ဆပ်ပြာနဲ့ လက် သန်စင်ဆေးရည်၊ ဘယ်ဟာက ပိုကောင်းလဲ။ Alex Rosenthal and Pall Thordarson
-
0:08 - 0:11သင့်ရဲ့လက်တွေဟာ အနီးကပ်ဆိုရင်
လုံးဝ ချောမွတ်နေတာ မဟုတ်ဘူး၊ -
0:11 - 0:14တောင်ထွတ်တွေ၊ ချိုင့်ဝှမ်းတွေ
အတွန့်တွေ၊ အဟတွေနဲ့အတူ -
0:14 - 0:18ဗိုင်းရပ်ပိုးတစ်ခု ကပ်ပြီး ပုန်းကွယ်
နိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ -
0:18 - 0:22ဒီနောက် သင့်မျက်နှာကို ထိလိုက်ရင်
ဗိုင်းရပ်ပိုးက သင့်ကို ကူးစက်နိုင်တယ်။ -
0:22 - 0:27ဒါပေမဲ့ ဒါဖြစ်ပွားတာကနေ ကာကွယ်နိုင်တဲ့
အံ့မခန်း ရိုးစင်းတဲ့ နည်းနှစ်ခု ရှိပါတယ်။ -
0:27 - 0:29ဆပ်ပြာ၊ ရေနဲ့ လက် သန့်စင်ဆေးရည်ပါ။
-
0:29 - 0:32ဒီတော့ ဘယ်ဟာက ပိုကောင်းလဲ။
-
0:32 - 0:35COVID-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်ဟာ
-
0:35 - 0:41အပြင်မျက်နှာပြင်က အဆီဒြပ်ပေါင်း အလွှာပါး
တွေနဲ့ ဖွဲ့ထားတဲ့ ဗိုင်းရပ်တွေထဲက တစ်ခုပါ။ -
0:41 - 0:46ဒီအဆီဒြပ်ပေါင်းတွေဟာ ခေါင်းတွေက
ရေကို ဆွဲငင်ပြီး အမြီးတွေက ရေရဲ့ -
0:46 - 0:49တွန်းတာခံရတဲ့ ပင်အပ်ပုံ မော်လီကျူးတွေပါ။
-
0:49 - 0:55ဒီတော့ ရေ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တွေက
အဆီဒြပ်ပေါင်းတွေဟာ ခေါင်းက အပြင်ဘက် -
0:55 - 0:58အမြီးက အတွင်းဘက်ရှိတဲ့ ဒီလို
အခွံတစ်ခု ဖွဲ့စည်းတယ်။ -
0:58 - 1:04၎င်းတို့ရဲ့ ရေကို တူညီတဲ့ တုံ့ပြန်မှုက အဆီ
ဒြပ်ပေါင်းတွေကို လျော့ရဲရဲ အတူတူ ကပ်စေတယ်။ -
1:04 - 1:07ရေကို တွန်းကန်တဲ့ သက်ရောက်မှုလို့ခေါ်တယ်။
-
1:07 - 1:12ဒီအပြင်ဘက် တည်ဆောက်မှုက ဗိုင်းရပ်စ်ရဲ့
မော်လီကျူး ယန္တရားကို ဆယ်လူလာ -
1:12 - 1:16အလွှာပါးတွေကို ထိုးဖောက်ပြီး
ဆဲလ်တွေကို အပိုင်စီးဖို့ ကူညီတယ်။ -
1:16 - 1:20ဒါပေမဲ့ ၎င်းမှာ မှန်ကန်တဲ့ မော်လီကျူးက
ဒါကို ကလော်ခွဲထုတ်လို့ရတဲ့ -
1:20 - 1:23ထောင်ချီဆင့်နေတဲ့ ပျော့ကွက်တွေရှိတယ်။
-
1:23 - 1:26ဒီမှာ ဆပ်ပြာ ပါဝင်လာတဲ့ နေရာပါ။
-
1:26 - 1:32ဆပ်ပြာ တံဆိပ်တိုင်းရဲ တစ်စက်တိုင်းမှာ
မော်လီကျူး ကုဋေပေါင်းများစွာပါတယ်။ -
1:32 - 1:36amphiphiles လို့ ခေါ်ပြီး
ဇီဝဆိုင်ရာ အဆီဓါတ်ပေါင်းနဲ့ ဆင်တယ်။ -
1:36 - 1:40အလားတူ ရေရဲ့ တွန်းတာခံရတဲ့
၎င်းတို့ရဲ့ အမြီးတွေက -
1:40 - 1:45ဗိုင်းရပ်စ်အခွံနဲ့ ဖွဲ့စည်းထားတဲ့
အဆီဓာတ်ပေါင်းတွေနဲ့ နေရာလုတယ်။ -
