< Return to Video

ကမ္ဘာကို အလုပ်အကျွေးပြုသော ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုခြင်း - Daniel D. Dulek

  • 0:07 - 0:08
    ခင်ဗျားအနေနဲ့
  • 0:08 - 0:10
    လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်က
  • 0:10 - 0:12
    အရေးအပါဆုံး တွေ့ရှိမှုက
    ဘာလို့ ပြောမလဲ..
  • 0:12 - 0:13
    ကွန်ပြူတာလား..
  • 0:13 - 0:13
    ကား လား..
  • 0:13 - 0:14
    လျှပ်စစ်ဓာတ်လား..
  • 0:14 - 0:16
    ဒါမဟုတ် အက်တမ်ကို တွေ့ရှိမှုဖြစ်မလား..
  • 0:16 - 0:20
    ကျုပ် ဖော်ပြလိုတာက ဒီ ဓာတု ဓာတ်ပြုခြင်းပါ
  • 0:20 - 0:21
    နိုက်ထရိုဂျင် မော်လီကျူးတစ်လုံး
  • 0:21 - 0:23
    ဟိုက်ဒရိုဂျင် မော်လီကျူး သုံးလုံးပေါင်းရင်
  • 0:23 - 0:27
    အမိုးနီးယား ဓာတ်ငွေ့
    မော်လီကျူး နှစ်လုံးရမှာပါ။
  • 0:27 - 0:28
    ဒါက Haber process ပါ
  • 0:28 - 0:31
    လေထဲက နိုက်ထရိုဂျင် မော်လီကျူးတွေဟာ
  • 0:31 - 0:32
    ဟိုက်ဒရိုဂျင် မော်လီကျူးတွေနဲ့
    ပေါင်းတာ
  • 0:32 - 0:36
    (သို့) လေကို ဓာတ်မြေဩဇာအဖြစ်
    ပြောင်းပစ်တာပါ။
  • 0:36 - 0:37
    ဒီ ဓာတ်ပြုခြင်း မရှိဘဲ
  • 0:37 - 0:39
    တောင်သူလယ်သမားတွေအနေနဲ့
    ထုတ်လုပ်နိုင်မယ့် စားနပ်ရိက္ခာက
  • 0:39 - 0:41
    လူ သန်း ၄ ထောင် လုံလောက်ရုံပါပဲ။
  • 0:41 - 0:45
    ကျုပ်တို့ရဲ့ လက်ရှိ လူဦးရေက
    သန်းပေါင်း ၇ ထောင် ကျော်ပါပြီ။
  • 0:45 - 0:47
    ဒီတော့ Haber process မရှိဘဲ
  • 0:47 - 0:51
    လူပေါင်း သန်း ၃ ထောင် အတွက်
    အစားအစာ ရရှိမည်မဟုတ်ပါ။
  • 0:51 - 0:55
    NO3 ဆိုတဲ့ နိုက်ထရိတ် ပုံစံနဲ့
    နိုက်ထရိုဂျင်ဟာ အပင်တွေရှင်သန့်ဖို့
  • 0:55 - 0:58
    မရှိမဖြစ် အဟာရဓာတ်ဆိုတာ
    ခင်ဗျာ သိမှာပါ။
  • 0:58 - 1:01
    ကောက်ပဲသီးနှံတွေ ကြီးထွားစဉ်မှာ
    မြေဆီလွှာမှ
  • 1:01 - 1:02
    နိုက်ထရိုဂျင်ကို ဖယ်ရှားကာ မှီဝဲတယ်
  • 1:02 - 1:04
    သက်ရှိတွေ ဆွေးမြေ့ခြင်းလို
  • 1:04 - 1:06
    သဘာ၀အတိုင်း အချိန်ကြာမှ
    ဖြစ်ထွန်းတဲ့ မြေဩဇာနဲ့
  • 1:06 - 1:08
    နိုက်ထရိုဂျင် ဖြည့်တင်းနိုင်ပေမဲ့
