သမိုင်းရဲ့ ပထမဆုံး အင်ပါယာ၏ ပေါ်ထွန်းမှုနှင့် ပျက်စီးမှု။ Soraya Field Fiorio
-
0:08 - 0:13သမိုင်းရဲ့ ပထမဆုံးအင်ပါယာဟာ သီးနှံတွေ ဖြစ်
ထွန်းဖို့ မိုးရေမရှိ၊ အိမ်ယာဆောက်လုပ်ဖို့ -
0:13 - 0:19သစ်ပင်တွေ၊ ကျောက်တုံးတွေ မရှိတဲ့ ပူပြင်း၊
ခြောက်သွေ့တဲ့မြေပြင်ကနေ ပေါ်ထွန်းခဲ့တယ်။ -
0:19 - 0:24အားလုံးကင်းမဲ့ပေမဲ့ မှီတင်းနေထိုင်သူတွေဟာ
ကမ္ဘာ့ ပထမဆုံး မြို့ကြီးတွေကို -
0:24 - 0:28ခံ့ညားတဲ့ ဗိသုကာဖြင့်တည်ဆောက်ခဲ့ကြပြီး
နေထိုင်ခဲ့ကြတဲ့ လူဦးရေတွေ များပြားခဲ့တယ်။ -
0:28 - 0:33ရွံ့မြေချည်း သက်သက်ကနေ
တည်ဆောက်ခဲ့ကြတာပါ။ -
0:33 - 0:36ဆူမားဟာ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့
ဒေသတွင်းက ခေတ်သစ် အီရန်ရဲ့ -
0:36 - 0:39တောင်ဘက်ပိုင်းကို နေရာယူခဲ့တယ်။
-
0:39 - 0:42မက်ဆိုပိုတေးမီးယားက "မြစ်နှစ်ခုကြား"
လို့ အဓိပ္ပာယ်ရတယ်၊ -
0:42 - 0:45တိုက်ဂရစ်နဲ့ ယူဖရေးတီးစ် မြစ်တွေပါ။
-
0:45 - 0:52ခရစ်နှစ်မတိုင်မီ ၅၀၀၀ ခန့်မှာ ဆူမေးရီးယန်း
တွေဟာ မြစ်ရေကို လမ်းကြောင်းပြောင်းကာ အရင်က -
0:52 - 0:58ခြောက်သွေ့တဲ့ မြေမှာ စိုက်ဖို့ ဆည်မြောင်း
တွေ ဆည်တွေနဲ့ ရေလှောင်ကန်တွေ သုံးခဲ့တယ်။ -
0:58 - 1:03ဒီလို စိုက်ပျိုးမွေးမြူရေး လူစုတွေဟာ ကမ္ဘာ
အနှံ့မှာ တဖြည်းဖြည်း မှိုလိုပေါက်လာနေတယ်။ -
1:03 - 1:07ဒါပေမဲ့ ဆူမေးရီးယန်းတွေက နောက်တစ်ဆင့်ကို
ပထမဆုံး တက်လှမ်းခဲ့သူတွေပါ။ -
1:07 - 1:09မြစ်ရွှံ့မြေကနေ လုပ်တဲ့
မြေစေးအုတ်တွေကို သုံးရင်း -
1:09 - 1:13အထပ်များစွာပါတဲ့ အိမ်တွေနဲ့
ဘုရားကျောင်းတွေ စတင်ဆောက်လုပ်ခဲ့တယ်။ -
1:13 - 1:15ဘီးကို တီထွင်ခဲ့ကြတယ်။
-
1:15 - 1:20ရွှံ့မြေကို အိမ်သုံးပစ္စည်းတွေနဲ့ကိရိယာတွေ
အဖြစ် ပြောင်းပေးတဲ့ အိုးထိန်းစက်တစ်ခုပါ။ -
1:20 - 1:24ဒီမြေစေးအုတ်တွေက ခရစ်နှစ်မတိုင်မီ
နှစ် ၄၅၀၀ ခန့်လောက်မှာ ကမ္ဘာ့ ပထမဆုံး -
1:24 - 1:28မြို့ကြီးတွေ ပေါ်ထွန်းစေခဲ့တယ်။
-
1:28 - 1:32မြို့ရဲ့ လူမှုရေးဆိုင်ရာ အဆင့်ရဲ့ထိပ်မှာ
မြင့်မြတ်တယ်လို့ မှတ်ယူခံရသူတွေဖြစ်တဲ့ -
1:32 - 1:34ဘုန်းကြီးတွေနဲ့ ယဇ်နတ်ဆရာတွေရှိတယ်၊
-
1:34 - 1:40ဒီနောက် ကုန်သည်တွေ၊ လက်မှုပညာသည်တွေ၊
လယ်သမားတွေနဲ့ ကျွန်ပြုခံရသူတွေပါ။ -
1:40 - 1:44ဆူမေးရီးယန်း အင်ပါယာမှာ
