< Return to Video

April 5 - The Caring Van

  • 0:04 - 0:06
    စင်္ကာပူ၏ စည်ကားသောလမ်းများအလယ်တွင်
    သတ္တမနေ့ ဥပုသ်အသင်းဝင်တစ်ဦးဖြစ်သော
  • 0:07 - 0:10
    Alan သည် သူ၏အသိုက်အဝန်းရှိ
  • 0:10 - 0:13
    သက်ကြီးရွယ်အိုများနှင့် ချိတ်ဆက်ကာ
  • 0:13 - 0:15
    ထူးခြားသည့်အရာတစ်ခုကို
    လုပ်ဆောင်နေပါသည်။
  • 0:16 - 0:19
    "အလန်အတွက်၊
    ခရစ်တော်၏သာသနာပြုနည်းကို လိုက်နာခြင်းသည်
  • 0:19 - 0:22
    အမှတ်တမဲ့ ခံစားရသူများနှင့်
    ဆက်ဆံရေး တည်ဆောက်ခြင်းပင် ဖြစ်သည်။"
  • 0:23 - 0:26
    အလန်ဟာ အချိန်ပေးပြီး သက်ကြီးရွယ်အိုများကို
    သွားရောက်လည်ပတ်ပေးတယ်၊
  • 0:26 - 0:30
    သူတို့ထဲက အများစုဟာ မြန်ဆန်တဲ့မြို့ပြဘဝမှာ
    အထီးကျန်နေကြသူတွေပါ။"
  • 0:33 - 0:34
    ကျွန်တော်ဆိုရင် တီဗီပဲကြည့်နေတယ်။
  • 0:36 - 0:38
    ဘာလုပ်ရမှန်းလည်း မသိဘူး။
  • 0:39 - 0:41
    ပျင်းလို့ အချိန်ကုန်ဆုံးဖို့ပဲ ကြိုးစားနေခဲ့တာ။"
  • 0:46 - 0:48
    မစ္စစ်ချန်နဲ့ အလန် စတွေ့တဲ့အခါ
  • 0:48 - 0:50
    သူ့ကို ဂရုစိုက်အဖွဲ့တစ်ခုမှာ
    ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်
  • 0:50 - 0:53
    သောမတ်ဆန် တရုတ်အသင်းတော်
    (သတ္တမနေ့ခရစ်ယာန်)မှာ ကျင်းပတဲ့အဖွဲ့ပါ
  • 0:54 - 0:56
    မြော်လင့်ခြင်း သတ္တမနေ့အသင်းတော်သားများသည်
  • 0:56 - 0:58
    မြော်လင့်ခြင်း လှုပ်ရှားရေးစင်တာများနှင့်
    ပူးပေါင်းကာ
  • 0:58 - 1:00
    သက်ကြီးရွယ်အိုများအတွက် လူမှုရေးလှုပ်ရှားမှု
    အမျိုးမျိုးကို ကျင်းပပေးပါသည်။
  • 1:01 - 1:05
    မစ္စစ်ချန်ကဲ့သို့သောသူများအတွက်
    ဤအဖွဲ့သည် သူတို့၏ကမ္ဘာကြီးပမာဖြစ်ပါသည်။"
  • 1:05 - 1:07
    ဂရုပြုအဖွဲ့ငယ် စည်းဝေးတိုင်းတွင်
  • 1:07 - 1:10
    ဘတ်စ်ကားကြီးဖြင့်
    အိမ်တိုင်းမှ လူများကို လာချီပေးပါသည်။"
  • 1:10 - 1:13
    ဒါပေမယ့် အလန်ရဲ့ ကိုယ်တိုင်ဂရုစိုက်မှုကြောင့်
    တစ်ယောက်မှ ကျန်မနေတော့ပါဘူး။"
  • 1:14 - 1:17
    ဘတ်စ်ကားမစီးနိုင်တဲ့သူတွေအတွက်
    သူက ကားငယ်နဲ့ကြိုဆိုပါတယ်၊
  • 1:17 - 1:20
    အချိန်ယူစကားပြောပြီး
    သူတို့ကိုဂရုစိုက်ခံရသလိုခံစားရအောင်လုပ်ပေးတယ်။"
  • 1:22 - 1:26
    ကျွန်မအမြဲသွားတိုင်း လူတိုင်းက
    အရမ်းချစ်ဖို့ကောင်းပြီး ဂရုစိုက်ကြတာကို
  • 1:29 - 1:31
    ကျေးဇူးတင်မိပါတယ်၊
    လက်ကိုကိုင်ပြီး လမ်းလျှောက်ပေးကြတယ်။"
