ကာဗွန်ထုတ်လွှတ်မှု လျှော့ချပေးမယ့် ကွန်ကရစ် ထုတ်လုပ်ရေး နည်းပညာ
- 
0:01 - 0:06ကွန်ကရစ်ဟာ ရေပြီးရင် ဒုတိယ အသုံးအများဆုံး
 ပစ္စည်း ဖြစ်ပါတယ်။
- 
0:06 - 0:07အဲဒါကြောင့် ကွန်ကရစ်ဟာ
- 
0:07 - 0:10ပတ်ဝန်းကျင်အပေါ်မှာ သိသာထင်ရှားတဲ့
 အကျိုးသက်ရောက်မှုရှိပါတယ်။
- 
0:10 - 0:16ကွန်ကရစ်ရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုက တရုတ်နဲ့
 အမေရိကန်ပြီးရင် တတိယနေရာမှာ ရှိပါလိမ့်မယ်။
- 
0:16 - 0:20တကယ်တော့ ကွန်ကရစ်ဟာ
 သံ၊ သံမဏီနဲ့ အုတ်ခဲ စတဲ့ ပစ္စည်းများထက်
- 
0:20 - 0:24ကာဗွန်နှင့် စွမ်းအင်ထုတ်လွှတ်မှု
 အများကြီးလျော့နည်းလို့
- 
0:24 - 0:29ပင်ကိုအားဖြင့် အကျိုးသက်ရောက်မှု
 နည်းတဲ့ ပစ္စည်းတစ်ခုပါ။
- 
0:29 - 0:33ဒါပေမဲ့ အဲဒါကို ကျွန်ုပ်တို့ စုစုပေါင်း
 သုံးစွဲကြတဲ့ ပမာဏက များလွန်းလို့
- 
0:33 - 0:38လူ့လက်ချက်ကြောင့် ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်
 အောက်ဆိုဒ်ရဲ့ ၈ ရာခိုင်နှုန်းလောက်ရှိတယ်။
- 
0:38 - 0:40ကွန်ကရစ်ဟာ မရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုပါ။
- 
0:40 - 0:42လူတွေနေဖို့ အိမ်ယာတွေ၊
- 
0:42 - 0:46လမ်း၊ တံတားနဲ့ ဆည်တွေ ဆောက်လုပ်ဖို့
 ကျွန်ုပ်တို့ဟာ ကွန်ကရစ် လိုအပ်ပါတယ်။
- 
0:46 - 0:48ဒါကြောင့် ကွန်ကရစ်မပါလို့ မရပေမဲ့
- 
0:48 - 0:52ကွန်ကရစ်နဲ့ ကာဗွန်ထုတ်လွှတ်မှုကို
 ကျွန်ုပ်တို့ သိသာစွာ လျှော့ချနိုင်ကြတယ်။
- 
0:52 - 0:54ကွန်ကရစ်ကို ဘိလပ်မြေနဲ ပြုလုပ်ရတာပါ။
- 
0:54 - 0:58ကျွန်ုပ်တို့ ဒီနေ့အသုံးပြုနေတဲ့
 ပေါ့ဒ်လန် ကွန်ကရစ်ကို
- 
0:58 - 1:03ထုံးကျောက်နဲ့ မြေစေးရောပြီး
- 
1:03 - 1:08အပူချိန် ၁၄၅၀ ဒီဂရီဆဲလ်စီးရပ်စ် အထိ
 အပူပေးပြီး လုပ်ယူရတာ ဖြစ်ပါတယ်။
- 
1:08 - 1:11တကယ်တမ်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်
 ဓာတ်ငွေ့ထုတ်လွှတ်မှု အများစုက
- 
1:11 - 1:13အပူပေးခြင်းမှ ထွက်ပေါ်လာတာ မဟုတ်ဘဲ
- 
1:13 - 1:17ကယ်စီယမ် ကာဗွန်နိုက်ဖြစ်တဲ့ ထုံးကျောက်ရဲ့
- 
1:17 - 1:21ကယ်စီယမ် အောက်ဆိုဒ်နှင့် ကာဗွန်ဒိုင်
 အောက်ဆိုဒ် အဖြစ် ပြိုကွဲမှုမှ ထွက်လာတာပါ။
- 
1:21 - 1:25ပစ္စည်းတွေကို ခိုင်မြဲစွာ ချိတ်ဆက်ရာတွင်
 ဘယ်အရာကမှ အဲဒီလို ထိရောက်မှု မရှိလို့
- 
1:25 - 1:29အဲဒီဒြပ်ပေါင်း မရှိရင်
 ကျွန်ုပ်တို့ ဘာမှ လုပ်မရနိုင်ပါဘူး။
- 
1:29 - 1:32ဒါပေမဲ့ ကွန်ကရစ်ရဲ့ ပမာဏ အများပြားကို
 ကာဗွန်ထုတ်လွှတ်မှု နည်းတဲ့
- 
1:32 - 1:36အခြားပစ္စည်းတွေနဲ့ ကျွန်ုပ်တို့
 အစားထိုးလို့ ရနိုင်ပါတယ်။
- 
1:36 - 1:39လုပ်ဖော်ကိုင်ဖက် တော်တော်များကလည်း
 အဖြေကို ရှာကြံနေကြပါတယ်။
- 
1:39 - 1:41ဒီ ဆွစ်ဇာလန် နိုင်ငံမှာ
 ကျွန်ုပ်တို့တွေ့ရတာက
- 
1:41 - 1:45ကွန်ကရစ် ထုတ်လုပ်ဖို့ လိုအပ်တဲ့ အပူချိန်