နိုင်ငံငယ်တွေလိုမျိုး လုပ်ဆောင်တဲ့ -
1:44 - 1:47ကွဲပြာ၊တဲ့ မြို့ပြနိုင်ငံတွေ ပါဝင်တယ်။
-
1:47 - 1:50ဒီနိုင်ငံတွေက ဘာသာစကားနဲ့ကိုးကွယ်
ယုံကြည်မှုအရ လျော့ရဲရဲ ဆက်ထားပေမဲ့ -
1:50 - 1:53ဗဟိုထိန်းချုပ်မှု ကင်းမဲ့တယ်။
-
1:53 - 1:57အစောဆုံး မြို့တွေက Uruk
Ur နဲ့ Eridu တို့ဖြစ်ပြီး -
1:57 - 2:00နောက်ဆုံးမှာတော့ မြို့တစ်ဒါဇင်ရှိခဲ့တယ်။
-
2:00 - 2:05တစ်မြို့စီမှာ ဘုန်းကြီးနဲ့အုပ်ချုပ်သူကြားက
ကဏ္ဍတစ်ခုကို ထမ်းဆောင်တဲ့ ဘုရင်ရှိတယ်။ -
2:05 - 2:09တစ်ခါတစ်ရံမှာ သူတို့ဟာ ပိုင်နက်သစ်တွေကို
သိမ်းယူဖို့ အချင်းချင်း တိုက်ခိုက်ကြတယ်။ -
2:09 - 2:15တစ်မြို့စီဟာ မြို့ရဲ့တည်ထောင်သူလို့
မှတ်ယူကြတဲ့ မြို့စောင့်နတ်တစ်ပါးရှိတယ်။ -
2:15 - 2:20မြို့အတွင်းက အကြီးဆုံးနဲ့ အရေးအပါဆုံး
အဆောက်အအုံက ဒီမြို့စောင့်နတ်ကွန်းပါ။ -
2:20 - 2:24အဆင့်တွေပါတဲ့ ပိရမစ်တစ်ခုလို
ပုံစံထုတ်ထားတဲ့ လေးထောင့် ဘုရားကျောင်းတစ်ခုပါ။ -
2:24 - 2:30ခရစ်နှစ်မတိုင်မီ ၃၂၀၀ ခန့်မှာ
ဆူမေးရီးယန်းတွေဟာ လက်လှမ်း ချဲ့ခဲ့တယ်။ -
2:30 - 2:34အိုးထိန်းစက်ဟာ နှစ်ဘီးလှည်းတွေနဲ့
လေးဘီးလှည်းတွေမှာ နေရာသစ်တစ်ခု ရသွားတယ်။ -
2:34 - 2:38ကျူပင်တွေနဲ့ စွန်ပလွန် ရွက်တွေကနေ
လှေတွေကို တည်ဆောက်ခဲ့တယ်။ -
2:38 - 2:43မြစ်နဲ့ ပင်လယ်ကနေ ဧရာမ အကွာအဝေးတွေဆီ
သူတို့ကို သယ်ဆောင်တဲ့ ပိတ်စရွက်တွေနဲ့ပါ။ -
2:43 - 2:47ရှားပါးတဲ့ ရင်းမြစ်တွေကို အပိုဆောင်းဖို့
ကုန်သွယ်ရေး ကွန်ရက်တစ်ခုကို -
2:47 - 2:51အီဂျစ်၊ အနာတိုးလီးယား၊ အီသီယိုပီးယားမှာ
ပေါ်လာတဲ့ဘုရင်နိုင်ငံတွေနဲ့ ဆောက်ခဲ့တယ် ၊ -
2:51 - 2:58ရွှေ၊ငွေ၊ ကြည်ပြာရောင် ကျောက်မျက်၊
သစ်ကတိုးတွေ တင်သွင်းခဲ့တယ်။ -
2:58 - 3:00ကုန်သွယ်မှုက ကမ္ဘာ့ ပထမဆုံး အရေးအသားစနစ်
-
3:00 - 3:04တီထွင်မှုအတွက်တော့ အလားအလာမရှိတဲ့
တွန်းအားပါ။ -
3:04 - 3:07ဒါက အပြင်က ကုန်သည်တွေနဲ့ စီးပွားလုပ်တဲ့
ဆူမေးရီးယန်း ကုန်သည်တွေအတွက် -
3:07 - 3:10စာရင်းကိုင် စနစ်တစ်ခုအဖြစ် စတင်ခဲ့တယ်။
-
3:10 - 3:14နှစ်ရာအနည်းငယ် အကြာမှာ ကျူနီဖောင်း
လို့ခေါ်တဲ့ အစောပိုင်း အရုပ်စာစနစ်က -
3:14 - 3:17အက္ခရာတစ်ခု အဖြစ်ပြောင်းသွားတယ်။
-
3:17 - 3:20ဆူမေးရီးယန်းတွေဟာ ပထမဆုံး
ရေးသားထားတဲ့ ဥပဒေတွေကိုရေးဆွဲခဲ့တယ် -
