အင်ထရောပီ ဆိုတာ ဘာလဲ - Jeff Phillips
-
0:07 - 0:10ဓာတုဗေဒနဲ့ ရူဗဗေဒမှာ အရေးပါတဲ့
အယူအဆတစ်ခု ရှိပါတယ်။ -
0:10 - 0:15ယင်းက ရုပ်ပိုင်း ဖြစ်စဉ်တွေ တစ်လမ်းသွားပဲ
ဖြစ်ရတဲ့ အကြောင်းကို ကူညီ ဖြေရှင်ပေးတယ်။ -
0:15 - 0:17ရေခဲ အရည်ပျော်တာ
-
0:17 - 0:19ကော်ဖီထဲမှာ မလိုင်ပျံ့သွားတာ
-
0:19 - 0:23တာယာ အပေါက်မှ လေစိမ့်ထွက်တဲ့
အကြောင်းတွေပေါ့။ -
0:23 - 0:27၎င်းက အန်ထရောပီ ဖြစ်ပြီး ကျုပ်တို့
ဦးနှောက်နဲ့ နားလည်ဖို့ အင်မတန် ခက်ခဲပါတယ်။ -
0:27 - 0:32အန်ထရောပီကို၊ ဖရိုဖရဲဖြစ်မှုကို
တိုင်းတာချက်အဖြစ် မကြာခဏ ဖော်ပြကြပါတယ်။ -
0:32 - 0:36ဒါ သင့်တော်တဲ့ ပုံရိပ်တစ်ခုပါပဲ၊ ဒါပေမဲ့
ကံမကောင်းတာက ဒါက လမ်းလွဲသွားစေနိုင်တယ်။ -
0:36 - 0:39ဥပမာ၊ ရေခဲတုံးလေးတွေပါတဲ့ တစ်ခွက် နဲ့
-
0:39 - 0:43ပုံမှန် အပူချိန်ရှိ ရေ တစ်ခွက် ဘယ်ဟာ
ဖရိုဖရဲ ပိုဖြစ်နေပါသလဲ။ -
0:43 - 0:45လူအများစုက ရေခဲ လို့ ပြောပါလိမ့်မယ်၊
-
0:45 - 0:49ဒါပေမဲ့ တကယ်ဆို အဲဒါက
အန်ထရောပီ ပိုနိမ့်ပါတယ်။ -
0:49 - 0:53ဒီတော့ ၎င်းကို ဖြစ်နိုင်စွမ်းကနေ တွေးဖို့
အခြား နည်းလမ်း တစ်ခုရှိပါတယ်။ -
0:53 - 0:57ဒါက သဘောပေါက်ဖို့ ပို အချက် ကျပေမဲ့
အတွင်းကျကျ သဘောပေါက်ဖို့ အချိန်ယူရပြီး -
0:57 - 1:01ပြီးရင် အန်ထရောပီကို ခင်ဗျား
ကောင်းကောင်းကြီး သဘောပေါက်သွားပါလိမ့်မယ်။ -
1:01 - 1:04အက်တမ်ဆိုင်ရာ ဓာတ်စည်း ခြောက်ခုစီပါရှိတဲ့
-
1:04 - 1:08အခဲနှစ်ခုကို စိတ်ကူးပါ။
-
1:08 - 1:13ဒီပုံစံအရ အခဲတစ်ခုစီရှိ စွမ်းအင်ကို
ဓာတ်စည်းတွေထဲမှာ သိုလှောင်ထားပါတယ်။ -
1:13 - 1:15ဒါတွေကို သိုလှောင်ကန်အဖြစ်
သာမန် တွေးကြည့်နိုင်ပါတယ်။ -
1:15 - 1:20ယင်းတို့က ထပ်မံ ပိုင်းခြားမရတဲ့ စွမ်းအင်
ယူနစ်တွေ (ခေါ်) ကွမ်တာကို သိုလှောင်ပါတယ် -
1:20 - 1:25အခဲမှာ စွမ်းအင် ပိုများလေလေ၊
၎င်းက ပို ပူလေလေပါပဲ။ -
1:25 - 1:29အခဲနှစ်ခုမှာ စွမ်းအင် ဖြန့်ချီနိုင်တဲ့
နည်းလမ်းပေါင်းများစွာ ပါရှိတဲ့ -
1:29 - 1:31အရာအဖြစ် ပြောင်းသွားပါပြီ၊
-
1:31 - 1:35တစ်ခုစီရှိ စုစုပေါင်း စွမ်းအင်က
