ဓာတ်ရောင်ခြည်ဟာ အန္တရာယ်လား - Matt Anticole
-
0:06 - 0:08ဓာတ်ရောင်ခြည်ဆိုတဲ့ စကားကို ကြားတဲ့အခါ
-
0:08 - 0:13ကြောက်စရာ သန္ဓေပြောင်းလဲမှုတွေနဲ့
ဧရာမပေါက်ကွဲမှုတွေကို မြင်ယောင်တတ်ကြပါတယ်။ -
0:13 - 0:15ဒါပေမဲ့၊ အဲဒါဟာ ဖြစ်ရပ်အစုံ
မဟုတ်သေးပါဘူး။ -
0:15 - 0:17ဓာတ်ရောင်ခြည်ဆိုတာ သက်တန့်တွေအစ၊
-
0:17 - 0:20ဆရာဝန်သုံး X-ray တွေအဆုံး
တို့မှာလည်း အသုံးချပါတယ်။ -
0:20 - 0:22ဒီတော့ ဓာတ်ရောင်ခြည်ဆိုတာ
တကယ်ဆို ဘာပါလဲ၊ -
0:22 - 0:25ပြီးတော့ ၎င်းရဲ့ အကျိုးဆက်တွေကိုရော
ဘယ်လောက်ထိ စိုးရိမ်သင့်ပါသလဲ။ -
0:25 - 0:28ဓာတ်ရောင်ခြည်ဆိုတဲ့ စကားလုံးကို
နားလည်ရန်အတွက် -
0:28 - 0:32၎င်းဟာ သိပ်ကိုကွဲပြားကြတဲ့ သိပ္ပံဆိုင်ရာ
ဖြစ်စဉ် ၂ ခုကို ဖော်ပြတာနဲ့ စရမယ်- -
0:32 - 0:34လျှပ်စစ်သံလိုက် ရောင်ခြည်နဲ့
-
0:34 - 0:36နျူးကလိယား ရောင်ခြည်ပါ။
-
0:36 - 0:40လျှပ်စစ်သံလိုက် ရောင်ခြည်ဟာ ဟင်းလင်းပြင်
တလျှောက် လှုပ်ရှားနေကြတဲ့ -
0:40 - 0:44လျှပ်စစ်နဲ့ သံလိုက်ဆိုင်ရာ လှိုင်းတွေ
အပြန်အလှန် သက်ရောက်မှုမှာ ပါဝင်နေတဲ့ -
0:44 - 0:46စွမ်းအင် သန့်သန့်ဖြစ်ပါတယ်။
-
0:46 - 0:48ဒီလှိုင်းတွေ ပို မြန်မြန် လှုပ်ခါတဲ့အခါ
-
0:48 - 0:50စွမ်းအင်တွေ ပိုကြီးလာပါတယ်။
-
0:50 - 0:53ရောင်စဉ်ရဲ့ ပိုနိမ့်တဲ့ဘက်မှာ ရေဒီယို၊
-
0:53 - 0:54အနီအောက်နဲ့
-
0:54 - 0:56မြင်နိုင်တဲ့ အလင်းရှိပါတယ်။
-
0:56 - 0:58ပိုမြင့်တဲ့ တဘက်မှာ..ခရမ်းလွန်
-
0:58 - 0:59X ရောင်ခြည်နဲ့
-
0:59 - 1:01ဂမ္မာရောင်ခြည်တွေ ရှိပါတယ်။
-
1:01 - 1:06ခေတ်သစ်လူ့ဘောင်ဟာ လျှပ်စစ်သံလိုက်ရောင်ခြည်
ပို့ခြင်း၊ ဖမ်းခြင်းတွေနဲ့ ပေါ်လာခဲ့တာပါ။ -
1:06 - 1:10ဓာတ်မှန် ပုံရိပ်တစ်ခုကို ကြည့်ဖို့ ရေဒီယို
လှိုင်းမှတဆင့် အီးမေး တစ်စောင်ကို -
1:10 - 1:12ဒေါင်းလုတ်ယူပြီး ကျုပ်တို့ဖုန်းထဲမှာ
-
1:12 - 1:17ကြည့်နိုင်တာ ဖုန်းမျက်နှာပြင်က
မြင်နိုင်အလင်းကို ထုတ်ပေးလို့ပါ။ -
1:17 - 1:19တဘက်မှာက အက်တမ့်
နျူးကလိယပ်တွေထဲမှာ အစပြုတဲ့ -
