အချိန်ဆွဲသူ ဆရာကြီးတစ်ဦး၏ စိတ်အတွင်းဘက်မှာ။
-
0:01 - 0:02ဒီတော့ ကောလိပ်မှာ
-
0:03 - 0:05အစိုးရဘာသာ အဓိက ယူခဲ့တယ်၊
-
0:05 - 0:07ဆိုလိုတာက စာတမ်းတွေ
အများကြီးရေးဖို့ လိုတယ်ပေါ့။ -
0:07 - 0:09ကဲ သာမန်ကျောင်းသား စာတမ်းတစ်စောင်ရေးတဲ့အခါ
-
0:09 - 0:12အလုပ်ကို ဒီလိုမျိုးလေး
ဖြန့်လိုက်နိုင်တာပေါ့။ -
0:12 - 0:13ဒီတော့ သိတဲ့အတိုင်း၊
-
0:13 - 0:15(ရယ်သံများ)
-
0:15 - 0:17နည်းနည်း ဖြည်းဖြည်းလေး စလိုက်တာပေါ့၊
-
0:17 - 0:19ဒါပေမဲ့ ပထမအပတ်မှာ အတော်လောက်ပြီးတာပေါ့၊
-
0:19 - 0:20နောက်မှာ ပိုပြင်းထန်တဲ့နေတွေနဲ့
-
0:20 - 0:23အားလုံးပြီးသွားတယ်၊ အားလုံး အေးဆေးပေါ့။
-
0:23 - 0:24(ရယ်သံများ)
-
0:24 - 0:26ကျွန်တော်က ဒီလိုလုပ်ချင်ခဲ့တယ်။
-
0:26 - 0:27ဒါက အစီအစဉ်ဖြစ်လိမ့်မယ်။
-
0:27 - 0:30အားလုံး အဆင်သင့်ဖြစ်သွားမယ်ပေါ့၊
-
0:30 - 0:32ဒါပေမဲ့ တကယ်ကျတော့ စာတမ်းက ရောက်လာတော့
-
0:32 - 0:34ဒါကို လုပ်ရတာမျိုးပေါ့။
-
0:34 - 0:37(ရယ်သံများ)
-
0:37 - 0:39ဒါက စာတမ်းတိုင်းကို ဖြစ်နေကျပါ။
-
0:40 - 0:44ဒါပေမဲ့ စာမျက်နှာ ၉၀ နောက်နှစ် စာတမ်း
ရောက်လာတယ်၊ -
0:44 - 0:46တစ်နှစ်တာ ကိုယ် အချိန်ကုန်ရမယ့် စာတမ်းလေ။
-
0:46 - 0:49ဒီလောက်စာတမ်းဆိုတာ သိတယ်၊
ကျွန်တော့ ပုံမှန်လုပ်နှုန်းနဲ့ မရတော့ဘူး။ -
0:49 - 0:51ကြီးလွန်းတဲ့ ပရောဂျက်တစ်ခုပါ။
-
0:51 - 0:52ဒီတော့ အစီအစဉ်ချပြီး
-
0:52 - 0:55ဒီလို လုပ်ဖို့လိုတာမျိုးလို့
ဆုံးဖြတ်လိုက်တယ်။ -
0:56 - 0:57အဲဒီနှစ်ဖြစ်ပုံက ဒီလိုပါ။
-
0:57 - 0:59ဒါနဲ့ ပေါ့ပေါ့လေးပဲ စလိုက်တယ်၊
-
0:59 - 1:02လလယ်ပိုင်းမှာ တိုးလုပ်လိုက်တယ်၊
-
1:02 - 1:04နောက်ဆုံးမှာတော့ ဂီယာအမြင့်ထိုးလိုက်တယ်၊
-
1:04 - 1:06လှေကားလေး တစ်ခုလိုပေါ့ဗျာ။
-
1:06 - 1:08လှေကားတက်ရတာ ဘယ်လောက်ခက်နိုင်လဲဗျာ။
-
1:08 - 1:10သိပ် မခက်လှဘူးပေါ့၊
-
1:11 - 1:13နောက် ရယ်စရာအကောင်းဆုံးအရာ ဖြစ်ခဲ့တယ်။
-
1:13 - 1:14ဒီပထမ လအနည်းငယ်လား။
-
1:15 - 1:16ပေါ်လိုက်၊ပျောက်လိုက်လေ
-
1:16 - 1:18အစွမ်း သိပ်မပြနိုင်ခဲ့တော့
-
1:18 - 1:19အံ့စရာ စိစစ်တဲ့ အစီအစဉ်သစ် ဆွဲခဲ့တယ်။
-
1:19 - 1:21(ရယ်သံများ)
-
1:21 - 1:22ဒီနောက်မှာ...