1:45 - 1:50ဒါပေမဲ့ ၎င်းတို့ဟာ ဗိုင်းရပ်စ် အလွှာပါးရဲ့
ပုံမှန်ဖြစ်မှုကို ခွဲနိုင်ရုံ ခြားနားပြီး -
1:50 - 1:54တစ်ခုလုံးကို ချေဖျက် ပစ်နိုင်ကြတယ်။
-
1:54 - 1:59နောက်တော့ amphiphiles တွေက ဒြပ်မှုန်တွေ
အနီးမှာ ကိုယ်ပိုင်ပူဖောင်းတွေဖွဲ့စည်းတယ်။ -
1:59 - 2:03ဗိုင်းရပ်ရဲ့ RNA နဲ့ ပရိုတင်းတွေအပါအဝင်ပါ။
-
2:03 - 2:08ရေကို သုံးလိုက်ပါ။ အဲဒီပူဖောင်းတစ်ခုလုံး
ရေစီးနဲ့ပါသွားလိမ့်မယ်။ -
2:08 - 2:13လက်သန့်စင်ဆေးရည်တွေဟာ သံတူရွှင်း
တစ်ချောင်းထက် ငလျင်တစ်ခုနဲ့ ပိုတူတယ်။ -
2:13 - 2:16ကိုရိုနာဗိုင်းရပ်စ်ကို
ရေနဲ့ ဝန်းရံလိုက်တဲ့အခါ -
2:16 - 2:21ရေကို တွန်းကန်တဲ့ သက်ရောက်မှုက အလွှာပါးတွေ
အတွင်းက အနှောင်အဖွဲ့တွေကို အင်အားပေးတယ်။ -
2:21 - 2:24အလားတူ သက်ရောက်မှုက သင့်ဆဲလ်တွေကို
ကူးစက်နိုင်စေဖို့ ထောက်ကူပေးတဲ့ -
2:24 - 2:28နေရာနဲ့ ပုံစံထဲမှာ
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန်တွေ -
2:28 - 2:32ဖွဲ့စည်းတဲ့ ပရိုတိန်းကြီးတွေကိုပါ
ထိန်းထားတယ်။ -
2:32 - 2:36ဗိုင်းရပ်စ်ကို လေထဲ ထုတ်လှန်းထားရင်
၎င်းဟာ တည်ငြိမ်မှုကို ထိန်းထားတယ်။ -
2:36 - 2:41ဒါပေမဲ့ အယ်လ်ကိုဟော ပါဝင်မှု
မြင့်တာတစ်ခုနဲ့ ဝန်းရံလိုက်တယ်၊ -
2:41 - 2:46ဥပမာ လက် သန့်စင်ဆေးရည် အများစုမှာ
တွေ့ရတဲ့ အီသနော (သို့)အိုက်ဆိုပရိုပါနောပါ။ -
2:46 - 2:48ဒါက ရေကို တွန်းကန်တဲ့ သက်ရောက်မှုကို
ပျောက်သွားစေပြီး -
2:48 - 2:51မော်လီကျူးတွေ လှည့်ပတ်ဖို့ နေရာပေးတယ်။
-
2:51 - 2:57ခြုံငုံ သက်ရောက်မှုက အိမ်တစ်အိမ်ကနေ
သံတွေနဲ့ အင်္ဂတေ အားလုံး ဖယ်ရှားလိုက်ပြီး -
2:57 - 2:59ငလျင်တစ်ခုနဲ့ ထိုးနှက်လိုက်တာမျိုးပါ။
-
2:59 - 3:04ဆဲလ်ရဲ့ အလွှာပါးက ပြိုပျက်ပြီး
ဆူးချွန် ပရိုတန်းတွေ တစ်စစီ ပဲ့သွားတယ်။ -
3:04 - 3:08တစ်နည်းနည်းမှာတော့ ဒီဗိုင်းရပ်စ်ကို
ဖျက်ဆီးခြင်းရဲ့ တကယ့် လုပ်ငန်းစဉ်က -
3:08 - 3:10တစ်စက္ကန့်၊ နှစ်စက္ကန့်အတွင်း ဖြစ်တာပါ။
-
3:10 - 3:14ဒါပေမဲ့ ဆရာဝန်တွေကတော့ အနည်းဆုံး
စက္ကန့်၂၀ လက်ဆေးဖို့ အကြံပြုကြတယ်။ -
3:14 - 3:18အကြောင်းက အနုစိတ်တဲ့ သွင်ပြင်ကြောင့်ပါ။
ဆိုလိုတာက သင့်လက်ကြောင့်ပါ။ -
3:18 - 3:24ကျကျနန ကာကွယ်ဖို့ ဆပ်ပြာနဲ့ သန့်စင်
ဆေးရည်တွေက လက်ဖဝါးတွေ၊လက်ချောင်းထိပ်တွေ၊ -
3:24 - 3:27လက်ဖမိုးတွေနဲ့
လက်ချောင်းတွေကြား အပါအဝင် -
3:27 - 3:29နေရာတိုင်းကို ရောက်ဖို့လိုတယ်။
