အသက် ၁၄ နှစ်အရွယ် စန္ဒရားမှာ လက်တန်းတီးခတ်ခြင်း။
-
0:02 - 0:08(ဂီတသံ)
-
4:13 - 4:16(ဂီတသံ အဆုံးသတ်သည်။)
-
4:16 - 4:22(လက်ခုပ်သံများ)
-
4:34 - 4:35ကျေးဇူးတင်ပါတယ်။
-
4:35 - 4:39(လက်ခုပ်သံ ဆက်နေသည်)
-
4:40 - 4:42ကျေးဇူးအများကြီးတင်ပါတယ်။
-
4:43 - 4:47ကျွန်မရဲ့အရင်က ဟောပြောသူလိုပါပဲ ကျွန်မဟာ
TED ပွဲဦးထွက် တစ်ယောက်လို့ ထင်မိတယ်။ -
4:47 - 4:50ကျွန်မလည်းဒီမှာ ပထဆုံး အကြိမ်ဆိုတော့
-
4:50 - 4:51(ရယ်သံများ)
-
4:51 - 4:53ဘာပြောရမှန်း မသိဘူး။
-
4:53 - 4:56(လက်ခုပ်သံများ)
-
4:56 - 4:59Mr. Anderson က ကျွန်မကို ဖိတ်တာ
သိပ်ပျော်မိတယ်။ -
4:59 - 5:02လူတိုင်းအတွက် တီးခတ်ခွင့်ရတာကို
တကယ် ကျေးဇူးတင်ပါတယ်။ -
5:03 - 5:06အခုတင် တီးခဲ့တာက
Josef Hofmann ရဲ့ သီချင်းပါ။ -
5:06 - 5:08"Kaleidoscope" လို့ ခေါ်ပါတယ်။
-
5:08 - 5:14Hofmann က ၁၉ ရာစုနှောင်းပိုင်း
ပိုလန် စန္ဒရားပညာရှင်နဲ့ တေးရေးဆရာပါ။ -
5:14 - 5:18အမြဲ အကြိးကျယ်ဆုံး စန္ဒရားပညာရှင်
တွေထဲက တစ်ယောက်လို့ မှတ်ယူခံရသူပါ။ -
5:18 - 5:21သင်တို့အတွက် တီးပြချင်တဲ့
နောက်ထပ် တေးသွားတစ်ခုရှိတယ်။ -
5:21 - 5:25Robert Schumann ရဲ့
"Abegg Variations" လို့ ခေါ်ပါတယ်ေ -
5:25 - 5:28၁၉ ရာစု ဂျာမန် တေးရေးဆရာပါ။
-
5:29 - 5:33"Abegg" ဆိုတဲ့ အမည်က
A-B-E-G-G ပါ။ -
5:33 - 5:35ဒါက တေးသွားထဲက အဓိက သံစဉ်ပါ။
-
5:35 - 5:38(A-B-E-G-G သင်္ကေတများ တီးသည်။)
-
5:39 - 5:43ဒါက Schumann ရဲ့ အမျိုးသမီး မိတ်ဆွေ
တစ်ယောက်ရဲ့ မျိုးရိုးအမည်ကနေ လာတာပါ။ -
5:44 - 5:45(ရယ်သံများ)
-
5:45 - 5:48ဒါပေမဲ့ သူ့ဇနီးအတွက် သူ ရေးခဲ့တာလေ။
-
5:48 - 5:51(ရယ်သံများ)
-
5:52 - 5:54ဒီတော့ သင်တို့ သေသေချာချာ နားထောင်ရင်
-
5:54 - 5:57Abegg သံစဉ်က မူကွဲငါးမျိုးလို့ဆိုရမယ်။
-
5:57 - 6:00ဒါကို ၁၈၃၄ မှာ ရေးခဲ့တာပါ။
-
6:00 - 6:02ဒီတော့ ဟောင်းတာတောင်
ကြိုက်မယ်လို့ မျှော်လင့်တယ် -
6:06 - 6:11(ဂီတသံ)
-
12:55 - 12:57(ဂီတသံ အဆုံးသတ်သည်။)
-
12:58 - 13:05(လက်ခုပ်သံများ)
-
13:06 - 13:07အခု ကျွန်မ မုန်းတဲ့အပိုင်း လာပြီ။
-
