< Return to Video

ဓာတ်ရောင်ခြည်ဟာ အန္တရာယ်လား - Matt Anticole

  • 0:06 - 0:08
    ဓာတ်ရောင်ခြည်ဆိုတဲ့ စကားကို ကြားတဲ့အခါ
  • 0:08 - 0:13
    ကြောက်စရာ သန္ဓေပြောင်းလဲမှုတွေနဲ့
    ဧရာမပေါက်ကွဲမှုတွေကို မြင်ယောင်တတ်ကြပါတယ်။
  • 0:13 - 0:15
    ဒါပေမဲ့၊ အဲဒါဟာ ဖြစ်ရပ်အစုံ
    မဟုတ်သေးပါဘူး။
  • 0:15 - 0:17
    ဓာတ်ရောင်ခြည်ဆိုတာ သက်တန့်တွေအစ၊
  • 0:17 - 0:20
    ဆရာဝန်သုံး X-ray တွေအဆုံး
    တို့မှာလည်း အသုံးချပါတယ်။
  • 0:20 - 0:22
    ဒီတော့ ဓာတ်ရောင်ခြည်ဆိုတာ
    တကယ်ဆို ဘာပါလဲ၊
  • 0:22 - 0:25
    ပြီးတော့ ၎င်းရဲ့ အကျိုးဆက်တွေကိုရော
    ဘယ်လောက်ထိ စိုးရိမ်သင့်ပါသလဲ။
  • 0:25 - 0:28
    ဓာတ်ရောင်ခြည်ဆိုတဲ့ စကားလုံးကို
    နားလည်ရန်အတွက်
  • 0:28 - 0:32
    ၎င်းဟာ သိပ်ကိုကွဲပြားကြတဲ့ သိပ္ပံဆိုင်ရာ
    ဖြစ်စဉ် ၂ ခုကို ဖော်ပြတာနဲ့ စရမယ်-
  • 0:32 - 0:34
    လျှပ်စစ်သံလိုက် ရောင်ခြည်နဲ့
  • 0:34 - 0:36
    နျူးကလိယား ရောင်ခြည်ပါ။
  • 0:36 - 0:40
    လျှပ်စစ်သံလိုက် ရောင်ခြည်ဟာ ဟင်းလင်းပြင်
    တလျှောက် လှုပ်ရှားနေကြတဲ့
  • 0:40 - 0:44
    လျှပ်စစ်နဲ့ သံလိုက်ဆိုင်ရာ လှိုင်းတွေ
    အပြန်အလှန် သက်ရောက်မှုမှာ ပါဝင်နေတဲ့
  • 0:44 - 0:46
    စွမ်းအင် သန့်သန့်ဖြစ်ပါတယ်။
  • 0:46 - 0:48
    ဒီလှိုင်းတွေ ပို မြန်မြန် လှုပ်ခါတဲ့အခါ
  • 0:48 - 0:50
    စွမ်းအင်တွေ ပိုကြီးလာပါတယ်။
  • 0:50 - 0:53
    ရောင်စဉ်ရဲ့ ပိုနိမ့်တဲ့ဘက်မှာ ရေဒီယို၊
  • 0:53 - 0:54
    အနီအောက်နဲ့
  • 0:54 - 0:56
    မြင်နိုင်တဲ့ အလင်းရှိပါတယ်။
  • 0:56 - 0:58
    ပိုမြင့်တဲ့ တဘက်မှာ..ခရမ်းလွန်
  • 0:58 - 0:59
    X ရောင်ခြည်နဲ့
  • 0:59 - 1:01
    ဂမ္မာရောင်ခြည်တွေ ရှိပါတယ်။
  • 1:01 - 1:06
    ခေတ်သစ်လူ့ဘောင်ဟာ လျှပ်စစ်သံလိုက်ရောင်ခြည်
    ပို့ခြင်း၊ ဖမ်းခြင်းတွေနဲ့ ပေါ်လာခဲ့တာပါ။
  • 1:06 - 1:10
    ဓာတ်မှန် ပုံရိပ်တစ်ခုကို ကြည့်ဖို့ ရေဒီယို
    လှိုင်းမှတဆင့် အီးမေး တစ်စောင်ကို
  • 1:10 - 1:12
    ဒေါင်းလုတ်ယူပြီး ကျုပ်တို့ဖုန်းထဲမှာ
  • 1:12 - 1:17
    ကြည့်နိုင်တာ ဖုန်းမျက်နှာပြင်က
