သူများအတွက် ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန် လူတွေကို စေ့ဆော်ပေးနိုင်ပုံ
-
0:01 - 0:04လူတွေကို ကောင်းတာတွေ ပိုမိုလုပ်လာကြရန်၊
-
0:05 - 0:09မဲပေးရုံကို သွားရန်၊ လှူဒါန်းကြရန်၊
ရင်းမြစ်တွေကို ထိန်းသိမ်းကြရန်၊ -
0:09 - 0:11ဒါမှမဟုတ် အလုပ်မှာ ကိုယ့်မတ်ခွက်ကို
ကိုယ် ဆေးလာစေလျက် -
0:11 - 0:15လက်ဆေးကန် ညစ်ပတ်နေတဲ့ ပန်းကန်များဖြင့်
ပြည့်မနေရန် ဘယ်လိုလုပ်ကြရမလဲ။ -
0:15 - 0:17(ရယ်သံများ)
-
0:17 - 0:21(လက်ခုပ်သံများ)
-
0:21 - 0:23ဒီပြဿနာကို ကျွန်တော်
စပြီး စဉ်းစားလာတာက -
0:23 - 0:25ပါဝါကုမ္ပဏီ တစ်ခုနှင့် လက်တွဲလုပ်ကိုင်ရင်း
-
0:25 - 0:29ဓာတ်အား အများဆုံး သုံးချိန်မှာ မီးပြတ်မှု
ဟန့်တားဖို့ သုံးစွဲသူတွေကို လိုက်ပြီး -
0:29 - 0:31စည်းရုံး ရှင်းပြနေခဲ့တဲ့ အချိန်တုန်းကပါ။
-
0:31 - 0:34စမ်းစပ်ပြီးသား မှန်ကန်တဲ့ နည်းပညာကို
အခြေခံထားတဲ့ အစီအစဉ်ပါ။ -
0:34 - 0:37အိုဘားမား အစိုးရကတောင်
‘‘အမေရိကရဲ့ လျှပ်စစ် ဂရိစနစ်ကို -
0:37 - 0:40ခေတ်မီလာစေမယ့် အုတ်မြစ် တစ်ခု’’
ဆိုပြီး ခေါ်ခဲ့ပါတယ်။ -
0:40 - 0:44ဒါပေမဲ့၊ ဧရာမ နည်းပညာ အများအပြားလိုပဲ
-
0:44 - 0:46၎င်းဆီမှာ သော့ချက် အားနည်းမှု ရှိခဲ့တယ်-
-
0:48 - 0:49လူတွေပါ။
-
0:49 - 0:52လူတွေဟာ လက်မှတ်ထိုး ပါဝင်ရန် လိုအပ်တယ်။
-
0:52 - 0:56လူတွေ လက်မှတ်ထိုးပါလာကြရန် ပါဝါကုမ္ပဏီက
သူတို့ထံကို စာမွန်ကောင်းတွေကို ပို့လျက် -
0:56 - 0:58အစီအစဉ်ရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြလျက်
-
0:58 - 1:01သူတို့ စိတ်ဝင်စားလျှင် အရေးပေါ်လိုင်းသို့
ဖုန်းဆက်ဖို့ ပန်ကြားခဲ့ပါတယ်။ -
1:01 - 1:03အဲဒီလို စာတွေ ထွက်သွားခဲ့ကြပေမဲ့၊
-
1:03 - 1:05ဖုန်းတွေဟာ တိတ်ဆိတ်မြဲ တိတ်နေခဲ့ကြတယ်။
-
1:05 - 1:09အဲဒါနဲ့ ကျွန်တော်တို့ ကူညီဖို့ ရောက်လာတော့
အပြောင်းအလဲလေးတစ်ခု လုပ်ရန် အကြံပေးခဲ့တယ်။ -
1:09 - 1:11အဲဒီ အရေးပေါ် ဖုန်းလိုင်းအစား၊
-
1:11 - 1:16သူတို့ နေထိုင်ရာ အဆောက်အဦးများမှာ
ရှိကြတဲ့ စာတိုက်ပုံးထဲသို့ ထည့်ပေးရမယ့် -
1:16 - 1:18လက်မှတ်ထိုးရေး စာရွက်ကို
အသုံးပြုရန် ဖြစ်ပါတယ်။ -
1:18 - 1:21အဲဒါက ပါဝင်မှုကို သုံးဆ တိုးလာစေခဲ့တယ်။
-
1:23 - 1:24ဘာကြောင့်လဲ။
-
1:25 - 1:29ကျုပ်တို့ အားလုံးက အခြားသူတွေ ကျုပ်တို့ကို
ဘယ်လို ထင်မြင်ကြောင်းကို အလေးထားတယ်၊ -
1:29 - 1:33ကျုပ်တို့ဟာ သဘောထားကြီးပြီး
သနားကြင်နာသူ ဖြစ်တယ်လို့ ထင်စေလိုကြတယ်။ -
1:33 - 1:36ကိုယ်ကျိုးရှာသူ၊ သူများကို အသုံးချ
လိုသူအဖြစ် မြင်ကြမှာကို မလိုချင်ကြဘူး။ -
1:36 - 1:41ကျုပ်တို့ သိသိမသိသိ၊ လူတွေက ကောင်းတာကို
လုပ်ကြတာ အဲဒါကြောင့်ပါ၊ -
1:41 - 1:45အပြောင်းအလဲ သေးသေးလေးကတောင်
လူတွေကို ကောင်းတာကို လုပ်လာစေပြီး -