13:11 - 13:13ကဲ ဘာလို့လဲဆိုတော့
Mr. Anderson က ဒီအပိုင်းက -
13:13 - 13:16"Sync and Flow" လို့
ခေါ်တယ်လို့ ကျွန်မကို ပြောခဲ့လို့ပါ။ -
13:16 - 13:19ကျွန်မ တွေးနေမိတာက "ဒီပါရမီရှင်တွေ
မသိတာ ကျွန်မ ဘာသိလဲ"ပေါ့။ -
13:19 - 13:20(ရယ်သံများ)
-
13:20 - 13:22ဒီတော့ ဂီတ သီဖွဲ့မှုတွေအကြောင်း ပြောမယ်၊
-
13:22 - 13:24ဘယ်ကနေ စရမှန်း မသိတောင်မှပေါ့။
-
13:26 - 13:27ကျွန်မ ဘယ်လို သီဖွဲ့သလဲ။
-
13:28 - 13:31Yamaha ဟာ သီဖွဲ့နည်း သင်ပေးဖို့
ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်တယ်ထင်တယ်။ -
13:31 - 13:35ကျွန်မ ပထမဆုံး လုပ်တာက
ဟောဒီ စန္ဒရားမှာ လက်တန်းတီးနိုင်တဲ့ -
13:35 - 13:37ဂီတ စိတ်ကူးလေးတွေ အများကြီး
ဖန်တီးပြီး -
13:37 - 13:41ကျွန်မရဲ့ အဓိက သံစဉ်၊အဓိကတေးသွား
ဖြစ်လာဖို့ ဒါတွေထဲက တစ်ခုကို ရွေးလိုက်တယ်။ -
13:41 - 13:43အခုပဲ သင်တို့ ကြားခဲ့တဲ့ Abegg လိုပေါ့။
-
13:43 - 13:47အဓိက သံစဉ်ကို ရွေးပြီးတာနဲ့
ကျွန်မ ဆုံ'ဖြတ်ဖို့လိုတယ်။ -
13:47 - 13:50ဂီတမှာရှိတဲ့ ဟန်တွေ အားလုံးအနက်
ဘယ်ဟန်မျိုးကို ကျွန်မ လိုချင်လဲ။ -
13:51 - 13:53ဒီနှစ်တော့
ရိုမန်းတစ်ဟန်တစ်ပုဒ် သီဖွဲ့ခဲ့တယ်။ -
13:54 - 13:57ဒီတော့ စေ့ဆော်မှုအတွက် ကျွန်မ
Liszt နဲ့ Tchaikovsky ကို နားထောင်တယ်။ -
13:57 - 13:59ကြီးကျယ်တဲ့ ရိုမန်းတစ် တေးဖွဲ့သူတွေပါ။
-
14:00 - 14:05နောက်ပြီး ကျွန်မရဲ့ ဆရာတွေနဲ့အတူ တေးသွား
တစ်ခုလုံးရဲ့ တည်ဆောက်မှုကို ဖန်တီးတယ် -
14:05 - 14:07ဆရာတွေက တစ်ခုလုံးကို
ကူညီပုံစံချပေးတယ်။ -
14:07 - 14:11ဒီနောက် ခက်တဲ့အပိုင်းက ဒီတေးသွားကို
ဂီတစိတ်ကူးတွေနဲ့ ဖြည့်တာပါ။ -
14:11 - 14:13ဘာလို့ဆို အဲဒီတုန်းက
စဉ်းစားဖို့လိုတယ်လေ။ -
14:13 - 14:15(ရယ်သံများ)
-
14:15 - 14:18ဒီနောက်မှာ တေးသွားက အတော်လေး
ရောယှက်ပေါင်းစပ် ပုံစံတစ်ခု -
14:18 - 14:21ဟုတ်ပါတယ်၊
ပေါင်းစည်းတဲ့ ပုံစံပေါက်သွားတဲ့အခါ -
14:21 - 14:26တေးသွားကို တကယ့်ကို့ မွမ်းမံသင့်ပါတယ်
အသေးစိတ် မွမ်းမံတာပါ။ -
14:26 - 14:29ဒီနောက် သီဖွဲ့မှုရဲ့ အလုံးစုံ
ဖျော်ဖြေမှုကို မွမ်းမံတာပါ။ -
