< Return to Video

သူများအတွက် ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန် လူတွေကို စေ့ဆော်ပေးနိုင်ပုံ

  • 0:01 - 0:04
    လူတွေကို ကောင်းတာတွေ ပိုမိုလုပ်လာကြရန်၊
  • 0:05 - 0:09
    မဲပေးရုံကို သွားရန်၊ လှူဒါန်းကြရန်၊
    ရင်းမြစ်တွေကို ထိန်းသိမ်းကြရန်၊
  • 0:09 - 0:11
    ဒါမှမဟုတ် အလုပ်မှာ ကိုယ့်မတ်ခွက်ကို
    ကိုယ် ဆေးလာစေလျက်
  • 0:11 - 0:15
    လက်ဆေးကန် ညစ်ပတ်နေတဲ့ ပန်းကန်များဖြင့်
    ပြည့်မနေရန် ဘယ်လိုလုပ်ကြရမလဲ။
  • 0:15 - 0:17
    (ရယ်သံများ)
  • 0:17 - 0:21
    (လက်ခုပ်သံများ)
  • 0:21 - 0:23
    ဒီပြဿနာကို ကျွန်တော်
    စပြီး စဉ်းစားလာတာက
  • 0:23 - 0:25
    ပါဝါကုမ္ပဏီ တစ်ခုနှင့် လက်တွဲလုပ်ကိုင်ရင်း
  • 0:25 - 0:29
    ဓာတ်အား အများဆုံး သုံးချိန်မှာ မီးပြတ်မှု
    ဟန့်တားဖို့ သုံးစွဲသူတွေကို လိုက်ပြီး
  • 0:29 - 0:31
    စည်းရုံး ရှင်းပြနေခဲ့တဲ့ အချိန်တုန်းကပါ။
  • 0:31 - 0:34
    စမ်းစပ်ပြီးသား မှန်ကန်တဲ့ နည်းပညာကို
    အခြေခံထားတဲ့ အစီအစဉ်ပါ။
  • 0:34 - 0:37
    အိုဘားမား အစိုးရကတောင်
    ‘‘အမေရိကရဲ့ လျှပ်စစ် ဂရိစနစ်ကို
  • 0:37 - 0:40
    ခေတ်မီလာစေမယ့် အုတ်မြစ် တစ်ခု’’
    ဆိုပြီး ခေါ်ခဲ့ပါတယ်။
  • 0:40 - 0:44
    ဒါပေမဲ့၊ ဧရာမ နည်းပညာ အများအပြားလိုပဲ
  • 0:44 - 0:46
    ၎င်းဆီမှာ သော့ချက် အားနည်းမှု ရှိခဲ့တယ်-
  • 0:48 - 0:49
    လူတွေပါ။
  • 0:49 - 0:52
    လူတွေဟာ လက်မှတ်ထိုး ပါဝင်ရန် လိုအပ်တယ်။
  • 0:52 - 0:56
    လူတွေ လက်မှတ်ထိုးပါလာကြရန် ပါဝါကုမ္ပဏီက
    သူတို့ထံကို စာမွန်ကောင်းတွေကို ပို့လျက်
  • 0:56 - 0:58
    အစီအစဉ်ရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြလျက်
  • 0:58 - 1:01
    သူတို့ စိတ်ဝင်စားလျှင် အရေးပေါ်လိုင်းသို့
    ဖုန်းဆက်ဖို့ ပန်ကြားခဲ့ပါတယ်။
  • 1:01 - 1:03
    အဲဒီလို စာတွေ ထွက်သွားခဲ့ကြပေမဲ့၊
  • 1:03 - 1:05
    ဖုန်းတွေဟာ တိတ်ဆိတ်မြဲ တိတ်နေခဲ့ကြတယ်။
  • 1:05 - 1:09
    အဲဒါနဲ့ ကျွန်တော်တို့ ကူညီဖို့ ရောက်လာတော့
    အပြောင်းအလဲလေးတစ်ခု လုပ်ရန် အကြံပေးခဲ့တယ်။
  • 1:09 - 1:11
    အဲဒီ အရေးပေါ် ဖုန်းလိုင်းအစား၊
  • 1:11 - 1:16
    သူတို့ နေထိုင်ရာ အဆောက်အဦးများမှာ
    ရှိကြတဲ့ စာတိုက်ပုံးထဲသို့ ထည့်ပေးရမယ့်
  • 1:16 - 1:18
    လက်မှတ်ထိုးရေး စာရွက်ကို
    အသုံးပြုရန် ဖြစ်ပါတယ်။
  • 1:18 - 1:21
    အဲဒါက ပါဝင်မှုကို သုံးဆ တိုးလာစေခဲ့တယ်။
  • 1:23 - 1:24
    ဘာကြောင့်လဲ။
  • 1:25 - 1:29
    ကျုပ်တို့ အားလုံးက အခြားသူတွေ ကျုပ်တို့ကို
    ဘယ်လို ထင်မြင်ကြောင်းကို အလေးထားတယ်၊
  • 1:29 - 1:33
    ကျုပ်တို့ဟာ သဘောထားကြီးပြီး
    သနားကြင်နာသူ ဖြစ်တယ်လို့ ထင်စေလိုကြတယ်။
  • 1:33 - 1:36
    ကိုယ်ကျိုးရှာသူ၊ သူများကို အသုံးချ
    လိုသူအဖြစ် မြင်ကြမှာကို မလိုချင်ကြဘူး။
  • 1:36 - 1:41
    ကျုပ်တို့ သိသိမသိသိ၊ လူတွေက ကောင်းတာကို
