hide💡July 26 marks the anniversary of the Americans with Disabilities Act.
Accessibility and Inclusion is at the heart of what we do, learn with Amara.org about the role of captions in ADA compliance!
< Return to Video
ပိုက်သဂိုးရမ်၏ သီအိုရမ်
  • 0:01 - 0:03
    ဒီဗွီဒီယိုမှာ Pythagorean (ပိုက်သဂိုးရမ်၏ သီအိုရမ်) ကို
  • 0:03 - 0:14
    မိတ်ဆက်ပေးပါမယ်၊ ပျော်စရာကောင်းပါတယ်
  • 0:14 - 0:17
    သင်္ချာပညာတွေကို အသေးစိတ်သင်ယူတဲ့အခါ ဒါဟာ
  • 0:17 - 0:22
    အခြေခံကျတဲ့ သီအိုရမ်တစ်ခုဖြစ်တယ် ဆိုတာသင်သိလာပါလိမ့်မယ်၊
  • 0:22 - 0:25
    ဒါက ဂျီသြမေတြီအပိုင်းမှာ အသုံးဝင်တယ်၊ နောက်ပြီး တြီဂိုနော်မေတြီ ရဲ့ 
  • 0:25 - 0:27
    အဓိက ကျောရိုးမကြီးလည်းဖြစ်ပါတယ်
  • 0:27 - 0:29
    သူ့ ကိုအသုံးပြုပြီးတော့ အကွာအဝေးနှစ်ခုကို
  • 0:29 - 0:31
    တွက်မယ်
  • 0:31 - 0:34
    ဒါကြောင့် ဒါကိုသေချာတတ်မြောက်ကျွမ်းကျင်နေရလိမ့်မယ်
  • 0:34 - 0:36
    ဒီလောက်ပြောရင် သဘောပေါက်မှာပါ
  • 0:36 - 0:38
    အခု ပိုက်သာဂိုရမ် သီအိုရမ်အကြောင်း ပြောရအောင်
  • 0:38 - 0:43
    ကျွန်တော်တို့မှာ ထောင့်မှန်တြိဂံတစ်ခု ရှိရင်
  • 0:43 - 0:49
    ယင်းတြိဂံ ရဲ့ ထောင့်သုံးခုထဲကတစ်ခုက
  • 0:49 - 0:52
    90 ဒီဂရီ ရှိရမယ်
  • 0:52 - 0:55
    ဒီ 90 ဒီဂရီကို သတ်မှတ်ဖို့
  • 0:55 - 0:56
    လေးထောင့်တုံးလေး ဆွဲမယ်
  • 0:56 - 0:59
    ဒီတော့ဒီမှာ မတူတဲ့အရောင်နဲ့
  • 0:59 - 1:06
    90 ဒီဂရီထောင့်ကို ဆွဲမယ်
  • 1:06 - 1:10
    (သို့) ထောင့်မှန်လို့ ပြောနိုင်ပါတယ်
  • 1:10 - 1:13
    ထောင့်မှန်တစ်ခုရှိသော တြိဂံကို
  • 1:13 - 1:16
    ထောင့်မှန်တြိဂံ လို့ခေါ်တယ်
  • 1:16 - 1:22
    ဒီတော့ဒါက ထောင့်မှန်တြိဂံပေါ့
  • 1:22 - 1:25
    အကယ်၍ အခု ထောင့်မှန်တြိဂံရဲ့ အနားနှစ်နားကို သိရင်
  • 1:25 - 1:29
    ပိုက်သာဂိုရမ် သီအိုရီ ကိုသုံးပြီး
  • 1:29 - 1:31
    တတိယအနားကို ရှာနိုင်ပါတယ်
  • 1:31 - 1:34
    ဒီတော့ ဘယ်လိုတွက်ရမယ်လို့ မပြောခင်
  • 1:34 - 1:37
    ပညာရပ်ဝေါဟာရတစ်ခုကို ပြောပြချင်ပါတယ်
  • 1:37 - 1:43
    ထောင့်မှန်တြိဂံတစ်ခုမှာ အရှည်ဆုံးအနားက 90 ဒီဂရီထောင့် (သို့)
  • 1:43 - 1:47