1:19 - 1:21နျူးကလီးယား ဓာတ်ရောင်ခြည်ဟာ
-
1:21 - 1:26အဲဒီက လျှပ်ဖိုဓာတ် ဆောင်ထားတဲ့
ပရိုတွန်အချင်းချင်း အပြန်အလှန် တွန်းပါတယ်။ -
1:26 - 1:29အားပြင်းတဲ့ နျူးကလီးယား အား
အဖြစ်သိကြတဲ့ ဖြစ်စဉ်တစ်ရပ်က -
1:29 - 1:31ထို တွန်းကန်မှုကို သာလွန်အောင်နဲ့
နျူးကလိးယပ်ကို -
1:31 - 1:34ပုံမပျက် ထိန်းဖို့ ရုန်းကန်ရပါတယ်။
-
1:34 - 1:37သို့သော် အိုင်ဆိုတုပ် လို့ခေါ်တဲ့
ပရိုတွန်နဲ့ နယူထရွန်ရဲ့ -
1:37 - 1:39တချို့သော ပေါင်းစည်းမူတွေက
-
1:39 - 1:41မတည်ငြိမ်ခြင်း သို့မဟုတ်
-
1:41 - 1:43ရေဒီယိုသတ္တိကြွ ကြပါတယ်။
-
1:43 - 1:46ဒါတွေက ပိုတည်ငြိမ်အောင် ကြိုးပမ်းဖို့
နျူးကလီယား -
1:46 - 1:48ဓာတ်ရောင်ခြည် အဖြစ်သိတဲ့
ရုပ်ဒြပ်သို့မဟုတ် -
1:48 - 1:50စွမ်းအင် တစ်ခုခုကို ကျပန်းသဘော
ထုတ်လွှတ်လိမ့်မယ်။ -
1:50 - 1:54နျူးကလီးယား ဓာတ်ရောင်ခြည်က
Radon လို မြေအောက်မှ ယိုစိမ့်ထွက်လာတဲ့ -
1:54 - 1:57သဘာ၀ရင်းမြစ်တွေမှ ဖြစ်ပေါ်လာပါတယ်။
-
1:57 - 2:00သဘာ၀အတိုင်း ဖြစ်နေတဲ့ ရေဒီယို
သတ္ထုသိုက်တွေကိုလည်း နျူးကလီးယား -
2:00 - 2:03ဓာတ်အားရုံတွေကို လောင်စာပေးဖို့
သန့်စင်ပါတယ်။ -
2:03 - 2:08ငှက်ပျောသီးမှာပင် ရေဒီယိုသတ္တိပြတဲ့
ပိုတက်စီယံ ပမာဏက အနည်းငယ်ပါဝင်ပါတယ်။ -
2:08 - 2:11ဒီလိုသာ ဓာတ်ရောင်ခြည်တွေရဲ့
ကမ္ဘာထဲမှာ နေထိုင်ကြရင် -
2:11 - 2:14၎င်းရဲ့ အန္တရာယ်အကျိုးဆက်တွေ
ကျုပ်တို့ ဘယ်လိုလွတ်မြောက်နိုင်လဲ။ -
2:14 - 2:17စ စခြင်း၊ ရောင်ခြည်အားလုံးက အသက်အတွက်
အန္တရာယ် မဟုတ်ကြပါဘူး။ -
2:17 - 2:23ရောင်ခြည်ဟာ အက်တမ်က အီလက်ထရွန်ကို
ရိုက်ခတ်ပြီး ဆွဲထုတ်ပစ်တဲ့အခါ DNA ကို -
2:23 - 2:26ထိခိုက်ပျက်စီးစေတဲ့ ကိစ္စဖြစ်လို့
အန္တရာယ်ရှိလာပါပြီ။ -
2:26 - 2:29ဒါကို အိုင်ယွန်ဖြစ်
ရောင်ခြည်လို့ခေါ်ပါတယ်။ -
2:29 - 2:33အက်တမ်က အီလက်ထရွန်ကို ဆုံးရှုံး သို့မဟုတ်
ရယူခြင်းကို 'အိုင်ယွန်' လို့ခေါ်ပါတယ်။ -
2:33 - 2:36နျူးကလီးယား ဓာတ်ရောင်ခြည်တိုင်း
အိုင်ယွန်ပြုပေမဲ့ -
2:36 - 2:41လျှပ်စစ်သံလိုက် ရောင်ခြည်ကတော့