1:45 - 1:48အဲဒီ အပြောင်းလဲတွေကျတော့ တကယ့်ကို
ကြီးမားတဲ့ ခြားနားချက် ပေါ်လာနိုင်တယ်။ -
1:48 - 1:52ခင်ဗျားတို့ရဲ့ ကောင်းတဲ့ လုပ်ရပ်ကို
ဘယ်သူမှာမှ ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်တဲ့ -
1:52 - 1:55အရေးပေါ်လိုင်းကို မသုံးဘဲ ဘေးမှ
လျှောက်သွားသူတိုင်း သင့်အမည်ကို -
1:55 - 1:57မြင်နိုင်တဲ့ လက်မှတ်ထိုး စာရွက်သို့
-
1:57 - 1:59ပြောင်းလဲပစ်ရန် ဆုံးဖြတ်မှု လိုဟာမျိုး။
-
2:00 - 2:03လူတွေကို ကောင်းတာတွေ ပိုလုပ်လာကြစေရန်
ကျုပ်တို့ ကြိုးစားစဉ် အစိုးရများ၊ -
2:03 - 2:07အကျိုးအမြတ်မရှာသူများ၊ ကုမ္ပဏီများနှင့်
လက်တွဲ လုပ်ကိုင်ကြရာတွင် -
2:07 - 2:09ကျုပ်တို့ဟာ ဂုဏ်သိက္ခာရဲ့
ပါဝါကို အသုံးချခဲ့ကြတယ်။ -
2:09 - 2:12အဲဒါ့အတွက် ကျုပ်တို့ဆီမှာ
စစ်ကြည့်ရန် စာရင်းရိုရိုး ရှိခဲ့တယ်။ -
2:12 - 2:16တကယ်တော့ အဲဒီစာရင်းထဲက
ပထမအရာကို ခင်ဗျားတို့ သိပြီးသားပါ။ -
2:17 - 2:19အဲဒါက လေ့လာမှုကို တိုးချဲ့လျက်
-
2:19 - 2:22ကောင်းတဲ့ လုပ်ရပ်တွေကို လူတွေ သေချာပေါက်
တွေ့မြင်စေရန်ပါပဲ။ -
2:23 - 2:26ကောင်းပြီ၊ ခဏလေး၊ ခင်ဗျားတို့ထဲက
အချို့ ထင်မိနိုင်ကြတာက၊ -
2:26 - 2:28ဒီမှာ ရှိနေကြသူတွေက
-
2:28 - 2:31‘‘ကျွန်တော့ရဲ့ ကောင်းတဲ့ လုပ်ရပ်တွေအတွက်
ချီးကျူးခံနေရတာ၊ -
2:31 - 2:33တကယ့်ကို ထိုက်တန်ပါတယ်"
ထင်ကြမှာ မဟုတ်ပါဘူး။ -
2:33 - 2:34ခင်ဗျားတို့ ထင်တာ မှန်ပါတယ်။
-
2:34 - 2:36ပုံမှန်အားဖြင့် လူတွေ အဲဒီလို မလုပ်ကြပါ။
-
2:36 - 2:39အဲဒါအစား၊ လူတွေက သူတို့ရဲ့
ကိုယ်ရေးကို ဆုံးဖြတ်ကြရာတွင်၊ -
2:39 - 2:41သူတို့ဟာ ကိုယ့်ပြဿနာတွေကို စိုးရိမ်ကြတယ်၊
-
2:41 - 2:45ညစာအတွက် စားပွဲပေါ် ဘာကို ချပေးမလဲ၊
ငွေတောင်းခံလွှာ အချိန်မီ ဘယ်လိုပေးရမလဲ။ -
2:45 - 2:49ဒါပေမဲ့ လူတွေက လေ့လာကြည့်ရနိုင်မယ့်
ဆုံးဖြတ်ချက်ကို ချမှတ်ကြတဲ့ အခါမှာ၊ -
2:49 - 2:52ပိုကောင်းမွန်စွာ လုပ်နိုင်မယ့်
အခွင့်အလမ်းကို ပိုပြီး ဂရုစိုက်တတ်ကြတယ်။ -
2:52 - 2:55တနည်းဆိုရပါက၊ ကျုပ်တို့ ချဉ်းကပ်ပုံရဲ့
အားကောင်းချက်က -
2:55 - 2:59လူတွေမှာ ကိန်းဝပ်နေတဲ့ ကောင်းမှု လုပ်လို
စိတ်ကို အဲဒါက ခလုတ်ဖွင့်ပေးနိုင်ခြင်းပါပဲ၊ -
2:59 - 3:03ဒီကိစ္စမှာ မီးပြတ်ခံရမှာကို
ရှောင်ရှားနိုင်အောင် ကူညီပေးရန်ပါ။ -
3:03 - 3:04လေ့လာရနိုင်မှုဆီ ပြန်သွားကြရအောင်။
-
3:04 - 3:06နောက်ဥပမာ တစ်ခုကို ပေးချင်တယ်။
-
3:06 - 3:08လူတွေ မဲပေးကြရန်ကို ကြိုးစားတဲ့
အကျိုးအမြတ်မရှာတဲ့ -
3:08 - 3:11အဖွဲ့အစည်းနဲ့
ပူးပေါင်းဆောင်ရွက်မှု ဥပမာပါ၊ -
3:11 - 3:14၎င်းဟာ ရွေးကောက်ပွဲတိုင်းမှာ စာတွေကို
ရာချီ၊ ထောင်ချီ ပို့ပေးလျက် -
3:14 - 3:18လူတွေကို မဲပေးရန် သတိပေးခြင်းနဲ့
မဲပေးရုံ သွားဖို့ လှုံ့ဆော်ပေးတယ်။ -