    ထောင့်မှန်ရဲ့  ဆန့်ကျင့်ဘက်မှာရှိတယ်
  • 1:47 - 1:50
    ဒီမှာကတော့ ဒီဘက်ခြမ်းမှာရှိပါတယ်
  • 1:50 - 1:51
    ဒါကတော့ အရှည်ဆုံးအနားဖြစ်တယ်
  • 1:51 - 1:55
    ဒီထောင့်မှန်တြိဂံမှာ ထောင့်မှန်ကို ဘယ်လိုရှာရမယ်ဆိုတော့
  • 1:55 - 1:58
  • 1:58 - 2:00
    အရှည်ဆုံးအနားကို (hypotenuse) ထောင့်မှန်ခံအနား လို့ ခေါ်တယ်
  • 2:00 - 2:03
    ဒါကိုသိထားရင် ကျန်တာတွေဆက်သွားလို့ ရပါပြီ
  • 2:13 - 2:17
    ဒီတော့ တြိဂံတစ်ခုရှိတယ်လို့ ဆိုကြပါစို့
  • 2:17 - 2:19
    ပိုကြည့်ကောင်းအောင် ဆွဲလိုက်မယ်
  • 2:19 - 2:22
    ဒီတော့ကျွန်တော့်မှာ ဒီလိုမျိုးတြိဂံရှိတယ်
  • 2:22 - 2:24
    ဒီထောင့်ကို 90 ဒီဂရီ
  • 2:24 - 2:25
    ရှိတယ်လို့  ယူဆရင်
  • 2:25 - 2:30
    ဒီဟာကတော့ ထောင့်မှန်ခံအနားဖြစ်ပါတယ် ဘာကြောင့်လည်းဆိုတော့
  • 2:30 - 2:33
    သူက 90 ဒီဂရီထောင့်ရဲ့ မျက်နှာချင်းဆိုင်ဘက်မှာရှိတယ်
  • 2:33 - 2:35
    ပြီးတော့ အရှည်ဆုံးအနားဖြစ်ပါတယ်
  • 2:35 - 2:37
    ထောင့်မှန်ခံအနားကို ရှာတတ်သွားအောင်
  • 2:37 - 2:39
    နောက်ထပ်တစ်ပုဒ်လောက် လုပ်ကြည့်ရအောင်
  • 2:39 - 2:44
    ဒီမှာ နောက်တြိဂံတစ်ခုရှိတယ်
  • 2:44 - 2:46
    90 ဒီဂရီထောင့်ကဒီမှာရှိတယ်
  • 2:46 - 2:48
    ဒါကိုသင်လုပ်တတ်နေပြီလို့ ကျွန်တော်ထင်တယ်
  • 2:48 - 2:50
    ဖွင့်ထားတဲ့ဘက်ကို ကြည့်လိုက်ပါ
  • 2:50 - 2:52
    ဒါက ထောင့်မှန်ခံအနား (hypotenuse)
  • 2:52 - 2:53
    ၊ အရှည်ဆုံးအနားဖြစ်တယ်
  • 2:53 - 2:58
    ဒီလို hypotenuse ကို ဖော်ထုတ် ခွဲခြားနိုင်ပြီဆိုရင်
  • 3:00 - 3:02
    အဲ့ဒါကို အလျား C လို့ အမည်ပေးလိုက်မယ်
  • 3:02 - 3:04
    ကဲ အခု ပိုက်သာဂိုရမ် သီအိုရမ် ကို
  • 3:04 - 3:05
    သင်ယူကြရအောင်
  • 3:05 - 3:09
    C က ထောင့်မှန်ခံအနားနဲ့ အရှည်တူတယလို့ မှတ်ရအောင်
  • 3:09 - 3:12
    ဒီတော့ ဒီအနားကို “C” လို့ ခေါ်ကြမယ်
  • 3:12 - 3:18
    ဒီအနားကို “A” လို့ ခေါ်မယ်
  • 3:18 - 3:22
    ဒါကိုတော့ “B” လို့ ခေါ်ကြမယ်
  • 3:22 - 3:29
    ပိုက်သာဂိုရမ် သီအိုရမ်အရ ပြောရင် A²
  • 3:29 - 3:33
    ပို၍တိုသော အနားတစ်ခုရဲ့ အရှည်နှစ်ထပ်ကိန်း ……. အပေါင်း
  • 3:33 - 3:37
    ပို၍တိုသော အနားနောက်တစ်ခုရဲ့ အရှည် နှစ်ထပ်ကိန်းသည်
