-
၂၀၁၉ ခုနှစ် မတ်လတုန်းက
-
ပြင်းထန်တဲ့ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းတို့က
-
အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာပြည်နယ်၊ ဂျာယာပူလာမြို့ကို ရိုက်ခတ်ခဲ့ပြီး
-
ပါပူအာ မြော်လင့်ခြင်း ဓမ္မကောလိပ်ရဲ့ ကျောင်းဝန်းကို မြိုပစ်ခဲ့ပါတယ်။
-
ဒီကပ်ဘေးကြောင့် လူဒါဇင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး
-
လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး
-
အခြေခံအဆောက်အဦးနှင့် ပညာရေးဆိုင်ရာ ပရိုဂရမ်များကို ပြန်လည်
-
တည်ဆောက်နေတဲ့အချိန်အတွင်း ကျောင်းကို ယာယီနေရာသို့ ပြောင်းရွှေ့ခိုင်းစေခဲ့ပါတယ်။
-
ဒီလိုအခြေအနေရှိပေမဲ့လည်း
-
ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် ကောင်းချီးများကြောင့် ကျောင်းကို ဆက်လက်လည်ပတ်နိုင်စေခဲ့ပါတယ်။
-
“ဒီကျောင်းဝန်းက ကျောင်းသူကျောင်း သားတွေက နေရာအမျိုးမျိုးကနေ လာကြပါတယ်။
-
တချို့က ပါပူအာပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေကနေလာကြတယ်။
-
တောင်တွေ၊
-
ကမ်းရိုးတန်းဒေသက လာတဲ့သူတွေလဲ ရှိပါတယ်။"
-
လက်ရှိကတော့ ကောလိပ်မှာ ကျောင်းသူကျောင်းသား ( ၂၂) ယောက် နှင့် ဆရာ၊ ဆရာမ (၁၈) ယောက် ရှိပါတယ်။
-
ကပ်ဘေးတွေကြောင့် နေရာရွှေ့ပြောင်းရတဲ့အတွက်
-
ကျောင်းသူကျောင်းသား အရေအတွက်က ပိုလျော့ကျလာပါတယ်။
-
“ကျွန်မတို့ ကျောင်းဝန်းက သေးငယ်ပေမဲ့ ကျွန်မတို့ရဲ့ ပါမောက္ခတွေကတော့ ထူးချွန်ပါတယ်။
-
သမ္မာကျမ်းစာအကြောင်းကို လေးလေးနက်နက်နှင့် သင်ကြားပေးကြပါတယ်။
-
"ကျွန်တော် STTP မှာ ကျောင်းတက်ဖို့ ဆုံး ဖြတ်ရတဲ့ အကြောင်းအရင်းကတော့
-
ကျွန်တော်တို့ အနာဂတ်တွင် တော်၊တတ်တဲ့
သင်းအုပ်ဆရာသမား ဘယ်လိုဖြစ်လာရမလဲ သင်ကြားပေးတဲ့အတွက်ကြောင့်ပါ"
-
ဒီကောလိပ်က ကျောင်းသူကျောင်းသားတွေကို
ဆွဲဆောင်တဲ့ ထူးခြားတဲ့တန်ဖိုးတစ်ခုရှိပါတယ်။
-
“ဒီကျောင်းဝန်းထဲမှာ ကျောင်းသူကျောင်းသားနှင့်ဆရာသမားဦးရေက နည်းနေပေမဲ့
-
စည်းလုံးညီညွတ်ခြင်းက ရှိနေပြီးတော့ ဒီအငွေ့အသက်က
ကျွန်မတို့ကြားမှာ အမြဲရှိနေပါတယ်။”
-
ကျောင်းသူကျောင်းသားများတွေကို အကောင်းဆုံးပညာရေးနှင့် ဓမ္မလုပ်ငန်းအတွေ့အကြုံတွေကို ပေးအပ်ဖို့
-
ဒီကောလိပ်ကျောင်းက ကတိပြုပါတယ်။
-
“ကျွန်မတို့ အပြင်ထွက်တဲ့အခါမှာ အသင်းအုပ်ဆရာတွေ၊
-
အသင်းသူအသင်းသားတွေ၊ ပြီးတော့ ဆရာဆရာမတွေနှင့်အတူ
-
နာပန်ကျွန်းလိုမျိုး မြော်လင့်ခြင်းဘုရားကျောင်းမရှိသေးတဲ့
-
