ဘာကြောင့် Dante ရဲ့ 'Divine Comedy' ကို ဖတ်သင့်တာလဲ။ Sheila Marie Orfano
-
0:07 - 0:11"ဒီကို ဝင်လာသူ အပေါင်းတို့၊
မျှော်လင့်ချက်အားလုံး စွန်လွှတ်ခဲ့ပါ။" -
0:11 - 0:13လို့ဆိုပြီး ငရဲတံခါး အထက်မှာ
ကမ္ပည်းထိုးထားတယ်။ -
0:13 - 0:17ဒီနိမိတ်ဆိုး စကားလုံးတွေဟာ
Dante အတွက် ငရဲခန်း အဆင်းမှာ -
0:17 - 0:21မကောင်းတဲ့ သတင်းစကားကို
သတိပေးတာပါ၊ -
0:21 - 0:23မနှစ်သက်စရာ လေသံဆိုပေမည့်
-
0:23 - 0:28ဒီဗျာဒိတ်က ပြောခဲ့ဖူးသမျှ အကြီးကျယ်ဆုံး
ဖြစ်လောက်တဲ့ ပုံပြင်ကို အသက်သွင်းတာပါ။ -
0:28 - 0:33လူသားနဲ့ နတ် နှစ်ခုစလုံး လွှမ်းခြုံတဲ့
ခရီးရှည်ကြီးတစ်ခုပါ။ -
0:33 - 0:36ဒါပေမဲ့ Dante အတွက်
ကရုဏာ ကယ်တင်ခြင်းဆီရောက်ဖို့ -
0:36 - 0:39သူဟာ ငရဲကနေ ထွက်တဲ့လမ်းကို
အရင်ရှာရမှာပါ။ -
0:39 - 0:43ဒီနှိပ်စက်မှုရဲ့ နောက်ခံရှုခင်းက
"မီးငရဲ"အတွက် ဆင်ထားတယ်။ -
0:43 - 0:46အပိုင်း ၃ ပိုင်း ဇာတ်ကြောင်းပြော
ကဗျာရဲ့ ပထမပိုင်းကို -
0:46 - 0:50Dante Alighieri က
၁၄ ရာစု မှာ ရေးခဲ့တာပါ။ -
0:50 - 0:52သူ့ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ထားရင်း
-
0:52 - 0:56Dante ဟာ ငရဲရဲ့ အသူတစ်ရာချောက်ထဲကို
နက်သထက် နက်ကာ ဆင်းသွားတယ်၊ -
0:56 - 1:01လောက ကိုးပါးရဲ့တစ်ခုချင်းကို ထင်ရှားစေတဲ့
မြင်မကောင်းတဲ့ပြစ်ဒဏ်တွေကို ကြုံတွေ့ရင်းပါ -
1:01 - 1:09Limbo မှာ အစပြုရင်း တပ်မက်မှု၊
အစားကြူးမှု၊ လောဘ၊ ဒေါသ၊ မိစ္ဆာဒိဋ္ဌိ၊ -
1:09 - 1:13ကြမ်းကြုတ်မှု၊လိမ်လည်မှု စက်ဝန်းတွေကနေ
-
1:13 - 1:16ဆာတန်မာရ်နတ် ကိုယ်တိုင်ရဲ့
စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ -
1:16 - 1:20ပိတ်မိနေတဲ့ အပြစ်သားတွေရှိတဲ့ ကြောက်စရာ
နဝမ သစ္စာဖောက်မှု စက်ဝန်းအထိ ခရီးဆက်တယ်။ -
1:20 - 1:26နောက်နှစ်ပိုင်း "သန့်စင်ပေးရာဘုံ" နဲ့
"သုခဘုံ" က Dante ရဲ့ ခရီးကို ဆက်တယ်၊ -
1:26 - 1:28သန့်စင်ရာဘုံရဲ့ တောင်ကို တွယ်တက်ပြီး
-
1:28 - 1:32ကောင်းကင်ဘုံရဲ့ နယ်ပယ် ကိုးခုကို
သူ တက်တာကြောင့်ပါ။ -
1:32 - 1:38၁၀ နှစ်ကျော် တစ်ပြိုင်တည်း ရေးခဲ့တဲ့
ဒီ ၃ ပိုင်းက "Divine Comedy" မှာ ပါဝင်တယ်၊ -
1:38 - 1:42ဘုရားသခင်ဆီသွားတဲ့ စိတ်ဝိဉာဉ် ခရီးရဲ့
