< Return to Video

စကားလုံး အသစ်တွေ ဘယ်က လာကြတာလဲ။ - Marcel Danesi

  • 0:07 - 0:13
    နှစ်စဉ် Oxford English Dictionary ထဲကို
    စာလုံးသစ် ၁၀၀၀ ခန့် ထည့်ပေးရပါတယ်။
  • 0:13 - 0:14
    အဲဒါတွေ ဘယ်ကနေ လာကြတာလဲ၊
  • 0:14 - 0:18
    အဲဒါတွေဟာ ကျွန်ုတို့ ဘဝထဲကို
    ဘယ်လို ဝင်လာကြတာလဲ။
  • 0:18 - 0:22
    လောလောဆယ်တွင် အင်္ဂလိပ်ဘာသာစကားထဲတွင်
    စာလုံး ၁၇၀၀၀၀ ကျော်ကို သုံးနေကြရာ၊
  • 0:22 - 0:26
    အတော်ကလေး များနေပြီလို့ ထင်ရနိုင်ပါတယ်။
  • 0:26 - 0:28
    ဒါပေမဲ့၊ ကမ္ဘာကြီး ပြောင်းလဲလာနေလျက်
  • 0:28 - 0:30
    အတွေးအခေါ်နဲ့ တီထွင်မှုသစ်တွေ
    ပေါ်ထွက်လာနေကြလို့၊
  • 0:30 - 0:32
    သိပ္ပံပညာ တိုးတက်လာနေလို့၊
  • 0:32 - 0:36
    လက်ရှိစကားလုံးတွေနဲ့ ကျနုပ်တို့
    ထုတ်ပြောဖို့ ဟာကွက်တွေ ရှိနေလို့
  • 0:36 - 0:39
    ကျွန်ုပ်တို့ဟာ အဲဒီလို ဟာကွက်တွေကို
    တီထွင်ကြံဆကြတဲ့
  • 0:39 - 0:40
    လက်တွေ့ကျတဲ့၊
  • 0:40 - 0:44
    ပြီးတော့ ရံဖန်ရံခါဆိုသလို ထူးဆန်းကြတဲ့
    နည်းလမ်းတွေဖြင့် အစားထိုးကြရပါတယ်။
  • 0:44 - 0:48
    နည်းလမ်း တစ်ခုက အခြားဘာသာစကားထဲမှ
    စကားလုံးကို ရယူမှုပါ။
  • 0:48 - 0:51
    အင်္ဂလိပ်စကားဟာ သမိုင်းစဉ်မှာ
    စကားလုံးတွေ အများကြီးကို ငှားယူခဲ့လို့
  • 0:51 - 0:57
    သုံးနေတဲ့ ဝေါဟာရ ထက်ဝက်နီးပါးဟာ
    အခြားဘာသာစကားများမှ လာကြတာပါ။
  • 0:57 - 1:00
    မကြာခဏဆိုသလို၊ အဲဒီစကားလုံးက
    ဆိုလိုတဲ့ အရာကိုယ်၌ကို
  • 1:00 - 1:02
    ငှားယူခဲ့ခြင်း ဖြစ်ခဲ့လို့ပါ။
  • 1:02 - 1:06
    ခေတ်လယ် အင်္ဂလန်ကို ရောက်လာခဲ့ကြတဲ့
    altar နဲ့ jury စကားလုံးတွေလို
  • 1:06 - 1:09
    ဥပရေးရာနဲ့ ဘာသာရေး အယူအဆတွေကို
    ရောမနဲ့ ပြင်သစ်တွေ ယူလာခဲ့ကြတယ်။
  • 1:09 - 1:12
    ကုန်သွယ်ရေးနဲ့အတူ crops နဲ့ cuisine
    ရောက်လာခဲ့တယ်။
  • 1:12 - 1:13
    ဥပမာအဖြစ် Arabic coffee၊
  • 1:13 - 1:14
    Italian spaghetti၊
  • 1:14 - 1:17
    Indian curry ကို ပြနိုင်တယ်။
  • 1:17 - 1:20
    မကြာခဏ၊ အတော်လေး ရှုပ်ထွေးတဲ့ အတွေး
    အခေါ် (သို့) ခံစားမှုအတွက်၊
  • 1:20 - 1:23
    ဥပမာ၊ naïveté၊ machismo၊
  • 1:23 - 1:24
    schadenfreude ဆိုရင်
  • 1:24 - 1:25
    ဒီ့ပြင် ဘာသာစကား
  • 1:25 - 1:27
    ထဲမှာသာ ရှိကြပါတယ်။
  • 1:27 - 1:31
    သိပ္ပံပညာရှင်တွေဟာ သဘောတရား အသစ်တွေကို
    ဖေါ်ပြရန် ရှေးဘာသာစကားတွေကို သုံးတတ်ကြတယ်။
  • 1:31 - 1:36
    ဥပမာ၊ Clone ဆိုရင် သစ်ခက်အတွက်
    ရှေးဟောင်း ဂရိစကားမှ မွေးယူခဲ့တာပါ၊
  • 1:36 - 1:41
    အဟောင်းထဲက တစ်စကို သုံးပြီး အပင်
    အသစ် ဖန်တီးမှုကို ဆိုလိုပါတယ်။