-
1:22 - 1:24(ရယ်သံများ)
-
1:24 - 1:27အလယ်ပိုင်းက လတွေက တကယ်ကို ကုန်သွားတယ်။
-
1:27 - 1:29တကယ် စာမရေးခဲ့ဘူး၊
-
1:29 - 1:31ဒါနဲ့ ဒီမှာ ရှိခဲ့တာပေါ့။
-
1:32 - 1:34နောက် နှစ်လကနေ တစ်လဖြစ်သွားတယ်၊
-
1:34 - 1:36ဒါကနေ နှစ်ပတ်ဖြစ်သွားတယ်။
-
1:36 - 1:37တစ်နေ့ နောက်ဆုံးရက်
-
1:38 - 1:40သုံးရက်နဲ့ အိပ်ယာကနိူးခဲ့တယ်၊
-
1:42 - 1:43တစ်လုံးမှ ရေးထားတာ မရှိသေးဘူး။
-
1:43 - 1:46ဒါနဲ့ ကိုယ်လုပ်နိုင်တာပဲ လုပ်ခဲ့တယ်၊
-
1:46 - 1:48စာမျက်နှာ ၉၀ ကို ၇၂ နာရီကျော် ရေးခဲ့တယ်၊
-
1:48 - 1:50ညလုံးပေါက် တစ်ညမဟုတ်ပဲ
နှစ်ညဆက်တိုက် ဆွဲတာပေါ့၊ -
1:50 - 1:53လူသားတွေဟာ ညလုံးပေါက်
နှစ်ည မဖြစ်သင့်ဘူးလေ။ -
1:54 - 1:56ကျောင်းဝင်းးကို ခြေကုန်သုတ်ပြီး
-
1:56 - 1:58နှေးနှေးလေး မောင်းဝင်ကာ
-
1:58 - 2:00နောက်ဆုံး အချိန်မှာ ရောက်လာခဲ့တယ်။
-
2:00 - 2:02အကုန်လုံးတော့ သွားပြီလို့ထင်ခဲ့တယ်။
-
2:02 - 2:04ဒါပေမဲ့ တစ်ပတ်အကြာ ဖုန်းဝင်လာတယ်
-
2:04 - 2:05ကျောင်းက ဆက်တာပါ။
-
2:06 - 2:07သူတို့က " Tim Urban လား" တဲ့။
-
2:07 - 2:09ကျွန်တော်က "ဟုတ်ပါတယ်"
-
2:09 - 2:11သူတို့က " မင်းရဲ့ စာတမ်းအကြောင်း
ပြောဖို့လိုတယ်" -
2:11 - 2:13ကျွန်တော်က "ရပါတယ်" ပေါ့။
-
2:13 - 2:15သူတို့ကပြောတာက
-
2:15 - 2:17"ငါတို့မြင်ဖူးသမျှ အကောင်းဆုံးပဲ" တဲ့။
-
2:17 - 2:19(ရယ်သံများ)
-
2:20 - 2:23(လက်ခုပ်သံများ)
-
2:25 - 2:26ဒီလို မဖြစ်ခဲ့ပါဘူး။
-
2:26 - 2:28(ရယ်သံများ)
-
2:28 - 2:31အတော့ကို ဆိုးဝါးတဲ့ စာတမ်းတစ်စောင်ပါ။
-
2:31 - 2:33(ရယ်သံများ)
-
2:33 - 2:37"ဒီကောင်က အံ့စရာကွ"လို့ ခင်ဗျားတို့
တွေးမိတဲ့ ကာလတစ်ခုကို -
2:38 - 2:39ကျွန်တော် ခံစားချင်တာပါပဲ။
-
2:39 - 2:41(ရယ်သံများ)
-
2:41 - 2:42မဟုတ်ဘူး၊ တော်တော့ကို ဆိုးပါတယ်။
-
2:43 - 2:47ဘာဖြစ်ဖြစ် ဒီနေ့မှာ ကျွန်တော်ဟာ
စာရေးဆရာ ဘလော့ရေးသူပါ။ -
2:47 - 2:49Wait But Why ဘလော့ကို ရေးပါတယ်။
-
2:49 - 2:52လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က အချိန်ဆွဲတဲ့
အကြောင်း ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ -
2:52 - 2:56ကျွန်တော့ အပြုအမူက ကိုယ့်ဘေးက
အချိန်မဆွဲသူတွေကို အမြဲ စိတ်ရှုပ်စေပြီး -
2:56 - 2:59အချိန်ဆွဲသူတွေရဲ့ ခေါင်းတွေထဲမှာ
ဖြစ်နေတာနဲ့ ဘာကြောင့် -
2:59 - 3:01ဒီလိုဖြစ်တာကို ကမ္ဘ့ာ့အချိန်မဆွဲသူတွေကို
-
3:01 - 3:03ရှင်းပြချင်ခဲ့တယ်။
-
3:03 - 3:04အချိန်ဆွဲသူတွေရဲ့
-
3:04 - 3:07ဦးနှောက်တွေဟာ အခြားသူတွေရဲ့
ဦးနှောက်တွေနဲ့ မတူဘူးလို့ -
3:07 - 3:09ယူဆချက်တစ်ခု ကျွန်တော့မှာရှိတယ်။
-
3:10 - 3:12ဒါကို စမ်းသပ်ဖို့ ကျွန်တော့ဦးနှောက်နဲ့
-
3:12 - 3:14သက်သေပြုထားတဲ့ အချိန်မဆွဲသူရဲ့
ဦးနှောက်ကို တကယ် -
3:14 - 3:17စကင်ဖတ်ပေးတဲ့ MRI
စမ်းသပ်ခန်းတစ်ခု တွေ့ခဲ့တယ်။ -
3:17 - 3:18ဒါနဲ့ နှိုင်းယှဉ်လို့ရတာပေါ့။
-
3:19 - 3:21ဒီနေ့ ခင်ဗျားတို့ကို ပြဖို့ ယူလာပါတယ်။
-
3:21 - 3:24ခြားနားချက်တစ်ခုကို သတိပြုမိလားလို့
သေသေချာချာ ကြည့်စေချင်ပါတယ်။ -
3:24 - 3:27သိတာက ကျင့်ထားတဲ့ ဦးနှောက်ပညာရှင်
မဟုတ်ရင်တော့ -
3:27 - 3:29သိပ်မသိသာပါဘူး၊ ဒါပေမဲ့ တစ်ချက်ကြည့်ပါဦး။
-
3:29 - 3:31ဒါက အချိန်မဆွဲသူ တစ်ဦးရဲ့ ဦးနှောက်ပါ။
-
3:32 - 3:34(ရယ်သံများ)
-
3:34 - 3:35ကဲ...