  • 3:37 - 3:41
    ထောင့်မှန်ခံအနား၏ အရှည်နှစ်ထပ်ကိန်းနဲ့ ညီပါသည်
  • 3:41 - 3:44
    တစ်ပုဒ်လောက်တွက် ကြည့်ရအောင်
  • 3:44 - 3:46
    သိပ်မခက်ခဲပါဘူး
  • 3:46 - 3:50
    ကျွန်တော့်မှာ တြိဂံတစ်ခုရှိတယ်ဆိုပါတော့
  • 3:50 - 3:51
    အင်း...ဆွဲလိုက်ဦးမယ်
  • 3:51 - 3:54
    ဟုတ်ပြီ ကျွန်တော့် တြိဂံက
  • 3:54 - 3:57
    ဒီလိုပုံပါ
  • 3:57 - 4:01
    ဒီတြိဂံကို ထောင့်မှန်တြိဂံ ဆိုရင်
  • 4:01 - 4:03
    ဒီအရှည်က
  • 4:03 - 4:07
    3 ဖြစ်တယ်
  • 4:07 - 4:09
    ဒီအလျားကတော့ 4 ဖြစ်တယ်
  • 4:09 - 4:12
    အဲဒီအနားရဲ့ အရှည်ကို ရှာချင်တယ်
  • 4:12 - 4:14
    အခု ပထမဆုံးလုပ်ရမှာကတော့
  • 4:14 - 4:17
    Pythagorean Theorem ကို မသုံးခင် ထောင့်မှန်ခံအနား
  • 4:17 - 4:20
    ရှိမရှိရှာရမယ်
  • 4:20 - 4:21
    သင်ဘာကို ဖြေရှင်းနေတယ်ဆိုတာ သေချာသိရမယ်
  • 4:21 - 4:23
    နောက်ပြီး အခုရှာမှာကလဲ ထောင့်မှန်ခံအနားကိုပါပဲ
  • 4:23 - 4:26
    နောက်ပြီး အဲ့အနားကဒါပဲ ဘာလို့လဲဆိုတော့ ၄င်းက
  • 4:26 - 4:30
    ထောင့်မှန်နဲ့ မျက်နှာချင်းဆိုင်ရှိနေလို့ ပါပဲ
  • 4:30 - 4:33
    ပိုက်သာဂိုရသီအိုရမ် ကို သုံးလျှင် ဒါက “C”ဖြစ်မယ်
  • 4:33 - 4:37
    အရှည်ဆုံးအနားလည်းဖြစ်တယ်
  • 4:37 - 4:38
    ဒါဆို Pythagorean Theorem ကိုသုံးဖို့  အသင့်ဖြစ်ပြီ
  • 4:38 - 4:42
    တိုသော အနားတစ်ခုရဲ့ အရှည် 4² နှင့်
  • 4:42 - 4:48
    နောက်ထပ်ပို၍တိုသော အနား 3² ရဲ့ အရှည်သည်
  • 4:48 - 4:53
    အရှည်ဆုံးအနားရဲ့  နှစ်ထပ်ကိန်းနှင့် ညီမျှတယ်
  • 4:53 - 4:56
    hypotenuse ရဲ့  နှစ်ထပ်ကိန်း ဆိုတော့ C²
  • 4:56 - 5:01
    ဒီတော့ Cရဲ့ အဖြေကိုရှာမယ်
  • 5:01 - 5:02
    4 နှစ်ထပ်က 4 အမြှောက် 4 နဲ့ ညီတယ်
  • 5:02 - 5:06
    16 ရမယ်
  • 5:06 - 5:08
    3 နှစ်ထပ်ကိန်းသည် 3 အမြှောက် 3 နဲ့ တူညီပါတယ်
  • 5:08 - 5:12
    9 ရမယ်
  • 5:12 - 5:14
  • 5:14 - 5:19
    ဒီတော့ 16 အပေါင်း 9 ကဘာရမလဲဆိုတော့
  • 5:19 - 5:21
    25ရမယ်
  • 5:21 - 5:22
    C² က 25 နဲ့ ညီတယ်
  • 5:22 - 5:25
    ဒီတော့ နှစ်ဖက်လုံးရဲ့  အပေါင်းနှစ်ထပ်ကိန်းတွေကိုယူမယ်
  • 5:25 - 5:29
    သင်္ချာအနေဖြင့် ကြည့်ရင်