စွမ်းအင်မြင့်မှ အိုင်ယွန်ပြုပါတယ်။ -
2:41 - 2:42အဲဒီထဲမှာ ဂမ္မာ ရောင်ခြည်၊
-
2:42 - 2:43ဓာတ်မှန် ရောင်ချည်များ
-
2:43 - 2:46ပြီးတော့ စွမ်းအင်မြင့်တဲ့ဘက်မှာ
ခရမ်းလွန်ရောင်ခြည် ပါဝင်ပါတယ်။ -
2:46 - 2:49ဒါကြောင့် ဓာတ်မှန်ရိုက်တဲ့အခါ
အပိုဆောင်း ကာကွယ်မှုအနေနဲ့ -
2:49 - 2:53ဆရာဝန်တွေက စစ်ဆေးစမ်းသပ်ဖို့ မလိုတဲ့
ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကာကွယ်ပါတယ်။ -
2:53 - 2:56ဒါကြောင့်ပဲ နေရောင်လှုံ သူတွေက
မလိုတဲ့ရောင်ခြည်ကိုကာဖို့ ဆေးလူးတာပါ -
2:56 - 3:01ယှဉ်ကြည့်က၊ ဆဲလ်ဖုန်းနဲ့ မိုက်ခရိုဝေ့တွေက
ရောင်စဉ် ပိုနိမ့်တဲ့ဘက်မှာလုပ်ဆောင်လို့.. -
3:01 - 3:05ဒီတော့ ဒါတွေကို သုံးတာ အိုင်ယွန်ဖြစ်
ရောင်ခြည်ရဲ့ ဘေးဥပါဒ်ကင်းပါတယ်။ -
3:05 - 3:09အချိန်တိုအတွင်း အိုင်ယွန်ဖြစ်ရောင်ခြည်
များစွာ ထိမှန်တဲ့အခါ ဆိုးရွားလွန်းသော -
3:09 - 3:12ကျန်မားရေး ဘေးဥပါဒ် ဖြစ်ပွားတာကို
-
3:12 - 3:14ပြင်းထန်စွာ ရောင်ချည်မိမှုလို့ ခေါ်ပါတယ်။
-
3:14 - 3:19ပြင်းထန်စွာ ရောင်ချည်မိမှုက ထိခိုက်မှုကို
ကုစားတဲ့ ကိုယ့်သဘာ၀အစွမ်းကို ထိခိုက်စေတယ်။ -
3:19 - 3:21ဒါက ကင်ဆာ နိဒါန်း၊
-
3:21 - 3:22ဆဲလ် မှုမမှန်ခြင်းနဲ့
-
3:22 - 3:25သေနိုင်လောက်တဲ့ အလားအလာထိ
ဖြစ်နိုင်ပါတယ်။ -
3:25 - 3:27ကံကောင်းတာ စိုးရိမ်အဆင့်
ထိတွေ့မှုက ဖြစ်တောင့်ဖြစ်ခဲပါ -
3:27 - 3:32ဒါပေမဲ့ သဘာ၀အလျောက်နဲ့ လူပယောဂကြောင့်
ဆိုတဲ့ ရင်းမြစ်နှစ်ခုစလုံးမှ လာတဲ့ -
3:32 - 3:35အိုင်ယွန်ဖြစ် ရောင်ခြည်ကိုတော့
ကျုပ်တို့တွေဟာ နေ့စဉ်ထိတွေ့လျက်ပါ။ -
3:35 - 3:39သိပ္ပံပညာရှင်တွေမှာ ဒီ ဘေးဥပါဒ်တွေ
တိုင်းတာဖို့ အခက်ကြုံချိန်ရှိခဲ့ပါတယ်။ -
3:39 - 3:43ခင်ဗျား ခန္ဓာက မကြာခဏတော့ ပမာဏနည်းတဲ့
အိုင်ယွန်ရောင်ခြည် ထိခိုက်မှုကို -
3:43 - 3:44ပြင်ပြီး မတတ်သာရင်တော့
-
3:44 - 3:49ပျက်စီးမှု ရလဒ်တွေကို ဆယ်စုနှစ် သို့မဟုတ်
ထိုမျှမက ကြာအောင် ပြတော့မှာ မဟုတ်ဘူး။ -
3:49 - 3:52အိုင်ယွန်ဖြစ်ရောင်ခြည် ထိတာကို
