အလိုအလျောက် ဆုံချက်ချိန်ပေးတဲ့ အနာတ်ဂတ် စာကြည့်မျက်မှန်များ။
-
0:01 - 0:03ကျွန်တော်တို့ တစ်ဦးစီဟာ ကျွန်တော်တို့
-
0:03 - 0:07နေ့စဉ် မှီခိုနေတဲ့ အရာတစ်ခုကို ဆုံးရှုံး
ကြလိမ့်မယ် (သို့) ဆုံးရှုံးခဲ့ပြီးပါပြီ။ -
0:07 - 0:10ကွန်တော် တကယ့်ပြောနေတာက
သော့တွေအကြောင်းပါ။ -
0:10 - 0:11(ရယ်သံများ)
-
0:11 - 0:12နောက်တာပါ။
-
0:12 - 0:16တကယ် ဆွေးနွေးချင်တာက ကျွန်တော်တို့ရဲ့
အရေးအကြီးဆုံး အာရုံဖြစ်တဲ့ အမြင်အာရုံပါ။ -
0:16 - 0:19လုံးဝ ဆုံချက်ချိန်လို့
မရတော့တဲ့အထိ မျက်လုံး -
0:19 - 0:20ပြန်လည်ချိန်ညှိနိုင်စွမ်း
-
0:20 - 0:23နေ့စဉ် နည်းနည်းချင်းစီ ဆုံးရှုံးတယ်။
-
0:23 - 0:25ဒါကို condition presbyopia လို့ခေါ်ပြီး
-
0:25 - 0:27ဒါက ကမ္ဘာတစ်လွှားက လူဘီလီယံ
နှစ်သန်းကို ထိခိုက်စေတယ်။ -
0:27 - 0:30ဒါ မှန်ပါတယ်။ ဘီလီယံလို့ ပြောတာပါ။
-
0:30 - 0:31သင်ဟာ အနီးမှုန်ရောဂါကို မကြားဖူးဘဲ
-
0:31 - 0:34"ဒီလူ နှစ်ဘီလီယံက ဘယ်မှာလဲ" လို့
သင်တွေးနေမိတယ်ဆိုရင် -
0:34 - 0:36ဒီမှာ အသေးစိတ်မသွားခင်
အရိပ်အမြွက်တစ်ခုပါ။ -
0:36 - 0:40ဒါက လူတွေ စာကြည့်မျက်မှန် (သို့)
အနီးအဝေး မျက်မှန်တွေတပ်တဲ့အကြောင်းပါ။ -
0:40 - 0:42အနီးမှုန်မှုဆီ ခုန်ကျော်သွားတဲ့
ပြန်ဆုံချက်ချိန်နိုင်စွမ်း -
0:42 - 0:44ဆုံးရှုံးမှု သရုပ်ဖော်နဲ့ စမယ်။
-
0:44 - 0:46မွေးကင်းစအနေနဲ့ ဆန္ဒရှိမယ်ဆို သင်ဟာ
-
0:46 - 0:48ခြောက် စင်တီမီတာ ခွဲလောက် အနီးကို
-
0:48 - 0:50စူးစိုက်နိုင်လိမ့်မယ်။
-
0:50 - 0:53၂၅ လောက်မှာတော့ ဒီစူးစိုက်မှု စွမ်းအားရဲ့
ထက်ဝက်လောက် ကျန်တယ်။ -
0:53 - 0:54၁၀ စင်တီမီတာလောက်ပေါ့။
-
0:54 - 0:57ဒါပေမဲ့ အတော်လေး နီးသေးတော့
ခြားနားမှုကို သတိမထားမိပါ။ -
0:57 - 0:58ဒါပေမဲ့ ၄၀ နှောင်းမှာတော့
-
0:58 - 1:00သင် အနီးဆုံး စူးစိုက်နိုင်တာက
၂၅ စင်တီမီတာလောက်ပါ။ -
1:00 - 1:02ဒါထက် ပိုဝေးနိုင်တာပေါ့။
-
1:02 - 1:04အဒီထက် ကျော်လွန်ပြီး စူးစိုက်နိုင်စွမ်း
ဆုံးရှုံးမှုက -
1:04 - 1:06စာဖတ်တာလို အနီးကပ် အမြင်
အလုပ်တွေကို စထိခိုက်ကာ -
1:06 - 1:08အသက် ၆၀ ရောက်ချိန်မှာတော့
-
1:08 - 1:10သင့်ရဲ့အချင်းဝက် တစ်မီတာအတွင်း
ဘာမှ မရှင်းလင်းဘူး။ -