3:18 - 3:21ကျုပ်တို့က အောက်ပါ ဝါကျလေးကို ထည့်ပေးရန်
အကြံပြုခဲ့ကြတယ်- -
3:22 - 3:26"မဲပေးစဉ်က သင်ရဲ့ အတွေ့အကြုံကိုမေးမြန်းရန်
တစ်ဦးဦး သင့်ကို ရှာနိုင်ပါတယ်။ " -
3:27 - 3:30အဲဒီဝါကျက သင် မဲပေးမှာကို လေ့လာဖြစ်မယ့်
အလားအလာ တိုးလာသလို ခံစားလာစေမယ်၊ -
3:31 - 3:34အဲဒီအချက်က စာရဲ့ ထိရောက်မှုကို ၅၀
ရာခိုင်နှုန်း မြှင့်ပေးလိုက်တယ်။ -
3:37 - 3:40စာရဲ့ ထိရောက်မှုကို ပိုမြှင့်ပေးလိုက်လျက်
မဲတစ်ခု တိုးရမှုရဲ့ ကုန်ကျစရိတ်ကို -
3:40 - 3:42ဒေါ်လာ ၇၀ မှ ၄၀ သို့ လျှော့ချပေးခဲ့တယ်။
-
3:42 - 3:45လေ့လာရနိုင်စွမ်းက
လုပ်ပြနိုင်တာတွေ များပါတယ်၊ -
3:45 - 3:48သွေးလှူရှင်တွေရဲ့ အမည်များကို ဒေသခံ
သတင်းစာများထဲ ဖေါ်ပြပေးခြင်းဖြင့် -
3:48 - 3:51လူတွေကို သွေးကို မကြာခဏ လှူလာစေတာမျိုး၊
-
3:51 - 3:53အခွန်ပေးရန် ပျက်ကွက်သူများရဲ့
အမည်စာရင်းကို -
3:53 - 3:56အများပြည်သူ ဝဘ်ဆိုက်မှာ
ကြေညာပေးတာမျိုး။ -
3:56 - 3:58(ရယ်သံများ)
-
4:00 - 4:01ဥပမာတွေနဲ့ ပြောရမယ်ဆိုရင်
-
4:03 - 4:07တိုယိုတာဟာ Prius ကားကို သူများနဲ့မတူတာတွေ
ထည့်ပေးလျက် လူတွေ ထောင်နဲ့ချီတို့အား -
4:07 - 4:10အဲဒါကို ဝယ်လာစေရန် လှုံ့ဆော်ခဲ့တယ်။
-
4:10 - 4:12(ရယ်သံများ)
-
4:12 - 4:16သူတို့ရဲ့ အဲဒီလို ကောင်းတဲ့အရာကို
အဝေးကြီးမနေပြီး လေ့လာတွေ့နိုင်ခဲ့လို့ပါ။ -
4:16 - 4:19(ရယ်သံများ)
-
4:19 - 4:21ဒီတော့ လေ့လာလို့ရနိုင်စွမ်းဟာ
သိပ်အရေးပါပါတယ်၊ -
4:21 - 4:25ကျုပ်တို့ အားလုံးသိကြ မြင်ခဲ့ဘူးကြသလို၊
-
4:25 - 4:28လူတွေဟာ ကောင်းတာကို လုပ်ဖို့ အခွင့်ရရင်
လိုက်လုပ်ကြပါတယ်။ -
4:28 - 4:31တချို့က တစ်ယောက်ယောက် လမ်းဘေးမှာ
ငွေတောင်းနေတာကို မြင်တာနဲ့ -
4:31 - 4:34သူတို့ဖုန်းကို ထုတ်ယူလျက် သိပ်ကို
အလုပ်များနေတဲ့ ပုံစံမျိုး ဆောင်ကြမယ်၊ -
4:34 - 4:38ဒါမှမဟုတ် သူတို့ဟာ ပြတိုက်ကိုသွားပြီး
အလှူသေတ္တာနားမှာ ရစ်ဝဲနေကြမယ်။ -
4:38 - 4:40လူတွေ အနားယူကြတဲ့ ကာလကို စိတ်ကူးကြည့်ပါ၊
-
4:40 - 4:43သင်ဟာ စူပါမားကက်ကို သွားတုန်း ကယ်တင်ရေး
တပ်မှ အလှူခံသူကို မြင်ရတယ် ဆိုပါစို့၊ -
4:43 - 4:45ထိုသူဟာ ခေါင်းလောင်းဖြင့် အသံပေးနေတယ်။
-
4:45 - 4:48လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ San Diego မှ
သုတေသီတွေဟာ -
4:48 - 4:51ဒေသခံ ကယ်တင်ရေး တပ်နဲ့ အတူ လိုက်ပါလျက်
-
4:51 - 4:54အလှူငွေ တိုးမြှင့်ရေး နည်းလမ်း
တွေကို ရှာကြံလိုခဲ့တယ်။ -
4:54 - 4:56သူတို့ ရှာတွေ့လိုက်တာက
ရယ်စရာတောင် ကောင်းနေတယ်။ -
4:57 - 4:59အလှူခံသူဟာ တံခါးတစ်ခုတည်းရဲ့
ရှေ့မှာ ရပ်နေရင်၊ -
5:00 - 5:03လူတွေက မလှူဘဲနဲ့ အခြားတံခါးပေါက်မှ
ထွက်သွားနိုင်ခဲ့ကြတယ်။ -
5:05 - 5:06ဘာကြောင့်လဲ။
-
5:07 - 5:10"အို၊ ကျွန်တော်ဟာ
အလှူခံသူကို မမြင်မိလို့ပါ၊" -