ကျွန်းတွေမှာ အလည်အပတ်သွားတယ်၊ သာသနာသွားပြုကြတာပေါ့"။
-
ဝိညာဉ်ရေးရာပညာရေးနှင့်
-
လက်တွေ့အမှုဆောင်လုပ်ဆောင်လုပ်ငန်းကို ဟန်ချက်မျှတစွာနှင့် သင်ကြားပေးခြင်းဟာ
-
ဘုရားရဲ့အမှုတော်မှာ ကျောင်းသူကျောင်းသားများကို
ချိတ်နွယ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဘဲဖြစ်ပါတယ်။
-
လက်ရှိမှာတော့ စက်ကိရိယာကန့်သတ်ရှိနေတဲ့ အခန်းတွေမှာ
စာပေသင်ကြားမှုအားလုံးကို ပြုလုပ်နေရတာဖြစ်တဲ့အတွက်
-
အကောင်းဆုံးသော သင်ယူမှုအတွေ့အကြုံကို ပေးဖို့အတွက် မလုံလောက်ပါဘူး။
-
"ကျွန်တော်တို့မှာ မရှိမဖြစ်အထောက်အကူပြုမယ့်
-
ကွန်ပြူတာတွေ၊ စာအုပ်တွေ၊
-
စာသင်ခန်းတွေ၊ အဆောင်တွေ၊ ကုလားထိုင်တွေ၊ သင်ပုန်းတွေလို
-
စတဲ့ ပစ္စည်းတွေ အများကြီးကို
-
ကျောင်းသူကျောင်းသားတွေနှင့် ဆရာသမားတွေအတွက် လိုအပ်ပါတယ်"
-
“ကျောင်းဝင်းမှာ ဆောက်လုပ်ရေးလုပ်နေတဲ့အတွက်
ကျွန်မတို့ စာကောင်းကောင်း လေ့လာလို့မရပါဘူး။"
-
"ဆောက်လို့ မပြီးသေးတဲ့ စာသင်ခန်းတွေမှာ အတန်းတက်ရတယ်။"
-
ပြီးတော့ ကျွန်မတို့အဆောင်တွေကလဲ အဆင်သင့်မဖြစ်သေးတဲ့အတွက်
-
အသင်းသူအသင်းသားအိမ်တွေမှာ ခေတ္တနေနေရပါတယ်။"
-
ဒီကောလိပ်ကျောင်းဟာ အကန့်အသတ်ရှိတဲ့
-
ရိုဂရမ်တွေ၊ သူတို့ရဲ့ ကျောင်းဝန်း အဆောင်အိမ်ကို ဆုံးရှုံးတာကအစ
စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။
-
မိတ်ဆွေတို့ရဲ့ ဆုတောင်းပေးတွေကို လိုအပ်ပါတယ်။
-
“ကမ္ဘာ့အသင်းတော်တစ်ခုအနေနဲ့ ဆုတောင်းခြင်းမှာ မိတ်ဆွေတို့ရဲ့ထောက်ပံ့မှု လိုအပ်နေပါတယ်။"
-
"ကျေးဇူးပြု၍ ဒီနေရာအတွက် ဆုတောင်းပေးကြပါ။"
-
ပါပူအာ မြော်လင့်ခြင်း ဓမ္မကောလိပ်က
-
စက်ကိရိယာအပိုင်း၊
-
ကျောင်းသူကျောင်းသားဦးရေ၊
-
ဆရာဆရာမတွေ တိုးတက်ဖို့နှင့်
-
အခြားအစီအစဉ်တွေကို ပေးဆောင်နိုင်ဖို့အတွက် ကျေးဇူးပြုပြီးတော့ ဆုတောင်းပေးပါ။"
-
ကျောင်းတော်တိုးတက်လာတာနှင့်အမျှ
-
လူအများကို ခရစ်တော်နှင့်မိတ်ဆက်ပေးနိုင်ဖို့က ကျောင်းရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
-
“ကျောင်းရဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒတွေထဲကတစ်ခုကတော့
-
ပါပူအာနိုင်ငံသား အများအပြားကို ကောင်းကင်နိုင်ငံကို
ခေါ်ဆောင်လာတာကို မြင်ချင်ပါတယ်။”
-
သင်တို့ရဲ့ (၁၃)ပတ်အလှူငွေ တစ်စိတ်တစ်ပိုင်းက ဒီကောလိပ်မှာ လိုအပ်နေတဲ့အရာတွေကို
-
ဆောက်လုပ်ရာမှာ ကူညီပေးသွားမှာဖြစ်ပါတယ်။
-
"ဒီကျောင်းအတွက် အလှူတော်ငွေအားဖြင့် ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"