  • 1:33 - 1:35
    ကျွန်မရဲ့နှလုံးသားထဲမှာ ကျေးဇူးတင်စိတ်နဲ့
    ပြည့်နေပါတယ်။
  • 1:41 - 1:44
    ဒီဂရုစိုက်ရေးအဖွဲ့ဟာ စေတနာ့ဝန်ထမ်းတွေရဲ့
    အားထုတ်မှုကြောင့်
  • 1:44 - 1:47
    သူတို့ရဲ့အချိန်၊ အင်အားနဲ့ မေတ္တာတွေကို
  • 1:47 - 1:49
    ဖေးမကူညီရာနေရာဖန်တီးဖို့
    စိုက်ထုတ်ကြခြင်း၏ အသီးဖြစ်ပါတယ်။
  • 1:49 - 1:53
    သယ်ယူပို့ဆောင်ရေးစီစဉ်တာမှအစ
    အဓိပ္ပါယ်ပြည့်ဝတဲ့စည်းဝေးပွဲတွေအဆုံး
  • 1:53 - 1:57
    အချိန်တိုင်းမှာ လူတိုင်းဆက်သွယ်ပျော်ရွှင်ဖို့
    အခွင့်အလမ်းဖြစ်အောင် ဂရုစိုက်ကြပါတယ်။"
  • 1:57 - 2:02
    ဖန်တီးမှုလက်ရာတစ်ခုဖြစ်ဖြစ်၊
    စိတ်နှလုံးအားတက်ဖွယ်ညစာတစ်နပ်ဖြစ်ဖြစ်၊
  • 2:02 - 2:05
    အတွေးအမြင်ဖလှယ်ဖို့အချိန်လေးဖြစ်ဖြစ်၊
    အဖွဲ့ရဲ့အားထုတ်မှုတွေက
    နွေးထွေးမှုကိုဖန်တီးပေးတယ်။"
  • 2:06 - 2:09
    ဂရုပြုအဖွဲ့ငယ်ရဲ့ တွေ့ဆုံပွဲများဟာ
    အဘိုးအဘွားများစွာအတွက်
    မရှိမဖြစ်အရာဖြစ်လာပါပြီ။"
  • 2:10 - 2:13
    အလန်ရဲ့ကြိုးပမ်းမှုနဲ့ အသင်းသူအသင်းသား
    တွေရဲ့ချစ်ခြင်းမေတ္တာကြောင့်
  • 2:13 - 2:15
    အသိုင်းအဝိုင်းတစ်ခုထက် ပိုပါတယ်--
  • 2:15 - 2:17
    သူတို့ပိုင်ဆိုင်ရာနေရာတစ်ခုကို
    ရှာဖွေတွေ့ရှိလာကြတာပါ
  • 2:18 - 2:20
    အလန်၏ လုပ်ဆောင်မှုများက
  • 2:20 - 2:22
    ခရစ်တော်၏ သာသနာပြုနည်းလမ်းကို
    လိုက်နာသောအခါ
  • 2:22 - 2:26
    လူတစ်ဦးချင်းစီ၏ နှလုံးသားများကို
    ပြောင်းလဲနိုင်ကြောင်း အမှတ်ရစရာပါ။"
  • 2:26 - 2:29
    စင်္ကာပူလို စည်ကားသောမြို့ကြီးများတွင်
    သာသနာပြုရန်စိန်ခေါ်မှုများ များပြားလှသည်
  • 2:30 - 2:34
    ယေရှုခရစ်၏ မေတ္တာနှင့် ဆက်သွယ်မှုလိုအပ်ချက်သည်
    ယခင်ကထက် ပို၍အရေးတကြီးလိုအပ်နေပါသည်။"
  • 2:34 - 2:37
    အလန်ကဲ့သို့သော မြော်လင့်ခြင်းသတ္တမနေ့
    အသင်းသားများ၏
    အနစ်နာခံအားထုတ်မှုများကြောင့်
  • 2:37 - 2:42
    စင်္ကာပူမြို့ရှိ သက်ကြီးရွယ်အိုများသည်
    မျှော်လင့်ခြင်း၊ မိတ်သဟာယနှင့် ယုံကြည်ခြင်းတို့ကို
    ရှာဖွေတွေ့ရှိလာကြပါသည်။"
Title:
April 5 - The Caring Van
ASR Confidence:
1.00
Description:

more » « less
Video Language:
English
Team:
Team Adventist
Project:
Mission Spotlight DVD
Duration:
02:58
Mang Sian Tuang edited Burmese subtitles for April 5 - The Caring Van

Burmese subtitles

Revisions