တူနေပါသေးတယ်။ -
1:35 - 1:39ဒီ လုပ်ဆောင်ချက် တစ်ခုစီကို
microstate လို့ခေါ်ပါတယ်။ -
1:39 - 1:43စွမ်းအင် ကွမ်တာ ခြောက်ခုပါတဲ့
အခဲ A နဲ့ နှစ်ခုပါတဲ့ B အတွက် -
1:43 - 1:48Microstate ၉,၇၂၀ ရှိပါတယ်။
-
1:48 - 1:53ကျုပ်တို့ရဲ့ စွမ်းအင်ကွမ်တာ ၈ ခုကို
စီစဉ်နိုင်တဲ့ အခြားနည်းတွေရှိပါသေးတယ်။ -
1:53 - 1:58ဥပမာ စွမ်းအင် အားလုံးက A မှာရှိပြီး
B မှာ မရှိတာမျိုး သို့မဟုတ် -
1:58 - 2:01A မှာ တဝက်၊ B မှာ တဝက် စသဖြင့်ပေါ့။
-
2:01 - 2:04Microstate တစ်ခုစီဟာ ဖြစ်ပွားခွင့်
တူညီကြောင်း ယူဆထားရင်၊ -
2:04 - 2:07ကျုပ်တို့ မြင်နိုင်မှာက စွမ်းအင် အနေအထား
တချို့မှာ -
2:07 - 2:11အခြားဟာတွေထက် ပိုမြင့်တဲ့ ဖြစ်တန်စွမ်း
ရှိပါတယ်။ -
2:11 - 2:14ဒါက microstate တွေရဲ့ ပိုကြီးမားတဲ့
အရေအတွက် ကြောင့်ပါ။ -
2:14 - 2:20အန်ထရောပီက စွမ်းအင် အနေအထား တစ်ခုစီရဲ့
ဖြစ်တန်စွမ်းကို တိုက်ရိုက်တိုင်းတာပါ။ -
2:20 - 2:23ကျုပ်တို့ တွေ့တာက အခဲတွေကြားမှာ
-
2:23 - 2:27စွမ်းအင် အပျံ့နှံ့ဆုံးဆိုတဲ့
စွမ်းအင် အနေအထားက -
2:27 - 2:29အမြင့်ဆုံး အန်ထရောပီ ရှိပါတယ်။
-
2:29 - 2:30ဒီတော့ ယေဘုယျ သဘောအရ
-
2:30 - 2:35အန်ထရောပီဆိုတာ ဒီ စွမ်းအင် ဖြန့်ကျက်မှု
အပေါ် တိုင်းထွာချက်အဖြစ် တွေးနိုင်ပါတယ်။ -
2:35 - 2:38နိမ့်တဲ့ အန်ထရောပီက
စွမ်းအင်ကို စုဝေးနေတဲ့ သဘောပါ။ -
2:38 - 2:42မြင့်တဲ့ အန်ထရောပီဟာ
စွမ်းအင်ကို ဖြန့်ထုတ်တဲ့သဘောပါ။ -
2:42 - 2:46ပူတဲ့ အရာတွေ အေးသွားခြင်းလိုမျိုး
အလိုလိုဖြစ်တဲ့ ဖြစ်စဉ်တွေကို ရှင်းပြဖို့ -
2:46 - 2:48အန်ထရောပီက အသုံးဝင်ကြောင်း နားလည်ဖို့
-
2:48 - 2:52လှုပ်ရှားပြောင်းလဲနေတဲ့ စွမ်းအင်
စနစ်ကို လေ့လာဖို့လိုပါတယ်။ -
2:52 - 2:55လက်တွေ့မှာ စွမ်းအင်ဟာ
တစ်နေရာတည်းမှာ တည်ငြိမ်မနေပါ။ -
2:55 - 2:58၎င်းက နီးစပ်ရာ ဓာတ်စည်းတွေကြားမှာ
အဆက်မပြတ် ရွေ့လျားနေတတ်တယ်။ -
2:58 - 3:00စွမ်းအင်ရွေ့တဲ့ အခါ
-
3:00 - 3:03စွမ်းအင် အနေအထား ပုံပြောင်းနိုင်ပါတယ်။
-
3:03 - 3:05Microstate တွေ ဖြန့်ထွက်ခြင်းကြောင့်
-