ပမာဆောင်ထားတဲ့ စိတ်ကူးစိတ်သန်းတစ်ခုပါ။ -
1:42 - 1:46ဒါပေမဲ့ Dante ရဲ့ Divine Comedy ဟာ
ဘာသာရေး ပုံဆောင်မှုတစ်ခုတင်မက -
1:46 - 1:51အီတာလျံ နိုင်ငံရေးအပေါ် ဟာသဉာဏ်ရွှင်တဲ့
ပယ်ပယ်နယ်နယ် ဝေဖန်မှုလည်းဖြစ်ပါတယ်။ -
1:51 - 1:57ဖလောရင့် စစ်သားနဲ့ နိုင်ငံရေးသုခမိန် Dante
ဟာ ဘုရားသခင်ကို စွဲမြဲစွာသစ္စာရှိပေမဲ့ -
1:57 - 2:00မကြာခဏတော့ ရိုမန် ကသလစ်
အသင်းတော်ကို ဝေဖန်ခဲ့တယ်။ -
2:00 - 2:05အထူးသဖြင့်တော့ ၎င်းရဲ့တောထနေတဲ့
ဆွေမျိုးကောင်းစားရေးဝါဒနဲ့ အပြစ်ကနေ -
2:05 - 2:10ခွင့်လွတ်ပေးတာလို ဘာသာရေး ဘက်လိုက်မှုတွေ
ဝယ်၊ ရောင်းတဲ့ အလေ့အထကို မနှစ်မြို့ခဲ့ဘူး။ -
2:10 - 2:14အုပ်စု အတော်များများက ဒီဓလေ့တွေကို
အခွင့်ကောင်းယူကြပေမဲ့ -
2:14 - 2:19Guelfi Neri (သို့) Black Guelphs တို့လောက်
ဒါတွေကို ထောက်ခံသူတွေက မရှိသလောက်ပါ။ -
2:19 - 2:22ပုတ်ရဟန်းမင်းရဲ့နိုင်ငံရေး သြဇာလွှမ်းမှု
-
2:22 - 2:26ကျယ်ပြန့်ဖို့ ကြိုးပမ်းတဲ့ နိုင်ငံရေးနဲ့
ဘာသာရေး ဂိုဏ်းတစ်ခုရှိခဲ့တယ်။ -
2:26 - 2:30Dante က ဖလော့ရင့်ဟာ ရိုမန် လွမ်းမိုးမှုမှ
ပိုလွတ်လပ် သင့်တယ်လို့ ယုံကြည်တဲ့ -
2:30 - 2:34Guelfi Bianchi (ဝါ)
White Guelphs ဂိုဏ်းရဲ့ အဖွဲ့ဝင်ပါ။ -
2:34 - 2:37White Guelphs အတွက် ကိုယ်စားပြုတဲ့
ပြည်သူတစ်ရပ်အနေနဲ့ -
2:37 - 2:40Dante ဟာ ပုတ်ရဟန်းမင်းရဲ့ အာဏာကို
မကြာခဏ ဆန့်ကျင် ပြောဆိုခဲ့တယ်၊ -
2:40 - 2:43Black Guelphs တွေက ၁၃၀၂ မှာ
ဖလောရင့်ကနေ သူ့ကို ပြည်နှင်ဒဏ်ပေးဖို့ -
2:43 - 2:47သူတို့ရဲ့ ရားထူးကို အစွမ်းကုန်
သုံးခဲ့တဲ့အထိပါ။ -
2:47 - 2:48ဒါပေမဲ့ သူ့ကို နှုတ်ဆိတ်စေတဲ့အစား
-
2:48 - 2:54ရာသက်ပန် ပြည်နှင်ဒဏ်က Dante ရဲ့
အကြီးကျယ်ဆုံး ဝေဖန်မှုကို ဖြစ်စေခဲ့တယ်။ -
2:54 - 2:57ဂုဏ်သရေပျက်ကာ မျှော်လင့်ချက်မဲ့
သလောက် အပြန်မှာ -
2:57 - 3:02စာရေးသူဟာ အသင်းတော်နဲ့ အီတလီလူမှုအဖွဲ့နဲ့
ပတ်သက်တဲ့ နာကြည်းချက်တွေကိုရင်ဖွင့်ခဲ့တယ်။ -
3:02 - 3:04ပညာတတ် အထက်တန်းလွှာတွေရဲ့
-
3:04 - 3:08အစဉ်အလာ လက်တင်ဘာသာထက်
"Divine Comedy" ကို အီတလီဘာသာနဲ့ ရေးခြင်းက -
3:08 - 3:14Dante ဟာ သူ့ရဲ့ပက်စက်တဲ့ နိုင်ငံရေး