    လုပ်ကြတာ အဲဒါကြောင့်ပါ၊
  • 1:41 - 1:45
    အပြောင်းအလဲ သေးသေးလေးကတောင်
    လူတွေကို ကောင်းတာကို လုပ်လာစေပြီး
  • 1:45 - 1:48
    အဲဒီ အပြောင်းလဲတွေကျတော့ တကယ့်ကို
    ကြီးမားတဲ့ ခြားနားချက် ပေါ်လာနိုင်တယ်။
  • 1:48 - 1:52
    ခင်ဗျားတို့ရဲ့ ကောင်းတဲ့ လုပ်ရပ်ကို
    ဘယ်သူမှာမှ ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်တဲ့
  • 1:52 - 1:55
    အရေးပေါ်လိုင်းကို မသုံးဘဲ ဘေးမှ
    လျှောက်သွားသူတိုင်း သင့်အမည်ကို
  • 1:55 - 1:57
    မြင်နိုင်တဲ့ လက်မှတ်ထိုး စာရွက်သို့
  • 1:57 - 1:59
    ပြောင်းလဲပစ်ရန် ဆုံးဖြတ်မှု လိုဟာမျိုး။
  • 2:00 - 2:03
    လူတွေကို ကောင်းတာတွေ ပိုလုပ်လာကြစေရန်
    ကျုပ်တို့ ကြိုးစားစဉ် အစိုးရများ၊
  • 2:03 - 2:07
    အကျိုးအမြတ်မရှာသူများ၊ ကုမ္ပဏီများနှင့်
    လက်တွဲ လုပ်ကိုင်ကြရာတွင်
  • 2:07 - 2:09
    ကျုပ်တို့ဟာ ဂုဏ်သိက္ခာရဲ့
    ပါဝါကို အသုံးချခဲ့ကြတယ်။
  • 2:09 - 2:12
    အဲဒါ့အတွက် ကျုပ်တို့ဆီမှာ
    စစ်ကြည့်ရန် စာရင်းရိုရိုး ရှိခဲ့တယ်။
  • 2:12 - 2:16
    တကယ်တော့ အဲဒီစာရင်းထဲက
    ပထမအရာကို ခင်ဗျားတို့ သိပြီးသားပါ။
  • 2:17 - 2:19
    အဲဒါက လေ့လာမှုကို တိုးချဲ့လျက်
  • 2:19 - 2:22
    ကောင်းတဲ့ လုပ်ရပ်တွေကို လူတွေ သေချာပေါက်
    တွေ့မြင်စေရန်ပါပဲ။
  • 2:23 - 2:26
    ကောင်းပြီ၊ ခဏလေး၊ ခင်ဗျားတို့ထဲက
    အချို့ ထင်မိနိုင်ကြတာက၊
  • 2:26 - 2:28
    ဒီမှာ ရှိနေကြသူတွေက
  • 2:28 - 2:31
    ‘‘ကျွန်တော့ရဲ့ ကောင်းတဲ့ လုပ်ရပ်တွေအတွက်
    ချီးကျူးခံနေရတာ၊
  • 2:31 - 2:33
    တကယ့်ကို ထိုက်တန်ပါတယ်"
    ထင်ကြမှာ မဟုတ်ပါဘူး။
  • 2:33 - 2:34
    ခင်ဗျားတို့ ထင်တာ မှန်ပါတယ်။
  • 2:34 - 2:36
    ပုံမှန်အားဖြင့် လူတွေ အဲဒီလို မလုပ်ကြပါ။
  • 2:36 - 2:39
    အဲဒါအစား၊ လူတွေက သူတို့ရဲ့
    ကိုယ်ရေးကို ဆုံးဖြတ်ကြရာတွင်၊
  • 2:39 - 2:41
    သူတို့ဟာ ကိုယ့်ပြဿနာတွေကို စိုးရိမ်ကြတယ်၊
  • 2:41 - 2:45
    ညစာအတွက် စားပွဲပေါ် ဘာကို ချပေးမလဲ၊
    ငွေတောင်းခံလွှာ အချိန်မီ ဘယ်လိုပေးရမလဲ။
  • 2:45 - 2:49
    ဒါပေမဲ့ လူတွေက လေ့လာကြည့်ရနိုင်မယ့်
    ဆုံးဖြတ်ချက်ကို ချမှတ်ကြတဲ့ အခါမှာ၊
  • 2:49 - 2:52
    ပိုကောင်းမွန်စွာ လုပ်နိုင်မယ့်
    အခွင့်အလမ်းကို ပိုပြီး ဂရုစိုက်တတ်ကြတယ်။
  • 2:52 - 2:55
    တနည်းဆိုရပါက၊ ကျုပ်တို့ ချဉ်းကပ်ပုံရဲ့
    အားကောင်းချက်က
  • 2:55 - 2:59
    လူတွေမှာ ကိန်းဝပ်နေတဲ့ ကောင်းမှု လုပ်လို
    စိတ်ကို အဲဒါက ခလုတ်ဖွင့်ပေးနိုင်ခြင်းပါပဲ၊
  • 2:59 - 3:03
    ဒီကိစ္စမှာ မီးပြတ်ခံရမှာကို
    ရှောင်ရှားနိုင်အောင် ကူညီပေးရန်ပါ။
  • 3:03 - 3:04
    လေ့လာရနိုင်မှုဆီ ပြန်သွားကြရအောင်။
  • 3:04 - 3:06
    နောက်ဥပမာ တစ်ခုကို ပေးချင်တယ်။
  • 3:06 - 3:08
    လူတွေ မဲပေးကြရန်ကို ကြိုးစားတဲ့
    အကျိုးအမြတ်မရှာတဲ့
  • 3:08 - 3:11
    အဖွဲ့အစည်းနဲ့