  • 5:29 - 5:31
    အနုတ် 5 ဖြစ်နိုင်သည်
  • 5:31 - 5:33
    ဒါပေမယ့်အခုအကွာအဝေးအကြောင်းပြောနေတာမို့ 
  • 5:33 - 5:35
    အပေါင်းကိန်းရင်းကိုပဲ ဂရုစိုက်မယ်
  • 5:35 - 5:37
    နှစ်ဘက်စလုံးရဲ့ အပေါင်းကိန်းစစ် ကိန်းရင်းကိုယူတော့
  • 5:37 - 5:41
    C သည် 5 နှင့် ညီပါတယ် 5 ရပါတယ်
  • 5:41 - 5:44
    (သို့) အရှည်ဆုံးအနားသည် 5 ဖြစ်တယ်
  • 5:44 - 5:50
    ဒီ Pythagorean Theorem ကိုသုံး၍
  • 5:50 - 5:53
    အနားနှစ်ဘက်ကိုပေးပြီး တတိယအနားကို ရှာနိုင်တယ်
  • 5:53 - 5:55
    ဘယ်တတိယအနားမဆို ရှာနိုင်တယ်
  • 5:55 - 5:56
    ဒီတော့ နောက်တစ်ပုဒ် တွက်ကြည့်ရအောင်
  • 5:56 - 5:59
    ဒါကနောက်တြိဂံတစ်ခုဆိုပါစို့ 
  • 5:59 - 6:11
    ထောင့်မှန်တြိဂံလည်းဖြစ်တယ်
  • 6:11 - 6:13
    ဒီအနားက အရှည် 12
  • 6:13 - 6:18
    ဒီအနားကတော့ အရှည် 6 ဖြစ်တယ်
  • 6:18 - 6:21
    ဒီအနားရဲ့ အရှည်ကို ရှာချင်တယ်
  • 6:21 - 6:27
    ပထမဆုံး လုပ်ရမှာက
  • 6:27 - 6:30
    ထောင့်မှန်ခံအနား ကို အရင် ဖော်ထုတ်ရမယ်
  • 6:30 - 6:31
    ထောင့်မှန်၏ မျက်နှာချင်းဆိုင်အနားဖြစ်တယ်
  • 6:31 - 6:34
    ထောင့်မှန်က ဒီမှာ
  • 6:34 - 6:36
    ထောင့်မှန်ရဲ့ ဆန့်ကျင်ဘက်ကိုသွားရင်
  • 6:36 - 6:38
    အရှည်ဆုံးအနားဖြစ်တဲ့ ထောင့်မှန်ခံနားက ဒီမှာ
  • 6:38 - 6:41
    Pythagorean Theorem အရ စဉ်းစားကြည့်ရင်
  • 6:41 - 6:46
    A² + B² = C²ဖြစ်မယ်
  • 6:46 - 6:51
    12 က C လို့ ယူနိုင်ပါတယ်
  • 6:51 - 6:52
    C က ထောင့်မှန်ခံအနား ဖြစ်တယ်
  • 6:52 - 6:55
    C နှစ်ထပ်ကိန်းသည် ထောင့်မှန်ခံအနား နှစ်ထပ်ကိန်းဖြစ်တယ်
  • 6:55 - 6:57
    ဒီတော့ဒါက C က 12 နဲ့ ညီမယ်
  • 6:57 - 6:59
    ဒီအနားတွေကိုတော့ ဘယ်ဟာဖြစ်ဖြစ်
  • 6:59 - 7:01
    A ခေါ်ခေါ် B ခေါ်ခေါ် ရတယ်
  • 7:01 - 7:03
    ဒီအနားတစ်နားကိုတော့
  • 7:03 - 7:05
    A လို့ သတ်မှတ်ပြီး 6 နှင့် ညီတယ်လို့ထားလိုက်မယ်
  • 7:05 - 7:07
    ဒီအနားကို “B”လို့ ထားပြီး
  • 7:07 - 7:12
    ဒီB က မသိကိန်းဖြစ်မယ်
  • 7:12 - 7:13
    အခု Pythagorean Theorem ကို သုံးလို့ရပြီ
  • 7:13 - 7:15
    A² က 6² ဖြစ်တယ် B² က မသိသေးဘူး
  • 7:15 - 7:26