5:10 - 5:13ဒါမှမဟုတ် "ငါဟိုမှာ
ကျွန်တော် တစ်ခုခု ရှာကြည့်နေခဲ့တာ" -
5:13 - 5:15"ကျွန်တော့ကားက အဲဒီဖက်မှာလေ"
ဖြေနိုင်ခဲ့ကြတယ်။ -
5:16 - 5:18တနည်းအားဖြင့် ပေးလို့ရတဲ့
ဆင်ခြေတွေ များလှပါတယ်။ -
5:18 - 5:22ဒါနဲ့ ကျွန်တော်တို့ စစ်ရမယ့်
စာရင်းရဲ့ ဒုတိယ အချက်ဆီ ခေါ်ဆောင်လာတယ်- -
5:22 - 5:23ဆင်ခြေများကို ဖယ်ရှားပစ်ရန်ပါပဲ။
-
5:24 - 5:26ကယ်တင်ရေး တပ်ရဲ့ ကိစ္စထဲမှာ၊
-
5:26 - 5:30ဆင်ခြေများကို ဖျက်သိမ်းမှုဆိုတာ တံခါး
နှစ်ဖက်စလုံးမှာ ရပ်ခိုင်းခြင်း ဖြစ်ခဲ့တယ်။ -
5:30 - 5:32သူတို့ အဲဒီလို စပြီးရပ်လာကြတာနဲ့
အလှူငွေတွေ -
5:32 - 5:34သေချာပေါက် မြင့်တက်လာခဲ့တယ်။
-
5:35 - 5:37ဒီနေရာမှာ ပိုလို့ကို ရယ်ရတဲ့ အချက်ကို
-
5:37 - 5:39သတိထားမိပါသေးတယ်။
-
5:39 - 5:42သုတေသီတို့ဟာ ကားတွေ ရပ်နားထားတဲ့
နေရာမှာ စောင့်ကြည့်နေခဲ့ကြပြီး -
5:42 - 5:46စတိုးဆိုင်ထဲသို့ ဝင်သွားသူ၊ စတိုးဆိုင်ထဲမှ
ထွက်လာသူတို့ကို ရေတွက်နေခဲ့ကြရာ၊ -
5:46 - 5:49အလှူခံသူတို့ တံခါးဝ နှစ်ခုစလုံးရဲ့ ရှေ့မှာ
ရပ်နေကြချိန်မှာ၊ -
5:49 - 5:52လူတွေ စတိုးဆိုင်ထဲမှ ထွက်လာမှု
လုံးဝကို ရပ်သွားခဲ့တယ်။ -
5:52 - 5:55(ရယ်သံများ)
-
5:55 - 5:59သူတို့ဟာ အဲဒီအချက်ကို နားလည်မရ အံ့အားသင့်
နေခဲ့ကြလို့ ရှေ့ဆက် စုံစမ်းကြည့်ခဲ့ကြရာ၊ -
5:59 - 6:04ပြန်ပြီး အသုံးချလို့ ရနိုင်မယ့်ပစ္စည်းများ
အပြင်ကို ထုတ်ပစ်ရန် အတွင်းတံခါး တစ်ခု -
6:04 - 6:06ရှိနေခဲ့တာကို သူတို့ ရှာတွေ့ခဲ့ကြပါတယ် --
-
6:06 - 6:08(ရယ်သံများ)
-
6:08 - 6:11လူတွေဟာ အလှူခံသူတွေကို ရှောင်ရှားရန်
အဲဒီ တံခါးကို သုံးလာခဲ့ကြပါတယ်။ -
6:11 - 6:14(ရယ်သံများ)
-
6:14 - 6:17အဲဒါကလည်း ကျုပ်တို့ကို အရေးကြီးတဲ့
သင်ခန်းစာကို ပေးခဲ့ပါသေးတယ်။ -
6:18 - 6:22ဆင်ခြေတွေကို ဖယ်ရှားပစ်ရန် ကြိုးပမ်းရာတွင်
ကျုပ်တို့ဟာ စေ့စပ်ရန် လိုအပ်ပါတယ်၊ -
6:22 - 6:24လူတွေဟာ ကြံဖန်ရှာဖွေနိုင်ကြလို့ပါ။
-
6:24 - 6:27(ရယ်သံများ)
-
6:30 - 6:32ကောင်းပြီ၊ အခုတော့ ဆင်ခြေများဟာ
-
6:32 - 6:35သေရေးရှင်ရေး အကျိုးဆက်များ ရှိနိုင်တဲ့
အခြေအနေကို တင်ပြပေးချင်တယ်။ -
6:36 - 6:40ကမ္ဘာပေါ်က လူတွေကို အများဆုံး သေစေနေတဲ့
ကူးစက်ရောဂါ တစ်ခုအတွက် ကုသနည်းရှနေပြီ၊ -
6:41 - 6:44နှစ်ပေါင်း ၇၀ အတွင်းမှာ
ပေါ်လာတဲ့ ကုသနည်းပါ၊ -
6:44 - 6:47စိတ်ချရပြီး လူတိုင်းအတွက်
အကြိမ်တိုင်း ကုသပေးခဲ့တယ် ဆိုပါစို့။ -
6:47 - 6:49အဲဒါကို ယုံရခက်ပေမဲ့၊ တကယ် အမှန်ပါ။
-
6:50 - 6:52အဲဒါ တီဘီရောဂါပါ။
-
6:52 - 6:55တစ်နှစ်တစ်နှစ်ကို လူ ၁၀ သန်းလောက်
အဲဒီရောဂါကို ကူးစက်ခံကြရတယ်၊ -
6:55 - 6:57သူတို့အထဲက နှစ်သန်းနီးပါး သေဆုံးကြရတယ်။
-
6:58 - 7:02မီးပြတ်မှု ပြဿနာကိစ္စမှာလိုပဲ
ကျုပ်တို့ဟာ အဖြေကို ရှာတွေ့ခဲ့တယ်။ -