1:10 - 1:12လောလောဆယ် တချို့တွေ
တွေးနေလောက်တာက -
1:12 - 1:16ဆိုးပုံရပေမဲ့ သူက တင်စားတဲ့
သဘောတစ်ခုနဲ့ ဆိုလိုတာ၊ -
1:16 - 1:19အနှီးမှုန်တာနဲ့ အဆုံးသတ်သွားတဲ့
လူတွေအတွက်ပဲလို့ပေါ့။ -
1:19 - 1:24ဒါပေမဲ့ မဟုတ်ဘူး။ သင်တို့တစ်ဦးစီဟာ
ဖြစ်ပြီးသား မဟုတ်ရင် -
1:24 - 1:27တစ်နေ့မှာ အနီးမှုန်ရောဂါ
ဖြစ်မယ်လို့ ပြောတာပါ။ -
1:27 - 1:28ဒါက အနှောင့်အယှက်ဖြစ်ပုံပါ။
-
1:28 - 1:32သတိပေးချင်တာက အနီးမှုန်ရောဂါက
လူ့သမိုင်းတစ်လျှောက်လုံး ရှိခဲ့ပြီး -
1:32 - 1:35ဒါကို ပြင်ဆင်ဖို့ မတူတဲ့ အရာအမျိုးမျိုးနဲ့
ကြိုးစားခဲ့ဘူးကြတာပါ။ -
1:35 - 1:39ဒီတော့ အစအနေနဲ့ သင်ဟာ ခုံတစ်ခုံမှာ ထိုင်၊
စာဖတ်နေတယိလို့ စိတ်ကူးကြည့်ပါ။ -
1:39 - 1:40သင်ဟာ အနီးမှုန်ရင်
-
1:40 - 1:42ဒီလိုမျိုးပုံ နည်းနည်းပေါက်နိုင်တယ်။
-
1:42 - 1:45အနီးမှာရှိတာတိုင်း
ဥပမာ မဂ္ဂဇင်းဟာ ဝါးနေမယ်။ -
1:45 - 1:46အဖြေတွေကို ရှာကြည့်ရမယ်။
-
1:46 - 1:48ပထမ စာဖတ်မျက်မှန်တွေ။
-
1:48 - 1:50ဒါတွေက အနီးရှိ အရာဝတ္ထုတွေကို
ဆုံချက်ကျဖို့ -
1:50 - 1:53သတ်မှတ်ဆုံချက် ပါဝါတစ်ခုနဲ့
မှန်ဘီလူးတွေပါတယ်။ -
1:53 - 1:55ဒါပေမဲ့ ဝေးတဲ့ အရာဝတ္ထုတွေက
သေချာပေါက် ဆုံချက်လွဲသွားမယ် -
1:55 - 1:58ဆိုလိုတာက ဒါတွေကို တပ်လိုက်၊
ဖြုတ်လိုက်နဲ့ -
1:58 - 2:00တချိန်လုံး လုပ်ကိုင်နေရတာပါ၊
-
2:00 - 2:01ဒီပြဿနာကို အဖြေရှာဖို့
-
2:01 - 2:04Benjamin Franklin က "နှစ်ထပ်
မျက်မှန်" ဆိုတာကို တီထွင်ခဲ့တယ်။ -
2:04 - 2:06ဒီနေ့မှာတော့ အနီအဝေး မျက်မှန်လို့ ခေါ်ပြီး
-
2:06 - 2:10ဒါတွေက အပေါ်ပိုင်းဖြတ်ကြည့်တဲ့အခါ
အဝေးကို မြင်စေပြီး -
2:10 - 2:11အောက်ဘက်ကြည့်ရင် အနီးကို မြင်စေတာပါ။
-
2:11 - 2:15ဒီနေ့မှာလည်း ဆုံချက်အားကို
အထက်မှအောက် သိမ်မွေ့စွာ ပြောင်းပေးကာ -
2:15 - 2:18လိုင်းကိုမမြင်ရဘဲ တဖြည်းဖြည်းချင်း
ပြောင်းသွားတဲ့ မှန်ဘီလူးတွေ ရှိတယ်။ -
2:18 - 2:19ဒီနှစ်ခုစလုံးအတွက် ဆိုးတာက
-
2:19 - 2:22သတ်မှတ် အကွာအဝေးတိုင်းမှာ
မြင်ကွင်းကို မမြင်ရတာပါ။ -
2:22 - 2:24အကြောင်းက ဒါက အထက်မှအောက်အထိ
ပိုင်းခြားခံထားရလို့ပါ။ -
2:24 - 2:26အဲဒါ ဘာကြောင့် ပြဿနာလဲဆိုတာသိဖို့
-