-
3:36 - 3:38ဒါက ကျွန်တော့ရဲ့ ဦးနှောက်။
-
3:38 - 3:41(ရယ်သံများ)
-
3:44 - 3:45မတူတာတစ်ခု ရှိပါတယ်။
-
3:46 - 3:48နှစ်ခုလုံးမှာ ယုတ္တိတန်တဲ့
ဆုံးဖြတ်သူရှိပေမဲ့ -
3:48 - 3:50အချိန်ဆွဲသူရဲ့ ဦးနှောက်မှာတော့
-
3:50 - 3:53ချက်ချင်း ဝမ်းမြောက်တဲ့
မျောက်တစ်ကောင်လည်း ရှိပါတယ်။ -
3:53 - 3:55ကဲ ဒါက အချိန်ဆွဲသူအတွက် ဘာကိုဆိုလိုတာလဲ။
-
3:55 - 3:58အင်း ဒါမဖြစ်ခင်တော့ အရာရာ
အဆင်ပြေတယ်လို့ ဆိုလိုတယ်။ -
3:58 - 4:00(ဒါက အလုပ်ပြီးဖို့ အကောင်းဆုံးအချိန်ပါ)
(မဟုတ်ပါဘူး) -
4:00 - 4:03ဒါနဲ့ ယုတ္တိတန်တဲ့ ဆုံးဖြတ်သူဟာ
အကျိုးရှိတဲ့တစ်ခုခုလုပ်ဖို့ -
4:03 - 4:05ယုတ္တိရှိတဲ့ ဆုံးဖြတ်ချက်ချလိမ့်မယ်
-
4:05 - 4:07ဒါပေမဲ့ မျောက်က ဒီအစီအစဉ်ကို မကြိုက်ဘူး။
-
4:07 - 4:09ဒီတော့ သူက ဘီးကို ယူလိုက်ပြီး
-
4:09 - 4:12သူက "တကယ်က Nancy Kerrigan
ရဲ့ ဝက်ဘ် စွယ်စုံကျမ်းတစ်ခုလုံး၊ -
4:12 - 4:14Tonya Harding အတင်းအဖျင်း ဖတ်ရအောင်၊
-
4:14 - 4:16ဒါဖြစ်ခဲ့တယ်လို့ပဲ ကျုပ်မှတ်မိလို့ပါ။
-
4:16 - 4:17(ရယ်သံများ)
-
4:17 - 4:18ပြီးတော့
-
4:18 - 4:20(ရယ်သံများ)
-
4:20 - 4:22ရေခဲသေတ္တာဆီ သွားကြမယ်လေ၊
-
4:22 - 4:24ဒီမှာ လွန်ခဲ့တဲ့ ၁၀ မိနစ်က
အသစ်တစ်ခုခု ရှိမလား ကြည့်ဖို့လေ။ -
4:25 - 4:27ပြီးတော့ အတောမသတ်တဲ့ YouTube ဆီဆက်မယ်၊
-
4:27 - 4:30ဒါက Richard Feynman ပြောတဲ့
သံလိုက်တွေအကြောင်း ဗီဒီယိုနဲ့စပြီး -
4:30 - 4:33နောက် အရမ်းကြာတော့
Justin Bieber ရဲ့ အမေနဲ့ -
4:33 - 4:35တွေ့ဆုံခန်းကြည့်တာနဲ့ ဆုံးသွားတယ်။
-
4:35 - 4:37(ရယ်သံများ)
-
4:37 - 4:39"ဒါအားလုံးက ခဏလေးပါ၊
-
4:39 - 4:43ဒါနဲ့ ဒီနေ့အတွက် အလုပ်အတွက် အစီအစဉ်မှာ
နေရာ တကယ်မရှိတော့ပါဘူး၊ -
4:43 - 4:44စိတ်မကောင်းပါဘူး။"
-
4:44 - 4:45(သက်ပြင်းချသံ)
-
4:46 - 4:50ကဲ ဒီမှာ ဘာဆက်ဖြစ်နေလဲ။
-
4:51 - 4:54ချက်ချင်း ဝမ်းမြောက်တဲ့ မျောက်က
ဘီးနောက်က သင်ရှိချင်တဲ့ -
4:54 - 4:55ကောင်ပုံ မပေါက်ဘူး။
-
4:55 - 4:57သူက ပစ္စုပ္ပန်တစ်ခုလုံးမှာ နေထိုင်ပါတယ်။
-
4:57 - 5:00အတိတ်ရဲ့ မှတ်ဉာဏ်မရှိ၊
အနာဂတ်ရဲ့ အသိသုတမရှိ၊ -
5:00 - 5:02သူအရေးစိုက်တာ နှစ်ခုပဲရှိတယ်၊
-
5:02 - 5:04အေးအေးနဲ့ ပျော်ပျော်ပဲ။
-
5:04 - 5:07ကဲ တိရိစ္ဆာန်လောကကမှာတော့ အလုပ်ဖြစ်တယ်လေ။
-
5:07 - 5:09ခွေးတစ်ကောင်ဖြစ်ပြီး
-
5:09 - 5:12ဘာမှမလုပ်ပဲ အေးဆေးနဲ့ ပျော်စရာတွေ
လုပ်ပြီး ဘဝတစ်ခုလုံးကို ကုန်ဆုံးရင် -
5:12 - 5:13ဧရာမ အောင်မြင်သူပေါ့။
-
5:13 - 5:15(ရယ်သံများ)
-
5:15 - 5:17မျောက်အတွက်ကျတော့
-
5:18 - 5:20လူသားတွေဟာ နောက်
တိရိစ္ဆာန် မျိုးစိတ်တစ်ခုပါ -
5:20 - 5:25ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး
မျိုးနွယ်စု ကာလတွေမှာ အဆင်ပြေ -
5:25 - 5:27နိုင်လောက်မယ့် နောက်မျိုးဆက်
ပွားဖို့လိုတယ်လေ။ -