-
3:29 - 3:32ကိုရိနာဗိုင်းရပ်နဲ့
ပတ်သက်လာတဲ့အခါ -
3:32 - 3:37လက်တွေကို ဆပ်ပြာ၊ ရေနဲ့ အခွင့်သင့်တိုင်း
ဆေးကြောဖို့ ဆရာဝန်တွေက အကြံပြုကြတယ်။ -
3:37 - 3:41နည်းလမ်းနှစ်ခုစလုံးဟာ ဗိုင်းရပ်စ်ကို
သတ်ရာမှာ တူညီတဲ့ ထိရောက်မှုရှိပေမဲ့ -
3:41 - 3:44ဆပ်ပြာနဲ့ ရေမှာ အကျိုး နှစ်မျိုးရှိတယ်။
-
3:44 - 3:49ပထမက ဗိုင်းရပ်အမှုန်ကို တစ်နည်းနည်းနဲ့
ဖုံးထားတဲ့ အညစ်အကြေးကို ဆေးကြောပေးတယ်။ -
3:49 - 3:50ဒါပေမဲ့ ပိုအရေးကြီးတာက
-
3:50 - 3:54ဆပ်ပြာနဲ့ ရေက သင့်လက်တွေကို
စက္ကန့် ၂၀ အတွင်း အပြည့်အဝ -
3:54 - 3:56ကာပေးနိုင်တာပါ။
-
3:56 - 4:01တကယ်ကျတော့ လက် သန့်စင်ဆေးရည်က
ချက်ချင်းသုံးဖို့ ပိုအဆင်ပြေတယ်။ -
4:01 - 4:06ရေဆေးကန် မရှိတဲ့အခါ လက်သန့်စင်ဆေးရည်ကို
ဖြစ်နိုင်သလောက် စေ့စေ့စပ်စပ် သုံးပါ၊ -
4:06 - 4:09လက်တွေ ခြောက်သွားတဲ့အထိ
တစ်ပြိုင်နက် ပွတ်တိုက်ပေးပါ။ -
4:09 - 4:12ကံဆိုးချင်တော့ သန့်ရှင်းတဲ့ သောက်ရေ
-
4:12 - 4:15မရရှိနိုင်တဲ့ လူတွေ ဘီလီယံချီ ရှိနေတယ်။
-
4:15 - 4:20ဒါက ဘယ်အချိန်မဆို ပြဿနာကြီးတစ်ခုဆိုပေမဲ့
အထူးသဖြင့်တော့ ရောဂါဖြစ်ပွားနေချိန်မှာပါ။ -
4:20 - 4:25သုတေသီတွေနဲ့ ကူညီရေးအဖွဲ့တွေဟာ ဒီရပ်ရွာတွေ
အတွက် ဖြေရှင်းနည်းတွေပေးဖို့ လုပ်နေတယ်။ -
4:25 - 4:30ဥပမာတစ်ခုက ဘေးဖြစ်စေတဲ့ ရောဂါဖြစ်ပစ္စည်း
တွေကို သေစေပြီး လက်ဆေးရာမှာ ဘေးကင်းတဲ့ -
4:30 - 4:34ကလိုရင်းနဲ့ ပိုသတ်ထားတဲ့ ရေကို ဖန်တီးဖို့
ဆား၊ ရေနဲ့ ကား ဘက်ထရီအိုးတစ်လုံးကို -
4:34 - 4:37သုံးတဲ့ ကိရိယာတစ်ခုပါ။
-
4:37 - 4:41ဒီတော့ ဖြစ်နိုင်တဲ့ နေရာတိုင်းမှာ ကိုရိုနာ
ဗိုင်းရပ်အတွက် ဆပ်ပြာနဲ့ရေကိုအကြံပြုပေမဲ့ -
4:41 - 4:45ဒါက ဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုတိုင်း
အတွက် အကောင်းဆုံးလို့ ဆိုလိုတာလား။ -
4:45 - 4:47သေချာပေါက်တော့ မဟုတ်ပါ။
-
4:47 - 4:51များစွာသော သာမန် အအေးမိတာတွေက
အဆီဒြပ်ပေါင်း အလွှာပါးထက် -
4:51 - 4:55capsid လို့ခေါ်တဲ့ ဂျီဩမက်ထရစ် ပရိုတင်း
တည်ဆောက်မှုတစ်ခုရှိတဲ့ -
4:55 - 4:57ရင်နိုဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာပါ။
-
4:57 - 5:00capsid ဟာ ဆပ်ပြာ amphiphiles တွေ
ကောက်ထုတ်ခွဲနိုင်တဲ့ -
5:00 - 5:03များပြားတဲ့ အားနည်းချက်တွေ
မရှိသလောက်ဆိုတော့ -
5:03 - 5:06ဆပ်ပြာအတွက် အာနိသင်ပြဖို့