  • 1:08 - 1:10
    လူတွေက ရိက္ခာဖြစ်ထွန်းမှုကို
  • 1:10 - 1:12
    ဒီထက် မြန်မြန် လိုချင်ပါတယ်။
  • 1:12 - 1:14
    အခု.. ဒါက စိတ်ရှုပ်စရာ အပိုင်းပါ
  • 1:14 - 1:17
    လေထု ၇၈% က နိုက်ထရိုဂျင် ပါဝင်ပေမဲ့
  • 1:17 - 1:19
    ကောက်ပဲသီးနှံတွေဟာ လေထဲက
    နိုက်ထရိုဂျင်ကို မယူနိုင်ပါဘူး၊
  • 1:19 - 1:23
    အကြောင်းက.. ဒါက သီးနှံတွေ
    မချိုးဖျက်နိုင်အောင် အလွန်ခိုင်မြဲတဲ့
  • 1:23 - 1:25
    သုံးထပ် ဓာတုဓာတ်စည်း ဖြစ်လို့ပါ။
  • 1:25 - 1:27
    Haber အခြေခံကျကျလုပ်ခဲ့တာက
  • 1:27 - 1:28
    လေထဲက ဒီနိုက်ထရိုဂျင်
  • 1:28 - 1:30
    ယူပြီး မြေကြီးထဲ ထည့်ဖို့
  • 1:30 - 1:31
    နည်းလမ်းရှာခဲ့တာပါ။
  • 1:31 - 1:35
    ၁၉၀၈ မှာ ဂျာမန် ဓာတုဗေဒ ပညာရှင်
    Fritz Haber က လေထဲက နိုက်ထရိုဂျင်
  • 1:35 - 1:36
    များစွာကို အသုံးချဖို့အတွက်
  • 1:36 - 1:39
    ဓာတုဗေဒ နည်းတရပ်ကို
    အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
  • 1:39 - 1:40
    Haber တွေ့တဲ့နည်းက
  • 1:40 - 1:42
    လေထဲက နိုက်ထရိုဂျင်ကို ယူပြီး
  • 1:42 - 1:43
    ဟိုက်ဒရိုဂျင်နဲ့ ပေါင်းကာ
  • 1:43 - 1:45
    အမိုးနီးယား ဖွဲ့စည်းဖို့ နည်းပါ။
  • 1:45 - 1:48
    အဲ့ဒီ့ အမိုးနီးယားကို မြေဆီလွှာထဲ
    ထိုးသွင်းကာ
  • 1:48 - 1:51
    တစ်ထိုင်တည်း နိုက်ထရိတ်အဖြစ်
    လျင်မြန်စွာ ပြောင်းလဲစေပါတယ်။
  • 1:51 - 1:53
    ဒါပေမဲ့ Haber ရဲ့ နည်းစဉ်က
    ကမ္ဘာကြီးကို
  • 1:53 - 1:54
    ကျွေးမွေးဖို့ထိ ဆိုရင်
  • 1:54 - 1:55
    အမိုးနီးယား များစွာကို
  • 1:55 - 1:58
    လျင်မြန် လွယ်ကူစွာ ဖန်တီးဖို့
    နည်းလမ်းရှာဖို့ လိုပါလိမ့်မယ်။
  • 1:58 - 1:59
    ဒီ အခက်အခဲကို Haber
  • 1:59 - 2:02
    ကျော်လွှားခဲ့ပုံကို နားလည်ဖို့ဆို
  • 2:02 - 2:02
    ကျုပ်တို့ သိစရာက
  • 2:02 - 2:04
    ဓာတုဗေဒဆိုင်ရာ မျှခြေနဲ့ ဆိုင်ပါတယ်။
  • 2:04 - 2:06
    အလုံပိတ်ဘူးထဲ ဓာတ်ပြုတဲ့အခါ
  • 2:06 - 2:10
    ဓာတုမျှခြေကို ရယူနိုင်ပါတယ်။
  • 2:10 - 2:11
    ဥပမာ- ခင်ဗျားအနေနဲ့
  • 2:11 - 2:14