5:27 - 5:30ဒါပေမဲ့ သတိမပြုမိခဲ့ရင် အခု
မျိုးနွယ်စု ကာလထဲမှာ မရှိပါဘူး။ -
5:30 - 5:34ကျွန်တော်တို့ဟာ အဆင့်မြင့် လူ့အဖွဲ့အစည်း
မှာရှိနေပြီး မျောက်က ဒါကိုမသိဘူးလေ။ -
5:34 - 5:36ဒါကြောင့် ဦးနှောက်ထဲမှာ
နောက်တစ်ကောင် ရှိတာလေ၊ -
5:36 - 5:39ယုတ္တိတန်တဲ့ ဆုံးဖြတ်သူ၊
-
5:39 - 5:42အခြားတိရိစ္ဆာန်တွေ မတတ်နိုင်တာတွေ
ကို လုပ်ဖို့ အစွမ်းပေးသူလေ။ -
5:42 - 5:44အနာဂတ်ကို တွေးကြည့်နိုင်တယ်၊
-
5:44 - 5:45ကြီးမားတဲ့ ပုံရိပ်ကို မြင်နိုင်တယ်၊
-
5:45 - 5:47ရေရှည်အစီအစဉ်တွေ ဆွဲနိုင်တယ်
-
5:47 - 5:49သူက ဒါအားလုံးကို ထည့်စဉ်းစားချင်တယ်။
-
5:50 - 5:52လောလောဆယ် လုပ်နေတဲ့ အဓိပ္ပါယ်ရှိတာ
-
5:52 - 5:55ဘာဖြစ်ဖြစ် ကျွန်တော်တို့ကို
လုပ်ခိုင်းချင်တယ်။ -
5:55 - 5:56ကဲ တစ်ခါတစ်လေမှာ အေးဆေးပြီး
-
5:56 - 5:58ပျော်စရာတွေကို လုပ်နေတာ အဓိပ္ပါယ်ရှိပါတယ်။
-
5:58 - 6:00ညစာစားနေတဲ့အခါ၊ အိပ်ယာဝင်နေတဲ့အခါ၊
-
6:00 - 6:02ထိုက်တန်တဲ့ အားလပ်ချိန်တွေမှာလိုပေါ့။
-
6:02 - 6:04ဒါကြောင့် ထပ်တာ ရှိတာပေါ့။
-
6:04 - 6:06တစ်ခါတစ်လေ သဘောညီကြတယ်။
-
6:06 - 6:08ဒါပေမဲ့ တစ်ချို့အချိန်မှာ
ပိုခက်ပြီး၊ ပိုနှစ်လိုဖွယ် -
6:08 - 6:12မရှိတာတွေလုပ်နေတာက ကြီးမားတဲ့ ပုံရိပ်အတွက်
-
6:12 - 6:14အများကြီး ပိုအဓိပ္ပါယ်ရှိပါတယ်။
-
6:14 - 6:15ဒါက ကျွန်တော်တို့ ဝိရောဓိ ရှိချိန်မှာပါ
-
6:16 - 6:17အချိန်ဆွဲသူအတွက်
-
6:17 - 6:20ဝိရောဓိဟာ အကြိမ်တိုင်း
နည်းတစ်ခုကို ဆုံးသွားတတ်တယ်၊ -
6:20 - 6:24အဓိပ္ပါယ်ရှိတဲ့ စက်ဝန်းရဲ့ အပြင် သက်သက်
က အေးဆေး၊ ပျော်ရွင်တဲ့ နေရာ -
6:24 - 6:28ဒီလိမ္မော်ရောင် ဇုန်ထဲမှာ အချိန်
အများကြီး ကုန်ဆုံးစေခဲ့ရင်းပေါ့။ -
6:28 - 6:30ကျွန်တော်ကတော့ အနက်ရောင်
ကစားကွင်းလို့ ခေါ်တယ်။ -
6:30 - 6:32(ရယ်သံများ)
-
6:32 - 6:35ကဲ အနက်ရောင် ကစားကွင်းက ဒီမှာရှိတဲ့
-
6:35 - 6:38အချိန်ဆွဲသူအားလုံး ကောင်းကောင်း
သိတဲ့နေရာတစ်ခုပါ။ -
6:39 - 6:41ဒါက အားလပ်ချိန် လှုပ်ရှားမှုတွေ
-
6:41 - 6:44မရှိသင့်တဲ့ အချိန်တွေမှာ အားလပ်ချိန်
လှုပ်ရှားမှုတွေ ဖြစ်တဲ့နေရာပါ။ -
6:44 - 6:46အနက်ရောင် ကစားကွင်းမှာရတဲ့ အပျော်က
-
6:46 - 6:49တကယ် မပျော်ပါဘူး။ အကြောင်းက
ဒါဟာ လုံးဝ မထိုက်တန်ပဲ -
6:49 - 6:52လေထုက အပြစ်၊ ကြောက်လန့်မှု၊
ပူပန်မှု၊ ကိုယ့်ဘာသာ မုန်းတီးမှု -
6:52 - 6:54အချိန်ဆွဲသူ ခံစားချက်တွေနဲ့ ပြည့်နေလို့ပါ။
-
6:55 - 6:58ဒါနဲ့ ပြဿနာက ဒီအခြေအနေမှာ
ဘီးနောက်က မျောက်နဲ့ဆိုတော့ -
6:58 - 7:02အချိန်ဆွဲသူဟာ ဒီကနေ အပြာရောင်ဇုံကို
ဘယ်လိုရောက်မလဲ၊ -
7:02 - 7:05သာယာမှုပိုနည်းပေမဲ့ တကယ့်
အရေးကြီးတာတွေဖြစ်တဲ့ နေရာလေ။ -
7:05 - 7:10အင်း ဖြစ်သွားတာက အချိန်ဆွဲသူမှာ
ကိုယ်စောင့်နတ် တစ်ပါးရှိတယ်၊ -
7:10 - 7:13အဆိုးဆုံး ကာလတွေမှာ သူ့ကို အမြဲ ငုံ့ပြီး
-