ဝေဖန်ချက်ကို အကျယ်ဆုံး ပရိတ်သတ်ရစေတယ်။ -
3:14 - 3:16"မီးငရဲ"ရဲ့ အမျက်ဒေါသ စက်ဝန်းထဲမှာ
-
3:16 - 3:19Dante ဟာ အပြစ်သားတွေက Black
Guelph Filippo ကို -
3:19 - 3:23ကိုယ်တစ်ပိုင်းစီ ဆုတ်ဖြဲတာကို
စိတ်အားထက်သန်စွာ မြင်တွေ့ခဲ့ရတယ်။ -
3:23 - 3:25လိမ်ညာမှု စက်ဝန်းထဲမှာ
-
3:25 - 3:30Dante ဟာ စက်ဝန်းရဲ့ အပူဆုံးမီးလျှံတွေထဲမှာ
ဆန်းပြားတဲ့ အပြစ်သားနဲ့ စကားပြောခဲ့တယ်။ -
3:30 - 3:33ဒါက Pope Nicholas III လို့ သူ သိခဲ့ရတယ်၊
-
3:33 - 3:38သူ့ကို ဆက်ခံသူ နှစ်ယောက် သေရင် သူ့နေရာကို
ယူကြလိမ့်မယ်လို့ Dante ကို ပြောတဲ့သူပါ။ -
3:38 - 3:42သုံယောက်စလုံးဟာ ဘက်လိုက်မှုနဲ့
ခြစားမှု အပြစ်ရှိသူတွေပါ။ -
3:42 - 3:46"မီးငရဲ" မှာစိတ်ဓာတ်ကျစရာနဲ့
ကြမ်းတမ်းတဲ့ နိမိတ်ပုံဆိုပေမည့် -
3:46 - 3:50"Divine Comedy" ဟာ အချစ်ပုံပြင်
တစ်ပုဒ်လည်း ဖြစ်ပါတယ်။ -
3:50 - 3:51Dante ဟာ ဩဇာတိက္ကမရှိတဲ့ ဖလောရင့်
-
3:51 - 3:55မိသားစုတစ်စုရဲ့ သမီးနဲ့ စီစဉ်ထားတဲ့
အိမ်ထောင်တစ်ခု ရှိခဲ့ပေမဲ့ -
3:55 - 4:01ကိုးနှစ်သားကတည်းက အခြား အမျိုးသမီးတစ်
ယောက်နဲ့ တစ်ဘက်သတ် ချစ်နေတာလည်း ရှိခဲ့တယ်။ -
4:01 - 4:03Beatrice Portinari ပါ။
-
4:03 - 4:08အဆိုအရ နှစ်ကြိမ်သာ ဆုံပေမဲ့ သူဟာ Dante
ရဲ့ ရာသက်ပန် စျာန်ဝင်စားမှု ဖြစ်လာတယ်၊ -
4:08 - 4:12သူ့လက်ရာများစွာအတွက် စေ့ဆော်မှုနဲ့
အကြောင်းအရာအဖြစ် ဖြည့်ဆည်းပေးရင်းပါ။ -
4:12 - 4:18တကယ်က ငရဲတွင်းတွေဆီ သူ့ရဲ့
ရဲဝင့်တဲ့ ခရီးစဉ်နဲ့ သန့်စင်မှုတောင်ရဲ့ -
4:18 - 4:21လှေကားထစ်တွေကို တက်စေဖို့
အစပြုက Beatrice ပါ။ -
4:21 - 4:23အားကြီးတဲ့ ကောင်းကင်ဘုံက လာတဲ့
အသွင်အဖြစ် သရုပ်ဖော်တဲ့ -
4:23 - 4:28သူက Dante ကို "သုခဘုံ"ရဲ့
ကောင်းကင်ဘုံ ဗဟိုတူ နယ်ပယ်တွေကနေ -
4:28 - 4:32နောက်ဆုံး ဘုရားသခင်နဲ့ မျက်နှာချင်းဆုံတဲ့
အထိ ခေါ်ဆောင်တာပါ။ -
4:32 - 4:34ထုတ်ဝေပြီးကတည်းက ရာစုနှစ်တွေအတွင်းမှာ
-
4:34 - 4:38"Divine Comedy"အချစ်၊ အပြစ်နဲ့
ပေးဆပ်ခြင်းတို့ရဲ့ ဆိုလိုရင်းသဘောတွေကို -
4:38 - 4:40များစွာသော အနုပညာရှင်တွေက
လက်ခံကျင့်ဆုံးနေခဲ့တာပါ၊ -
4:40 - 4:45Auguste Rodin နဲ့ Salvador Dali ကနေ