7:02 - 7:03ပြဿနာက လူတွေပါ။
-
7:04 - 7:06လူတွေဟာ ဆေးကို သောက်လျက်
-
7:06 - 7:08သူတို့ရဲ့ ရောဂါ ပျောက်ကင်းစေခြင်းဖြင့်
-
7:08 - 7:10အခြားလေူတွေ ရောဂါမရအောင်
ကူပေးနိုင်ကြတယ်။ -
7:11 - 7:13တီဘီလူနာတွေကို ကူညီပံ့ပိုးပေးနေပြီး
ကုသပေးနေတဲ့ -
7:13 - 7:16Keheala ခေါ် ရွေ့လျားနိုင်တဲ့ ကျန်းမာရေး
လုပ်ငန်းထဲမှာ -
7:16 - 7:19ကျုပ်တို့ စပြီး ပူးပေါင်း
ကူညီလာခဲ့ကြပါတယ်။ -
7:19 - 7:22တီဘီဆိုင်ရာ ကုသမှုဟာ သိပ်ကို ခက်ထန်တာကို
ခင်ဗျားတို့ နားလည်ရန် လိုပါတယ်။ -
7:22 - 7:25သိပ်ကို အားကောင်းတဲ့ ပဋိဇီဝဆေးကို
-
7:25 - 7:27ခြောက်လ ဒါမှမဟုတ် ပိုကြာစွာ
နေ့စဉ် သောက်ရန် လိုမယ်။ -
7:27 - 7:30အဲဒီ ပဋိဇီဝဆေးတွေ ပြင်းထန်လွန်းလို့
ကိုယ်ဟာ ဖျားတောင် လာနိုင်ပါတယ်။ -
7:30 - 7:33အဲဒါကြောင့် ပျို့အန်ခြင်း၊
ခေါင်းမူခြင်း ခံစားရမယ်။ -
7:33 - 7:36အဲဒီဆေးကြောင့် သင့်ဆီးဟာ ရောင်စုံဖြစ်
လာလျက် ရယ်စရာကောင်းလိမ့်မယ်။ -
7:36 - 7:38ပြဿနာတစ်ခုက သင်ဟာ ဆေးခန်းကို မကြာခဏ
-
7:38 - 7:40အပတ်စဉ် ဆေးလုံးအသစ်တွေကို
ရယူရန် သွားရပါမယ်။ -
7:40 - 7:43ပြီးတော့ အာဖရိကထဲက ဆာဟာရ ဝန်းကျင်
ဒါမှမဟုတ် တီဘီအဖြစ်များတဲ့ ဒေသများမှာ -
7:43 - 7:46အတော့်ကို ဝေးတဲ့ နေရာများကို
သွားရမယ့် သဘောပါ၊ -
7:46 - 7:49ပင်ပမ်းဖွယ် ကောင်းပြီး နှေးကွေးကြတဲ့
ပို့ဆောင်ရေး ယာဉ်တွေနဲ့ သွားရမယ်၊ -
7:49 - 7:52ဒီကြားထဲ ဆေးကုခန်းဟာ
ထိရောက်မှု ရှိချင်မှ ရှိမှာပါ။ -
7:52 - 7:55ဒီတော့ ကိုယ်ဟာ ဘယ်လိုမှ အရှုံးမခံလိုတဲ့
အလုပ်ကနေပြီး အပတ်စဉ် နေ့ဝက်ခွင့်ကို -
7:55 - 7:57မယူမနေရ ယူရန် လိုအပ်လာမှာပါ။
-
7:57 - 8:01ဒီရောဂါဟာ ကြောက်မက်ဘွယ် အမည်းစက်ဖြစ်နေတော့
အခြေအနေဟာ ပိုတောင် ဆိုးပါတယ်၊ -
8:01 - 8:05ကိုယ့်ဆီမှာ အဲဒီရောဂါ ရှိနေတာကို တစ်ယောက်
ယောက် သိသွားမှာကို ကိုယ်က အသည်းထိတ်နေရတယ်။ -
8:05 - 8:08ရင့်နင့်ဘွယ် အကောင်းဆုံး ဖြစ်ရပ်တွေကို
ကြားခဲ့ကြရတာက အမျိုးသမီးများထံမှပါ၊ -
8:08 - 8:11အိမ်တွင်းအကြမ်းဖက်မှုတွေ ပုံမှန်တွေ့နေကျ
နေရာများလည်း ဖြစ်နေလို့ပါ။ -
8:11 - 8:15သူတို့ဟာ ဆေးခန်းကို သွားနေရတာကိုတောင်
သူတို့ရဲ့ ခင်ပွန်းများထံမှ -
8:15 - 8:17ဝှက်ထားရန် လိုတာ သူတို့ ပြောပြကြတယ်။
-
8:17 - 8:21ဒီတော့ လူတွေက ကုသမှုကို ပြီးအောင်
မလုပ်နိုင်ကြတာ အံ့သြစရာ မဟုတ်ပါဘူး။ -
8:21 - 8:24ကျုပ်တို့ရဲ့ ချဉ်းကပ်မှုက သူတို့ကို
တကယ် ကူညီပေးနိုင်မလား။ -
8:24 - 8:27အဲဒါကို လိုက်နာဖြစ်အောင် ကျုပ်တို့
တကယ် လုပ်နိုင်ကြမလား။ -
8:28 - 8:29တကယ်ပါပဲ။
-
8:29 - 8:33နေ့တိုင်း သူတို့ရဲ့ ဆေးကို သောက်ကြဖို့
ကျနော်တို့က လူနာများထံ စာတို ပို့ပေးကြတယ်၊ -
8:33 - 8:36ဒါပေမဲ့၊ ကျုပ်တို့က အဲဒါနဲ့တင်
ရပ်လိုက်ကြမယ်ဆိုရင်၊ -