3:05 - 3:10ထို စနစ်က စွမ်းအင်ကို အမြင့်ဆုံးအနေနဲ့
ဖြန့်ထုတ်ဖို့ အနေအထားက နောက်ပိုင်းမှာ -
3:10 - 3:14ဖြစ်လာမယ့် အခွင့်အရေးက ၂၁% ပါ။
-
3:14 - 3:17၎င်းရဲ့ စမှတ် ပြန်ရောက်မယ့် အခွင့်အရေးက
၁၃% ရှိပြီး၊ -
3:17 - 3:23A က အမှန်တကယ် စွမ်းအင်ရရှိဖို့
အခွင့်အရေးက ၈% ရှိပါတယ်။ -
3:23 - 3:27တဖန် ကျုပ်တို့ တွေ့ရသလို၊ စုဝေးနေတဲ့ စွမ်းအင်ထက်
မြင့်မားတဲ့ အန်ထရောပီရှိဖို့ -
3:27 - 3:30နည်းလမ်းတွေက ပိုများပြီး
-
3:30 - 3:33စွမ်းအင်ဟာ အပြင်သို့ ပျံ့ထွက်လိုတတ်ပါတယ်။
-
3:33 - 3:36ဒါကြောင့် ပူတဲ့ အရာကို
အေးတဲ့ အရာနားမှာ ထားရင်၊ -
3:36 - 3:40အေးတဲ့ အရာက နွေးလာမှာဖြစ်ပြီး
ပူတဲ့ အရာဟာ အေးလာပါလိမ့်မယ်။ -
3:40 - 3:42ဒါပေမဲ့ ဒီဥပမာထဲမှာတောင်
-
3:42 - 3:47ပူတဲ့အရာက ပိုပူလာဖို့ အခွင့်အရေး
၈% ရှိပါတယ်။ -
3:47 - 3:51လက်တွေ့ဘဝမှာ ဒီဖြစ်ရပ်မျိုး
ဘာဖြစ်လို့ ဖြစ်မလာတတ်တာလဲ။ -
3:51 - 3:54စနစ်ရဲ့ အရွယ်အစားနဲ့ သက်ဆိုင်ပါတယ်။
-
3:54 - 3:58ကျုပ်တို့ အကြမ်ဖျဉ်းယူဆထားတဲ့ အခဲတွေမှာ
ဓာတ်စည်း ခြောက်ခုစီသာရှိပါတယ်။ -
3:58 - 4:04ဓာတ်စည်းတွေကို စွမ်းအင်ယူနစ် ၆၀၀၀နဲ့
၈၀၀၀ အထိတိုးချဲ့လိုက်ပြီး -
4:04 - 4:08စနစ်ကို တဖန်စတင်ဖို့
A မှာ စွမ်းအင်ရဲ့ လေးပုံ သုံးပုံ နဲ့ -
4:08 - 4:10B မှာ လေးပုံ တစ်ပုံထားကြပါစို့။
-
4:10 - 4:14အခု နောက်ထပ် စွမ်းအင်ကို အလိုလို
ရရှိဖို့ A ရဲ့ အခွင့်အရေးဟာဖြင့် -
4:14 - 4:17အလွန်သေးငယ်တဲ့ ကိန်းဖြစ်နေတာ တွေ့ရပါတယ်။
-
4:17 - 4:22နေ့စဉ် မြင်နေကျ၊ တွေ့နေကျ အရာတွေမှာ
ဒီထက်မကတဲ့ အမှုန်တွေ တပုံကြီးပဲရှိပါတယ်။ -
4:22 - 4:26လက်တွေ့လောကမှာ ပူတဲ့ အရာ
အပူထပ်တိုးလာဖို့ အခွင့်အလမ်းက -
4:26 - 4:28မရှိသလောက် နည်းလွန်းပါတယ်။
-
4:28 - 4:30ဒါ ဘယ်တုန်းကမှ မဖြစ်ဖူးပါဘူး
-
4:30 - 4:32ရေခဲပျော်တယ်၊
-
4:32 - 4:33ရေခဲမုန့် ပျော်တယ်၊
-
4:33 - 4:35တာယာ ပြားချပ်တယ်
-
4:35 - 4:40အကြောင်းက ဒီအဆင့်တွေမှာ မူလအဆင့်တွေထက်
စွမ်းအင်ဖြန့်ထွက်မှု ပိုများလို့ပါ။ -
4:40 - 4:44စနစ်ကို ပိုမြင့်တဲ့ အန်ထရောပီဆီသို့