    ပြီးတော့အဲ့ ဒါက ထောင့်မှန်ခံအနားနှစ်ထပ်နှင့် ညီတယ်
  • 7:26 - 7:28
  • 7:28 - 7:30
    C² = 12² ဖြစ်တယ်
  • 7:30 - 7:33
    ဒါဆို အခုB ကို ရှာလို့ ရပါပြီ
  • 7:33 - 7:35
    ဒီမှာ ခြားနားချက်လေးကို သတိပြုရပါမယ်
  • 7:35 - 7:36
    အခု ထောင့်မှန်ခံမနား ကို မရှာပါဘူး
  • 7:36 - 7:38
    တိုတဲ့အနားတွေထဲက တစ်ခုကို ရှာနေတာပါ
  • 7:38 - 7:40
    ပြီးခဲ့တဲ့ ဥပမာမှာ ထောင့်မှန်ခံအနား ကို ရှာခဲ့တယ်
  • 7:40 - 7:43
    C ကို ရှာခဲ့တယ်
  • 7:43 - 7:44
    ဒါကို မှတ်သားထားဖို့ အရေးကြီးပါတယ်
  • 7:44 - 7:47
    A² + B² = C²
  • 7:47 - 7:49
    C က hypotenuse ၏ အရှည်ဖြစ်တယ်
  • 7:49 - 7:50
    ဒီတော့ B ကိုရှာရအောင်
  • 7:50 - 7:52
    6² သည် 36 , အပေါင်း B² က
  • 7:52 - 7:59
    12² (12 * 12 = 144)နဲ့ ညီတယ်
  • 7:59 - 8:05
    36 ကို နှစ်ဖက်စလုံးကနေ နုတ်ရင်
  • 8:05 - 8:09
    ဒါတွေကြေသွားမယ်
  • 8:09 - 8:11
    ဘယ်ဘက်မှာ B² ပဲ ကျန်ပါမယ်
  • 8:13 - 8:18
    144 အနှုတ် 36
  • 8:18 - 8:23
    108 ရပါတယ်
  • 8:30 - 8:34
    ဒါက B² ဖြစ်တယ် ဒီတော့
  • 8:34 - 8:37
    နှစ်ဖက်စလုံးကို square roof တင်မယ်
  • 8:37 - 8:41
    B က 108 ရဲ့  square roof နှစ်ထပ်ကိန်းရင်း
  • 8:41 - 8:44
    နှင့် ညီပါတယ်
  • 8:44 - 8:49
    နည်းနည်းရှင်းအောင် တွက်ကြည့်မယ်
  • 8:49 - 8:51
    108 ၏ နှစ်ထပ်ကိန်းရင်းသည်
  • 8:51 - 8:54
    108 ကို အကြွင်းမရှိအောင် စား၍မရသော ဆခွဲကိန်း
  • 8:54 - 8:55
    Prime factorization အဖြစ်
  • 8:55 - 8:57
    Radical ကို ရှင်းလင်းမယ်
  • 8:57 - 8:58
    108 သည် 2 အမြှောက် 54
  • 8:58 - 9:08
    2 အမြှောက် 27 , 3 အမြှောက် 9
  • 9:08 - 9:16
    108 ၏ နှစ်ထပ် ကိန်းရင်းသည်
  • 9:16 - 9:20
    square root ရဲ့ 2 အမြှောက် 2
  • 9:20 - 9:25
    မပြီးသေးပါဘူး
  • 9:25 - 9:26
    9 ကို ဆခွဲနိုင်ပါတယ် (3 အမြှောက် 3)
  • 9:26 - 9:29
    ဆိုတော့ (2 အမြှောက် 2) (3 အမြှောက် 3)
  • 9:29 - 9:34
    တိကျသော အထပ်ကိန်းနှစ်ခုရှိပါသည်
  • 9:34 - 9:37
    ပိုပြီး သေသပ်အောင် ရေးပါမယ်
  • 9:37 - 9:39
    radicals ကိုရှင်းလင်းခြင်းကို
  • 9:39 - 9:41
