< Return to Video

ဆပ်ပြာနဲ့ လက် သန်စင်ဆေးရည်၊ ဘယ်ဟာက ပိုကောင်းလဲ။ Alex Rosenthal and Pall Thordarson

  • 0:08 - 0:11
    သင့်ရဲ့လက်တွေဟာ အနီးကပ်ဆိုရင်
    လုံးဝ ချောမွတ်နေတာ မဟုတ်ဘူး၊
  • 0:11 - 0:14
    တောင်ထွတ်တွေ၊ ချိုင့်ဝှမ်းတွေ
    အတွန့်တွေ၊ အဟတွေနဲ့အတူ
  • 0:14 - 0:18
    ဗိုင်းရပ်ပိုးတစ်ခု ကပ်ပြီး ပုန်းကွယ်
    နိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်။
  • 0:18 - 0:22
    ဒီနောက် သင့်မျက်နှာကို ထိလိုက်ရင်
    ဗိုင်းရပ်ပိုးက သင့်ကို ကူးစက်နိုင်တယ်။
  • 0:22 - 0:27
    ဒါပေမဲ့ ဒါဖြစ်ပွားတာကနေ ကာကွယ်နိုင်တဲ့
    အံ့မခန်း ရိုးစင်းတဲ့ နည်းနှစ်ခု ရှိပါတယ်။
  • 0:27 - 0:29
    ဆပ်ပြာ၊ ရေနဲ့ လက် သန့်စင်ဆေးရည်ပါ။
  • 0:29 - 0:32
    ဒီတော့ ဘယ်ဟာက ပိုကောင်းလဲ။
  • 0:32 - 0:35
    COVID-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်ဟာ
  • 0:35 - 0:41
    အပြင်မျက်နှာပြင်က အဆီဒြပ်ပေါင်း အလွှာပါး
    တွေနဲ့ ဖွဲ့ထားတဲ့ ဗိုင်းရပ်တွေထဲက တစ်ခုပါ။
  • 0:41 - 0:46
    ဒီအဆီဒြပ်ပေါင်းတွေဟာ ခေါင်းတွေက
    ရေကို ဆွဲငင်ပြီး အမြီးတွေက ရေရဲ့
  • 0:46 - 0:49
    တွန်းတာခံရတဲ့ ပင်အပ်ပုံ မော်လီကျူးတွေပါ။
  • 0:49 - 0:55
    ဒီတော့ ရေ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တွေက
    အဆီဒြပ်ပေါင်းတွေဟာ ခေါင်းက အပြင်ဘက်
  • 0:55 - 0:58
    အမြီးက အတွင်းဘက်ရှိတဲ့ ဒီလို
    အခွံတစ်ခု ဖွဲ့စည်းတယ်။
  • 0:58 - 1:04
    ၎င်းတို့ရဲ့ ရေကို တူညီတဲ့ တုံ့ပြန်မှုက အဆီ
    ဒြပ်ပေါင်းတွေကို လျော့ရဲရဲ အတူတူ ကပ်စေတယ်။
  • 1:04 - 1:07
    ရေကို တွန်းကန်တဲ့ သက်ရောက်မှုလို့ခေါ်တယ်။
  • 1:07 - 1:12
    ဒီအပြင်ဘက် တည်ဆောက်မှုက ဗိုင်းရပ်စ်ရဲ့
    မော်လီကျူး ယန္တရားကို ဆယ်လူလာ
  • 1:12 - 1:16
    အလွှာပါးတွေကို ထိုးဖောက်ပြီး
    ဆဲလ်တွေကို အပိုင်စီးဖို့ ကူညီတယ်။
  • 1:16 - 1:20
    ဒါပေမဲ့ ၎င်းမှာ မှန်ကန်တဲ့ မော်လီကျူးက
    ဒါကို ကလော်ခွဲထုတ်လို့ရတဲ့
  • 1:20 - 1:23
    ထောင်ချီဆင့်နေတဲ့ ပျော့ကွက်တွေရှိတယ်။
  • 1:23 - 1:26
    ဒီမှာ ဆပ်ပြာ ပါဝင်လာတဲ့ နေရာပါ။
  • 1:26 - 1:32
    ဆပ်ပြာ တံဆိပ်တိုင်းရဲ တစ်စက်တိုင်းမှာ
    မော်လီကျူး ကုဋေပေါင်းများစွာပါတယ်။
  • 1:32 - 1:36
    amphiphiles လို့ ခေါ်ပြီး
    ဇီဝဆိုင်ရာ အဆီဓါတ်ပေါင်းနဲ့ ဆင်တယ်။
  • 1:36 - 1:40
    အလားတူ ရေရဲ့ တွန်းတာခံရတဲ့
    ၎င်းတို့ရဲ့ အမြီးတွေက
  • 1:40 - 1:45
    ဗိုင်းရပ်စ်အခွံနဲ့ ဖွဲ့စည်းထားတဲ့
    အဆီဓာတ်ပေါင်းတွေနဲ့ နေရာလုတယ်။
  • 1:45 - 1:50
    ဒါပေမဲ့ ၎င်းတို့ဟာ ဗိုင်းရပ်စ် အလွှာပါးရဲ့