    မြင်နိုင်အလင်းကို ထုတ်ပေးလို့ပါ။
  • 1:17 - 1:19
    တဘက်မှာက အက်တမ့်
    နျူးကလိယပ်တွေထဲမှာ အစပြုတဲ့
  • 1:19 - 1:21
    နျူးကလီးယား ဓာတ်ရောင်ခြည်ဟာ
  • 1:21 - 1:26
    အဲဒီက လျှပ်ဖိုဓာတ် ဆောင်ထားတဲ့
    ပရိုတွန်အချင်းချင်း အပြန်အလှန် တွန်းပါတယ်။
  • 1:26 - 1:29
    အားပြင်းတဲ့ နျူးကလီးယား အား
    အဖြစ်သိကြတဲ့ ဖြစ်စဉ်တစ်ရပ်က
  • 1:29 - 1:31
    ထို တွန်းကန်မှုကို သာလွန်အောင်နဲ့
    နျူးကလိးယပ်ကို
  • 1:31 - 1:34
    ပုံမပျက် ထိန်းဖို့ ရုန်းကန်ရပါတယ်။
  • 1:34 - 1:37
    သို့သော် အိုင်ဆိုတုပ် လို့ခေါ်တဲ့
    ပရိုတွန်နဲ့ နယူထရွန်ရဲ့
  • 1:37 - 1:39
    တချို့သော ပေါင်းစည်းမူတွေက
  • 1:39 - 1:41
    မတည်ငြိမ်ခြင်း သို့မဟုတ်
  • 1:41 - 1:43
    ရေဒီယိုသတ္တိကြွ ကြပါတယ်။
  • 1:43 - 1:46
    ဒါတွေက ပိုတည်ငြိမ်အောင် ကြိုးပမ်းဖို့
    နျူးကလီယား
  • 1:46 - 1:48
    ဓာတ်ရောင်ခြည် အဖြစ်သိတဲ့
    ရုပ်ဒြပ်သို့မဟုတ်
  • 1:48 - 1:50
    စွမ်းအင် တစ်ခုခုကို ကျပန်းသဘော
    ထုတ်လွှတ်လိမ့်မယ်။
  • 1:50 - 1:54
    နျူးကလီးယား ဓာတ်ရောင်ခြည်က
    Radon လို မြေအောက်မှ ယိုစိမ့်ထွက်လာတဲ့
  • 1:54 - 1:57
    သဘာ၀ရင်းမြစ်တွေမှ ဖြစ်ပေါ်လာပါတယ်။
  • 1:57 - 2:00
    သဘာ၀အတိုင်း ဖြစ်နေတဲ့ ရေဒီယို
    သတ္ထုသိုက်တွေကိုလည်း နျူးကလီးယား
  • 2:00 - 2:03
    ဓာတ်အားရုံတွေကို လောင်စာပေးဖို့
    သန့်စင်ပါတယ်။
  • 2:03 - 2:08
    ငှက်ပျောသီးမှာပင် ရေဒီယိုသတ္တိပြတဲ့
    ပိုတက်စီယံ ပမာဏက အနည်းငယ်ပါဝင်ပါတယ်။
  • 2:08 - 2:11
    ဒီလိုသာ ဓာတ်ရောင်ခြည်တွေရဲ့
    ကမ္ဘာထဲမှာ နေထိုင်ကြရင်
  • 2:11 - 2:14
    ၎င်းရဲ့ အန္တရာယ်အကျိုးဆက်တွေ
    ကျုပ်တို့ ဘယ်လိုလွတ်မြောက်နိုင်လဲ။
  • 2:14 - 2:17
    စ စခြင်း၊ ရောင်ခြည်အားလုံးက အသက်အတွက်
    အန္တရာယ် မဟုတ်ကြပါဘူး။
  • 2:17 - 2:23
    ရောင်ခြည်ဟာ အက်တမ်က အီလက်ထရွန်ကို
    ရိုက်ခတ်ပြီး ဆွဲထုတ်ပစ်တဲ့အခါ DNA ကို
  • 2:23 - 2:26
    ထိခိုက်ပျက်စီးစေတဲ့ ကိစ္စဖြစ်လို့
    အန္တရာယ်ရှိလာပါပြီ။
  • 2:26 - 2:29
    ဒါကို အိုင်ယွန်ဖြစ်
    ရောင်ခြည်လို့ခေါ်ပါတယ်။
  • 2:29 - 2:33