8:36 - 8:38ပေးနိုင်မယ့် ဆင်ခြေတွေ
အများကြီးရှိပါလိမ့်မယ်။ -
8:38 - 8:40"အော်၊ ကျွန်မ
အဲဒီစာတိုကို မမြင်လိုက်ဘူး။ " -
8:40 - 8:42"စာတိုကို မြင်လိုက်ပေမဲ့
လုံးဝကို မေ့သွားတယ်၊ -
8:42 - 8:44ဖုန်းချလိုက်တာနဲ့
အဲဒီအကြောင်း မေ့သွားတယ်။ " -
8:44 - 8:47ဒါမှမဟုတ် "ဖုန်းကို
အခြားသူကို ပေးထားလို့ပါ။ " -
8:48 - 8:50ကျုပ်တို့ဟာ အဲဒီ ဆင်ခြေတွေကို ချေဖျက်ရန်
-
8:50 - 8:52လူနာများကို လက်မှတ်ထိုး ဝင်လျက်
-
8:52 - 8:55သူတို့ရဲ့ ဆေးကို သောက်ပြီးကြောင်း
အတည်ပြုချက် ရယူရတယ်။ -
8:55 - 8:58သူတို့ လက်မှတ်ထိုး ဝင်မလာပါက၊ ကျုပ်တို့က
ထပ်ပြီး စာတို ပို့ကြတယ်။ -
8:58 - 9:01သူတို့ လက်မှတ်ထိုး ဝင်မလာပါက၊ ကျုပ်တို့က
ထပ်ပြီး စာတို ပို့ကြတယ်။ -
9:01 - 9:04သုံးကြိမ်ပြီးသွားလို့ သူတို့ လက်မှတ်ထိုး
အတည်မပြုကြရင်တော့၊ -
9:04 - 9:06ကျုပ်တို့က ကူညီရေး အဖွဲ့ကို
အကြောင်းကြားတယ်၊ -
9:06 - 9:08အဲဒီအဖွဲ့က သူတို့ကို ထပ်ပြီး စာတိုပို့လျက်
-
9:08 - 9:11လိုအပ်တာ လုပ်ဖြစ်ဖို့ သူတို့ကို
ပြန်ပြီး တိုက်တွန်းကြမယ်။ -
9:11 - 9:12ဆင်ခြေ လုံးဝ ပေးမရနိုင်ပါ။
-
9:12 - 9:17ကျုပ်တို့ ချဉ်းကပ်မှုဟာ၊ ပြုမူရေးဆိုင်ရာ
နည်းစနစ်မျိုးစုံ သုံးမှု ဝန်ခံရပေမဲ့၊ -
9:17 - 9:21ခင်ဗျားတို့ မြင်ခဲ့ကြသလို လေ့လာရနိုင်စွမ်း
အပါအဝင်ဟာဖြင့် -
9:21 - 9:22အလွန် ထိရောက်တဲ့ နည်းပါ။
-
9:22 - 9:25ကျုပ်တို့ရဲ့ ပလက်ဖောင်းကို မသုံးနိုင်ကြတဲ့
လူနာများဟာ -
9:25 - 9:28သူတို့ရဲ့ ကုသမှု မပြီးဆုံးဖို့
အလားအလာ သုံးဆ ပိုများခဲ့ပါတယ်။ -
9:30 - 9:32ကောင်းပြီ၊
-
9:32 - 9:34ကိုယ်က လေ့လာရနိုင်စွမ်းကို
တိုးမြှင့်လိုက်ပြီ၊ -
9:34 - 9:37ဆင်ခြေတွေကို ကိုယ်က ရှင်းပစ်လိုက်ပြီ၊
-
9:37 - 9:39ကိုယ် သတိထားရမယ့် တတိယ အချက်
တစ်ချက် ရှိပါသေးတယ်။ -
9:40 - 9:44ခင်ဗျားတို့ ဝါရှင်တန်၊ ဒီစီ၊ ဂျပန် ဒါမှ
မဟုတ် လန်ဒန်ကို ရောက်ခဲ့ဖူးရင်၊ -
9:44 - 9:46အဲဒီက မြေအောက် မီးရထား စီးကြသူတို့ဟာ
-
9:46 - 9:49စက်လှေကားရဲ့ ညာဘက်ခြမ်းမှာ
ဂရုတစိုက် ရပ်ကြတာကို သတိထားမိကြပါမယ်၊ -
9:49 - 9:52လမ်းလျှောက် ဆင်းလိုသူတွေ ဘယ်ဘက်မှ
ဆင်းသွားကြဖို့ အတွက်ပါ။ -
9:52 - 9:55ကံဆိုးချင်တော့ နေရာတိုင်းမှာ အဲဒီစနစ်ကို
ပုံမှန် မလိုက်နာကြပါဘူး၊ -
9:55 - 9:58နှစ်ဖက်စလုံးမှာ လူတွေ ပြည့်ကြပ်
ရပ်နေကြတဲ့ နေရာတွေ အများကြီးပါပဲ -
9:58 - 10:00စက်လှေကားကို ပိတ်ဆို့ထားကြတယ်။
-
10:00 - 10:02ကျုပ်တို့က ညာဖက်တွင် ရပ်နေကြလျှင်
အခြားသူတွေ -
10:02 - 10:04အောက်ကို ဆင်းသွားနိုင်ကြတာ အဆင်ပြေပေမဲ့၊
-
10:04 - 10:07အဲဒီလို စနစ်ကို တချို့နေရာများမှာသာ
လိုက်နာကြမယ် မျှော်လင့်နိုင်တယ်။ -
10:07 - 10:08အဲဒါက ယေဘုယျ ဖြစ်စဉ်ပါ။
-
10:08 - 10:11တခါတရံမှာ ကျုပ်တို့ဟာ ကောင်းတာကို