    ပုံမှန်ဖြစ်မှုကို ခွဲနိုင်ရုံ ခြားနားပြီး
  • 1:50 - 1:54
    တစ်ခုလုံးကို ချေဖျက် ပစ်နိုင်ကြတယ်။
  • 1:54 - 1:59
    နောက်တော့ amphiphiles တွေက ဒြပ်မှုန်တွေ
    အနီးမှာ ကိုယ်ပိုင်ပူဖောင်းတွေဖွဲ့စည်းတယ်။
  • 1:59 - 2:03
    ဗိုင်းရပ်ရဲ့ RNA နဲ့ ပရိုတင်းတွေအပါအဝင်ပါ။
  • 2:03 - 2:08
    ရေကို သုံးလိုက်ပါ။ အဲဒီပူဖောင်းတစ်ခုလုံး
    ရေစီးနဲ့ပါသွားလိမ့်မယ်။
  • 2:08 - 2:13
    လက်သန့်စင်ဆေးရည်တွေဟာ သံတူရွှင်း
    တစ်ချောင်းထက် ငလျင်တစ်ခုနဲ့ ပိုတူတယ်။
  • 2:13 - 2:16
    ကိုရိုနာဗိုင်းရပ်စ်ကို
    ရေနဲ့ ဝန်းရံလိုက်တဲ့အခါ
  • 2:16 - 2:21
    ရေကို တွန်းကန်တဲ့ သက်ရောက်မှုက အလွှာပါးတွေ
    အတွင်းက အနှောင်အဖွဲ့တွေကို အင်အားပေးတယ်။
  • 2:21 - 2:24
    အလားတူ သက်ရောက်မှုက သင့်ဆဲလ်တွေကို
    ကူးစက်နိုင်စေဖို့ ထောက်ကူပေးတဲ့
  • 2:24 - 2:28
    နေရာနဲ့ ပုံစံထဲမှာ
    ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန်တွေ
  • 2:28 - 2:32
    ဖွဲ့စည်းတဲ့ ပရိုတိန်းကြီးတွေကိုပါ
    ထိန်းထားတယ်။
  • 2:32 - 2:36
    ဗိုင်းရပ်စ်ကို လေထဲ ထုတ်လှန်းထားရင်
    ၎င်းဟာ တည်ငြိမ်မှုကို ထိန်းထားတယ်။
  • 2:36 - 2:41
    ဒါပေမဲ့ အယ်လ်ကိုဟော ပါဝင်မှု
    မြင့်တာတစ်ခုနဲ့ ဝန်းရံလိုက်တယ်၊
  • 2:41 - 2:46
    ဥပမာ လက် သန့်စင်ဆေးရည် အများစုမှာ
    တွေ့ရတဲ့ အီသနော (သို့)အိုက်ဆိုပရိုပါနောပါ။
  • 2:46 - 2:48
    ဒါက ရေကို တွန်းကန်တဲ့ သက်ရောက်မှုကို
    ပျောက်သွားစေပြီး
  • 2:48 - 2:51
    မော်လီကျူးတွေ လှည့်ပတ်ဖို့ နေရာပေးတယ်။
  • 2:51 - 2:57
    ခြုံငုံ သက်ရောက်မှုက အိမ်တစ်အိမ်ကနေ
    သံတွေနဲ့ အင်္ဂတေ အားလုံး ဖယ်ရှားလိုက်ပြီး
  • 2:57 - 2:59
    ငလျင်တစ်ခုနဲ့ ထိုးနှက်လိုက်တာမျိုးပါ။
  • 2:59 - 3:04
    ဆဲလ်ရဲ့ အလွှာပါးက ပြိုပျက်ပြီး
    ဆူးချွန် ပရိုတန်းတွေ တစ်စစီ ပဲ့သွားတယ်။
  • 3:04 - 3:08
    တစ်နည်းနည်းမှာတော့ ဒီဗိုင်းရပ်စ်ကို
    ဖျက်ဆီးခြင်းရဲ့ တကယ့် လုပ်ငန်းစဉ်က
  • 3:08 - 3:10
    တစ်စက္ကန့်၊ နှစ်စက္ကန့်အတွင်း ဖြစ်တာပါ။
  • 3:10 - 3:14
    ဒါပေမဲ့ ဆရာဝန်တွေကတော့ အနည်းဆုံး
    စက္ကန့်၂၀ လက်ဆေးဖို့ အကြံပြုကြတယ်။
  • 3:14 - 3:18
    အကြောင်းက အနုစိတ်တဲ့ သွင်ပြင်ကြောင့်ပါ။
    ဆိုလိုတာက သင့်လက်ကြောင့်ပါ။
  • 3:18 - 3:24
    ကျကျနန ကာကွယ်ဖို့ ဆပ်ပြာနဲ့ သန့်စင်
    ဆေးရည်တွေက လက်ဖဝါးတွေ၊လက်ချောင်းထိပ်တွေ၊
  • 3:24 - 3:27
    လက်ဖမိုးတွေနဲ့
    လက်ချောင်းတွေကြား အပါအဝင်
  • 3:27 - 3:29
    နေရာတိုင်းကို ရောက်ဖို့လိုတယ်။
  • 3:29 - 3:32
    ကိုရိနာဗိုင်းရပ်နဲ့
    ပတ်သက်လာတဲ့အခါ