    အက်တမ်က အီလက်ထရွန်ကို ဆုံးရှုံး သို့မဟုတ်
    ရယူခြင်းကို 'အိုင်ယွန်' လို့ခေါ်ပါတယ်။
  • 2:33 - 2:36
    နျူးကလီးယား ဓာတ်ရောင်ခြည်တိုင်း
    အိုင်ယွန်ပြုပေမဲ့
  • 2:36 - 2:41
    လျှပ်စစ်သံလိုက် ရောင်ခြည်ကတော့
    စွမ်းအင်မြင့်မှ အိုင်ယွန်ပြုပါတယ်။
  • 2:41 - 2:42
    အဲဒီထဲမှာ ဂမ္မာ ရောင်ခြည်၊
  • 2:42 - 2:43
    ဓာတ်မှန် ရောင်ချည်များ
  • 2:43 - 2:46
    ပြီးတော့ စွမ်းအင်မြင့်တဲ့ဘက်မှာ
    ခရမ်းလွန်ရောင်ခြည် ပါဝင်ပါတယ်။
  • 2:46 - 2:49
    ဒါကြောင့် ဓာတ်မှန်ရိုက်တဲ့အခါ
    အပိုဆောင်း ကာကွယ်မှုအနေနဲ့
  • 2:49 - 2:53
    ဆရာဝန်တွေက စစ်ဆေးစမ်းသပ်ဖို့ မလိုတဲ့
    ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကာကွယ်ပါတယ်။
  • 2:53 - 2:56
    ဒါကြောင့်ပဲ နေရောင်လှုံ သူတွေက
    မလိုတဲ့ရောင်ခြည်ကိုကာဖို့ ဆေးလူးတာပါ
  • 2:56 - 3:01
    ယှဉ်ကြည့်က၊ ဆဲလ်ဖုန်းနဲ့ မိုက်ခရိုဝေ့တွေက
    ရောင်စဉ် ပိုနိမ့်တဲ့ဘက်မှာလုပ်ဆောင်လို့..
  • 3:01 - 3:05
    ဒီတော့ ဒါတွေကို သုံးတာ အိုင်ယွန်ဖြစ်
    ရောင်ခြည်ရဲ့ ဘေးဥပါဒ်ကင်းပါတယ်။
  • 3:05 - 3:09
    အချိန်တိုအတွင်း အိုင်ယွန်ဖြစ်ရောင်ခြည်
    များစွာ ထိမှန်တဲ့အခါ ဆိုးရွားလွန်းသော
  • 3:09 - 3:12
    ကျန်မားရေး ဘေးဥပါဒ် ဖြစ်ပွားတာကို
  • 3:12 - 3:14
    ပြင်းထန်စွာ ရောင်ချည်မိမှုလို့ ခေါ်ပါတယ်။
  • 3:14 - 3:19
    ပြင်းထန်စွာ ရောင်ချည်မိမှုက ထိခိုက်မှုကို
    ကုစားတဲ့ ကိုယ့်သဘာ၀အစွမ်းကို ထိခိုက်စေတယ်။
  • 3:19 - 3:21
    ဒါက ကင်ဆာ နိဒါန်း၊
  • 3:21 - 3:22
    ဆဲလ် မှုမမှန်ခြင်းနဲ့
  • 3:22 - 3:25
    သေနိုင်လောက်တဲ့ အလားအလာထိ
    ဖြစ်နိုင်ပါတယ်။
  • 3:25 - 3:27
    ကံကောင်းတာ စိုးရိမ်အဆင့်
    ထိတွေ့မှုက ဖြစ်တောင့်ဖြစ်ခဲပါ
  • 3:27 - 3:32
    ဒါပေမဲ့ သဘာ၀အလျောက်နဲ့ လူပယောဂကြောင့်
    ဆိုတဲ့ ရင်းမြစ်နှစ်ခုစလုံးမှ လာတဲ့
  • 3:32 - 3:35
    အိုင်ယွန်ဖြစ် ရောင်ခြည်ကိုတော့
    ကျုပ်တို့တွေဟာ နေ့စဉ်ထိတွေ့လျက်ပါ။
  • 3:35 - 3:39
    သိပ္ပံပညာရှင်တွေမှာ ဒီ ဘေးဥပါဒ်တွေ
    တိုင်းတာဖို့ အခက်ကြုံချိန်ရှိခဲ့ပါတယ်။
  • 3:39 - 3:43