    ပူးပေါင်းဆောင်ရွက်မှု ဥပမာပါ၊
  • 3:11 - 3:14
    ၎င်းဟာ ရွေးကောက်ပွဲတိုင်းမှာ စာတွေကို
    ရာချီ၊ ထောင်ချီ ပို့ပေးလျက်
  • 3:14 - 3:18
    လူတွေကို မဲပေးရန် သတိပေးခြင်းနဲ့
    မဲပေးရုံ သွားဖို့ လှုံ့ဆော်ပေးတယ်။
  • 3:18 - 3:21
    ကျုပ်တို့က အောက်ပါ ဝါကျလေးကို ထည့်ပေးရန်
    အကြံပြုခဲ့ကြတယ်-
  • 3:22 - 3:26
    "မဲပေးစဉ်က သင်ရဲ့ အတွေ့အကြုံကိုမေးမြန်းရန်
    တစ်ဦးဦး သင့်ကို ရှာနိုင်ပါတယ်။ "
  • 3:27 - 3:30
    အဲဒီဝါကျက သင် မဲပေးမှာကို လေ့လာဖြစ်မယ့်
    အလားအလာ တိုးလာသလို ခံစားလာစေမယ်၊
  • 3:31 - 3:34
    အဲဒီအချက်က စာရဲ့ ထိရောက်မှုကို ၅၀
    ရာခိုင်နှုန်း မြှင့်ပေးလိုက်တယ်။
  • 3:37 - 3:40
    စာရဲ့ ထိရောက်မှုကို ပိုမြှင့်ပေးလိုက်လျက်
    မဲတစ်ခု တိုးရမှုရဲ့ ကုန်ကျစရိတ်ကို
  • 3:40 - 3:42
    ဒေါ်လာ ၇၀ မှ ၄၀ သို့ လျှော့ချပေးခဲ့တယ်။
  • 3:42 - 3:45
    လေ့လာရနိုင်စွမ်းက
    လုပ်ပြနိုင်တာတွေ များပါတယ်၊
  • 3:45 - 3:48
    သွေးလှူရှင်တွေရဲ့ အမည်များကို ဒေသခံ
    သတင်းစာများထဲ ဖေါ်ပြပေးခြင်းဖြင့်
  • 3:48 - 3:51
    လူတွေကို သွေးကို မကြာခဏ လှူလာစေတာမျိုး၊
  • 3:51 - 3:53
    အခွန်ပေးရန် ပျက်ကွက်သူများရဲ့
    အမည်စာရင်းကို
  • 3:53 - 3:56
    အများပြည်သူ ဝဘ်ဆိုက်မှာ
    ကြေညာပေးတာမျိုး။
  • 3:56 - 3:58
    (ရယ်သံများ)
  • 4:00 - 4:01
    ဥပမာတွေနဲ့ ပြောရမယ်ဆိုရင်
  • 4:03 - 4:07
    တိုယိုတာဟာ Prius ကားကို သူများနဲ့မတူတာတွေ
    ထည့်ပေးလျက် လူတွေ ထောင်နဲ့ချီတို့အား
  • 4:07 - 4:10
    အဲဒါကို ဝယ်လာစေရန် လှုံ့ဆော်ခဲ့တယ်။
  • 4:10 - 4:12
    (ရယ်သံများ)
  • 4:12 - 4:16
    သူတို့ရဲ့ အဲဒီလို ကောင်းတဲ့အရာကို
    အဝေးကြီးမနေပြီး လေ့လာတွေ့နိုင်ခဲ့လို့ပါ။
  • 4:16 - 4:19
    (ရယ်သံများ)
  • 4:19 - 4:21
    ဒီတော့ လေ့လာလို့ရနိုင်စွမ်းဟာ
    သိပ်အရေးပါပါတယ်၊
  • 4:21 - 4:25
    ကျုပ်တို့ အားလုံးသိကြ မြင်ခဲ့ဘူးကြသလို၊
  • 4:25 - 4:28
    လူတွေဟာ ကောင်းတာကို လုပ်ဖို့ အခွင့်ရရင်
    လိုက်လုပ်ကြပါတယ်။
  • 4:28 - 4:31
    တချို့က တစ်ယောက်ယောက် လမ်းဘေးမှာ
    ငွေတောင်းနေတာကို မြင်တာနဲ့
  • 4:31 - 4:34
    သူတို့ဖုန်းကို ထုတ်ယူလျက် သိပ်ကို
    အလုပ်များနေတဲ့ ပုံစံမျိုး ဆောင်ကြမယ်၊
  • 4:34 - 4:38
    ဒါမှမဟုတ် သူတို့ဟာ ပြတိုက်ကိုသွားပြီး
    အလှူသေတ္တာနားမှာ ရစ်ဝဲနေကြမယ်။
  • 4:38 - 4:40
    လူတွေ အနားယူကြတဲ့ ကာလကို စိတ်ကူးကြည့်ပါ၊
  • 4:40 - 4:43
    သင်ဟာ စူပါမားကက်ကို သွားတုန်း ကယ်တင်ရေး
    တပ်မှ အလှူခံသူကို မြင်ရတယ် ဆိုပါစို့၊
  • 4:43 - 4:45
    ထိုသူဟာ ခေါင်းလောင်းဖြင့် အသံပေးနေတယ်။
  • 4:45 - 4:48
    လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ San Diego မှ
    သုတေသီတွေဟာ
  • 4:48 - 4:51
    ဒေသခံ ကယ်တင်ရေး တပ်နဲ့ အတူ လိုက်ပါလျက်
  • 4:51 - 4:54
    အလှူငွေ တိုးမြှင့်ရေး နည်းလမ်း