အချိန်ပိုယူရပါတယ်။ -
5:06 - 5:10ဒါပေမဲ့ ၎င်းရဲ့ မျက်နှာပြင် ပရိုတိန်း
တချို့ဟာ လက်သန်စင်ဆေးရည်ရဲ့ -
5:10 - 5:13အာနိသင်ကို ပျက်ပြားစေရာမှာ
ခုခံအားနည်းဆဲပါ။ -
5:13 - 5:18ဒါနဲ့ အလားတူ အခြေအနေတွေမှာ လက်
သန့်စင်ဆေးရည်က ပိုပြီး ထိရောက်နိုင်တယ်၊ -
5:18 - 5:23အထူးသဖြင့် ကျန်နေတဲ့ ဒြပ်မှုန်တွေကို
ဖယ်ရှားဖို့ လက်တွေကို ဆေးကြောတဲ့အခါပါ။ -
5:23 - 5:27ဖြစ်လာတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုခုအတွက်
ဘယ်ဟာကို သုံးမလဲ အကောင်းဆုံးသိဖို့ကတော့ -
5:27 - 5:31မကျန်းမာမှုနဲ့ဆိုင်တဲ့ အရာအားလုံး
အတွက် အကောင်းဆုံးကို လုပ်ကိုင်ဖို့ပါ- -
5:31 - 5:35တရားဝင် အသိအမှတ်ပြုထားတဲ့ ကျန်းမာရေး
ပညာရှင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာပါ။
- Title:
- ဆပ်ပြာနဲ့ လက် သန်စင်ဆေးရည်၊ ဘယ်ဟာက ပိုကောင်းလဲ။ Alex Rosenthal and Pall Thordarson
- Speaker:
- Alex Rosenthal နဲ့ Pall Thordarson
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/which-is-better-soap-or-hand-sanitizer-alex-rosenthal-and-pall-thordarson တွင် ကြည့်ရှုပါ။
သင့်ရဲ့လက်တွေဟာ အနီးကပ်ဆိုရင် လုံးဝ ချောမွတ်နေတာ မဟုတ်ဘူး၊ တောင်ထွတ်တွေ၊ ချိုင့်ဝှမ်းတွေ အတွန့်တွေ၊ အဟတွေနဲ့အတူ ဗိုင်းရပ်ပိုးတစ်ခု ကပ်ပြီး ပုန်းကွယ်နိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒီနောက် သင့်မျက်နှာကို ထိလိုက်ရင် ဗိုင်းရပ်ပိုးက သင့်ကို ကူးစက်နိုင်တယ်။ ဒါပေမဲ့ ဒါဖြစ်ပွားခြင်းကနေ သင် ကာကွယ်နိုင်တဲ့ အံ့မခန်း ရိုးစင်းတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ဆပ်ပြာ၊ ရေနဲ့ လက် သန့်စင်ဆေးရည်ပါ။ ဒီတော့ ဘယ်ဟာက ပိုကောင်းလဲ။ Alex Rosenthal နဲ့ Pall Thordarson တို့က စူးစမ်းလေ့လာထားပါတယ်။
သင်ခန်းစာကို Alex Rosenthal နဲ့ Pall Thordarson investigate တို့က ပြုစုပြီး Artrake Studio က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:36
![]() |
sann tint approved Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
Myo Aung accepted Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
Myo Aung edited Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? | |
![]() |
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? |