 ၁၄၅၀ ဒီဂရီဆဲလ်စီးရပ်စ်ထက် သိသိသာသာနည်းတဲ့
- 
1:45 - 1:47ဒီဂရီ ၈၀၀ အထိ မြေစေးကို အပူပေးရင်
- 
1:47 - 1:50ဓာတ်ပြုရာတွင် သိပ်အားကောင်းတဲ့
- 
1:50 - 1:55ပစ္စည်းတွေ ထွက်ပေါ်လာတာကိုပါ။
- 
1:55 - 1:59ဒါပေမဲ့ အရေးကြီးဆုံး အချက်က
 ထုံးကျောက် ဓာတ်ပြိုကွဲမှုမှနေပြီး
- 
1:59 - 2:02ကာဗွန်ဒိုင်အောက်ဆိုဒ်
 ထုတ်လွှတ်မှု မရှိခြင်းပါပဲ။
- 
2:02 - 2:05ဒီလို အပူပေးထားတဲ့ မြေစေးကိုယူမယ်၊
- 
2:05 - 2:07ပြီးတော့ ထုံးကျောက်အနည်းငယ်ထည့်မယ်၊
- 
2:07 - 2:11ဒါပေမဲ့ အခု အပူပေးဖို့ မလိုဘူးဆိုတော့
 ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်မလာလို့
- 
2:11 - 2:12ကွန်ကရစ် တစ်မျိုး ဖြစ်တဲ့
- 
2:12 - 2:19ထုံးကျောက်၊ အပူပေးထားတဲ့ မြေစေး
 နဲ့ ကွန်ကရိ ရောစပ်မှုကို LC3 လို့ခေါ်တယ်။
- 
2:20 - 2:22အဲဒီ LC3 ရဲ့ ဂုဏ်သတ္တိတွေဟာလည်း
- 
2:22 - 2:26ပေါ့ဒ်လန် ကွန်ကရစ်နဲ့ အတူတူပါပဲ။
- 
2:26 - 2:30အဲဒါကို ထုတ်လုပ်ဖို့ သုံးနေကျ
 ပစ္စည်းကိရိယာတွေကိုပဲ အသုံးပြုနိုင်ပြီး
- 
2:30 - 2:32လုပ်ရိုးလုပ်စဉ်ကလည်း တူပေမဲ့၊
- 
2:32 - 2:36ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု
 ကျတော့ ၄၀ ရာခိုင်နှုန်းအထိ နည်းပါတယ်။
- 
2:36 - 2:42ဒါကို အိန္ဒိယနိုင်ငံ Jhansi အနီးက
 အိမ်ယာမှာ စမ်းသပ် လုပ်ဆောင် ပြသခဲ့ပါတယ်။
- 
2:42 - 2:46သုံးနေကျ ပစ္စည်းတွေနဲ့စာရင် ကာဗွန်ဒိုင်
 အောက်ဆိုဒ် တန်ချိန် ၁၅ တန်ကျော်ကို
- 
2:46 - 2:50ချွေတာနိုင်ခဲ့ရာ၊ ရာခိုင်နှုန်းအားဖြင့်
 ၃၀ မှ ၄၀ အထိတောင်ပါ။
- 
2:51 - 2:54ဒါဆို ဘာလို့ လူတိုင်းကLC3 ကို
 မသုံးစွဲကြသေးတာလဲ။
- 
2:55 - 2:57ကွန်ကရစ်ဆိုတာက ဒေသထွက်ပစ္စည်း တစ်ခုပါ။
- 
2:57 - 3:01ပေါ့ဒ်လန် ကွန်ကရစ်ကို နေရာတိုင်းမှာ
 အသုံးပြုနေကြတာက
- 
3:01 - 3:05ကမ္ဘာပေါ်မှာ အပေါများဆုံး ပစ္စည်းတွေမှ
 ထုတ်လုပ်နိုင်လို့ပါ။
- 
3:05 - 3:07ဒါကို အိန္ဒိယမှာလည်း ထုတ်လုပ်နိုင်တယ်၊
- 
3:07 - 3:12အမေရိကန် ပြည်ထောင်စု၊ အီသီယိုးပီးယား၊
 ဘယ်နိုင်ငံမှာမဆို ထုတ်လုပ်နိုင်တယ်လေ။
- 
3:12 - 3:15ဒီတော့ LC3 ကို ထုတ်လုပ်ဖို့
 အကောင်းဆုံးဖြစ်မယ့်
- 
3:15 - 3:19ပေါင်းစပ်နည်းတွေကို ရှာကြံနိုင်ဖို့ ဒေသခံ
 လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရပါမယ်။
- 
3:20 - 3:25စကေးအပြည့် စမ်းသပ်မှုတွေကို ကျွန်ုပ်တို့
 အိန္ဒိယနဲ့ ကျုဘားမှာ လုပ်ပြီးပါပြီ။
- 
3:25 - 3:28လွန်ခဲ့တဲ့လအနည်းက ဒီနည်းပညာကို
 အခြေခံထားတဲ့ ထုတ်ကုန်တစ်မျိုးကို
- 
3:28 - 3:30Colombia မှာ စပြီး ရောင်းချနေပြီး
- 
3:30 - 3:32Ivory Coast မှာ ဆိုရင်လည်း
- 
3:32 - 3:36အပူတိုက်မြေစေးတွေ ထုတ်လုပ်ပေးမဲ့
 စက်ရုံကြီးတစ်ရုံကို ခွင့်ပြုလိုက်ပါပြီ။
- 
3:36 - 3:39ကမ္ဘာပေါ်က ကွန်ကရစ်ထုတ်လုပ်ရေး