7:13 - 7:15မိုးကြည့်နေတဲ့သူတစ်ယောက်ပေါ့။
-
7:15 - 7:17ကြောက်စရာ သတ္တဝါကြီး လို့ခေါ်ပါတယ်။
-
7:17 - 7:20(ရယ်သံများ)
-
7:22 - 7:27အခု ကြောက်စရာ သတ္တဝါကြီးက
များသောအားဖြင့် အိပ်နေတယ်ဆိုပေမဲ့ -
7:27 - 7:31နောက်ဆုံးရက် အရမ်းနီးကပ်တာ (သို့)
လူသူကြားထဲ အရှက်ကွဲမယ့် ဘေးရှိတဲ့ အချိန် -
7:31 - 7:33အလုပ်ဘေးဒုက္ခ (သို့) အခြားကြောက်စရာ
-
7:33 - 7:36အကျိုးဆက်ရှိချိန် ဘယ်အချိန်မဆို
သူ ရုတ်တရက် နိုးတယ်။ -
7:36 - 7:40ပို အရေးကြီးတာက မျောက်က
ကြောက်တာဆိုလို့ သူပဲရှိတာပါ။ -
7:40 - 7:45ကဲ သူဟာ ကျွန်တော့ဘဝမှာ
သိပ်မကြာခင်လေးကမှ ပတ်သက်လာခဲ့တယ်၊ -
7:45 - 7:48အကြောင်းက TED က လူတွေ လွန်ခဲ့တဲ့
ခြောက်လက ကျွန်တော်ဆီ ရောက်လာပြီး -
7:48 - 7:50TED ဟောပြောချက်လုပ်ဖို့ ဖိတ်ခဲ့လို့ပါ။
-
7:50 - 7:52(ရယ်သံများ)
-
7:55 - 7:57ကဲ တကယ်ပါ၊ ဟုတ်ကဲ့လို့ ပြောလိုက်တယ်။
-
7:57 - 8:01အတိတ်က TED ဟောပြောလိုက်ဖို့ဆိုတာဟာ
ကျွန်တော့ရဲ့ အမြဲတမ်း အိပ်မက်တစ်ခုပါ။ -
8:01 - 8:05(ရယ်သံများ)
-
8:05 - 8:09(လက်ခုပ်သံများ)
-
8:12 - 8:14ဒါပေမဲ့ ဒီစိတ်လှုပ်ရှားမှုအားလုံး အလယ်မှာ
-
8:14 - 8:17ယုတ္တိတန်တဲ့ ဆုံးဖြတ်သူဟာ သူ့စိတ်ထဲမှာ
အခြားတစ်ခု ရှိပုံရတယ်။ -
8:18 - 8:20သူပြောနေတာက "ကျုပ်တို့လက်ခံ
လိုက်တာကို ရှင်းလား။ -
8:20 - 8:23အခုဖြစ်တော့မယ်အရာဟာ
အနာဂတ် တစ်နေ့မှာ ဖြစ်နေမှာကို သိရဲ့လား။ -
8:23 - 8:26ဒါကို အခုထိုင်ပြီး လုပ်ဖို့လိုတယ်နော်"တဲ့။
-
8:26 - 8:29ဒါနဲ့ မျောက်က "လုံးဝ သဘောတူတယ်၊
ဒါပေမဲ့ Google Earth လေးဖွင့်ပြီး -
8:29 - 8:32အိန္ဒိယအောက်ပိုင်းကို ချဲ့ကြည့်ရအောင်။
မြေပြင်အထက် မီတာ ၂၀၀ ပေါ့။ -
8:32 - 8:36နောက်ပြီး နိုင်ငံထိပ်ပိုင်းအထိ
နှစ်နာရီခွဲလောက် ရွှေ့ကြည့်တာပေါ့။ -
8:36 - 8:38အိန္ဒိယကို ပိုကောင်းကောင်း ခံစားရတာပေါ့။"
-
8:38 - 8:42(ရယ်သံများ)
-
8:43 - 8:45ဒါက အဲဒီနေ့က လုပ်ခဲ့ကြတာပါ။
-
8:45 - 8:47(ရယ်သံများ)
-
8:49 - 8:52ခြောက်လက လေးလ၊ နှစ်လကနေ
တစ်လပြောင်းခဲ့တယ်။ -
8:53 - 8:56TED ကလူတွေ ဟောပြောသူတွေကို
ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ -
8:56 - 8:58ဝက်ဆိုဒ်ကိုဖွင့်လိုက်တာကိုယ့်ကို
ပြန်စိုက်ကြည့်နေတဲ့ -
8:58 - 9:00ကိုယ့်မျက်နှာရှိတယ်။
-
9:00 - 9:01ဘယ်သူနိုးလာလဲ သိလား။
-
9:01 - 9:04(ရယ်သံများ)
-
9:05 - 9:08ဒီတော့ ကြောက်စရာ သတ္တဝါကြီး စိတ်တိုလာပြီး
-
9:08 - 9:11ခဏအကြာမှာ စနစ်တစ်ခုလုံး ပရမ်းပတာဖြစ်ရောလေ။
-
9:11 - 9:13(ရယ်သံများ)
-
9:16 - 9:19ဒါနဲ့ မျောက်၊ မှတ်မိတယ်နော်၊ ကြောက်စရာ
သတ္တဝါကြီးကို သူလန့်တာလေ၊ -
9:19 - 9:20ဝုန်းဆို သစ်ပင်ပေါ်မှာလေ
-
9:20 - 9:21ဒါနဲ့ နောက်ဆုံး၊
-
9:21 - 9:24နောက်ဆုံး ယုတ္တိတန်တဲ့ ဆုံးဖြတ်သူ
ဘီးကို ကိုင်နိုင်ပြီး -
9:24 - 9:25ဟောပြောချက်ကို စလုပ်နိုင်တော့တယ်။
