< Return to Video

အချိန်ကို ပိုမိုထိရောက်အောင် စီမံနည်း( စက်များအတိုင်း) Brian Christian

  • 0:14 - 0:16
    ၁၉၉၇ ရဲ့ နွေရာသီမှာ
  • 0:16 - 0:21
    NASA ရဲ့ Pathfinder အာကာသယာဉ်ဟာ
    အဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ် ဆင်းသက်ကာ
  • 0:21 - 0:25
    မယုံနိုင်စရာ အထင်ကရ ရုပ်ပုံတွေကို
    ကမ္ဘာမြေဆီ စတင် ထုတ်လွင့်ပေးခဲ့တယ်။
  • 0:25 - 0:28
    ဒါပေမဲ့ ရက်အတော်ကြာမှာတော့
    တစ်ခုခု ဆိုးဝါးစွာ မှားယွင်းသွားခဲ့တယ်။
  • 0:28 - 0:31
    ထုတ်လွှင့်မှုတွေ ရပ်တန့်သွားခဲ့တယ်။
  • 0:31 - 0:34
    Pathfinder ဟာ စင်စစ်တော့
    အချိန်ဆွဲနေခဲ့တာပါ၊
  • 0:34 - 0:40
    အပြည့်အဝ ဆက်လက် အလုပ်များနေပေမဲ့ ၎င်းရဲ့
    အရေးပါဆုံး အလုပ်ကိုတော့ ပျက်ကွက်ခဲ့တယ်။
  • 0:40 - 0:41
    ဘာတွေ ဖြစ်နေခဲ့တာလဲ။
  • 0:41 - 0:45
    ဖြစ်သွားတာက ၎င်းရဲ့ အစီအစဉ်ချစက်ထဲက
    ချွတ်ယွင်းချက်ကြောင့်ပါ။
  • 0:45 - 0:48
    လုပ်ဆောင်မှု စနစ်တိုင်းမှာ အစီအစဉ်ချစက်
    လို့ခေါ်တာ တစ်ခုပါပါတယ်၊
  • 0:48 - 0:53
    ဒါကလုပ်ငန်းတစ်ခုစီကို မပြောင်းခင်မှာ
    ဘယ်လောက်ကြာကြာ အလုပ်လုပ်ဖို့
  • 0:53 - 0:54
    ဘာကို ပြောင်းဖို့ CPU ကို ပြောတဲ့ဟာပါ။
  • 0:54 - 0:59
    ကွန်ပြူတာတွေဟာ ၎င်းတို့ရဲ့တာဝန်တွေ
    အမျိုးမျိုးကြားမှာ ညက်ညောစွာ ရွေ့ရှားတယ်၊
  • 0:59 - 1:02
    အရာတိုင်းကို တစ်ပြိုင်နက် လုပ်ဆောင်နေသလို
    အမြင်မှားကို ပေးတယ်။
  • 1:02 - 1:06
    ဒါပေမဲ့ အရာတွေ မှားယွင်းတဲ့အခါ
    ဖြစ်ပျက်တာကို အားလုံးသိကြပါတယ်။
  • 1:06 - 1:10
    ဒါက ဒီပြင်ဘာမှ မဖြစ်ဘူးဆိုရင်
    နှစ်သိမ့်မှုတစ်ခုခုတော့ ပေးပါလိမ့်မယ်။
  • 1:10 - 1:14
    ကွန်ပြူတာတွေတောင် တစ်ခါတစ်ရံ
    ဖိစီးမှုခံရပါတယ်။
  • 1:14 - 1:17
    ဖြစ်နိုင်တာက ကွန်ပြူတာ သိပ္ပံ အစီအစဉ်ချ
    ခြင်းအကြောင်း သင်ယူတာဟာ
  • 1:17 - 1:21
    လူသားက အချိန်နဲ့ ရုန်းကန်တဲ့အကြောင်း
    စိတ်ကူးတစ်ချို့ပေးနိုင်ပါတယ်။
  • 1:21 - 1:26
    ပထမဦးဆုံး ထိုးထွင်းအမြင်က သင့်အလုပ်ကို
    ဦးစားပေးသတ်မှတ်ရာမှာ ကုန်ဆုံးတဲ့
  • 1:26 - 1:29
    တစ်ချိန်လုံးဟာ ဒါကို လုပ်ဖို့
    အချိန်ကုန်ခံနေတာမဟုတ်တာပါ။