    တွေကို ရှာကြံလိုခဲ့တယ်။
  • 4:54 - 4:56
    သူတို့ ရှာတွေ့လိုက်တာက
    ရယ်စရာတောင် ကောင်းနေတယ်။
  • 4:57 - 4:59
    အလှူခံသူဟာ တံခါးတစ်ခုတည်းရဲ့
    ရှေ့မှာ ရပ်နေရင်၊
  • 5:00 - 5:03
    လူတွေက မလှူဘဲနဲ့ အခြားတံခါးပေါက်မှ
    ထွက်သွားနိုင်ခဲ့ကြတယ်။
  • 5:05 - 5:06
    ဘာကြောင့်လဲ။
  • 5:07 - 5:10
    "အို၊ ကျွန်တော်ဟာ
    အလှူခံသူကို မမြင်မိလို့ပါ၊"
  • 5:10 - 5:13
    ဒါမှမဟုတ် "ငါဟိုမှာ
    ကျွန်တော် တစ်ခုခု ရှာကြည့်နေခဲ့တာ"
  • 5:13 - 5:15
    "ကျွန်တော့ကားက အဲဒီဖက်မှာလေ"
    ဖြေနိုင်ခဲ့ကြတယ်။
  • 5:16 - 5:18
    တနည်းအားဖြင့် ပေးလို့ရတဲ့
    ဆင်ခြေတွေ များလှပါတယ်။
  • 5:18 - 5:22
    ဒါနဲ့ ကျွန်တော်တို့ စစ်ရမယ့်
    စာရင်းရဲ့ ဒုတိယ အချက်ဆီ ခေါ်ဆောင်လာတယ်-
  • 5:22 - 5:23
    ဆင်ခြေများကို ဖယ်ရှားပစ်ရန်ပါပဲ။
  • 5:24 - 5:26
    ကယ်တင်ရေး တပ်ရဲ့ ကိစ္စထဲမှာ၊
  • 5:26 - 5:30
    ဆင်ခြေများကို ဖျက်သိမ်းမှုဆိုတာ တံခါး
    နှစ်ဖက်စလုံးမှာ ရပ်ခိုင်းခြင်း ဖြစ်ခဲ့တယ်။
  • 5:30 - 5:32
    သူတို့ အဲဒီလို စပြီးရပ်လာကြတာနဲ့
    အလှူငွေတွေ
  • 5:32 - 5:34
    သေချာပေါက် မြင့်တက်လာခဲ့တယ်။
  • 5:35 - 5:37
    ဒီနေရာမှာ ပိုလို့ကို ရယ်ရတဲ့ အချက်ကို
  • 5:37 - 5:39
    သတိထားမိပါသေးတယ်။
  • 5:39 - 5:42
    သုတေသီတို့ဟာ ကားတွေ ရပ်နားထားတဲ့
    နေရာမှာ စောင့်ကြည့်နေခဲ့ကြပြီး
  • 5:42 - 5:46
    စတိုးဆိုင်ထဲသို့ ဝင်သွားသူ၊ စတိုးဆိုင်ထဲမှ
    ထွက်လာသူတို့ကို ရေတွက်နေခဲ့ကြရာ၊
  • 5:46 - 5:49
    အလှူခံသူတို့ တံခါးဝ နှစ်ခုစလုံးရဲ့ ရှေ့မှာ
    ရပ်နေကြချိန်မှာ၊
  • 5:49 - 5:52
    လူတွေ စတိုးဆိုင်ထဲမှ ထွက်လာမှု
    လုံးဝကို ရပ်သွားခဲ့တယ်။
  • 5:52 - 5:55
    (ရယ်သံများ)
  • 5:55 - 5:59
    သူတို့ဟာ အဲဒီအချက်ကို နားလည်မရ အံ့အားသင့်
    နေခဲ့ကြလို့ ရှေ့ဆက် စုံစမ်းကြည့်ခဲ့ကြရာ၊
  • 5:59 - 6:04
    ပြန်ပြီး အသုံးချလို့ ရနိုင်မယ့်ပစ္စည်းများ
    အပြင်ကို ထုတ်ပစ်ရန် အတွင်းတံခါး တစ်ခု
  • 6:04 - 6:06
    ရှိနေခဲ့တာကို သူတို့ ရှာတွေ့ခဲ့ကြပါတယ် --
  • 6:06 - 6:08
    (ရယ်သံများ)
  • 6:08 - 6:11
    လူတွေဟာ အလှူခံသူတွေကို ရှောင်ရှားရန်
    အဲဒီ တံခါးကို သုံးလာခဲ့ကြပါတယ်။
  • 6:11 - 6:14
    (ရယ်သံများ)
  • 6:14 - 6:17
    အဲဒါကလည်း ကျုပ်တို့ကို အရေးကြီးတဲ့
    သင်ခန်းစာကို ပေးခဲ့ပါသေးတယ်။
  • 6:18 - 6:22
    ဆင်ခြေတွေကို ဖယ်ရှားပစ်ရန် ကြိုးပမ်းရာတွင်
    ကျုပ်တို့ဟာ စေ့စပ်ရန် လိုအပ်ပါတယ်၊
  • 6:22 - 6:24
    လူတွေဟာ ကြံဖန်ရှာဖွေနိုင်ကြလို့ပါ။
  • 6:24 - 6:27
    (ရယ်သံများ)
  • 6:30 - 6:32
    ကောင်းပြီ၊ အခုတော့ ဆင်ခြေများဟာ
  • 6:32 - 6:35
    သေရေးရှင်ရေး အကျိုးဆက်များ ရှိနိုင်တဲ့
    အခြေအနေကို တင်ပြပေးချင်တယ်။
  • 6:36 - 6:40
    ကမ္ဘာပေါ်က လူတွေကို အများဆုံး သေစေနေတဲ့
    ကူးစက်ရောဂါ တစ်ခုအတွက် ကုသနည်းရှနေပြီ၊