-
9:25 - 9:28ကဲ ကြောက်စရာ သတ္တဝါကြီးက
တော်တော် စိတ်မနှံ့တဲ့ -
9:28 - 9:31အချိန်ဆွဲသူ အပြုအမူ
အမျိုးအစားတွေကို ရှင်းပြတယ်။ -
9:31 - 9:34ဆိုပါစို့ ကျွန်တော့လို
နှစ်ပတ်အချိန်ကုန်ခံပြီး -
9:34 - 9:37စာတမ်းအဖွင့်စာကြောင်း စမရေးနိုင်ပုံ၊
-
9:37 - 9:40ပြီးတော့ ညလုံးပေါက် ရှစ်မျက်နှာရေးဖို့
မယုံနိုင်လောက်တဲ့ -
9:40 - 9:43အလုပ် ကျင့်ဝတ်ကို အံ့သြစရာ တွေ့ရှိပုံပေါ့။
-
9:44 - 9:47ဒီအခြေအနေတစ်ခုလုံး ၊ ဇာတ်ကောင်
သုံးကောင်နဲ့ပေါ့၊ -
9:47 - 9:49ဒါက အချိန်ဆွဲသူရဲ့ စနစ်ပါ။
-
9:50 - 9:54မလှပေမဲ့ အဆုံးမှာတော့
အလုပ်ဖြစ်ပါတယ်။ -
9:54 - 9:58ဒါက လွန်ခဲ့တဲ့ တစ်နှစ်၊နှစ်နှစ်က
ဘလော့ဂ်ရေးဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းပါ။ -
9:58 - 10:01ကျွန်တော် ရေးလိုက်တော့ တုံ့ပြန်မှုက
အံ့သြစရာကောင်းပါတယ်။ -
10:01 - 10:03ပြောရရင် ကမ္ဘာတစ်လွှားက
-
10:03 - 10:06အလုပ်အမျိုးမျိုးလုပ်ကြတဲ့ လူအမျိုးမျိုးဆီက
-
10:06 - 10:07အီးမေးလ်တွေ ထောင်ချီဝင်လာခဲ့တယ်။
-
10:07 - 10:10သူနာပြုတွေ၊ ဘဏ်သူဌေးတွေ၊
ပန်းချီဆရာတွေ၊ အင်ဂျင်နီယာတွေ၊ -
10:10 - 10:13များစွာသော PhD ကျောင်းသားတွေပေါ့။
-
10:13 - 10:15(ရယ်သံများ)
-
10:15 - 10:17သူတို့အားလုံး ရေးနေ၊ ပြောနေတာ
တစ်မျိုးတည်းပါ။ -
10:17 - 10:19"ကျွန်တော့မှာလည်း ဒီပြဿနာရှိတယ်"တဲ့။
-
10:19 - 10:23ဒါပေမဲ့ ကျွန်တော့ကို အံ့အားသင့်စေတာက
ပို့စ်တင်တာရဲ့ ပေါ့ပါးတဲ့လေသံနဲ့ -
10:23 - 10:25ဒီအီးမေးလ်တွေရဲ့ လေးလံမှု
အကြားကအရာပါ။ -
10:25 - 10:28ဒီလူတွေ ခါးသီးတဲ့ စိတ်ပျက်ခြင်းနဲ့
ရေးနေကြတာက -
10:28 - 10:31အချိန်ဆွဲခြင်းက သူတို့ဘဝတွေကို
ထိခိုက်တဲ့အကြောင်း -
10:31 - 10:33ဒီမျောက်က သူတိုကို
ထိခိုက်တဲ့အကြောင်းပါ။ -
10:35 - 10:38ကျွန်တော် စဉ်းစားပြီး ပြောလိုက်တာက
-
10:38 - 10:41ကဲ အချိန်ဆွဲသူရဲ့ စနစ် အလုပ်ဖြစ်ရင်
ဘာဆက်ဖြစ်လဲ။ -
10:41 - 10:44ဘာလို့ ဒီလူအားလုံး ဒီလို
ဆိုးဝါးတဲ့နေရာမှာရှိရတာလဲ။ -
10:44 - 10:47ဖြစ်သွားတာက အချိန်ဆွဲတာ နှစ်မျိုးရှိတယ်။
-
10:48 - 10:51ဒီနေ့ ပြောတာတိုင်းနဲ့ ပေးတဲ့
ဥပမာတွေမှာ အားလုံး -
10:51 - 10:52နောက်ဆုံးအချိန်တွေပါတယ်။
-
10:52 - 10:53နောက်ဆုံးအချိန်ဆိုတဲ့အခါ
-
10:53 - 10:56အချိန်ဆွဲ့ခြင်းရဲ့ သက်ရောက်မှုတွေဟာ
ရေတိုအထိအကျုံးဝင်တယ်၊ -
10:56 - 10:58ကြောက်စရာ သတ္တါကြီးပါဝင်နေတာကိုး။
-
10:58 - 11:00ဒါပေမဲ့ အချိန်ဆွဲခြင်း ဒုတိယတစ်မျိုးရှိတယ်
-
11:00 - 11:03ဒါက နောက်ဆုံးအချိန် မရှိတဲ့အခါမှာ ဖြစ်တာပါ
-
11:03 - 11:06ကိုယ်တိုင်စတဲ့ လုပ်ငန်းမျိုး
အနုပညာ၊ စွန့်ဦးထွင်တာလို -
11:06 - 11:08နောက်ဆုံးအချိန် မရှိတဲ့အလုပ်
တစ်ခုခု လုပ်ချင်ရင် -
11:08 - 11:11ဒါတွေအတွက် အစမှာတော့ နောက်ဆုံး
အချိန်မရှိပါဘူး၊ အကြောင်းက -