  • 1:29 - 1:33
    ဥပမာ သင့်အဝင်စာကို သင်စစ်တယ်ဆိုပါစို့၊
    သတင်းတိုတွေ အကုန်လုံးကို သင်စစ်တယ်၊
  • 1:33 - 1:35
    ဘယ်အရာ အရေးကြီးဆုံးဆိုတာကို ရွေးနေတာပါ။
  • 1:35 - 1:38
    ဒီတစ်ခုကို ဖြေရှင်းပြီဆိုတာနဲ့
    သင် ထပ်ကျော့ပါတယ်၊
  • 1:38 - 1:40
    သင့်တင့်တယ်ဆိုရပေမဲ့
    ဒီမှာ ပြဿနာတစ်ခုရှိပါတယ်။
  • 1:40 - 1:44
    ဒါကို အချိန် လေးဆ လုပ်နည်းစနစ်လို့
    အသိများတဲ့ဟာပါ။
  • 1:44 - 1:49
    နှစ်ဆ ပြည့်နေတဲ့ အဝင်စာတစ်ခုနဲ့
    ဒီပို့ပေးခြင်းတွေဟာ အချိန်နှစ်ဆယူပြီး
  • 1:49 - 1:52
    ဒါတွေကို နှစ်ဆလောက် လုပ်ဖို့လိုပါလိမ့်မယ်။
  • 1:52 - 1:55
    ဒါက အချိန် လေးဆ အလုပ်လို့ဆိုလိုတာပါ။
  • 1:55 - 1:58
    Linux လုပ်ဆောင်ရေးစနစ်ရဲ့ ပရိုဂရမ်မာတွေဟာ
  • 1:58 - 2:01
    အလားတူ ပြဿနာမျိုး ၂၀၀၃ မှာ ကြုံခဲ့ရတယ်။
  • 2:01 - 2:06
    Linux ဟာ အရေးပါမှု အလိုက် ၎င်းရဲ့လုပ်ဆောင်
    မှုတွေထဲက တစ်ခုစီကို အဆင့် သတ်မှတ်ကာ
  • 2:06 - 2:10
    တစ်ခါတစ်လေ အဆင့်သတ်မှတ်တာက
    လုပ်တာထက် အချိန် ပိုကုန်ပါလိမ့်တယ်။
  • 2:10 - 2:15
    ပရိုဂရမ်မာတွေရဲ့ လူပြိန်းအသိ ဖြေရှင်းချက်က
    ဒီ ပြည့်နေတဲ့အဆင့် ကို
  • 2:15 - 2:18
    ဦးစားပေးမှုရဲ့အကန့်အသတ်ရှိတဲ့ ကိန်း '
    buckets' နဲ့အစားထိုးတာပါ။
  • 2:18 - 2:21
    စနစ်က နောက်ဘာလုပ်မှာနဲ့ ပတ်သက်ပြီး
    တိကျမှု ပိုနည်းပေမဲ့
  • 2:21 - 2:26
    တိုးတက်မှုလုပ်ရာမှာ အချိန်ပိုသုံးခြင်းနဲ့
    အစားပြန်ပေးတာထက်ကို ပိုပါတယ်။
  • 2:26 - 2:31
    ဒီတော့ သင့်အီးမေးလ်တွေနဲ့ အရေးအကြီးဆုံးကို
    အရင်ဆုံးလုပ်ဖို့ အမြဲ မရမကတောင်းဆိုခြင်းဟာ
  • 2:31 - 2:33
    ပြိုလဲကျခြင်းဆီကို ဦးတည်နိုင်ပါတယ်။
  • 2:33 - 2:36
    ခါတိုင်းထက် သုံးဆ ပိုပြည့်နေတဲ့ အဝင်စာကို
    သတိပြုမိခြင်းဟာ
  • 2:36 - 2:39
    ရှင်းလင်းဖို့ ကိုးဆ ပိုကြာနိုင်တာပါ။
  • 2:39 - 2:44
    အစီအစဉ်အတိုင်း စာပြန်တာက ပိုကောင်းလိမ့်မယ်
    ဒါမှမဟုတ် ကျပန်းဆိုတာတောင်ပါ။
  • 2:44 - 2:48
    အံဩစရာက တစ်ခါတစ်လေ ပြည့်စုံတဲ့ ဖွဲ့စည်း
    မှုထဲက အရာတွေ လုပ်ခြင်းကို လက်လျှော့တာဟာ
  • 2:48 - 2:51
    ဒါတွေ ပြီးဖို့ သော့ချက်ဖြစ်လောက်တာပါ။