သိပ္ပံပညာရှင်တွေ နှိုင်းယှဉ်တဲ့ -
3:52 - 3:54နည်းတစ်ခုက Sievert
ခေါ်တဲ့ ယူနစ်ဖြစ်ပါတယ်။ -
3:54 - 3:59စိုးရိမ်အဆင့် ထိတွေ့မှု 1 sievert က
၁ နာရီအတွင်း မအီမသာ ဖြစ်စေပြီး -
3:59 - 4:024 sieverts က သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
-
4:02 - 4:06ဒါပေမဲ့ ကျုပ်တို့နေ့စဉ်ထိတွေ့မှုတွေက
ဒီထက် အများကြီး နိမ့်ပါတယ်။ -
4:06 - 4:10ပျမ်းပျ လူတစ်ဦးအနေနဲ့ ရောင်ခြည်ရင်းမြစ်
အားလုံးမှ နှစ်စဉ် 6.2 milisievert -
4:10 - 4:13ထိတွေ့လက်ခံပါတယ်။
-
4:13 - 4:15Radon ကြောင့်ဖြစ်တာက
သုံးပုံတစ်ပုံလောက် ပါတယ်။ -
4:15 - 4:18နှစ်စဉ် ထိတွေ့မှု ပမာဏကို မီဖို့
ခင်ဗျားအနေနဲ့ -
4:18 - 4:21တကြိမ်ကို 5 microsieverts
သာရှိတဲ့ ခံတွင်းဓာတ်မှန်ကို -
4:21 - 4:23အကြိမ်ပေါင်း ၁၂၀၀ကျော် ရိုက်ဖို့လိုပါတယ်။
-
4:23 - 4:24ငှက်ပျောသီးကို မှတ်မိတယ်နော်။
-
4:24 - 4:27ငှက်ပျောသီးရဲ့ ဓာတ်ရောင်ခြည်
အကုန်ကို ခင်ဗျားအနေနဲ့ -
4:27 - 4:32စုပ်နိုင်ရင် နှစ်စဉ်ထိတွေ့မှု ပမာဏမီဖို့
၁ ရက်ကို အလုံး ၁၇၀ လောက် စားဖို့ လိုပါတယ်။ -
4:32 - 4:35ကျုပ်တို့ဟာ ဓာတ်ရောင်ခြည်
လောကထဲမှာ နေပါတယ်။ -
4:35 - 4:38သိုသော်လည်း ဒီ ဓာတ်ရောင်ခြည်အများစုက
အိုင်ယွန်ဖြစ်စေတာ မဟုတ်ပါဘူး။ -
4:38 - 4:40ကျန်တာတွေကတော့ အိုင်ယွန်ဖြစ်ပါတယ်၊
-
4:40 - 4:43အများအားဖြင့် ကျုပ်တို့နဲ့
ထိတွေမှု နိမ့်ပါတယ် -
4:43 - 4:45ပြီးတော့ ခင်ဗျား အိမ်ကို Radon
စစ်ဆေးတာမျိုးနဲ့ -
4:45 - 4:47နေရောင်ကာဆေးလူးတဲ့
လုပ်ဆောင်ချက်တွေက -
4:47 - 4:50သက်ဆိုင်တဲ့ ကျန်းမာရေးဘေးပါဒ်တွေကို
လျော့ပါးစေနိုင်ပါတယ်။ -
4:50 - 4:53ဓာတ်ရောင်ခြည်ပညာမှာ ရှေ့ဆောင်လမ်းပြ
တစ်ဦးဖြစ်တဲ့ Marie Curie က -
4:53 - 4:56အောက်ပါ အနှစ်ချုပ်
စိန်ခေါ်စကားကို ပြောကြားခဲ့တယ်- -
4:56 - 5:00လောကမှာ ကြောက်စရာဆိုတာ နတ္ထိပါ၊
နားလည် သဘောပေါက်ထားဖို့သာ လိုပါတယ်။ -
5:00 - 5:05အခုတော့ ကြောက်ရွံ့ခြင်းတွေ လျော့ပါးစေဖို့
ပိုပြီး နားလည်အောင်လုပ်ဖို့ အချိန်ပါ။