11:12 - 11:14အရှိန်ရဖို့၊ ကိစ္စတွေဆက်ဖြစ်ဖို့
ကိုယ်ကထွက်ပြီး -
11:14 - 11:15မကြိုးစားခင် ဘာမှ ဖြစ်မနေဘူး။
-
11:15 - 11:19နောက်ဆုံးအချိန် မပါဝင်တဲ့ အလုပ်အပြင်က
-
11:19 - 11:20အရေးပါတဲ့ အရာမျိုးစုံရှိတယ်။
-
11:20 - 11:23မိသားစုကိုတွေ့တာတို့၊ လေ့ကျင့်ခန်းလုပ်တာ၊
ကျန်းမာရေး ဂရုစိုက်တာတို့၊ -
11:23 - 11:25ဆက်ဆံရေးအတွက် လုပ်တာတို့၊
-
11:25 - 11:28အလုပ်မဖြစ်တဲ့ ဆက်ဆံရေးကနေ ထွက်တာတို့ပေါ့။
-
11:28 - 11:33ကဲ ဒီခက်ခဲတာတွေ လုပ်ခြင်းရဲ့
အချိန်ဆွဲသူရဲ့ တစ်ခုတည်းသော ယန္တရားဟာ -
11:33 - 11:35ကြောက်စရာ သတ္တဝါကြီးဆိုရင် ဒါပြဿနာပါ။
-
11:35 - 11:37အကြောင်းက ဒီနောက်ဆုံးအချိန်မပါတဲ့
အခြေအနေအားလုံးမှာ -
11:37 - 11:39ကြောက်စရာ သတ္တဝါက ပေါ်မလာလို့ပါ။
-
11:39 - 11:41သူ့မှာ နှိုးစရာ မရှိဘူးလေ။
-
11:41 - 11:43ဒီတော့ အချိန်ဆွဲခြင်းရဲ့
သက်ရောက်မှုတွေ၊ ပါဝင်မလာဘူး၊ -
11:43 - 11:45အပြင်ဘက်ကို အဆုံးမဲ့ ဆန့်ထွက်တယ်။
-
11:46 - 11:49ဒါဟာ ပိုပျော်ရွှင်တဲ့ ရေတို
နောက်ဆုံးအချိန် အခြေခံတဲ့ -
11:49 - 11:52အမျိုးအစားထက် အရမ်း မြင်သာမှု
နည်းပြီး သိပ် အပြောနည်းတဲ့ -
11:52 - 11:55ရေရှည် အချိန်ဆွဲခြင်း အမျိုးအစားပါ။
-
11:55 - 11:58အမြဲတမ်း တိတ်တိတ်လေး၊ ကြိတ်ခံစားပါတယ်။
-
11:59 - 12:00ဒါ ရေရှည် မပျော်မှုရဲ့
-
12:00 - 12:04ကြီးမားတဲ့ ပမာဏနဲ့ အရင်းအမြစ်
ဖြစ်နိုင်ပါတယ်၊ ပြီးတော့ နောင်တတွေပေါ့။ -
12:05 - 12:07ကျွန်တော် ထင်တာက ဒါကြောင့်
လူတွေဟာ အီးမေးလ် ပို့နေတာဖြစ်ပြီး -
12:07 - 12:10ဒါကြောင့်ပဲ ဒီလို ဆိုးဝါးတဲ့နေရာမှာ
ရှိနေတာလို့ပါ။ -
12:10 - 12:13သူတို့ဟာ ပရောဂျက်တစ်ခုအတွက်
တွန်းလုပ်နေတာ မဟုတ်ဘူး။ -
12:13 - 12:16ရေရည် အချိန်ဆွဲခြင်းက သူတို့
ကိုယ်ပိုင်ဘဝတွေရဲ့ အချိန်တွေမှာ -
12:16 - 12:18ပွဲ့ကြည့်သူ တစ်ယောက်လိုခံစားစေတာပါ။
-
12:19 - 12:22စိတ်ပျက်တာက သူတို့အိပ်မက်တွေကို
မစွမ်းဆောင်နိုင်လို့ မဟုတ်ပဲ -
12:22 - 12:25သူတို့အနေဲ့ ဒါတွေကို စတင်
လိုက်နိုင်စွမ်းတောင် မရှိလို့ပါ။ -
12:25 - 12:29ဒီအီးမေးလ်တွေကိုဖတ်ပြီး အသိအမြင်
နည်းနည်းလေး ရလိုက်တာက -
12:30 - 12:34အချိန်မဆွဲသူ ရှိတယ်လို့ မထင်တာပါ။
-
12:34 - 12:37ဒါ ဟုတ်ပါတယ်၊ ခင်ဗျားတို့အားလုံးဟာ
အချိန်ဆွဲသူတွေလို့ ထင်ပါတယ်။ -
12:38 - 12:40ကဲ ခင်ဗျားတို့အားလုံး ကျွန်တော်တို့လို
-
12:40 - 12:41မရှုပ်ပွလောက်ပါဘူး။
-
12:41 - 12:43(ရယ်သံများ)
-
12:43 - 12:46ခင်ဗျားတို့ တစ်ချို့က နောက်ဆုံးအချိန်နဲ့
ဆက်ဆံရေး ကောင်းလောက်ပါတယ်။ -
12:46 - 12:49ဒါပေမဲ့ သတိရပါ၊ မျောက်ရဲ့
ကလိမ်ကျဆုံး ပရိယာယ်က -
12:49 - 12:50နောက်ဆုံးအချိန် မရှိတဲ့အခါမှာပါ။
-
12:51 - 12:53အခု နောက်ဆုံးတစ်ခု ပြချင်ပါတယ်။
-
12:53 - 12:56ဒါကို ဘဝပြက္ခဒိန်လို့ ကျွန်တော်ခေါ်တယ်။
-