14:30 - 14:33ကျွန်မ လုပ်ရတာ နှစ်သက်တဲ့
နောက်ထပ်တစ်ခုက ပုံဆွဲခြင်းပါ။ -
14:33 - 14:36ပုံဆွဲတာ၊ ကျွန်မက ပုံဆွဲတာ ကြိုက်လို့ပါ။
ဂျပန် အန်နီမီ ပန်းချီလေ။ -
14:36 - 14:39ဒါက အခု ဆယ်ကျော်သက်တွေကြားမှာ
ခေတ်ထနေတာထင်တယ်။ -
14:39 - 14:41နောက် ချက်ချင်း သဘောပေါက်သွားတာက
-
14:41 - 14:45ဂီတဖန်တီးခြင်းနဲ့ ပန်းချီ
ဖန်တီးခြင်းကြားမှာ တူညီတစ်ခုရှိတာကိုပါ။ -
14:45 - 14:50အကြောင်းက သင့်ရဲ့ ရည်ရွယ်ချက်အတွက်
(သို့) ပုံဆွဲဖို့အတွက် ကနဦး စိတ်ကူးလေးက -
14:50 - 14:53သင့်ရဲ့ဇာတ်ကောင် သင်ဆွဲချင်တဲ့သူကို
ဆုံးဖြတ်ချင်တာ -
14:53 - 14:55(သို့) မူလ ဇာတ်ကောင်တစ်ခုကို
သင်ဆွဲချင်လားပေါ့ -
14:55 - 14:59ဒီနောက်မှာ သင် ဆုံးဖြတ်ချင်တာက
ဒီဇာတ်ကောင်ကို ဘယ်လိုဆွဲမလဲပေါ့။ -
14:59 - 15:02ဥပမာ စာတစ်မျက်နှာကို သုံးမှာလား။
ကွန်ပြူတာပေါ်မှာ ဆွဲမှာလား။ -
15:02 - 15:06ကာတွန်းစာအုပ်လို နှစ်မျက်နှာပြန့်တစ်ခုကို
သုံးမှာလား။ -
15:06 - 15:08ပို ခမ်းနားတဲ့ သက်ရောက်မှု
အတွက်လို့ထင်တယ်။ -
15:08 - 15:11ဒီနောက် ဇာတ်ကောင်ရဲ့ ကနဦး
ပုံကြမ်းကို ဆွဲဖို့လိုတယ်။ -
15:11 - 15:13ဒါက တေးသွားတစ်ခုရဲ့ တည်ဆောက်ပုံလိုပါ။
-
15:13 - 15:17ဒီနောက် မင်တံ၊ ခဲတံကို ထပ်ပေါင်းတယ်၊
လိုအပ်တဲ့ အသေးစိတ်တွေ မှန်သမျှပေါ့၊ -
15:17 - 15:19ဒါက ဆွဲထားတာကို မွမ်းမံတာပါ။
-
15:19 - 15:23ဒီနှစ်ခုစလုံးမှာ တူညီနေတဲ့ နောက်ထပ်
အရာကတော့ သင့်ရဲ့ စိတ်အခြေအနေပါ။ -
15:23 - 15:28ကျွန်မဟာ အလွယ်တကူစိတ်ပျံ့လွင့်တတ်တဲ့
ဆယ်ကျော်သက်တွေထဲကတစ်ယောက်မိူ့ပါ။ -
15:28 - 15:33ဒီတော့ ကျွန်မ အိမ်စာလုပ်ဖို့ မကြိုးစားဘူး၊
လုပ်ချင်စိတ် မရှိဘူးဆိုရင် -
15:33 - 15:36ကြိုးစားပြီး ပုံဆွဲတယ်
(သို့) အချိန်ဖြန်းတာလေ။ -
15:36 - 15:39ဒီနောက် ဖြစ်တတ်တာက
တစ်ခါတစ်ရံ လုံးဝကို ပုံဆွဲလို့ မရဘူး၊ -
15:39 - 15:41( သို့) လုံးဝ ရေးဖွဲ့လို့ မရဘူး။
-
15:41 - 15:43ဒီနောက် စိတ်မှာ ဗျာများလွန်းနေသလိုပါ။
-
15:43 - 15:45ကိုယ်လုပ်သင့်တာကို
အာရုံစိုက်လို့ မရဘူး။ -
15:46 - 15:51တစ်ခါတစ်လေမှာ အချိန်ကို ဉာဏ်ရှိရှိ