3:20 - 3:25အရေးအသား အတတ်ကို သင်ပေးဖို့
ပထမဆုံး ကျောင်းစနစ်ကို ဖန်တီးခဲ့ကာ -
3:25 - 3:31ဗျူရိုကရေစီနဲ့အခွန်တွေလို စိတ်လှုပ်ရှားစရာ
ပိုနည်းတဲ့ တီထွင်မှုတွေကို အစပျိုးခဲ့တယ်။ -
3:31 - 3:35ကျောင်းတွေမှာ အရုဏ်တက်ကနေ ညနေအထိ
ရှေးစာတွေ လေ့လာခြင်းက -
3:35 - 3:38ကလေးဘဝကနေ လူကြီးဘဝရောက်တဲ့အထိပါ။
-
3:38 - 3:42သူတို့ဟာ စာရင်းကိုင်၊ သင်္ချာကို သင်ယူပြီး
စာပေလက်ရာတွေ၊ဓမ္မတေးတွေ၊ဒဏ္ဍာရီတွေ၊ -
3:42 - 3:47စကားပုံတွေ၊ တိရစ္ဆာန်ပုံပြင်တွေ၊
မှော်မန္တန်တွေနဲ့ အုတ်ကမ္ပည်းချပ်တွေပေါ်က -
3:47 - 3:51ပထမဆုံး မော်ကွန်းကဗျာတွေကို ကူးယူခဲ့တယ်။
-
3:51 - 3:54ဒီကမ္ပည်းချပ်တချို့က ဒဏ္ဍာရီပုံပြင်တွေရဲ့
ပုဂ္ဂိုလ်လည်းဖြစ်တဲ့ -
3:54 - 4:00Uruk မြို့ရဲ့ ဘုရင် Gilgamesh ရဲ့
ဇာတ်လမ်းကို ပြောပြတယ်။ -
4:00 - 4:06ဒါပေမဲ့ BCE တတိယ ထောင်စုနှစ်မှာ ဆူမားဟာ
အနီးဝန်းကျင်က အင်ပါယာတင်မဟုတ်တော့ဘဲ -
4:06 - 4:08မက်ဆိုပိုတေးမီးယားမှာတောင်ပါ။
-
4:08 - 4:14လှည့်လည်နေထိုင်တဲ့ လူမျိုးစု အသုတ်တွေဟာ
မြောက်၊အရှေ့ကနေ ဒေသတွင်းကို တသဲသဲဝင်လာတယ်။ -
4:14 - 4:18အသစ်ဝင်လာသူတချို့က ဆူမေးရီးယန်းတွေကို
လေးစားပြီး သူတို့ရဲ့နေထိုင်ပုံကိုခံယူရင်း -
4:18 - 4:22သူတို့ကိုယ်ပိုင် ဘာသာစကားတွေကို ဖော်ပြဖို့
ကျူနီဖောင်းစာကို အသုံးပြုကြတယ်။ -
4:22 - 4:29၂၃၀၀ BCE မှာ အက်ကာဒီယန်းဘုရင် ဆာဂွန်ဟာ
ဆူမေးရီးယန်း မြို့ပြနိုင်ငံတွေကိုသိမ်းတယ်။ -
4:29 - 4:32ဒါပေမဲ့ ဆာဂွန်က ဆူမေးရီးယန်း
ယဉ်ကျေးမှုကို လေးစားပြီး -
4:32 - 4:37အက်ကာဒီယန်းတွေနဲ့ ဆူမေးရီးယန်းတွေဟာ
ရာစုနှစ်တွေချီကာ ယှဉ်တွဲ တည်ရှိခဲ့တယ်။ -
4:37 - 4:41အခြား ကျူးကျော်တဲ့ အုပ်စုတွက လုယက်ခြင်းနဲ့
ဖျက်ဆီးခြင်းကို အာရုံစိုက်ခဲ့ကြတယ်။ -
4:41 - 4:44ဆူမေးရီယန်း ယဉ်ကျေးမှု ပျံ့နှံတဲ့
တစ်ချိန်တည်းမှာပဲ -
4:44 - 4:52ကျူးကျော်မှုတွေရဲ့ ပုံမှန် သတ်ဖြတ်မှုက
ဆူမေးရီးယန်းတွေကို ၁၇၅၀BCE အထိသုတ်သင်တယ်။ -
4:52 - 4:56ဒီနောက်မှာတော့ ဆူမားဟာ သဲကန္တာရ
ဖုန်အတွင်းမှာ ပြန်ကွယ်ပျောက်သွားခဲ့ပြီး -
4:56 - 5:00၁၉ ရာစုမှသာ ပြန်လည်တွေရှိခဲ့တာပါ။
-
5:00 - 5:04ဒါပေမဲ့ ဆူမေးရီးယန်း ယဉ်ကျေးမှုက
နှစ်ထောင်ချီကာ ရှင်သန်ခဲ့တယ်။ -
5:04 - 5:09ပထမ အက်ကာဒီးယန်းတွေကနေ