  • 1:41 - 1:45
    ဒီနေ့တွင် အဲဒီဖြစ်စဉ်ကို နှစ်လမ်းသွားအဖြစ်
    တွေ့နိုင်ကြပါတယ်၊
  • 1:45 - 1:50
    အင်္ဂလိပ်ကစားဟာ တစ်ကမ္ဘာလုံးရှိ ဘာသာစကား
    များအား ဆော့ဝဲ စကားလုံးတွေ ငှားပေးနေပါတယ်။
  • 1:50 - 1:54
    ဝေါဟာရ ဟာကွက်ကို ဖြည့်ပေးရန်
    နောက် တစ်နည်းမှာ
  • 1:54 - 1:59
    ရှိနေဆဲ စကားလုံးတွေကို ယူပြီး အတွေးအခေါ်
    အသစ်ကို ဖေါ်ပြပေးရန် ပေါင်းစပ်သုံးမှုပါပဲ။
  • 1:59 - 2:03
    airport ဒါမှမဟုတ် starfish တိုလိုစကားလုံး
    နှစ်လုံးစလုံးကို ပေါင်းစပ်လျက်
  • 2:03 - 2:05
    စကားလုံးကို
  • 2:05 - 2:06
    ဖန်တီးနိုင်သလို၊
  • 2:06 - 2:11
    ဒါမှမဟုတ် spork၊ brunch ဒါမှမဟုတ် internet
    လို စကားလုံးတွေကျတော့ စကားလုံးတွေထဲက
  • 2:11 - 2:12
    အပိုင်းအစတွေကို
  • 2:12 - 2:14
    ညှပ်လျက် စမ်ယူပါတယ်။
  • 2:14 - 2:16
    မွေးယူထားတဲ့ စကားလုံးတွေနဲ့မတူဘဲ
    အဲဒါတွေကို
  • 2:16 - 2:21
    စပြီး ကြားမိတာနဲ့ကိုပဲ
    မကြာခဏဆိုသလို နားလည်ရန် လွယ်ပါတယ်။
  • 2:21 - 2:24
    ပြီးတော့ တစ်ခါတစ်ရံတွင် အသစ်ဆိုတဲ့
    စကားလုံးဟာ အသစ် လုံးဝမဟုတ်ပါ။
  • 2:24 - 2:28
    ခေတ်ဟောင်း စကားလုံးတွေဟာ အဓိပ္ပါယ်
    အသစ်တွေဖြင့် ဘဝသစ်ကို ပြန်စနိုင်ကြပါတယ်။
  • 2:28 - 2:33
    Villain က ကနဦးတွင် လယ်သမားကို ဆိုလိုပေမဲ့
    ဟန်များတဲ့ မင်းမျိုးနွယ်တွေရဲ့ ဘဝထဲမှာ
  • 2:33 - 2:38
    သူကောင်းတွေရဲ့ ကျင့်စဉ်ကို မလိုက်နာသူ
    ဆိုတဲ့ အဓိပ္ပါယ်မျိုး ဆောင်လာခဲ့ရာ၊
  • 2:38 - 2:41
    လူကြမ်း သဘောမျိုး ဝင်လာပါတယ်။
  • 2:41 - 2:44
    geek က ပျော်ရွှင်ဖွယ်ပွဲတော်တွေမှာ
    ဖြေဖျော်ပေးသူမှ ဆင်းသက်ခဲ့ပြီး
  • 2:44 - 2:46
    ထူးဆန်းတဲ့သူ
  • 2:46 - 2:50
    နားလည်မရတဲ့ ပါရမီရှင်ကို ရည်ညွှန်းစရာ
    ဖြစ်လာတယ်။
  • 2:50 - 2:54
    တစ်တစလေကျတော့၊ စကားလုံးတွေဟာ သရောမှု၊
    တင်စားမှု ဒါမှမဟုတ် မှားသုံးမှုကြောင့်
  • 2:54 - 2:55
    ပြောင်းပြန်ကျတဲ့
  • 2:55 - 2:58
    အဓိပ္ပါယ်ကို ဆောင်လာတတ်တယ်၊
  • 2:58 - 3:03
    အံ့အားသင့်စရာကို ဖေါ်ပြရန် သုံးကြတဲ့
    sick ဒါမှမဟုတ် wicked က အဲဒီလို သာဓကပါ။
  • 3:03 - 3:07
    စကားလုံးတွေကို အဲဒီလို နည်းများဖြင့်
    ဖွဲ့စည်းတီထွင်နိုင်တာ မှန်ပေမဲ့၊
  • 3:07 - 3:11
    တချို့ကို လူတွေအားလုံး ဝိုင်းပြီး
    သုံးလာကြတာမျိုး ရှိပေမဲ့၊ တချိန်တည်းမှာ
  • 3:11 - 3:14
    တစ်ခါမှာမှ ပထမ နေရာမှာ ပေါ်မလာကြတာလဲ။
  • 3:14 - 3:16
    တစ်ခါတစ်ရံတွင် အဖြေဟာ ရိုးရိုးလေးပါ၊
  • 3:16 - 3:20
    သိပ္ပံပညာရှင်တွေ ဒါမှမဟုတ် ကုမ္ပဏီတွေက
    တွေ့ရှိမှု ဒါမှမဟုတ် နည်းပးညာ အသစ်ကို
  • 3:20 - 3:22