မျှော်လင့်နိုင်ပေမဲ့၊ -
10:11 - 10:12တခါတရံမှာ မဖြစ်နိုင်ပါ။
-
10:12 - 10:15ဒီတော့ လူတွေဟာ အကြံပေးချက်တွေကို
တကယ့်ကို နားလည်ကာ လိုက်နာလိုကြတယ်၊ -
10:15 - 10:19သူတို့ဟာ အခြေအနေကပေးရင် ကောင်းတဲ့
အရာများ လုပ်ကြမှာ မျှော်လင့်နိုင်တယ်၊ -
10:19 - 10:23အဲဒီကနေပြီး ကျုပ်တို့ရဲ့ စစ်ဆေးရေး
စာရင်းရဲ့ နောက်ဆုံး အချက်ကို ရောက်လာပါပြီ- -
10:23 - 10:25မျှော်လင့်ချက်များကို
ဆက်သွယ်ပြောဆိုထားရန်ပါပဲ။ -
10:25 - 10:27‘‘ကောင်းတဲ့ အရာကို အခုကို လုပ်ကြပါ’’
-
10:27 - 10:29လူတွေကို ပြောပြကြရန် လိုပါတယ်။
-
10:29 - 10:32မျှော်လင့်ချက်များကို ဆက်သွယ်ပြောပြဖို့
ရိုးရှင်းတဲ့ နည်းကး- -
10:32 - 10:36"ဟုတ်ပြီ၊ လူတိုင်း ကောင်းတဲ့ အရာတွေ လုပ်
ကိုင်နေကြတယ်။ " သူတို့ကို ပြောရုံပါပဲ။ -
10:36 - 10:40Opower ဆိုတဲ့ ကုမ္ပဏီဟာ လူတွေဆီကို
ပို့ပေးတဲ့ လျှပ်စစ် ငွေတောင်းခံလွှာထဲတွင် -
10:40 - 10:43သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုကို ဆင်တူ
နေအိမ်ရှိသူတွေရဲ့ သုံးစွဲမှုနှင့် -
10:43 - 10:46နှိုင်းယှဉ်ထားတဲ့
အချက်ကလေးကို ထည့်ပေးတတ်တယ်။ -
10:47 - 10:50လူတွေက သူတို့ အိမ်နီးချင်းတွေ ဓာတ်အား
သုံးတာ နည်းတာ တွေ့ရတဲ့အခါမှာ -
10:50 - 10:52သူတို့လည်း စပြီး လျော့သုံးလာကြတယ်။
-
10:52 - 10:56အလားတူ ချဉ်းကပ်မှုကိုပဲ၊ လူတွေ မဲပေးလာ
ကြအောင်၊ လှူဒါန်းလာကြအောင်၊ -
10:56 - 10:59ဟိုတယ်တွေမှာ သူတို့ရဲ့
မျက်နှာသုတ်ပုဝါများကို ပြန်သုံးလာစေပါတယ်။ -
11:00 - 11:01ဒါနဲ့ နောက်တစ်ခုကျတော့ကော။
-
11:02 - 11:05မျှော်လင့်ချက်များကို ဆက်သွယ်ပြောပြရေး
နောက် နည်းလမ်းရှိပါသေးတယ်- -
11:05 - 11:09အချိန်မှန်မှာ "ကောင်းတဲ့ အရာကို လုပ်ကြပါ"
ဟု ပြောဆိုရုံပါပဲ။ -
11:12 - 11:13ဒါကိုကော ဘယ်လို မြင်ကြလဲ။
-
11:14 - 11:17ဒီမှာ ကပ်ထားတဲ့ ပုံက
-
11:17 - 11:20မီးပိတ်ခြင်းလို သာမန်
တာဝန်ကို ပုံစံ ပြောင်းပစ်လိုက်ပြီး -
11:20 - 11:23အဲဒါကို ပတ်ဝန်းကျင်အား အကျိုးပြုရေး
အသွင်သို့ ပြောင်းလဲလိုက်ပါတယ်။ -
11:23 - 11:27ဒီတော့ နောက်ဆုံး ဆိုလိုရင်းက ဒါကို
လုပ်လို့ ရနိုင်တဲ့ နည်းတွေ မျိုးစုံပါပဲ၊ -
11:27 - 11:30မျှော်လင့်ချက်တွေ ရှင်းပြရေး
နည်းတွေ အများအပြားပါပဲ။ -
11:30 - 11:31အဲဒါကို လုပ်ဖြစ်ဖို့ မမေ့ကြပါနဲ့။
-
11:31 - 11:33ရှင်းရှင်းလေးပါ။
-
11:33 - 11:35ကျုပ်တို့ရဲ့စစ်ကြည့်ရန် စာရင်းက အဲဒါပါပဲ။
-
11:36 - 11:41ခင်ဗျးတို့ တော်တော်များများ လုပ်ကိုင်ကြတာ
လူမှုရေးဆိုင်ရာ အရေးကြီးတာ ဖြစ်နိုင်တယ်။ -
11:41 - 11:45တခါတရံမှာ သင်ဟာ လူတွေကို ပိုကောင်းတဲ့
အရာများ လုပ်ကိုင်ဖို့ စေ့ဆော်ပေးရနိုင်တယ်။ -
11:45 - 11:49ဒီနေ့ သင်တို့ သင်ယူလိုက်ရတဲ့ ကိရိယာတွေက