  • 2:51 - 2:54
    ကွန်ပြူတာ အစီအစဉ်ချခြင်းကနေ
    ပေါ်လာတဲ့ နောက် ထိုးထွင်းအမြင်က
  • 2:54 - 2:59
    ခေတ်မီ ဘဝရဲ့ ပျံ့နံ့နေတဲ့ အင်္ဂါရပ်တွေနဲ့
    သက်ဆိုင်ပါတယ်၊ ကြားဖြတ်မှုတွေပါ။
  • 2:59 - 3:02
    ကွန်ပြူတာတစ်လုံးဟာ လုပ်ဆောင်မှု
    တစ်ခုကနေ နောက်တစ်ခုသွားတဲ့အခါ
  • 3:02 - 3:05
    အခြေအနေ အကူးအပြောင်းဆိုတာကို
    လုပ်ဆောင်ရပါတယ်၊
  • 3:05 - 3:07
    လုပ်ဆောင်မှုတစ်ခုထဲမှာ ၎င်းရဲ့နေရာကို
    မှတ်ထားခြင်း
  • 3:07 - 3:11
    ဒေတာအဟောင်းကို ထုတ်ပြီး
    အသစ်သွင်းခြင်းပါ။
  • 3:11 - 3:14
    ဒီလုပ်ဆောင်မှု တစ်ခုချင်းစီဟာ
    တန်ဖိုးတစ်ခုရှိပါတယ်။
  • 3:14 - 3:17
    ဟောဒီက ထိုးထွင်းအမြင်က
    ထုပ်လုပ်မှုနဲ့ တုံ့ပြန်မှုကြားမှာ
  • 3:17 - 3:20
    အခြေခံကျတဲ့ အပေးအယူတစ်ခုရှိတယ်ဆိုတာပါ။
  • 3:20 - 3:24
    အရေးကြီးတဲ့အလုပ် ပြီးခြင်းဟာ ဆက်စပ်တဲ့
    အကူးအပြောင်းတွေကို နည်းအောင်လုပ်ခြင်းပါ။
  • 3:24 - 3:29
    ဒါပေမဲ့ တုံ့ပြန်မှုရှိခြင်းကတော့ ပေါ်လာတာ
    တစ်ခုခုကို အချိန်မရွေး တုံ့ပြန်ခြင်းပါ။
  • 3:29 - 3:32
    ဒီအခြေခံမူ နှစ်ရပ်ဟာ အခြေခံအားဖြင့်
    တင်းမှာမှုထဲမှာပါ။
  • 3:32 - 3:35
    ဒီတင်းမာမှုကို အသိအမှတ်ပြုခြင်းဟာ
  • 3:35 - 3:38
    ဘယ်နေရာမှာ ညှိနှိုင်းယူချင်တာကို
    ဆုံးဖြတ်ဖို့ အခွင့်ပေးပါတယ်။
  • 3:38 - 3:42
    သိသာတဲ့ ဖြေရှင်းချက်က
    ကြားဖြတ်မှုတွေကို နည်းအောင်လုပ်ဖို့ပါ။
  • 3:42 - 3:45
    သိပ်မသိသာတဲ့ တစ်ခုကတော့ ဒါတွေကို
    အစုဖွဲ့တာပါ။
  • 3:45 - 3:49
    ပြောရရင် တစ်နာရီ တစ်ကြိမ်ထက်ပိုပြီး
    အသိပေးချက် (သို့) အီးမေးလ်ကို
  • 3:49 - 3:52
    အရေးတကြီး တုံ့ပြန်မှုမလိုအပ်ရင်
  • 3:52 - 3:57
    ဆိုတာက ဘယ်နှစ်ကြိမ်လောက်
    ဒါတွေကို အတိအကျ စစ်ဆေးလဲ၊ မစစ်တော့ဘူးလေ။
  • 3:57 - 4:02
    ကွန်ပြူတာသိပ္ပံမှာ ဒီအယူအဆက ကြားဖြတ်
    ပေါင်းစည်းခြင်းရဲ့အမည်နဲ့ လိုက်နာပါတယ်။
  • 4:02 - 4:05
    အကြောင်းအရာတွေကို ပေါ်လာတဲ့အတိုင်း
    ကိုင်တွယ်တာအစား
  • 4:05 - 4:06
    အိုး၊ မောက်စ် ရွေ့သွားတာလား၊
  • 4:06 - 4:07
    ခလုတ်တစ်ခု နှိပ်မိလား၊
  • 4:07 - 4:09