    တရားဝင် နားမည်ပေးကြလို့ပါ။
  • 3:22 - 3:28
    တချို့နိုင်ငံတွေမှာကျတော့ အဲဒီလို ဆုံးဖြတ်
    ပေးရန် ဘာသာစကားဆိုင်ရာ အဖွဲ့တွေ ရှိပါတယ်။
  • 3:28 - 3:31
    ဒါပေမဲ့ အများအားဖြင့် အဘိဓါန်တွေလို
    တရားဝင် ရင်းမြစ်တွေဟာ လက်ရှိ
  • 3:31 - 3:34
    သုံးနေတာကိုသာ မှတ်တမ်းတင်ကြတာပါ။
  • 3:34 - 3:39
    စကားလုံးသစ်တွေကို အထက်မှ ချပေးမရနိုင်ပါ၊
    သာမန် လူတွေမှ ပေါ်ထွက်လာကြတာပါ၊
  • 3:39 - 3:42
    အသုံးတည့်မှုနဲ့ ထိထိမိမိရှိမှုကို
    မှန်ကန်စွာ ပေါင်းစပ် ပေးထားတဲ့
  • 3:42 - 3:45
    စကားလုံးတွေသာ ပြန့်နှံ့လာကြတာပါ။
  • 3:45 - 3:46
    စကားလုံး meme ကို ယူကြည့်ကြပါစို့၊
  • 3:46 - 3:51
    ၁၉၇၀ လွန်နှစ်များတုန်းက လူမှုဇီဝဗေဒ
    ပညာရှင် Richard Dawkins က
  • 3:51 - 3:55
    တုပမှု ဆိုတဲ့ ရှေးဂရိ စကားလုံးမှ
    ရယူသုံးလိုက်တာပါ။
  • 3:55 - 3:58
    အတွေးအခေါ်များနဲ့ သင်္ကေတတွေက
    ယဉ်ကျေးမှု တစ်လျှောက် စိမ့်ဝင်နေပုံဟာ
  • 3:58 - 4:02
    မျိုးရိုးဗီဇက ပြည်သူတွေ အကြား စိမ့်ဝင်
    နေသလိုပဲ ဆိုတာကို ဖေါ်ပြရန် အတွက်ပါ။
  • 4:02 - 4:04
    အင်တာနက် ထွန်းကားနေချိန်မှာ
  • 4:04 - 4:08
    နောက်ပြောင်မှုတွေနဲ့ ပုံတွေဟာ လူတွေအကြား
    တခဏအတွင်းမှာကို
  • 4:08 - 4:11
    ဟိုလေး တကျော် ဖြစ်လာတာကို
    တိုက်ရိုက် မြင်တွေ့နိုင်လာပါပြီ။
  • 4:11 - 4:16
    မကြာခင်တွင် ပုံရိပ် တချို့ကို ရည်ညွှန်းရန်
    စကားလုံးဟာ ပေါ်လာခဲ့ရပါတယ်။
  • 4:16 - 4:20
    ဒါကြောင့် meme က စကားလုံးတွေ ဘာသာစကားရဲ့
    အစိတ်အပိုင်း ဖြစ်လာပုံကို ဖေါ်ပြနေတာသာမက၊
  • 4:20 - 4:23
    အဲဒီစကားလုံးဟာ meme လည်း ဖြစ်နေပါတယ်။
  • 4:23 - 4:28
    မိမိကိုမိမိ ဖေါ်ပြကြတဲ့ စကားလုံးတွေရဲ့
    သဘာဝအတွက် သုံးတဲ့စကားလုံး ရှိပါသေးတယ်-
  • 4:28 - 4:30
    autological ပါ။
  • 4:30 - 4:33
    စာလုံး အသစ်တွေအားလုံးရဲ့
    ကံကြမ္မာဟာ မတူကြပါ။
  • 4:33 - 4:35
    တချို့ဆိုရင် ထောင်စုနှစ် အထိ ခံကြတယ်၊
  • 4:35 - 4:37
    တချို့ကျတော့ ခေတ်အလိုက် ပြောင်းနိုင်ကြတယ်၊
  • 4:37 - 4:39
    ကျန်တာတွေက ချုပ်ငြိမ်းကြရပါတယ်။
  • 4:39 - 4:41
    တချို့က အချက်အလက်တွေကို တဆင့်လွှင့်ပေးတယ်၊
  • 4:41 - 4:43
    တချို့ အဓိပ္ပါယ်ဖွင့်ပေးကြတယ်။
  • 4:43 - 4:44
    စကားလုံးတွေကို ဖန်တီးပေးခဲ့ပုံ၊
  • 4:44 - 4:48
    ၎င်းတို့က ကျွန်ုပ်တို့ရဲ့ စကားထဲမှာ ပါဝင်
    လာဖို့ လာခဲ့ရတဲ့ ခရီးဟာ ကျွန်ုပ်တို့ရဲ့
  • 4:48 - 4:52
    ကမ္ဘာကြီးအကြောင်းနဲ့ ကျွန်ုပ်တို့ ဆက်သွယ်
    ပြောဆိုကြပုံကို ဖေါ်ပြနေကြပါတယ်။
Title:
စကားလုံး အသစ်တွေ ဘယ်က လာကြတာလဲ။ - Marcel Danesi
Description:

Mysteries of Vernacular အခန်းဆက်များကို ကြည့်ရန် - https://ed.ted.com/mysteries-of-vernacular

ဒီသင်ခန်းစာ အပြည့်ကို ကြည့်ရန် - https://ed.ted.com/lessons/where-do-new-words-come-from-marcel-danesi

လောလောဆယ်တွင် အင်္ဂလိပ်ဘာသာစကားထဲတွင် စာလုံး ၁၇၀၀၀၀ ကျော်ကို သုံးနေကြပါတယ်။ ဒါတောင် နှစ်စဉ် Oxford English Dictionary ထဲကို စားလုံးသစ် တစ်ထောင်ခန့် ထည့်သွင်းပေးရပါတယ်။ အဲဒီ စကားလုံးတွေ ဘယ်ကနေ လာကြတာလဲ၊ ပြီးတော့ ကျွန်ုပ်တို့ ဘဝထဲကို စကားလုံးတွေ ဘယ်လို ဝင်လာကြတာလဲ။ Marcel Danesi က စာလုံးသသစ်တွေ ဘာသာစကားထဲ ဝင်လာကြပုံ အကြောင်းကို ရှင်းပြထားပါတယ်။

Marcel Danesi ရဲ့ သင်ခန်းစာကို TOGETHER က ပုံများဖြင့် တက်ဆင်ပေးထားပါတယ်။

ပံ့ပိုးပေးကြသူတို့ကို ကျေးဇူးတင်လိုပါတယ်၊ ဒီလို ပံ့ပိုးမှုသာ မရှိခဲ့ရင် ဒီဗီဒီယို ပေါ်ထွက်လာနိုင်ခဲ့မှာ မဟုတ်ပါ။
Latora Slydell, Sydney Evans, Victor E Karhel, Bernardo Paulo, Eysteinn Guðnason, Matt Schoppen, Rubaiya Binte Hussain, Olivier Brunel, Andrea Feliz, Natalia Rico, Josh Engel, Bárbara Nazaré, Gustavo Mendoza, Zhexi Shan, Hugo Legorreta.

TED-ED's Patreon စာမျက်နှာကို ဝင်ကြည့်ကြပါ - https://www.patreon.com/teded

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:44

Burmese subtitles

Revisions