  • 6:41 - 6:44
    နှစ်ပေါင်း ၇၀ အတွင်းမှာ
    ပေါ်လာတဲ့ ကုသနည်းပါ၊
  • 6:44 - 6:47
    စိတ်ချရပြီး လူတိုင်းအတွက်
    အကြိမ်တိုင်း ကုသပေးခဲ့တယ် ဆိုပါစို့။
  • 6:47 - 6:49
    အဲဒါကို ယုံရခက်ပေမဲ့၊ တကယ် အမှန်ပါ။
  • 6:50 - 6:52
    အဲဒါ တီဘီရောဂါပါ။
  • 6:52 - 6:55
    တစ်နှစ်တစ်နှစ်ကို လူ ၁၀ သန်းလောက်
    အဲဒီရောဂါကို ကူးစက်ခံကြရတယ်၊
  • 6:55 - 6:57
    သူတို့အထဲက နှစ်သန်းနီးပါး သေဆုံးကြရတယ်။
  • 6:58 - 7:02
    မီးပြတ်မှု ပြဿနာကိစ္စမှာလိုပဲ
    ကျုပ်တို့ဟာ အဖြေကို ရှာတွေ့ခဲ့တယ်။
  • 7:02 - 7:03
    ပြဿနာက လူတွေပါ။
  • 7:04 - 7:06
    လူတွေဟာ ဆေးကို သောက်လျက်
  • 7:06 - 7:08
    သူတို့ရဲ့ ရောဂါ ပျောက်ကင်းစေခြင်းဖြင့်
  • 7:08 - 7:10
    အခြားလေူတွေ ရောဂါမရအောင်
    ကူပေးနိုင်ကြတယ်။
  • 7:11 - 7:13
    တီဘီလူနာတွေကို ကူညီပံ့ပိုးပေးနေပြီး
    ကုသပေးနေတဲ့
  • 7:13 - 7:16
    Keheala ခေါ် ရွေ့လျားနိုင်တဲ့ ကျန်းမာရေး
    လုပ်ငန်းထဲမှာ
  • 7:16 - 7:19
    ကျုပ်တို့ စပြီး ပူးပေါင်း
    ကူညီလာခဲ့ကြပါတယ်။
  • 7:19 - 7:22
    တီဘီဆိုင်ရာ ကုသမှုဟာ သိပ်ကို ခက်ထန်တာကို
    ခင်ဗျားတို့ နားလည်ရန် လိုပါတယ်။
  • 7:22 - 7:25
    သိပ်ကို အားကောင်းတဲ့ ပဋိဇီဝဆေးကို
  • 7:25 - 7:27
    ခြောက်လ ဒါမှမဟုတ် ပိုကြာစွာ
    နေ့စဉ် သောက်ရန် လိုမယ်။
  • 7:27 - 7:30
    အဲဒီ ပဋိဇီဝဆေးတွေ ပြင်းထန်လွန်းလို့
    ကိုယ်ဟာ ဖျားတောင် လာနိုင်ပါတယ်။
  • 7:30 - 7:33
    အဲဒါကြောင့် ပျို့အန်ခြင်း၊
    ခေါင်းမူခြင်း ခံစားရမယ်။
  • 7:33 - 7:36
    အဲဒီဆေးကြောင့် သင့်ဆီးဟာ ရောင်စုံဖြစ်
    လာလျက် ရယ်စရာကောင်းလိမ့်မယ်။
  • 7:36 - 7:38
    ပြဿနာတစ်ခုက သင်ဟာ ဆေးခန်းကို မကြာခဏ
  • 7:38 - 7:40
    အပတ်စဉ် ဆေးလုံးအသစ်တွေကို
    ရယူရန် သွားရပါမယ်။
  • 7:40 - 7:43
    ပြီးတော့ အာဖရိကထဲက ဆာဟာရ ဝန်းကျင်
    ဒါမှမဟုတ် တီဘီအဖြစ်များတဲ့ ဒေသများမှာ
  • 7:43 - 7:46
    အတော့်ကို ဝေးတဲ့ နေရာများကို
    သွားရမယ့် သဘောပါ၊
  • 7:46 - 7:49
    ပင်ပမ်းဖွယ် ကောင်းပြီး နှေးကွေးကြတဲ့
    ပို့ဆောင်ရေး ယာဉ်တွေနဲ့ သွားရမယ်၊
  • 7:49 - 7:52
    ဒီကြားထဲ ဆေးကုခန်းဟာ
    ထိရောက်မှု ရှိချင်မှ ရှိမှာပါ။
  • 7:52 - 7:55
    ဒီတော့ ကိုယ်ဟာ ဘယ်လိုမှ အရှုံးမခံလိုတဲ့
    အလုပ်ကနေပြီး အပတ်စဉ် နေ့ဝက်ခွင့်ကို
  • 7:55 - 7:57
    မယူမနေရ ယူရန် လိုအပ်လာမှာပါ။
  • 7:57 - 8:01
    ဒီရောဂါဟာ ကြောက်မက်ဘွယ် အမည်းစက်ဖြစ်နေတော့
    အခြေအနေဟာ ပိုတောင် ဆိုးပါတယ်၊
  • 8:01 - 8:05
    ကိုယ့်ဆီမှာ အဲဒီရောဂါ ရှိနေတာကို တစ်ယောက်
    ယောက် သိသွားမှာကို ကိုယ်က အသည်းထိတ်နေရတယ်။
  • 8:05 - 8:08
    ရင့်နင့်ဘွယ် အကောင်းဆုံး ဖြစ်ရပ်တွေကို
    ကြားခဲ့ကြရတာက အမျိုးသမီးများထံမှပါ၊
  • 8:08 - 8:11
    အိမ်တွင်းအကြမ်းဖက်မှုတွေ ပုံမှန်တွေ့နေကျ
    နေရာများလည်း ဖြစ်နေလို့ပါ။
  • 8:11 - 8:15