    ခင်ဗျား ခန္ဓာက မကြာခဏတော့ ပမာဏနည်းတဲ့
    အိုင်ယွန်ရောင်ခြည် ထိခိုက်မှုကို
  • 3:43 - 3:44
    ပြင်ပြီး မတတ်သာရင်တော့
  • 3:44 - 3:49
    ပျက်စီးမှု ရလဒ်တွေကို ဆယ်စုနှစ် သို့မဟုတ်
    ထိုမျှမက ကြာအောင် ပြတော့မှာ မဟုတ်ဘူး။
  • 3:49 - 3:52
    အိုင်ယွန်ဖြစ်ရောင်ခြည် ထိတာကို
    သိပ္ပံပညာရှင်တွေ နှိုင်းယှဉ်တဲ့
  • 3:52 - 3:54
    နည်းတစ်ခုက Sievert
    ခေါ်တဲ့ ယူနစ်ဖြစ်ပါတယ်။
  • 3:54 - 3:59
    စိုးရိမ်အဆင့် ထိတွေ့မှု 1 sievert က
    ၁ နာရီအတွင်း မအီမသာ ဖြစ်စေပြီး
  • 3:59 - 4:02
    4 sieverts က သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
  • 4:02 - 4:06
    ဒါပေမဲ့ ကျုပ်တို့နေ့စဉ်ထိတွေ့မှုတွေက
    ဒီထက် အများကြီး နိမ့်ပါတယ်။
  • 4:06 - 4:10
    ပျမ်းပျ လူတစ်ဦးအနေနဲ့ ရောင်ခြည်ရင်းမြစ်
    အားလုံးမှ နှစ်စဉ် 6.2 milisievert
  • 4:10 - 4:13
    ထိတွေ့လက်ခံပါတယ်။
  • 4:13 - 4:15
    Radon ကြောင့်ဖြစ်တာက
    သုံးပုံတစ်ပုံလောက် ပါတယ်။
  • 4:15 - 4:18
    နှစ်စဉ် ထိတွေ့မှု ပမာဏကို မီဖို့
    ခင်ဗျားအနေနဲ့
  • 4:18 - 4:21
    တကြိမ်ကို 5 microsieverts
    သာရှိတဲ့ ခံတွင်းဓာတ်မှန်ကို
  • 4:21 - 4:23
    အကြိမ်ပေါင်း ၁၂၀၀ကျော် ရိုက်ဖို့လိုပါတယ်။
  • 4:23 - 4:24
    ငှက်ပျောသီးကို မှတ်မိတယ်နော်။
  • 4:24 - 4:27
    ငှက်ပျောသီးရဲ့ ဓာတ်ရောင်ခြည်
    အကုန်ကို ခင်ဗျားအနေနဲ့
  • 4:27 - 4:32
    စုပ်နိုင်ရင် နှစ်စဉ်ထိတွေ့မှု ပမာဏမီဖို့
    ၁ ရက်ကို အလုံး ၁၇၀ လောက် စားဖို့ လိုပါတယ်။
  • 4:32 - 4:35
    ကျုပ်တို့ဟာ ဓာတ်ရောင်ခြည်
    လောကထဲမှာ နေပါတယ်။
  • 4:35 - 4:38
    သိုသော်လည်း ဒီ ဓာတ်ရောင်ခြည်အများစုက
    အိုင်ယွန်ဖြစ်စေတာ မဟုတ်ပါဘူး။
  • 4:38 - 4:40
    ကျန်တာတွေကတော့ အိုင်ယွန်ဖြစ်ပါတယ်၊
  • 4:40 - 4:43
    အများအားဖြင့် ကျုပ်တို့နဲ့
    ထိတွေမှု နိမ့်ပါတယ်
  • 4:43 - 4:45
    ပြီးတော့ ခင်ဗျား အိမ်ကို Radon
    စစ်ဆေးတာမျိုးနဲ့
  • 4:45 - 4:47
    နေရောင်ကာဆေးလူးတဲ့
    လုပ်ဆောင်ချက်တွေက
  • 4:47 - 4:50
    သက်ဆိုင်တဲ့ ကျန်းမာရေးဘေးပါဒ်တွေကို
    လျော့ပါးစေနိုင်ပါတယ်။