အက်ဆီးရီးယန်း၊ ဘေဘီလုံတွေအထိပါ။ -
5:09 - 5:13ဘေဘီလုံတွေက ဆူမေးရီးယန်းတွေကို
ဟီဗရူး၊ဂရိနဲ့ ရိုမန် ယဉ်ကျေးမှုတွေကနေ -
5:13 - 5:17တီထွင်မှုတွေနဲ့ အစဉ်အလာတွေကို
လက်ဆင့်ကမ်းပေးခဲ့တယ်။ -
5:17 - 5:19တချို့က ယနေ့တိုင် ဆက်ရှိနေဆဲပါ။
- Title:
- သမိုင်းရဲ့ ပထမဆုံး အင်ပါယာ၏ ပေါ်ထွန်းမှုနှင့် ပျက်စီးမှု။ Soraya Field Fiorio
- Speaker:
- Soraya Field Fiorio
- Description:
-
သမိုင်းရဲ့ ပထမဆုံး အင်ပါယာဟာ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းဖို့အတွက် မိုးရေမရှိ၊ အိမ်တွေဆောက်ဖို့အတွက် သစ်ပင်တွေ၊ ကျောက်တုံးတွေ မရှိတဲ့ ပူပြင်း၊ ခြောက်သွေ့တဲ့ မြေပြင်အနေအထားမှာ ပေါ်ထွန်းခဲ့တာပါ။ အားလုံး ကင်းမဲ့ခဲ့ပေမဲ့ အဲဒီမှာ မှီတင်းနေထိုင်သူတွေဟာ ကမ္ဘာ့ ပထမဆုံး မြို့ကြီးတွေကို ခံ့ညားတဲ့ ဗိသုကာတွေကို တည်ဆောက်ခဲ့ကြပီး များပြားတဲ့ လူဦးရေတွေ နေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ရွံ့မြေချည်းသက်သက်ကနေ တည်ဆောက်ခဲ့ကြတာပါ။ Soraya Field Fiorio ကနေပြီး ဆူမေးရီးယန်း အင်ပါယာရဲ့ အတက်နဲ့ အကျကို အသေးစိတ် ဖေါ်ပြထားပါတယ်။
သင်ခန်းစာကို Soraya Field Fiorio က ပြုစုပြီး Tomás Pichardo-Espaillat က ရိုက်ကူးထားတာပါ။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:21
![]() |
sann tint approved Burmese subtitles for The rise and fall of history's first empire | |
![]() |
Myo Aung accepted Burmese subtitles for The rise and fall of history's first empire | |
![]() |
Myo Aung edited Burmese subtitles for The rise and fall of history's first empire | |
![]() |
sann tint edited Burmese subtitles for The rise and fall of history's first empire | |
![]() |
sann tint edited Burmese subtitles for The rise and fall of history's first empire | |
![]() |
sann tint edited Burmese subtitles for The rise and fall of history's first empire | |
![]() |
sann tint edited Burmese subtitles for The rise and fall of history's first empire | |
![]() |
sann tint edited Burmese subtitles for The rise and fall of history's first empire |