    သူတို့ဟာ ဆေးခန်းကို သွားနေရတာကိုတောင်
    သူတို့ရဲ့ ခင်ပွန်းများထံမှ
  • 8:15 - 8:17
    ဝှက်ထားရန် လိုတာ သူတို့ ပြောပြကြတယ်။
  • 8:17 - 8:21
    ဒီတော့ လူတွေက ကုသမှုကို ပြီးအောင်
    မလုပ်နိုင်ကြတာ အံ့သြစရာ မဟုတ်ပါဘူး။
  • 8:21 - 8:24
    ကျုပ်တို့ရဲ့ ချဉ်းကပ်မှုက သူတို့ကို
    တကယ် ကူညီပေးနိုင်မလား။
  • 8:24 - 8:27
    အဲဒါကို လိုက်နာဖြစ်အောင် ကျုပ်တို့
    တကယ် လုပ်နိုင်ကြမလား။
  • 8:28 - 8:29
    တကယ်ပါပဲ။
  • 8:29 - 8:33
    နေ့တိုင်း သူတို့ရဲ့ ဆေးကို သောက်ကြဖို့
    ကျနော်တို့က လူနာများထံ စာတို ပို့ပေးကြတယ်၊
  • 8:33 - 8:36
    ဒါပေမဲ့၊ ကျုပ်တို့က အဲဒါနဲ့တင်
    ရပ်လိုက်ကြမယ်ဆိုရင်၊
  • 8:36 - 8:38
    ပေးနိုင်မယ့် ဆင်ခြေတွေ
    အများကြီးရှိပါလိမ့်မယ်။
  • 8:38 - 8:40
    "အော်၊ ကျွန်မ
    အဲဒီစာတိုကို မမြင်လိုက်ဘူး။ "
  • 8:40 - 8:42
    "စာတိုကို မြင်လိုက်ပေမဲ့
    လုံးဝကို မေ့သွားတယ်၊
  • 8:42 - 8:44
    ဖုန်းချလိုက်တာနဲ့
    အဲဒီအကြောင်း မေ့သွားတယ်။ "
  • 8:44 - 8:47
    ဒါမှမဟုတ် "ဖုန်းကို
    အခြားသူကို ပေးထားလို့ပါ။ "
  • 8:48 - 8:50
    ကျုပ်တို့ဟာ အဲဒီ ဆင်ခြေတွေကို ချေဖျက်ရန်
  • 8:50 - 8:52
    လူနာများကို လက်မှတ်ထိုး ဝင်လျက်
  • 8:52 - 8:55
    သူတို့ရဲ့ ဆေးကို သောက်ပြီးကြောင်း
    အတည်ပြုချက် ရယူရတယ်။
  • 8:55 - 8:58
    သူတို့ လက်မှတ်ထိုး ဝင်မလာပါက၊ ကျုပ်တို့က
    ထပ်ပြီး စာတို ပို့ကြတယ်။
  • 8:58 - 9:01
    သူတို့ လက်မှတ်ထိုး ဝင်မလာပါက၊ ကျုပ်တို့က
    ထပ်ပြီး စာတို ပို့ကြတယ်။
  • 9:01 - 9:04
    သုံးကြိမ်ပြီးသွားလို့ သူတို့ လက်မှတ်ထိုး
    အတည်မပြုကြရင်တော့၊
  • 9:04 - 9:06
    ကျုပ်တို့က ကူညီရေး အဖွဲ့ကို
    အကြောင်းကြားတယ်၊
  • 9:06 - 9:08
    အဲဒီအဖွဲ့က သူတို့ကို ထပ်ပြီး စာတိုပို့လျက်
  • 9:08 - 9:11
    လိုအပ်တာ လုပ်ဖြစ်ဖို့ သူတို့ကို
    ပြန်ပြီး တိုက်တွန်းကြမယ်။
  • 9:11 - 9:12
    ဆင်ခြေ လုံးဝ ပေးမရနိုင်ပါ။
  • 9:12 - 9:17
    ကျုပ်တို့ ချဉ်းကပ်မှုဟာ၊ ပြုမူရေးဆိုင်ရာ
    နည်းစနစ်မျိုးစုံ သုံးမှု ဝန်ခံရပေမဲ့၊
  • 9:17 - 9:21
    ခင်ဗျားတို့ မြင်ခဲ့ကြသလို လေ့လာရနိုင်စွမ်း
    အပါအဝင်ဟာဖြင့်
  • 9:21 - 9:22
    အလွန် ထိရောက်တဲ့ နည်းပါ။
  • 9:22 - 9:25
    ကျုပ်တို့ရဲ့ ပလက်ဖောင်းကို မသုံးနိုင်ကြတဲ့
    လူနာများဟာ
  • 9:25 - 9:28
    သူတို့ရဲ့ ကုသမှု မပြီးဆုံးဖို့
    အလားအလာ သုံးဆ ပိုများခဲ့ပါတယ်။
  • 9:30 - 9:32
    ကောင်းပြီ၊
  • 9:32 - 9:34
    ကိုယ်က လေ့လာရနိုင်စွမ်းကို
    တိုးမြှင့်လိုက်ပြီ၊
  • 9:34 - 9:37
    ဆင်ခြေတွေကို ကိုယ်က ရှင်းပစ်လိုက်ပြီ၊
  • 9:37 - 9:39
    ကိုယ် သတိထားရမယ့် တတိယ အချက်
    တစ်ချက် ရှိပါသေးတယ်။
  • 9:40 - 9:44
    ခင်ဗျားတို့ ဝါရှင်တန်၊ ဒီစီ၊ ဂျပန် ဒါမှ
    မဟုတ် လန်ဒန်ကို ရောက်ခဲ့ဖူးရင်၊
  • 9:44 - 9:46
    အဲဒီက မြေအောက် မီးရထား စီးကြသူတို့ဟာ