- Title:
- ဓာတ်ရောင်ခြည်ဟာ အန္တရာယ်လား - Matt Anticole
- Speaker:
- Matt Anticole
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်၊ http://ed.ted.com/lessons/is-radiation-dangerous-matt-anticole။
ကျုပ်တို့အနေနဲ့ ဓာတ်ရောင်ခြည်ဆိုတဲ့ စကားကို ကြားတဲ့အခါ ကြီးမားတဲ့ ပေါက်ကွဲမှုတွေနဲ့ ကြောက်ဖွယ်လိလိ သန္ဓေပြောင်းလဲမှုတွေရဲ့ ပုံသဏ္ဍာန်ကို မြင်ဖို့ ကြိုးပမ်းတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဖြစ်ရပ် အစုံမဟုတ်သေးပါဘူး.. သက်တန့်တွေမှအစ ဆရာဝန် ဆေးစစ်တဲ့ ဓာတ်မှန်ချပ်တွေအဆုံး အသုံးချရာတွင်လည်း ဓာတ်ရောင်ခြည်ပါပါတယ်။ ဒီတော့ ဓာတ်ရောင်ခြည်ဆိုတာ တကယ်က ဘာပါလဲ ပြီးတော့ ၎င်းရဲ့ အာနိသင်ကို ဘယ်လောက်အထိ စိုးရိမ်းသင့်တာပါလဲ။ Matt Anticole က မတူကွဲပြားတဲ့ ဓာတ်ရောင်ခြည် အမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။
သင်ခန်းစာတင်ဆက်သူ- Matt Anticole၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Tinmouse Animation Studio.
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:21
![]() |
Myo Aung approved Burmese subtitles for Is radiation dangerous? | Nov 21, 2018, 4:26 PM |
![]() |
Myo Aung edited Burmese subtitles for Is radiation dangerous? | Nov 21, 2018, 4:26 PM |
![]() |
Myo Aung accepted Burmese subtitles for Is radiation dangerous? | Nov 21, 2018, 2:34 PM |
![]() |
Myo Aung edited Burmese subtitles for Is radiation dangerous? | Nov 21, 2018, 2:34 PM |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous? | Nov 20, 2018, 4:05 PM |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous? | Nov 20, 2018, 2:41 PM |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous? | Nov 20, 2018, 11:12 AM |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous? | Nov 15, 2018, 1:54 PM |