  • 3:32 - 3:37
    လက်တွေကို ဆပ်ပြာ၊ ရေနဲ့ အခွင့်သင့်တိုင်း
    ဆေးကြောဖို့ ဆရာဝန်တွေက အကြံပြုကြတယ်။
  • 3:37 - 3:41
    နည်းလမ်းနှစ်ခုစလုံးဟာ ဗိုင်းရပ်စ်ကို
    သတ်ရာမှာ တူညီတဲ့ ထိရောက်မှုရှိပေမဲ့
  • 3:41 - 3:44
    ဆပ်ပြာနဲ့ ရေမှာ အကျိုး နှစ်မျိုးရှိတယ်။
  • 3:44 - 3:49
    ပထမက ဗိုင်းရပ်အမှုန်ကို တစ်နည်းနည်းနဲ့
    ဖုံးထားတဲ့ အညစ်အကြေးကို ဆေးကြောပေးတယ်။
  • 3:49 - 3:50
    ဒါပေမဲ့ ပိုအရေးကြီးတာက
  • 3:50 - 3:54
    ဆပ်ပြာနဲ့ ရေက သင့်လက်တွေကို
    စက္ကန့် ၂၀ အတွင်း အပြည့်အဝ
  • 3:54 - 3:56
    ကာပေးနိုင်တာပါ။
  • 3:56 - 4:01
    တကယ်ကျတော့ လက် သန့်စင်ဆေးရည်က
    ချက်ချင်းသုံးဖို့ ပိုအဆင်ပြေတယ်။
  • 4:01 - 4:06
    ရေဆေးကန် မရှိတဲ့အခါ လက်သန့်စင်ဆေးရည်ကို
    ဖြစ်နိုင်သလောက် စေ့စေ့စပ်စပ် သုံးပါ၊
  • 4:06 - 4:09
    လက်တွေ ခြောက်သွားတဲ့အထိ
    တစ်ပြိုင်နက် ပွတ်တိုက်ပေးပါ။
  • 4:09 - 4:12
    ကံဆိုးချင်တော့ သန့်ရှင်းတဲ့ သောက်ရေ
  • 4:12 - 4:15
    မရရှိနိုင်တဲ့ လူတွေ ဘီလီယံချီ ရှိနေတယ်။
  • 4:15 - 4:20
    ဒါက ဘယ်အချိန်မဆို ပြဿနာကြီးတစ်ခုဆိုပေမဲ့
    အထူးသဖြင့်တော့ ရောဂါဖြစ်ပွားနေချိန်မှာပါ။
  • 4:20 - 4:25
    သုတေသီတွေနဲ့ ကူညီရေးအဖွဲ့တွေဟာ ဒီရပ်ရွာတွေ
    အတွက် ဖြေရှင်းနည်းတွေပေးဖို့ လုပ်နေတယ်။
  • 4:25 - 4:30
    ဥပမာတစ်ခုက ဘေးဖြစ်စေတဲ့ ရောဂါဖြစ်ပစ္စည်း
    တွေကို သေစေပြီး လက်ဆေးရာမှာ ဘေးကင်းတဲ့
  • 4:30 - 4:34
    ကလိုရင်းနဲ့ ပိုသတ်ထားတဲ့ ရေကို ဖန်တီးဖို့
    ဆား၊ ရေနဲ့ ကား ဘက်ထရီအိုးတစ်လုံးကို
  • 4:34 - 4:37
    သုံးတဲ့ ကိရိယာတစ်ခုပါ။
  • 4:37 - 4:41
    ဒီတော့ ဖြစ်နိုင်တဲ့ နေရာတိုင်းမှာ ကိုရိုနာ
    ဗိုင်းရပ်အတွက် ဆပ်ပြာနဲ့ရေကိုအကြံပြုပေမဲ့
  • 4:41 - 4:45
    ဒါက ဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုတိုင်း
    အတွက် အကောင်းဆုံးလို့ ဆိုလိုတာလား။
  • 4:45 - 4:47
    သေချာပေါက်တော့ မဟုတ်ပါ။
  • 4:47 - 4:51
    များစွာသော သာမန် အအေးမိတာတွေက
    အဆီဒြပ်ပေါင်း အလွှာပါးထက်
  • 4:51 - 4:55
    capsid လို့ခေါ်တဲ့ ဂျီဩမက်ထရစ် ပရိုတင်း
    တည်ဆောက်မှုတစ်ခုရှိတဲ့
  • 4:55 - 4:57
    ရင်နိုဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာပါ။
  • 4:57 - 5:00
    capsid ဟာ ဆပ်ပြာ amphiphiles တွေ
    ကောက်ထုတ်ခွဲနိုင်တဲ့
  • 5:00 - 5:03
    များပြားတဲ့ အားနည်းချက်တွေ
    မရှိသလောက်ဆိုတော့
  • 5:03 - 5:06
    ဆပ်ပြာအတွက် အာနိသင်ပြဖို့
    အချိန်ပိုယူရပါတယ်။
  • 5:06 - 5:10
    ဒါပေမဲ့ ၎င်းရဲ့ မျက်နှာပြင် ပရိုတိန်း
    တချို့ဟာ လက်သန်စင်ဆေးရည်ရဲ့