  • 9:46 - 9:49
    စက်လှေကားရဲ့ ညာဘက်ခြမ်းမှာ
    ဂရုတစိုက် ရပ်ကြတာကို သတိထားမိကြပါမယ်၊
  • 9:49 - 9:52
    လမ်းလျှောက် ဆင်းလိုသူတွေ ဘယ်ဘက်မှ
    ဆင်းသွားကြဖို့ အတွက်ပါ။
  • 9:52 - 9:55
    ကံဆိုးချင်တော့ နေရာတိုင်းမှာ အဲဒီစနစ်ကို
    ပုံမှန် မလိုက်နာကြပါဘူး၊
  • 9:55 - 9:58
    နှစ်ဖက်စလုံးမှာ လူတွေ ပြည့်ကြပ်
    ရပ်နေကြတဲ့ နေရာတွေ အများကြီးပါပဲ
  • 9:58 - 10:00
    စက်လှေကားကို ပိတ်ဆို့ထားကြတယ်။
  • 10:00 - 10:02
    ကျုပ်တို့က ညာဖက်တွင် ရပ်နေကြလျှင်
    အခြားသူတွေ
  • 10:02 - 10:04
    အောက်ကို ဆင်းသွားနိုင်ကြတာ အဆင်ပြေပေမဲ့၊
  • 10:04 - 10:07
    အဲဒီလို စနစ်ကို တချို့နေရာများမှာသာ
    လိုက်နာကြမယ် မျှော်လင့်နိုင်တယ်။
  • 10:07 - 10:08
    အဲဒါက ယေဘုယျ ဖြစ်စဉ်ပါ။
  • 10:08 - 10:11
    တခါတရံမှာ ကျုပ်တို့ဟာ ကောင်းတာကို
    မျှော်လင့်နိုင်ပေမဲ့၊
  • 10:11 - 10:12
    တခါတရံမှာ မဖြစ်နိုင်ပါ။
  • 10:12 - 10:15
    ဒီတော့ လူတွေဟာ အကြံပေးချက်တွေကို
    တကယ့်ကို နားလည်ကာ လိုက်နာလိုကြတယ်၊
  • 10:15 - 10:19
    သူတို့ဟာ အခြေအနေကပေးရင် ကောင်းတဲ့
    အရာများ လုပ်ကြမှာ မျှော်လင့်နိုင်တယ်၊
  • 10:19 - 10:23
    အဲဒီကနေပြီး ကျုပ်တို့ရဲ့ စစ်ဆေးရေး
    စာရင်းရဲ့ နောက်ဆုံး အချက်ကို ရောက်လာပါပြီ-
  • 10:23 - 10:25
    မျှော်လင့်ချက်များကို
    ဆက်သွယ်ပြောဆိုထားရန်ပါပဲ။
  • 10:25 - 10:27
    ‘‘ကောင်းတဲ့ အရာကို အခုကို လုပ်ကြပါ’’
  • 10:27 - 10:29
    လူတွေကို ပြောပြကြရန် လိုပါတယ်။
  • 10:29 - 10:32
    မျှော်လင့်ချက်များကို ဆက်သွယ်ပြောပြဖို့
    ရိုးရှင်းတဲ့ နည်းကး-
  • 10:32 - 10:36
    "ဟုတ်ပြီ၊ လူတိုင်း ကောင်းတဲ့ အရာတွေ လုပ်
    ကိုင်နေကြတယ်။ " သူတို့ကို ပြောရုံပါပဲ။
  • 10:36 - 10:40
    Opower ဆိုတဲ့ ကုမ္ပဏီဟာ လူတွေဆီကို
    ပို့ပေးတဲ့ လျှပ်စစ် ငွေတောင်းခံလွှာထဲတွင်
  • 10:40 - 10:43
    သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုကို ဆင်တူ
    နေအိမ်ရှိသူတွေရဲ့ သုံးစွဲမှုနှင့်
  • 10:43 - 10:46
    နှိုင်းယှဉ်ထားတဲ့
    အချက်ကလေးကို ထည့်ပေးတတ်တယ်။
  • 10:47 - 10:50
    လူတွေက သူတို့ အိမ်နီးချင်းတွေ ဓာတ်အား
    သုံးတာ နည်းတာ တွေ့ရတဲ့အခါမှာ
  • 10:50 - 10:52
    သူတို့လည်း စပြီး လျော့သုံးလာကြတယ်။
  • 10:52 - 10:56
    အလားတူ ချဉ်းကပ်မှုကိုပဲ၊ လူတွေ မဲပေးလာ
    ကြအောင်၊ လှူဒါန်းလာကြအောင်၊
  • 10:56 - 10:59
    ဟိုတယ်တွေမှာ သူတို့ရဲ့
    မျက်နှာသုတ်ပုဝါများကို ပြန်သုံးလာစေပါတယ်။
  • 11:00 - 11:01
    ဒါနဲ့ နောက်တစ်ခုကျတော့ကော။
  • 11:02 - 11:05
    မျှော်လင့်ချက်များကို ဆက်သွယ်ပြောပြရေး
    နောက် နည်းလမ်းရှိပါသေးတယ်-
  • 11:05 - 11:09
    အချိန်မှန်မှာ "ကောင်းတဲ့ အရာကို လုပ်ကြပါ"
    ဟု ပြောဆိုရုံပါပဲ။
  • 11:12 - 11:13
    ဒါကိုကော ဘယ်လို မြင်ကြလဲ။
  • 11:14 - 11:17