    Pythagorean Theorem ကိုသုံးလျှင် အများကြီးတွေ့ ပါလိမ့်မယ်
  • 9:41 - 9:44
    ဒါကြောင့် ထပ်တွက်ရင် နစ်နာမှုမရှိပါဘုး
  • 9:44 - 9:46
    ဒါကတော့ the square root 2 2 3 * 3
  • 9:46 - 9:56
    အမြှောက်နောက်ဆုံး square root 3
  • 9:56 - 10:01
    ဖြစ်ပါတယ်
  • 10:01 - 10:03
    ဒါကတော့ အတူတူပါပဲ
  • 10:03 - 10:04
    ဒါတွေကို စာရွက်ပေါ်မှာ
  • 10:04 - 10:06
    တွက်ဖို့ မလိုပါ
  • 10:06 - 10:08
    ခေါင်းထဲမှာပဲ တွက်လို့ရပါတယ်
  • 10:08 - 10:09
    ဒါဘာလဲ
  • 10:09 - 10:10
    2 အမြှောက် 2 သည် 4 ဖြစ်သည်
  • 10:10 - 10:12
    4 အမြှောက် 9 သည် 36 ဖြစ်သည်
  • 10:12 - 10:14
    ဒါကတော့ square root 36 အမြှောက် square root 3
  • 10:14 - 10:18
    အပေါင်းကိန်းစစ် ကိန်းရင်း၏ 36 ကတော့ 6 ဖြစ်တယ်
  • 10:18 - 10:21
    ရှင်းလိုက်လျှင် 6 အမြှောက် square root 3 ကျန်ပါတယ်
  • 10:21 - 10:25
    ဒီတော့ Bရဲ့ အရှည်ဟာ 108
  • 10:25 - 10:29
    (သို့) B သည် 6 အမြှောက် square root 3
  • 10:29 - 10:34
    လို့ ပြောနိုင်ပါတယ်
  • 10:34 - 10:35
    ဒါကတော့ 12 , ဒါကတော့ 6
  • 10:35 - 10:37
    ပြီးတော့ 3နှစ်ထပ်က
  • 10:37 - 10:41
    တစ်ဒဿမ တစ်ခုခု ဖြစ်ပါတယ်
  • 10:41 - 10:42
    ဒါကြောင့် 6 ထက် အနည်းငယ်ပို၍ ကြီးပါတယ်
Title:
ပိုက်သဂိုးရမ်၏ သီအိုရမ်
Description:
ပိုက်သဂိုးရမ်၏ သီအိုရမ်
more » « less
Video Language:
English
Duration:
10:46
myattheingi edited Burmese subtitles for The Pythagorean Theorem Nov 7, 2014, 8:39 AM
myattheingi edited Burmese subtitles for The Pythagorean Theorem Nov 7, 2014, 3:50 AM
Akayi Min edited Burmese subtitles for The Pythagorean Theorem Oct 9, 2014, 10:21 AM
Jonathan Shu edited Burmese subtitles for The Pythagorean Theorem Aug 7, 2014, 4:12 PM
KhanAcademy Burmese edited Burmese subtitles for The Pythagorean Theorem Aug 7, 2014, 4:10 PM
mayphyucin edited Burmese subtitles for The Pythagorean Theorem Aug 7, 2014, 9:09 AM
mayphyucin edited Burmese subtitles for The Pythagorean Theorem Aug 7, 2014, 7:48 AM
Burmese subtitles
Incomplete
Revisions