    ဟိုက်ဒရိုဂျင်နဲ့ နိုက်ထရိုဂျင်ကို
    အလုံပိတ်ဘူးထဲထားပြီး
  • 2:14 - 2:16
    ၎င်းတို့ ဓာတ်ပြုကြပါစေ။
  • 2:16 - 2:18
    စမ်းသပ်ချက် စတင်စဉ်မှာ
  • 2:18 - 2:20
    နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်
    များစွာရှိပါတယ်၊
  • 2:20 - 2:22
    ဒီတော့ အမိုးနီးယား ဖွဲ့စည်းမှုကို
  • 2:22 - 2:24
    မြန်နှုန်းမြင့် ဆောင်ရွက်ချက်ပါတယ်။
  • 2:24 - 2:27
    ဒါပေမဲ့ ဟိုက်ဒရိုဂျင်နဲ့ နိုက်ထရိုဂျင်က
    ဓာတ်ပြုလို့
  • 2:27 - 2:28
    သုံးစွဲလိုက်ရာက
  • 2:28 - 2:30
    ဓာတ်ပြုမှု နှေးသွားပါတယ်
  • 2:30 - 2:32
    အကြောင်းက နိုက်ထရိုဂျင်နဲ့
    ဟိုက်ဒရိုဂျင်တွေ
  • 2:32 - 2:34
    ဘူးထဲမှာ ပိုနည်းသွားလို့ပါ။
  • 2:34 - 2:36
    အမိုးနီးယား မော်လီကျူးတွေ
    တဖြည်းဖြည်း အမှတ်တစ်ခုကို
  • 2:36 - 2:38
    ရောက်တဲ့အခါ နိုက်ထရိုဂျင်နဲ့
  • 2:38 - 2:41
    ဟိုက်ဒရိုဂျင်အဖြစ် ပြန်လည်ပြိုကွဲဖို့
    စတင်ပါတယ်။
  • 2:41 - 2:43
    ခဏအကြာမှာ အမိုးနီးယား
    ပြိုကွဲခြင်းနဲ့
  • 2:43 - 2:46
    ဖြစ်ပေါ်ခြင်း ဓာတ်ပြုမှု နှစ်ရပ်ဟာ
  • 2:46 - 2:48
    တူညီသော နှုန်းထားကို ရောက်ရှိပါလိမ့်မယ်။
  • 2:48 - 2:49
    ဒီ နှုန်းထားတွေ တူတဲ့အခါ
  • 2:49 - 2:52
    ဒီ ဓာတ်ပြုမှုက မျှခြေကို ရောက်ကြောင်း
    ကျုပ်တို့ ဖော်ပြပါတယ်။
  • 2:53 - 2:55
    ဒါက ကောင်းသလိုလိုပေမဲ့ မကောင်းပါဘူး။
  • 2:55 - 2:57
    အမိုးနီးယား တစ်တန်လောက်
  • 2:57 - 2:59
    ခင်ဗျား ဖန်တီးလိုတဲ့ အချိန်မှာပါ။
  • 2:59 - 3:00
    Haber က အမိုးနီးယား
    အကုန်လုံးကို
  • 3:00 - 3:02
    ဖြိုခွဲပစ်ချင်တာ မဟုတ်ပေမဲ့
  • 3:02 - 3:03
    အလုံပိတ် ဘူးထဲမှာ
    ဓာတ်ပြုမှုကို
  • 3:03 - 3:05
    ဒီအတိုင်း ထားလိုက်ရင်
  • 3:05 - 3:06
    ဒါက ဖြစ်လာမှာပါ။
  • 3:06 - 3:09
    ဒီနေရာမှာ Henry Le Chatelier,
  • 3:09 - 3:10
    ပြင်သစ်ဓာတုဗေဒ ပညာရှင်က
  • 3:10 - 3:11
    ကူညီနိုင်ပါတယ်။
  • 3:11 - 3:13
    သူတွေ့ခဲ့တဲ့ အရာက
  • 3:13 - 3:15
    System တစ်ခုကို မျှခြေထားပြီး
  • 3:15 - 3:16
    ၎င်းထဲ တခုခုထည့်ပါက..