    ဒီမှာ ကပ်ထားတဲ့ ပုံက
  • 11:17 - 11:20
    မီးပိတ်ခြင်းလို သာမန်
    တာဝန်ကို ပုံစံ ပြောင်းပစ်လိုက်ပြီး
  • 11:20 - 11:23
    အဲဒါကို ပတ်ဝန်းကျင်အား အကျိုးပြုရေး
    အသွင်သို့ ပြောင်းလဲလိုက်ပါတယ်။
  • 11:23 - 11:27
    ဒီတော့ နောက်ဆုံး ဆိုလိုရင်းက ဒါကို
    လုပ်လို့ ရနိုင်တဲ့ နည်းတွေ မျိုးစုံပါပဲ၊
  • 11:27 - 11:30
    မျှော်လင့်ချက်တွေ ရှင်းပြရေး
    နည်းတွေ အများအပြားပါပဲ။
  • 11:30 - 11:31
    အဲဒါကို လုပ်ဖြစ်ဖို့ မမေ့ကြပါနဲ့။
  • 11:31 - 11:33
    ရှင်းရှင်းလေးပါ။
  • 11:33 - 11:35
    ကျုပ်တို့ရဲ့စစ်ကြည့်ရန် စာရင်းက အဲဒါပါပဲ။
  • 11:36 - 11:41
    ခင်ဗျးတို့ တော်တော်များများ လုပ်ကိုင်ကြတာ
    လူမှုရေးဆိုင်ရာ အရေးကြီးတာ ဖြစ်နိုင်တယ်။
  • 11:41 - 11:45
    တခါတရံမှာ သင်ဟာ လူတွေကို ပိုကောင်းတဲ့
    အရာများ လုပ်ကိုင်ဖို့ စေ့ဆော်ပေးရနိုင်တယ်။
  • 11:45 - 11:49
    ဒီနေ့ သင်တို့ သင်ယူလိုက်ရတဲ့ ကိရိယာတွေက
    အဲဒီထဲ ကူညီပေးနိုင်ကြတယ်။
  • 11:49 - 11:52
    ပြီးတော့ ဒီကိရိယာတွေဟာ ငွေေကြေးများကို
    ထပ်မတောင်းဆိုကြသလို
  • 11:52 - 11:54
    အသစ်အဆန်း နည်းပညာတွေကို တီထွင်ရန်လည်း
    မလိုအပ်ပါ။
  • 11:54 - 11:57
    လူတွေရဲ့ ဂုဏ်သိက္ခာကို အကျိုးရှိစွာ
    အသုံးချဖို့သာ လိုအပ်တာပါ၊
  • 11:57 - 12:01
    လေ့လာရနိုင်စွမ်းကို မြှင့်တင်လျက်
    ဆင်ခြေများကို ရှင်းလင်းပစ်ပါ၊
  • 12:01 - 12:04
    ပြီးတော့ ဆက်သွယ် ပြောပြရေး
    မျှော်လင့်ချက်များကို သုံးပါ။
  • 12:04 - 12:05
    ကျေးဇူးတင်ပါတယ်။
  • 12:05 - 12:10
    (လက်ခုပ်သံများ)
Title:
သူများအတွက် ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန် လူတွေကို စေ့ဆော်ပေးနိုင်ပုံ
Speaker:
Erez Yoeli
Description:

လူတွေကို ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန်၊ မဲပေးရုံကို သွားကြရန်၊ စွန့်ကြဲလှူဒါန်းလာကြရန်၊ အရင်းအမြစ်များကို ချွေတာထိန်းသိမ်းလာကြရန် ဒါမှမဟုတ် အခြားသူများအား ယေဘုယျအားဖြင့် ပိုပြီး သဘောထားကြီးစွာ ဆက်ဆံလာစေရန် ကျုပ်တို့ ဘာတွေ လုပ်နိုင်ကြသလဲ။ MIT သုတေသီ သိပ္ပံပညာရှင် Erez Yoeli က ဂုဏ်သိက္ခာရဲ့ စွမ်းပကားကို ဒါမှမဟုတ် ကိုယ်ကျိုးကို ရှေ့ရှုသူ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို အခြားသူတွေ အနေနဲ့ သဘောထား ကြီးမားသူနဲ့ သနားကြင်နာသူ အဖြစ် မြင်တွေ့စေလိုတဲ့ စိတ်ဓာတ်ကို၊ အသုံးချရင်း ထိုသို့ ဆောင်ရွက်ရေး ရိုးရှင်းတဲ့ စစ်ကြည့်ရန် စာရင်းကို မျှဝေပေးထားပါတယ်။ အဲဒီလိုနည်းဖြင့် လူတွေကို သူများ အကျိုးစီးပွားအတွက် လုပ်ဆောင်အောင် စေ့ဆော်ပေးနိုင်ပါတယ်။ လူတွေကို ကောင်းမွန်တဲ့ အရာများ ပြုလုပ်လာအောင် ခင်ဗျားတို့ရဲ့ ချဉ်းကပ်မှုထဲတွင် အပြောင်းအလဲ အသေးလေး တချို့ကို လုပ်ပေးလိုက်ရုံနဲ့ အံ့ဖွယ် ရလဒ်တွေကို ရယူနိုင်တာကို လေ့လာကြည့်ကြပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:22

Burmese subtitles

Revisions