Ezra Pound နဲ့ Neil Gaiman အတိပါ။ -
4:45 - 4:51ဖလောရင့်မြို့တော်က နောက်ဆုံး Dante ရဲ့
ပဝေသဏီက ပြည်နှင်ဒဏ်ကိုပြန်ရုတ်သိမ်းတော့ -
4:51 - 4:56ကဗျာစာဆိုကိုယ်တိုင် အချိန်နှောင်းတဲ့
လောကီ ပေးဆပ်ခြင်းကို ၂၀၀၈ မှာ ရရှိခဲ့တယ်။
- Title:
- ဘာကြောင့် Dante ရဲ့ 'Divine Comedy' ကို ဖတ်သင့်တာလဲ။ Sheila Marie Orfano
- Speaker:
- Sheila Marie Orfano
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/why-should-you-read-dante-s-divine-comedy-sheila-marie-orfano တွင် ကြည့်ပါ။
"ဒီကို ဝင်လာသူ အပေါင်းတို့၊ မျှော်လင့်ချက်အားလုံး စွန်လွှတ်ခဲ့ပါ။" လို့ဆိုပြီး ငရဲတံခါးမှာ ကမ္ပည်းထိုးထားတယ်။ ဒီဗျာဒိတ်က ကျွန်စနစ်အတွက် ခရီးရှည်ကြီးတစ်ခုကို အသက်သွင်းပေးခဲ့တယ်။ ဆယ်နှစ်ကျော်ကြာ ရေးသားခဲ့ရတဲ့ Dante Alighieri ရဲ့ အပိုင်း သုံးပိုင်းပါတဲ့ ဇာတ်ကြောင်းပြော ကဗျာ 'Divine Comedy' ဟာ ဘုရားသခင်ဆီသွားတဲ့ စိတ်ဝိဉာဉ် ခရီးရဲ့ ပမာဆောင်ထားတဲ့ စိတ်ကူးစိတ်သန်းတစ်ခု အဖြစ်သာမက ပယ်ပယ်နယ်နယ် နိုင်ငံရေး ဝေဖန်မှုတစ်ခုလည်း ဖြစ်ပါတယ်။ Sheila Maria ကနေပြီး ၎င်းကဗျာရဲ့ အချစ်၊ အပြစ်နဲ့ ပေးဆပ်ခြင်းတို့ရဲ့ ဖောက်ပြန်မှုမရှိတဲ့ ဆိုလိုရင်းသဘောတွေကို မျှဝေထားပါတယ်။
သင်ခန်းစာကို Sheila Maria က ပြုစုပြီး Tomás Pichardo-Espaillat က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:56
![]() |
sann tint approved Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
Myo Aung accepted Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
Myo Aung edited Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
sann tint edited Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
sann tint edited Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
sann tint edited Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
sann tint edited Burmese subtitles for Why should you read Dante's "Divine Comedy"? | |
![]() |
sann tint edited Burmese subtitles for Why should you read Dante's "Divine Comedy"? |