အဲဒီထဲ ကူညီပေးနိုင်ကြတယ်။ -
11:49 - 11:52ပြီးတော့ ဒီကိရိယာတွေဟာ ငွေေကြေးများကို
ထပ်မတောင်းဆိုကြသလို -
11:52 - 11:54အသစ်အဆန်း နည်းပညာတွေကို တီထွင်ရန်လည်း
မလိုအပ်ပါ။ -
11:54 - 11:57လူတွေရဲ့ ဂုဏ်သိက္ခာကို အကျိုးရှိစွာ
အသုံးချဖို့သာ လိုအပ်တာပါ၊ -
11:57 - 12:01လေ့လာရနိုင်စွမ်းကို မြှင့်တင်လျက်
ဆင်ခြေများကို ရှင်းလင်းပစ်ပါ၊ -
12:01 - 12:04ပြီးတော့ ဆက်သွယ် ပြောပြရေး
မျှော်လင့်ချက်များကို သုံးပါ။ -
12:04 - 12:05ကျေးဇူးတင်ပါတယ်။
-
12:05 - 12:10(လက်ခုပ်သံများ)
- Title:
- သူများအတွက် ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန် လူတွေကို စေ့ဆော်ပေးနိုင်ပုံ
- Speaker:
- Erez Yoeli
- Description:
-
လူတွေကို ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန်၊ မဲပေးရုံကို သွားကြရန်၊ စွန့်ကြဲလှူဒါန်းလာကြရန်၊ အရင်းအမြစ်များကို ချွေတာထိန်းသိမ်းလာကြရန် ဒါမှမဟုတ် အခြားသူများအား ယေဘုယျအားဖြင့် ပိုပြီး သဘောထားကြီးစွာ ဆက်ဆံလာစေရန် ကျုပ်တို့ ဘာတွေ လုပ်နိုင်ကြသလဲ။ MIT သုတေသီ သိပ္ပံပညာရှင် Erez Yoeli က ဂုဏ်သိက္ခာရဲ့ စွမ်းပကားကို ဒါမှမဟုတ် ကိုယ်ကျိုးကို ရှေ့ရှုသူ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို အခြားသူတွေ အနေနဲ့ သဘောထား ကြီးမားသူနဲ့ သနားကြင်နာသူ အဖြစ် မြင်တွေ့စေလိုတဲ့ စိတ်ဓာတ်ကို၊ အသုံးချရင်း ထိုသို့ ဆောင်ရွက်ရေး ရိုးရှင်းတဲ့ စစ်ကြည့်ရန် စာရင်းကို မျှဝေပေးထားပါတယ်။ အဲဒီလိုနည်းဖြင့် လူတွေကို သူများ အကျိုးစီးပွားအတွက် လုပ်ဆောင်အောင် စေ့ဆော်ပေးနိုင်ပါတယ်။ လူတွေကို ကောင်းမွန်တဲ့ အရာများ ပြုလုပ်လာအောင် ခင်ဗျားတို့ရဲ့ ချဉ်းကပ်မှုထဲတွင် အပြောင်းအလဲ အသေးလေး တချို့ကို လုပ်ပေးလိုက်ရုံနဲ့ အံ့ဖွယ် ရလဒ်တွေကို ရယူနိုင်တာကို လေ့လာကြည့်ကြပါ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 12:22
![]() |
Myo Aung approved Burmese subtitles for How to motivate people to do good for others | Dec 12, 2018, 9:42 AM |
![]() |
Myo Aung edited Burmese subtitles for How to motivate people to do good for others | Dec 12, 2018, 9:42 AM |
![]() |
Sanda Aung accepted Burmese subtitles for How to motivate people to do good for others | Dec 12, 2018, 9:40 AM |
![]() |
Sanda Aung edited Burmese subtitles for How to motivate people to do good for others | Dec 12, 2018, 9:40 AM |
![]() |
Myo Aung edited Burmese subtitles for How to motivate people to do good for others | Dec 11, 2018, 6:27 PM |
![]() |
Myo Aung edited Burmese subtitles for How to motivate people to do good for others | Dec 11, 2018, 5:23 PM |