  • 4:50 - 4:53
    ဓာတ်ရောင်ခြည်ပညာမှာ ရှေ့ဆောင်လမ်းပြ
    တစ်ဦးဖြစ်တဲ့ Marie Curie က
  • 4:53 - 4:56
    အောက်ပါ အနှစ်ချုပ်
    စိန်ခေါ်စကားကို ပြောကြားခဲ့တယ်-
  • 4:56 - 5:00
    လောကမှာ ကြောက်စရာဆိုတာ နတ္ထိပါ၊
    နားလည် သဘောပေါက်ထားဖို့သာ လိုပါတယ်။
  • 5:00 - 5:05
    အခုတော့ ကြောက်ရွံ့ခြင်းတွေ လျော့ပါးစေဖို့
    ပိုပြီး နားလည်အောင်လုပ်ဖို့ အချိန်ပါ။
Title:
ဓာတ်ရောင်ခြည်ဟာ အန္တရာယ်လား - Matt Anticole
Speaker:
Matt Anticole
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်၊ http://ed.ted.com/lessons/is-radiation-dangerous-matt-anticole။

ကျုပ်တို့အနေနဲ့ ဓာတ်ရောင်ခြည်ဆိုတဲ့ စကားကို ကြားတဲ့အခါ ကြီးမားတဲ့ ပေါက်ကွဲမှုတွေနဲ့ ကြောက်ဖွယ်လိလိ သန္ဓေပြောင်းလဲမှုတွေရဲ့ ပုံသဏ္ဍာန်ကို မြင်ဖို့ ကြိုးပမ်းတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဖြစ်ရပ် အစုံမဟုတ်သေးပါဘူး.. သက်တန့်တွေမှအစ ဆရာဝန် ဆေးစစ်တဲ့ ဓာတ်မှန်ချပ်တွေအဆုံး အသုံးချရာတွင်လည်း ဓာတ်ရောင်ခြည်ပါပါတယ်။ ဒီတော့ ဓာတ်ရောင်ခြည်ဆိုတာ တကယ်က ဘာပါလဲ ပြီးတော့ ၎င်းရဲ့ အာနိသင်ကို ဘယ်လောက်အထိ စိုးရိမ်းသင့်တာပါလဲ။ Matt Anticole က မတူကွဲပြားတဲ့ ဓာတ်ရောင်ခြည် အမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။

သင်ခန်းစာတင်ဆက်သူ- Matt Anticole၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Tinmouse Animation Studio.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:21
Myo Aung approved Burmese subtitles for Is radiation dangerous?
Myo Aung edited Burmese subtitles for Is radiation dangerous?
Myo Aung accepted Burmese subtitles for Is radiation dangerous?
Myo Aung edited Burmese subtitles for Is radiation dangerous?
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous?
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous?
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous?
Tun Lin Aung + 1 edited Burmese subtitles for Is radiation dangerous?
Show all

Burmese subtitles

Revisions