2:26 - 2:28သင်ဟာ လှေခါးတစ်စင်းမှာ
ဆင်းနေတာလို့ စိတ်ကူးကြည့်ပါ။ -
2:28 - 2:32ခြေကုတ်ချဖို့ သင်ငုံ့ကြည့်ပေမဲ့
ဝါးနေတယ်။ -
2:32 - 2:33ဘာကြောင့် ဝါးနေမှာလဲ။
-
2:33 - 2:37ကောင်းပါပြီ၊ သင် ငုံကြည့်လိုက်တော့
မှန်ဘီလူးရဲ့ အထက်ပိုင်းနားဖြစ်ခဲ့ပေမဲ့ -
2:37 - 2:39လှေခါးထစ်က လက်တစ်ဆန့်ရှိပြီး နီးနေပေမဲ့
-
2:39 - 2:41မျက်လုံးက အဝေးကြည့်နေရာမှ ကြည့်နေလို့ပါ။
-
2:41 - 2:44ထောက်ပြချင်တဲ့ နောက်ဖြေရှင်းနည်းက
နည်းနည်း လူသိနည်းပေမဲ့ -
2:44 - 2:47မျက်ကပ်မှန်တွေ (သို့) LASIK
ခွဲစိတ်မှုတွေ လုပ်ထားတာ၊ -
2:47 - 2:48အဲဒါ monovision လို့ ခေါ်ပါတယ်။
-
2:48 - 2:51အဓိက မျက်လုံးက အဝေးကို
အခြားမျက်လုံးက အနီးကို -
2:51 - 2:52စူးစိုက်ဖို့ သတ်မှတ်တပ်ဆင်လိုက်တာပါ။
-
2:52 - 2:55ဦးနှောက်က မျက်လုံးတစ်လုံးစီရဲ့
အမြင်မှ အထင်ဆုံး -
2:55 - 2:57အပိုင်းတွေကို ပညာသားပါပါ စုစည်းပေးပေမဲ့
-
2:57 - 2:59မျက်လုံးနှစ်လုံးက နည်းနည်း
မတူတာတွေကို မြင်တော့ -
2:59 - 3:02အကွာအဝေးတွေကို မျက်လုံးနှစ်လုံးနဲ့
အကွာအဝေးမှန်းဖို့ ခက်ပါတယ်။ -
3:02 - 3:03ဒီတော့ ဘယ်နေရာ လစ်ဟာနေလဲ။
-
3:03 - 3:05ဖြေရှင်းနည်းတွေအများကြီး ရှိပေမဲ့
-
3:05 - 3:08တစ်ခုကမှ သဘာဝ ပြန်လည်
ချိန်ညှိခြင်းကို လုပ်မပေးနိုင်ဘူး။ -
3:08 - 3:10တစ်ခုကမှ တစ်ခုခုကို ကြည့်ရင်
ဆုံချက်ကျမယ်လို့ -
3:10 - 3:11မျှော်လင့် မရနိုင်ပါ။
-
3:11 - 3:13ဒါပေမဲ့ ဘာကြောင့်လဲ။
-
3:13 - 3:14ကောင်းပြီ၊ ရှင်းပြဖို့
-
3:14 - 3:17လူ့မျက်လုံးရဲ့ ခန္ဓာဗေဒကို
တစ်ချက် ကြည့်စေချင်ပါတယ်။ -
3:17 - 3:20မျက်လုံးရဲ့ ဒီအပိုင်းက မတူတဲ့ အရာတွေကို
ပြန်ချိန်ညှိခွင့်ပေးတာက -
3:20 - 3:22ကြည်စင်တဲ့ မျက်စိမှန်ခုံး ရှိပါတယ်။
-
3:22 - 3:26မျက်စိမှန်ခုံး တစ်ဝိုက်ရှိ ကြွက်သားတွေက
မှန်ခုံးပုံစံကို အမျိုးမျိုး ပြောင်းပေးကာ -
3:26 - 3:28မှန်ခုံးရဲ့ ဆုံချက်ပါဝါကို ပြောင်းပေးတယ်။
-
3:28 - 3:30လူတစ်ယောက် အနီးမှုန်လာတဲ့အခါ
ဘာဖြစ်တတ်လဲ။ -
3:30 - 3:32ဖြစ်သွားတာက ကြည်စင်တဲ့
မျက်စိမှန်ခုံးတွေဟာ -
3:32 - 3:35ပုံသဏ္ဌာန်ကို ပြောင်းမရအောင်
မာကျောကာ တောင့်သွားပါတယ်။ -
3:35 - 3:39အခု စောစောက စာရင်းလုပ်ထားတဲ့