12:56 - 13:01နှစ် ၉၀ သက်တမ်းရဲ့ သီတင်းပတ်တိုင်း
အတွက် အကွက်တစ်ကွက် ရှိတယ်။ -
13:01 - 13:03အကွက်အများကြီး မရှိပါဘူး၊
-
13:03 - 13:06အထူးသဖြင့် ဒါတွေရဲ့ တသီကြီး
ကျွန်တော်တို့ သုံးပြီးတာကြောင့်ပါ။ -
13:07 - 13:12ဒီတော့ ဒီပြက္ခဒိန်ကို ကြာကြာ
စိုက်ကြည့်ဖို့လိုတယ် ထင်ပါတယ်။ -
13:13 - 13:16ကျွန်တော်တို့ ဘာကို ဆက်အချိန်ဆွဲနေလဲ
ဆိုတာ စဉ်းစားဖို့လိုပါတယ်၊ -
13:16 - 13:19အကြောင်းက လူတိုင်းဟာ ဘဝမှာ တစ်ခုခုကို
အချိန်ဆွဲနေလို့ပါ။ -
13:21 - 13:24ချက်ချင်း ဝမ်းမြောက်တဲ့ မျောက်ကို
မပြတ် သတိထားဖို့လိုပါတယ်။ -
13:25 - 13:28ဒါက ကျွန်တော်တို့ အားလုံးရဲ့ အလုပ်ပါ။
-
13:29 - 13:31အကွက်တွေ အများကြီးမရှိတာကြောင့်
-
13:31 - 13:33ဒီနေ့ပဲ စလုပ်သင့်တဲ့ အလုပ်
ဖြစ်လောက်ပါတယ်။ -
13:33 - 13:36အင်း ဒီနေ့တော့ မဟုတ်လောက်ပေမဲ့...
-
13:36 - 13:38(ရယ်သံများ)
-
13:38 - 13:39သိတယ်နော်၊
-
13:40 - 13:41နောင်မကြာခင်ပေါ့ဗျာ။
-
13:41 - 13:43ကျေးဇူးတင်ပါတယ်။
-
13:43 - 13:51(လက်ခုပ်သံများ)
- Title:
- အချိန်ဆွဲသူ ဆရာကြီးတစ်ဦး၏ စိတ်အတွင်းဘက်မှာ။
- Speaker:
- Tim Urban
- Description:
-
အချိန်ဆွဲတာဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ Tim Urban သိပေမဲ့ ကိစ္စတွေပြီးပြတ်ဖို့ နောက်ဆုံးမိနစ်အထိ စောင့်တတ်တဲ့ အကျင့်ကို တစ်ခါမှ ဖြတ်မရနိင်ဘူးဖြစ်နေပါတယ်။ ရယ်မောစရာကောင်းပြီး ထိုးထွင်းအသိမြင်ပါတဲ့ ဒီဟောပြောချက်ထဲမှာ Urban ကနေပြီး YouTube စိတ်ကြိုက်ပွဲတော်ကြီးတွေ၊ Wikipedia ယုန်တိုးပေါက်တွေနဲ့ ပြတင်းပေါက်ကနေ ဖုတ်ပူမီးတိုက် ငေးကြည့်နေရချိန်တွေကနေ ကျွန်တော်တို့ကို ခရီးရှည်ကြီးတစ်ခုဆီ ခေါ်သွားပြီး ကျွန်တော်တို့တွေ တကယ့်ကို အချိန်ဆွဲနေတဲ့ အကြောင်းကို အချိန်မကုန်ခင်မှာ ပိုပြီးအပြင်းအထန် စဉ်းစားကြဖို့ အားပေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 14:03
![]() |
sann tint edited Burmese subtitles for Inside the mind of a master procrastinator | |
![]() |
sann tint edited Burmese subtitles for Inside the mind of a master procrastinator | |
![]() |
sann tint approved Burmese subtitles for Inside the mind of a master procrastinator | |
![]() |
Myo Aung edited Burmese subtitles for Inside the mind of a master procrastinator | |
![]() |
Myo Aung accepted Burmese subtitles for Inside the mind of a master procrastinator | |
![]() |
Myo Aung edited Burmese subtitles for Inside the mind of a master procrastinator | |
![]() |
Myo Aung edited Burmese subtitles for Inside the mind of a master procrastinator | |
![]() |
sann tint edited Burmese subtitles for Inside the mind of a master procrastinator |