  • 5:10 - 5:13
    အာနိသင်ကို ပျက်ပြားစေရာမှာ
    ခုခံအားနည်းဆဲပါ။
  • 5:13 - 5:18
    ဒါနဲ့ အလားတူ အခြေအနေတွေမှာ လက်
    သန့်စင်ဆေးရည်က ပိုပြီး ထိရောက်နိုင်တယ်၊
  • 5:18 - 5:23
    အထူးသဖြင့် ကျန်နေတဲ့ ဒြပ်မှုန်တွေကို
    ဖယ်ရှားဖို့ လက်တွေကို ဆေးကြောတဲ့အခါပါ။
  • 5:23 - 5:27
    ဖြစ်လာတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုခုအတွက်
    ဘယ်ဟာကို သုံးမလဲ အကောင်းဆုံးသိဖို့ကတော့
  • 5:27 - 5:31
    မကျန်းမာမှုနဲ့ဆိုင်တဲ့ အရာအားလုံး
    အတွက် အကောင်းဆုံးကို လုပ်ကိုင်ဖို့ပါ-
  • 5:31 - 5:35
    တရားဝင် အသိအမှတ်ပြုထားတဲ့ ကျန်းမာရေး
    ပညာရှင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာပါ။
Title:
ဆပ်ပြာနဲ့ လက် သန်စင်ဆေးရည်၊ ဘယ်ဟာက ပိုကောင်းလဲ။ Alex Rosenthal and Pall Thordarson
Speaker:
Alex Rosenthal နဲ့ Pall Thordarson
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/which-is-better-soap-or-hand-sanitizer-alex-rosenthal-and-pall-thordarson တွင် ကြည့်ရှုပါ။

သင့်ရဲ့လက်တွေဟာ အနီးကပ်ဆိုရင် လုံးဝ ချောမွတ်နေတာ မဟုတ်ဘူး၊ တောင်ထွတ်တွေ၊ ချိုင့်ဝှမ်းတွေ အတွန့်တွေ၊ အဟတွေနဲ့အတူ ဗိုင်းရပ်ပိုးတစ်ခု ကပ်ပြီး ပုန်းကွယ်နိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒီနောက် သင့်မျက်နှာကို ထိလိုက်ရင် ဗိုင်းရပ်ပိုးက သင့်ကို ကူးစက်နိုင်တယ်။ ဒါပေမဲ့ ဒါဖြစ်ပွားခြင်းကနေ သင် ကာကွယ်နိုင်တဲ့ အံ့မခန်း ရိုးစင်းတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ဆပ်ပြာ၊ ရေနဲ့ လက် သန့်စင်ဆေးရည်ပါ။ ဒီတော့ ဘယ်ဟာက ပိုကောင်းလဲ။ Alex Rosenthal နဲ့ Pall Thordarson တို့က စူးစမ်းလေ့လာထားပါတယ်။

သင်ခန်းစာကို Alex Rosenthal နဲ့ Pall Thordarson investigate တို့က ပြုစုပြီး Artrake Studio က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:36
sann tint approved Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 1:20 PM
Myo Aung accepted Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 12:44 PM
Myo Aung edited Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 12:44 PM
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 9:48 AM
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 9:43 AM
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 9:38 AM
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 8:13 AM
sann tint edited Burmese subtitles for Which is better: Soap or hand sanitizer? May 7, 2020, 8:10 AM
Show all

Burmese subtitles

Revisions