  • 3:16 - 3:18
    နိုက်ထရိုဂျင် ဆိုပါစို့ဗျာ၊
  • 3:18 - 3:19
    System က မျှခြေ
  • 3:19 - 3:21
    ပြန်ရဖို့ လုပ်ဆောင်ပါလိမ့်မယ်
  • 3:21 - 3:22
    ခင်ဗျားအနေနဲ့ System အပေါ်
  • 3:22 - 3:23
    ဖိအား ပမာဏ တိုးရင်၊
  • 3:23 - 3:26
    ၎င်းမှာရှိခဲ့တဲ့ ဖိအားကို ပြန်ရောက်ဖို့
  • 3:26 - 3:27
    System က လုပ်ဆောင်ရန်
  • 3:27 - 3:29
    ကြိုးပမ်းတာကိုလည်း
    Le Chatelier တွေ့ ခဲ့ပါတယ်။
  • 3:29 - 3:31
    ဒါက လူပြည့်နေတဲ့ အခန်းမှာလိုပါပဲ
  • 3:31 - 3:32
    နောက် မော်လီကျူးတွေ
    ရှိပါတယ်၊
  • 3:32 - 3:34
    ပိုများတဲ့ ဖိအား ဖြစ်ပါတယ်။
  • 3:34 - 3:36
    ကျုပ်တို့ ညီမျှခြင်းကို ပြန်ကြည့်ရင်
  • 3:36 - 3:38
    ဘယ်ဘက်ခြမ်းမှာ တွေ့မှာက..
  • 3:38 - 3:40
    ဘယ်ဘက်မှာ မော်လီကျူး လေးလုံးနဲ့
  • 3:40 - 3:42
    ညာဘက်မှာ နှစ်လုံးရှိပါတယ်။
  • 3:42 - 3:44
    ဒီတော့.. အခန်းထဲမှာ
    ချောင်ချင်တယ်ဆိုရင်တော့
  • 3:44 - 3:46
    ဖိအား လျော့ပါမယ်၊
  • 3:46 - 3:47
    System က ပိုမို ကျစ်လစ်တဲ့
  • 3:47 - 3:49
    အမိုးနီးယား မော်လီကျူးလုပ်ဖို့
  • 3:49 - 3:52
    နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်
    ပေါင်းစည်းမှုကို စတင်ပါလိမ့်မယ်။
  • 3:52 - 3:54
    Haberက အမိုးနီးယား
    ပမာဏများစွာ လုပ်ဖို့
  • 3:54 - 3:55
    မျှခြေပေါ်မှာ
  • 3:55 - 3:57
    နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ကို
  • 3:57 - 4:00
    မပြတ် ပေါင်းစည်းနေစဉ် ဖိအားကိုလည်း
    တိုးစေလိမ့်မည် စက်တစ်လုံးကို
  • 4:00 - 4:01
    ဖန်တီးရမယ်လို့
  • 4:01 - 4:03
    သူနားလည်သွားလို့
  • 4:03 - 4:05
    သူ အတိအကျ လုပ်ခဲ့ပါတယ်
  • 4:05 - 4:08
    ယနေ့ အမိုးနီးယားဟာ
    ကမ္ဘာပေါ်မှာ ထုတ်လုပ်မှုအများဆုံး
  • 4:08 - 4:10
    ဓာတုဓာတ်ပေါင်းတွေအနက်
    တစ်ခုဖြစ်ပါတယ်။
  • 4:10 - 4:15
    ခန့်မှန်းအားဖြင့် တစ်နှစ်ကို မထရစ်တန်
    ၁၃၁ မီလျံ ဖြစ်ပါတယ်။
  • 4:15 - 4:18
    ဒါက အမိုးနီးယား ပေါင်ချိန် ၂၉၀ ဘီလျံပါ။
  • 4:18 - 4:19
    ဒါက အာဖရိကဆင် အကောင်
  • 4:19 - 4:21
    သန်း ၃၀ ရဲ့ ဒြပ်ထုလောက်ဖြစ်ပါတယ်
  • 4:21 - 4:24
    တစ်ကောင်စီက ပေါင်ချိန်
    ၁၀ ၀၀၀ ပါ။
  • 4:24 - 4:28
    ဒီ အမိုးနီးယားရဲ့ ၈၀% ကို ဓာတ်မြေဩဇာ
    ထုတ်လုပ်ရေးမှာ အသုံးပြုပြီး
  • 4:28 - 4:29
    ကျန်တာတွေကို
  • 4:29 - 4:31
    စက်မှုနဲ့ အိမ်သုံး သန့်စင်ပစ္စည်းတွေ
  • 4:31 - 4:33
    ပြီးတော့ နိုက်ထရစ် အက်စစ်လို
    တခြား နိုက်ထရိုဂျင်
  • 4:33 - 4:35
    ဓာတ်ပေါင်းတွေထုတ်ဖို့ သုံးပါတယ်။
  • 4:35 - 4:36
    မကြာမီက လေ့လာမှုအရ
  • 4:36 - 4:39
    ဒီ ဓာတ်မြေဩဇာတွေထဲက
    နိုက်ထရိုဂျင် ထက်ဝက်ကို
  • 4:39 - 4:41
    အပင်တွေ မရကြပါဘူး ဆိုတာပါ။
  • 4:41 - 4:43
    အကျိုးဆက်က နိုက်ထရိုဂျင်ကို