 ကုမ္ပဏီကြီးတွေ တော်တော်များများကလည်း
- 
3:39 - 3:43သူတို့၀စက်ရုံအချို့မှာ ဒီနည်းပညာကို
 အသုံးပြုဖို့ စီမံ လုပ်ဆောင်နေကြတယ်။
- 
3:43 - 3:47ဒီတော့ ပေါ့ဒ်လန် ကွန်ကရစ်ကို
- 
3:47 - 3:49တခြား ပစ္စည်းတစ်မျိုးဖြင့်
 အစားထိုးသုံးကြရင်၊
- 
3:49 - 3:54တူညီတဲ့ဂုဏ်သတ္တိရှိပြီး
 လုပ်ရိုးလုပ်စဉ်တွေလည်း တူမယ်၊
- 
3:54 - 3:56ပြီးတော့ ထုတ်လုပ်ပုံလည်း တူပြီး
- 
3:56 - 3:58ကာဗွန်ထုတ်လွှတ်မှုအရ
 များစွာမှ နည်းမယ် ဆိုရင်၊
- 
3:58 - 4:02အဲဒါကို ကြီးမားတဲ့ စကေးဖြင့်
 မြန်ဆန်စွာ ပြုလုပ်ရနိုင်မှာမို့လို့
- 
4:02 - 4:07ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင် တိုက်ပွဲ
 ဝင်ရာမှာ သိပ်ကို အရေးပါမှာ ဖြစ်တဲ့အပြင်
- 
4:07 - 4:10နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်
 ထုတ်လွှတ်မှုကို တန်ချိန် သန်း ၄၀၀ ကျော်
- 
4:10 - 4:14လျှော့ချနိုင်ခြေ ပေါ်ထွန်းလာမှာပါ။
- 
4:14 - 4:18ဒီတော့ ကွန်ကရစ်မပါဘဲနဲ့
 ကျွန်ုပ်တို့ ဘာမှ လုပ်မရနိုင်တာ မှန်ပေမဲ့
- 
4:18 - 4:22ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ
 နည်းအောင် ထုတ်လုပ်နိုင်ကြမှာပါ။
- 
4:23 - 4:24ကျေးဇူးတင်ပါတယ်။
- Title:
- ကာဗွန်ထုတ်လွှတ်မှု လျှော့ချပေးမယ့် ကွန်ကရစ် ထုတ်လုပ်ရေး နည်းပညာ
- Speaker:
- Karen Scrivener
- Description:
- 
    more » « lessကွန်ကရစ်ဟာ ကမ္ဘာပေါ်တွင် ရေပြီးလျှင် ဒုတိယအသုံးအများဆုံး ပစ္စည်းပါ။ ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၈ ရာခိုင်နှုန်းဟာ ကွန်ကရစ်မှ လာတာပါ။ ကွန်ကရစ်အကြောင်း သုတေသနပြုသူ Karen Scrivener က ဒီမရှိမဖြစ် အရေးပါတဲ့ ဆောက်လုပ်ရေးပစ္စည်းမှ ကာဗွန်ထုတ်လွှတ်မှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ့် LC3 လို့ခေါ်တဲ့ ကွန်ကရစ် အသစ်တစ်မျိုးဆိုင်ရာ သုတေသနအကြောင်းကို မျှဝေထားပါတယ်။ 
- Video Language:
- English
- Team:
 closed TED closed TED
- Project:
- TEDTalks
- Duration:
- 04:26
|   | Myo Aung approved Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Myo Aung edited Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Myo Aung edited Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Myo Aung edited Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Myo Aung edited Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Myo Aung accepted Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Myo Aung edited Burmese subtitles for A concrete idea to reduce carbon emissions | |
|   | Chaw Theint edited Burmese subtitles for A concrete idea to reduce carbon emissions |