ဖြေရှင်းနည်းအားလုံးကို ပြန်တွေးကြည့်ရင် -
3:39 - 3:43၎င်းတို့ဟာ တစ်ခုနဲ့တစ်ခု တူညီတာတစ်ခုခု
ရှိနေတာ တွေ့နိုင်ပေမဲ့ -
3:43 - 3:44မျက်လုံးတွေနဲ့တော့ မတူကြဘူး
-
3:44 - 3:46ဒါအားလုံးက ပုံသေ တည်ငြိမ်နေကလို့ပါ။
-
3:46 - 3:49ဒါက သစ်သားခြေတုနဲ့ ပင်လယ်
ဓားပြရဲ့ အမြင်ပိုင်း တူညီမှုလိုပါ။ -
3:49 - 3:52ခေတ်ပေါ် ခြေထောက်အတုတစ်ခုရဲ့
အမြင်ပိုင်း တူညီမှုက ဘာလဲ။ -
3:52 - 3:56လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ
"ဆုံချက်ညှိရနိုင်တဲ့ မှန်ဘီလူးတွေ"ခေါ်တဲ့ -
3:56 - 3:58ဖန်တီးမှုနဲ့ မြန်ဆန်တဲ့
တိုးတက်မှုတွေကို မြင်ရတယ်။ -
3:58 - 4:00ဒါတွေက ပုံစံမျိုးစုံရှိတယ်။
-
4:00 - 4:02စက်ပိုင်းအရ ပြောင်းတဲ့ Alvarez မှန်တွေ
-
4:02 - 4:03ပုံပြောင်း ကြည်လင်တဲ့ အရည်မှန်တွေ
-
4:03 - 4:06လျှပ်စစ်အရ ပြောင်းတဲ့
ကြည်လင်တဲ့ပုံဆောင်ခဲမှန်တွေပါ။ -
4:06 - 4:08အားလုံးမှာ အတိုးအလျော့တွေရှိပေမဲ့
-
4:08 - 4:10၎င်းတို့ ဖြည့်ဆည်းမပေးနိုင်တာက အမြင်ပိုင်း
အတွေ့အကြုံပါ။ -
4:10 - 4:14လိုချင်တဲ့ နေရာတိုင်း ရှင်းလင်းပြတ်သး
ရမယ့် မြင်ကွင်းအပြည့် မြင်နိုင်စွမ်းပါ။ -
4:14 - 4:16ကောင်းလိုက်တာ၊ လိုအပ်တဲ့ မှန်တွေ
ရှိနေပြီပေါ့။ -
4:16 - 4:18ပြဿနာ ရှင်းသွားပြီလား။
-
4:18 - 4:19ဒီလောက် မမြန်ပါဘူး။
-
4:19 - 4:22ဆုံချက်ချိန်မှန်တွေက ညီမျှခြင်းကို
နည်းနည်း ပိုရှုပ်သွားစေတယ်။ -
4:22 - 4:26မှန်တွေက အကွာအဝေး ဘယ်လောက်မှာ ဆုံချက်
ကိုက်ပေးရမှာကို သိနိုင်တဲ့နည်းလမ်းမရှိဘူး။ -
4:26 - 4:27လိုအပ်တဲ့ မျက်မှန်တွေက
-
4:27 - 4:30အဝေးကို ကြည့်တဲ့အခါ
အဝေးက အရာ ဝတ္ထုတွေဟာ ပြတ်သားပြီး -
4:30 - 4:31အနီးကို ကြည့်တဲ့အခါ
-
4:31 - 4:34အနီးက အရာဝတ္ထုတွေဟာ
ကိုယ်က စဉ်းစားရန်မလိုဘဲ -
4:34 - 4:36မြင်ကွင်းထဲမှာ ဆုံချက်ကျနေတာတွေပါ။
-
4:36 - 4:38လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
Stanford မှာ လုပ်ခဲ့တာက -
4:38 - 4:41ဒီမှန်တွေတစ်ဝိုက်မှာ တိကျတဲ့
အသိဉာဏ် တည်ဆောက်ပေးခြင်းပါ။ -
4:41 - 4:44ဆုံချက်ချိန်အကွာအဝေးကို ခန့်မှန်းဖို့
ရှေ့ပြေးပုံစံက အမြင်ပိုင်းနဲ့ ပကတိကို -
4:44 - 4:46ဆပွားတဲ့ စနစ် နည်းပညာကနေ ယူတယ်။
-