    ပျက်လွယ်တဲ့
  • 4:43 - 4:45
    ဓာတုဒြပ်ပေါင်းအဖြစ် ကမ္ဘာ့ရဲ့
    ရေ ထောက်ပံ့မှုတွေနဲ့
  • 4:45 - 4:48
    လေထုထဲမှာ တွေ့ရလို့
    ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်ကို
  • 4:48 - 4:50
    ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါတယ်။
  • 4:50 - 4:51
    တကယ်တော့ တီထွင်မှုကို စတင်ချိန်မှာ
  • 4:51 - 4:53
    Haber က ဒီပြဿနာကို ကြိုမမြင်ပါဘူး။
  • 4:53 - 4:55
    သူ့ရဲ့ လမ်းပြမှု နောက်လိုက်ရင်း
  • 4:55 - 4:56
    ဒီနေ့သိပ္ပံပညာရှင်တွေက ၂၁ ရာစုရဲ့
  • 4:56 - 4:59
    Haber နည်းစဉ် အသစ်ကို ရှာဖွေနေကြပါတယ်။
  • 4:59 - 5:01
    ဒီးနည်းက အန္တရာယ်ရှိတဲ့
    အကျိုးဆက်တွေမရှိစေဘဲ
  • 5:01 - 5:03
    အဆင့်တူတဲ့ ရည်မှန်းချက်ထံ
    ရောက်သွားပါလိမ့်မည်။
Title:
ကမ္ဘာကို အလုပ်အကျွေးပြုသော ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုခြင်း - Daniel D. Dulek
Description:

သင်ခန်းစာအပြည့်အစုံကိုကြည့်ရန်: http://ed.ted.com/lessons/the-chemical-reaction-that-feeds-the-world-daniel-d-dulek

သန်းထောင်ချီသော ကမ္ဘာလူဦးရေကို လုံလောက်အောင် ကျွေးဖို့ ကောက်ပဲသီးနှံတွေကို လျင်မြန်စွာ ဘယ်လိုကြီးထွားစေမလဲ။ ဒါကို Haber နည်းစဉ်လို့ ခေါ်ပါတယ်၊ ၎င်းက လေထဲက နိုက်ထရိုဂျင်ကို အမိုးနီးယားအဖြစ်ပြောင်းကာ အပင်တွေ ရှင်သန်ဖို့လိုအပ်တဲ့ နိုက်ထရိတ် အဖြစ်သို့ မြေဆီလွှာမှာ လွယ်လွယ်ကူကူပြောင်းပါတယ်။ Haber နည်းစဉ်က စားနပ်ရိက္ခာကို တိုးပွားကျယ်ပြန့်စွာ ထောက်ပံ့နိုင်သော်လည်း ယင်းက ပတ်ဝန်းကျင်ပေါ်မှာ ထိခိုက်မှုရှိတဲ့ အချက်ကို ကြိုမမြင်ခဲ့ပါ။ Deniel D.Dulek က ဓာတုဗေဒနဲ့ အကျိုးဆက်ကို ဖော်ပြထားပါတယ်

သင်ခန်စားတင်ဆက်သူ - Daniel D. Dulek၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ် - Uphill Downhill.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:19
sann tint approved Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 21, 2019, 5:41 PM
sann tint accepted Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 21, 2019, 5:39 PM
sann tint edited Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 21, 2019, 5:39 PM
Tun Lin Aung + 1 edited Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 21, 2019, 3:22 PM
Tun Lin Aung + 1 edited Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 19, 2019, 3:11 PM
sann tint declined Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 19, 2019, 7:23 AM
sann tint edited Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 19, 2019, 7:23 AM
Tun Lin Aung + 1 edited Burmese subtitles for The chemical reaction that feeds the world - Daniel D. Dulek Jun 18, 2019, 5:35 PM
Show all

Burmese subtitles

Revisions