တွန်းပို့ပေးတဲ့ ထူးဆန်းတဲ့ အား မရှိပါဘူး။ -
4:44 - 4:49ဒါက ပိုမြင့်တဲ့ အန်ထရောပီက စာရင်းအင်းနည်း
အရ အမြဲတမ်း အလားအလာပိုများတယ် ဆိုရုံပါ။ -
4:49 - 4:52ဒါကြောင့်ပဲ အန်ထရောပီကို
အချိန်ရဲ့မြား လို့ခေါ်ပါတယ်။ -
4:52 - 4:57စွမ်းအင်မှာ ပြန့်ထွက်ဖို့ အခွင့်အရေးရှိရင်
ပျံ့ထွက် ပါလိမ့်မယ်။
- Title:
- အင်ထရောပီ ဆိုတာ ဘာလဲ - Jeff Phillips
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/what-is-entropy-jeff-phillips။
ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တွေအတွက် အလွန်အရေးပါတဲ့ အယူအဆ တစ်ရပ်ရှိပါတယ်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေဟာ တလမ်းသွားဖြစ်ရခြင်း အကြောင်းတွေဖြစ်တဲ့ ရေခဲဆိုပျော်တဲ့ အကြောင်း၊ ကော်ဖီထဲမှာ ရေခဲမုန့် ပျော်ကျတဲ့ အကြောင်း၊ တာယာ အပေါက် တစ်ပေါက်မှ စိမ့်ထွက်သွားတဲ့ လေတွေအကြောင်းကို ကူညီဖြေရှင်းပါတယ်။ ထိုအရာက အင်ထရောပီ ဖြစ်ပြီး အဲဒါဟာ ကျုပ်တို့ ဦးနှောက်နဲ့ နားလည်ရန် အင်မတန်မှ ခက်ခဲပါတယ်။ Jeff Phillips က အင်ထရောပီ အကြောင်းကို ထိထိမိမိ သင်ခန်းစာတစ်ခု အဖြစ် ဖော်ပြပေးထားပါတယ်။
သင်ခန်းစာတင်ဆက်သူ- Jeff Phillips, ရုပ်သံလှုပ်ရှားမှုပုံရိပ်- Provincia Studio.
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:20
![]() |
sann tint approved Burmese subtitles for Entropy - Jeff Phillips | |
![]() |
sann tint edited Burmese subtitles for Entropy - Jeff Phillips | |
![]() |
Myo Aung accepted Burmese subtitles for Entropy - Jeff Phillips | |
![]() |
Myo Aung edited Burmese subtitles for Entropy - Jeff Phillips | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Entropy - Jeff Phillips | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Entropy - Jeff Phillips | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Entropy - Jeff Phillips | |
![]() |
Myo Aung declined Burmese subtitles for Entropy - Jeff Phillips |