျိုးနဲ့
-
7:55 - 8:00အပြင်သွားဖို့ ကားမောင်းတဲ့အခါမျိုးတွေမှာပေါ့
-
8:01 - 8:05ကားမောင်းတယ်ဆိုတာ တကယ်တော့ ကလေးငယ်တစ်ယောက်အတွက် လုပ်ပိုင်ခွင့်အာဏာပေးတဲ့ အပြုအမူပါပဲ
-
8:05 - 8:07ဒါဟာ အကြီးမားဆုံးပါပဲ
-
8:07 - 8:09(ရယ်မောသံများ)
-
8:09 - 8:13ခင်ဗျားတို့က ဒါကို ဥပဒေကို ချိုးဖောက်နေတာပါပဲဆိုပြီး စိတ်မသက်မသာဖြစ်နေတယ်ဆိုရင်တော့
-
8:13 - 8:16ခင်ဗျားတို့ ကိုယ့်ကလေးနဲ့ ကားမောင်းလို့ရပါတယ်
-
8:16 - 8:19ဒါဟာ ကလေးတစ်ယောက်အတွက် ကြီးကြယ်တဲ့ အဆင့်တစ်ခုပါပဲ
-
8:19 - 8:21ဒါမျိုးဟာ ဘယ်အချိန်မျိုးမှာ ဖြစ်တတ်သလဲဆိုတော့
-
8:21 - 8:24သူတို့ ဒိုင်နိုဆောလို အကောင်မျိုးပေါ်ကို တွယ်ကပ်တက်တဲ့အခါမျိုးမှာပေါ့
-
8:24 - 8:26အပြင်လောက က ဒီ အကောင်ကြီးတွေကို
-
8:26 - 8:28သူတို့က မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်အောင် ကြိုးစားကြတယ်
-
8:28 - 8:33ကားဆိုတာလဲ အလားတူ ဟာမျိုးပါပဲ၊ သူတို့ ကားပေါ်တက်ပြီး မောင်းနိုင်တာပဲ
-
8:33 - 8:37အဲဒါဟာ ဘာနဲ့တူလဲဆိုတော့... သူတို့ကို ကမ္ဘာတစ်ခုကို ကိုင်တွယ်ထိန်းချုပ်ခွင့်ပေးလိုက်သလိုပဲ
-
8:37 - 8:42သူတို့ ထိန်းချုပ်မှာမဟုတ်တဲ့... သူတို့ ထိတွေ့အသုံးပြုခွင့်မရတဲ့ ကမ္ဘာတစ်ခုပေါ့
-
8:42 - 8:44ဒါက တကယ်တော့ တရားဝင်ပါတယ်
-
8:44 - 8:46နေရာအလွတ်ခပ်ကျယ်ကျယ်ကိုရှာ၊ အထဲမှာ ဘာမှမရှိဖို့တော့ သေချာအောင်လုပ်ပါ
-
8:46 - 8:50ဒါက ကိုယ်ပိုင် အိမ်ဝင်းထဲမှာ၊ ခင်ဗျားကားကို သူတို့ကို မောင်းခွင့်ပေးလိုက်ပါ
-
8:50 - 8:52တကယ်တော့ အန္တရာယ်ကင်းပါတယ်
-
8:52 - 8:54ပြီးတော့ တမိသားစုလုံးအတွက်လဲ ပျော်စရာကြီးပါ
-
8:54 - 8:56(ရယ်မောသံများ)
-
8:56 - 8:58အဲဒီတော့၊ ကြည့်လိုက်ဦးမယ်
-
8:58 - 9:01ဒီလောက်ပါပဲ၊ ဒါဆိုရင်တော့ နံပါတ်-၅ နဲ့ တစ်ဝက်ဖြစ်သွားပြီ၊ ရပါပြီ
- Title:
- သင့်ကလေးများကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု
- Speaker:
- Gever Tulley
- Description:
-
လက်တွေ့သင်တန်းကျာင်းကို တည်ထောင်သူ ဂီဗာ တာလီက သင့်ကလေးများကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု ကို ပြောပြလိုက်ပါတယ်။ TED University ၂၀၀၇ မှ ပြန်လည် ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 09:01
![]() |
Myo Aung edited Burmese subtitles for 5 dangerous things you should let your kids do | |
![]() |
TED edited Burmese subtitles for 5 dangerous things you should let your kids do | |
![]() |
TED edited Burmese subtitles for 5 dangerous things you should let your kids do | |
![]() |
TED edited Burmese subtitles for 5 dangerous things you should let your kids do | |
![]() |
Maung Maung added a translation |