သုံးပြီး အလုပ်လုပ်နိုင်ရင် -
15:51 - 15:54ဒါကနေ တစ်ခုခု ရမှာပါ။
ဒါပေမဲ့ လွယ်လွယ်တော့ ဖြစ်မလာဘူး။ -
15:54 - 15:57ဖြစ်တတ်တာက
မှော်ဆန်တာ တစ်ခုခု ဖြစ်ရင် -
15:57 - 16:00သဘာဝကျတာ တစ်ခုခု ကိုယ့်မှာ ဖြစ်လာရင်
-
16:00 - 16:03လှပတဲ့ အရာကို ချက်ချင်းကို
ထုတ်လုပ်နိုင်တာပါ။ -
16:03 - 16:05ဒီနောက် ဒါက "စီးမျောမှု"လို့
ကျွန်မ ယူဆတာပါ။ -
16:05 - 16:09ဘာလို့ဆိုတော့ အရာတိုင်းက ချက်ခနဲ ဖြစ်လာကာ
လုပ်ချင်တာတိုင်းကို လုပ်နိုင်တာကြောင့်ပါ။ -
16:09 - 16:13သင်ဟာ ကစားပွဲရဲ့ ထိပ်ဆုံးမှာလို့ ခံစား
ရပြီး လုပ်ချင်တာတိုင်းကို လုပ်နိုင်တယ်။ -
16:13 - 16:16ဒီနေ့ ကျွန်မရဲ့ ကိုယ်ပိုင် တေးသီချင်းကို
မတီးတော့ပါဘူး၊ဘာလို့ဆိုတော့ -
16:16 - 16:19အပြီးသတ်သွားပြီဆိုပေမဲ့
ရှည်လွန်းတာကြောင့်ပါ။ -
16:20 - 16:23ဒီအစား "လက်တန်းတီးခြင်း" လို့
ခေါ်တာတစ်ခုကို ကြိုးစားကြည့်မယ်။ -
16:23 - 16:25ကျွန်မမှာ သင်္ကေတ ကတ်ပြား ခုနှစ်ခုရှိတယ်။
-
16:26 - 16:29တစ်ခုစီမှာ ဂီတ အက္ခရာ သင်္ကေတ
တစ်ခုပါတယ်။ -
16:29 - 16:33တစ်ယောက်ယောက် ဒီကို တက်လာပြီး
ငါးခု ရွေးစေချင်ပါတယ်၊ -
16:33 - 16:35ဘယ်သူဖြစ်ဖြစ်လာပြီး ငါးခု ရွေးဖို့ပါ။
-
16:35 - 16:37နောက်ပြီ ဒါကို တေးသွားတစ်ခုခုအဖြစ်
ကျွန်မ ဖန်တီးနိုင်တယ်။ -
16:37 - 16:39ကျွန်မ ဒါကို လက်တန်းတီးမယ်။
-
16:40 - 16:43အိုး၊ လုပ်အားပေးတစ်ယောက်လောက်။
-
16:43 - 16:44(ရယ်သံများ)
-
16:44 - 16:47(လက်ခုပ်သံများ)
-
16:48 - 16:49Jennifer Lin: တွေ့ရတာ ဝမ်းသာပါတယ်
-
16:50 - 16:53Goldie Hawn: ကျေးဇူးပါ၊ ငါးခု ရွေးရမှာလား။
-
16:53 - 16:55JL: ဟုတ်၊ငါးကတ်၊ ကြိုက်တဲ့ ကတ်ပြာ။ ငါးခု။
-
16:55 - 16:56GH: ကဲ တစ်။
JL: ကောင်းပြီ။ -
16:57 - 16:59GH: နှစ်။
JL: ဟုတ်ကဲ့ပါ။ -
17:00 - 17:01GH: သုံး။
-
17:03 - 17:06GH: အိုး၊ D နဲ F က ရင်းနှီးလွန်းတယ်၊
-
17:06 - 17:10(ရယ်သံများ)
-
17:10 - 17:14JL: နောက်တစ်ခု။
GH: ကောင်းပြီ၊ "E" "effort" -
17:14 - 17:17JL သင် ရွေးတဲ့ အစဉ်အတိုင်း
ဖတ်ပြပေးလို့ရမလား။ -
17:17 - 17:23GH: ရတာပေါ့၊ C, G, B, A နဲ့ E.