    ဒီဖိုင်ကို ပိုပြီး ဆွဲချမိလားပေါ့၊
  • 4:09 - 4:12
    စနစ်ကနေပြီး ဘယ်လောက်ကြာကြာ
    စောင့်နိုင်လဲဆိုတာမူတည်ပြီး
  • 4:12 - 4:15
    ဒီကြားဖြတ်မှုတွေကို အတူတူ စုပေးပါတယ်။
  • 4:15 - 4:18
    ၂၀၁၃ ခုမှာ ကြားဖြတ် ပေါင်းစည်းခြင်းဟာ
  • 4:18 - 4:22
    လက်ပ်တော့ပ် ဘက်ထရီသက်တမ်းမှာ ကြီးမားတဲ့
    တိုးတက်မှုတစ်ခုကို အစပျိုးပေးခဲ့တယ်။
  • 4:22 - 4:27
    ကြားဖြတ်မှုတွေကို ရွေ့ဆိုင်းခြင်းက စနစ်
    တစ်ခုကို အကုန်လုံး ချက်ချင်း စစ်ဆေးစေပြီး
  • 4:27 - 4:31
    စွမ်းအင် အသုံးနည်းတဲ့ အခြေအနေကို
    အမြန် ပြန်ဝင်လာစေတာကြောင့်ပါ။
  • 4:31 - 4:33
    ကွန်ပြူတာတွေအတိုင်းပဲ
    ကျွန်ုပ်တို့လည်း အတူတူပါ။
  • 4:33 - 4:36
    ဖြစ်နိုင်တာက အလားတူ နည်းလမ်းကို
    ကျင့်သုံးခြင်းဟာ
  • 4:36 - 4:39
    ကျွန်ုပ်တို့ သုံးစွဲသူတွေကို
    ကိုယ်တိုင် သတိပြုမှု ပြန်ဆည်မိစေပြီး
  • 4:39 - 4:45
    ခေတ်သစ် ဘဝမှာ အရမ်းရှားတယ်လို့ ခံစားရတဲ့
    အရာတစ်ခု ပြန်ပေးလောက်ပါတယ်။ အနားယူမှုပါ။
Title:
အချိန်ကို ပိုမိုထိရောက်အောင် စီမံနည်း( စက်များအတိုင်း) Brian Christian
Speaker:
Brian Christian
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/how-to-manage-your-time-more-effectively-according-to-machines-brian-christian တွင်ကြည့်ရှုပါ။

လူသားတွေနဲ့ ကွန်ပြူတာလိုမျိုးတွေဟာ သတ်မှတ်အချိန်တစ်ခုအတွင်းမှာ အများဆုံး ဘယ်ပုံပြီစီးနိုင်မလဲဆိုတဲ့ စိန်ခေါ်မှုမှာ တူညီကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်လောက်က ကွန်ပြူတာ ပညာရှင်တွေဟာ အချိန်ကို ထိရောက်စွာ စီမံခြင်းအတွက် နည်းလမ်းကောင်း အတော်များများကို လေ့လာထားပြီး သူတို့မှာ မှားယွင်းနိုင်တာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီးရှိပါတယ်။ Brian Christian ကနေပြီး ကျွန်ုပ်တို့ ကိုယ်ပိုင်ဘဝတွေမှာ အကျိုးအရှိဆုံး ဖန်တီးရမှာ ထောက်ကူဖို့ ဒီထိုးထွင်းအမြင်တွေတစ်ချို့ကို အသုံးပြုနိုင်ပုံကို မျှဝေထားပါတယ်။

သင်ခန်းစာကို Brian Christian က ပြုစုပြီး လှုပ်ရှားရုပ်ပုံမျာကို Adriatic Animation ကဖန်တီးပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:10

Burmese subtitles

Revisions