-
17:23 - 17:24JL ကျေးဇူအများကြီးတင်တယ်
-
17:24 - 17:26GH: ရပါတယ်၊ ဒါနဲ့ ဒါတွေက ဘာတွေလဲ။
-
17:26 - 17:29JL: ကျွန်မ ဒါတွေကို သုံးမှာမဟုတ်ဘူး၊
ကျေးဇူးပါ။ -
17:30 - 17:36(လက်ခုပ်သံများ)
-
17:37 - 17:41အခု သူက C, G, B, A, E ကို ရွေးတယ်။
-
17:41 - 17:43ဒါကို အစဉ်တမျိုးမျိုးမှာ
ကြိုးစား ထည့်လိုက်မယ်။ -
17:43 - 17:47(သင်္ကေတများကို တီးခတ်သည်။)
-
17:49 - 17:50ရတယ်၊ ဒါကောင်းတယ်။
-
17:51 - 17:53ဒီတော့ စဉ်းစားဖို့ အချိန်ခဏ ရမယ်၊
-
17:53 - 17:55ဒါကနေ တစ်ခုခု ကြိုးစား ဖန်တီးမယ်။
-
18:00 - 18:03သင်္ကေတ ငါးလုံးကို တီးသည်။)
-
18:11 - 18:18(ဂီတသံ)
-
21:27 - 21:29(ဂီတသံ ဆုံးသည်။)
-
21:29 - 21:36(လက်ခုပ်သံများ)
-
21:36 - 21:39နောက်သီချင်း (သို့) ဝမ်းစမိုး
ကျွန်မ တီးခတ်မှာကတော့ -
21:39 - 21:42Jack Fina ရဲ့ "Bumble Boogie"
လို့ခေါ်ပါတယ်။ -
21:43 - 21:44(လက်ခုပ်သံများ)
-
21:48 - 21:53(ဂီတ)
-
23:40 - 23:42(ဂီတသံ ဆုံးသည်။)
-
23:42 - 23:48(လက်ခုပ်သံများ)
- Title:
- အသက် ၁၄ နှစ်အရွယ် စန္ဒရားမှာ လက်တန်းတီးခတ်ခြင်း။
- Speaker:
- Jennifer Lin
- Description:
-
စန္ဒရားပညာရှင် နဲ့ တေးရေး Jennifer Lin ကနေပြီး မှော်ဆန်တဲ့ ဖျော်ဖြေတစ်ခု တင်ဆက်ထားတာပါ။ တီထွင် ဖန်တီးမှု လုပ်ငန်းစဉ် အကြောင်းကို ပြောပြီး ကျပန်း သင်္ကေတ အစဉ်တစ်ခုကို အခြေခံတဲ့ စိတ်လှုပ်ရှားဖွယ် တစ်ကိုယ်တော် တေးသွားတစ်ခုကို လက်တန်းတီးခတ်ထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 23:52
![]() |
sann tint edited Burmese subtitles for Improvising on piano, aged 14 | |
![]() |
sann tint approved Burmese subtitles for Improvising on piano, aged 14 | |
![]() |
sann tint edited Burmese subtitles for Improvising on piano, aged 14 | |
![]() |
Myo Aung accepted Burmese subtitles for Improvising on piano, aged 14 | |
![]() |
Myo Aung edited Burmese subtitles for Improvising on piano, aged 14 | |
![]() |
sann tint edited Burmese subtitles for Improvising on piano, aged 14 | |
![]() |
sann tint edited Burmese subtitles for Improvising on piano, aged 14 | |
![]() |
sann tint edited Burmese subtitles for Improvising on piano, aged 14 |