4:46 - 4:50မျက်လုံးတွေ ဘယ်ဆီ စူးစိုက်နေကြောင်း
ပြောနိုင်တဲ့ မျက်စိခြေရာခံ ကိရိယာရှိတယ်။ -
4:50 - 4:53ဒီနှစ်ခုကို သုံးပြီး ငေးကြည့်နေတဲ့
နေရာကို တြိဂံဖွဲ့ တိုင်းကြည့်ကာ -
4:53 - 4:54ဆုံချက်ကို ခန့်မှန်းနိုင်တယ်။
-
4:54 - 4:56ဒါပေမဲ့ လိုရမယ်ရ တိုးစိတ်ချရဖို့
-
4:56 - 4:58အကွာအဝေး အာရုံခံကိရိယာကို ထည့်ထားတယ်။
-
4:58 - 5:00အာရုံခံက ကမ္ဘာကို ထွက်ကြည့်တဲ့
ကင်မရာဖြစ်ပြီး -
5:00 - 5:02အရာတွေရဲ့ အကွာအဝေးကို
သတင်းပို့တယ်။ -
5:02 - 5:05အကွာအဝေး ခန့်မှန်းနိုင်ဖို့
သင်ငေးတဲ့ ဘက်ကို ဒုတိယအကြိမ် -
5:05 - 5:06ထပ်ပြီး အသုံးပြုနိုင်တယ်။
-
5:06 - 5:08အကွာအဝေးခန့်မှန်းခြေနှစ်ခုကို ပေါင်းကာ
-
5:08 - 5:10ဆုံချက်ချိန်တဲ့ မှန်ပါဝါကို
လိုအပ်သလို မွမ်းမံတယ်။ -
5:10 - 5:13နောက်တစ်ဆင့်ကတော့
ကိရိယာကို လူအစစ်တွေမှာ စမ်းသပ်ဖို့ပါ။ -
5:13 - 5:17ဒါနဲ့ အနီးမှုန် အယောက် ၁၀၀ လောက်ကို
စုပြီး ကိရိယာကို စမ်းခိုင်းစဉ် -
5:17 - 5:18သူတို့ရဲ့လုပ်ဆောင်မှုကို တိုင်းတာတယ်။
-
5:18 - 5:22ဒီအချိန်က စိတ်ကျေနပ်စေတဲ့ တွေ့ရှိမှုက
autofocals တွေက အနာဂတ်ဆိုတာပါ။ -
5:22 - 5:25ပါဝင်သူတွေဟာ ပိုရှင်းရှင်းမြင်ပြီး
ပိုမြန်မြန် ဆုံချက်ချိန်နိုင်တယ်။ -
5:25 - 5:28လက်ရှိ ပြင်ဆင်မှုထက်
ပိုလွယ်၊ ပိုကောင်းတဲ့ ဆုံချက်ချိန်တဲ့ -
5:28 - 5:30
အတွေ့အကြုံလို့ ထင်ကြတယ်။ -
5:30 - 5:32ရှင်းရှင်းဆိုရရင် အမြင်လို့ဆိုတဲ့အခါ
-
5:32 - 5:35autofocals တွေက ယနေ့ သုံးနေတဲ့
အငြိမ် ပြင်ဆင်မှုတွေလို ညှိမပေးဘူး။ -
5:35 - 5:37ဒါပေမဲ့ ကြိုပြီး ရှေ့မရောက်ချင်ဘူး။
-
5:37 - 5:40ကျွန်တော်နဲ့ လုပ်ဖော်တွေမှာ
လုပ်စရာ အများကြီး ကျန်သေးတယ်။ -
5:40 - 5:42ဥပမာ ကျွန်တော်တို့ မျက်မှန်တွေဟာ နည်းနည်း
-
5:42 - 5:43(ရယ်သံများ)
-
5:43 - 5:44ဝန်ကျယ်နေလောက်တယ်မို့လား။
-
5:44 - 5:48ဒါအတွက် အကြောင်းရင်းတစ်ခုက
သုတေသန (သို့) လုပ်ငန်းမှာ သုံးဖို့ -
5:48 - 5:51မကြာခဏ ရည်ရွယ်တဲ့
ပိုဝန်ကျယ်တဲ့ ကိရိယာတွေ သုံးထားလို့ပါ။ -
5:51 - 5:53နောက်တစ်ခုက အရာတိုင်းကို
ချည်လိုက်ဖို့ လိုတာပါ။ -
5:53 - 5:57အကြောင်းက လက်ရှိ မျက်စိခြေရာခံတဲ့
အယ်ဂိုရစ်သမ်က လိုအပ်တဲ့ ကြံ့ခိုင်မှုမရှိပါ -
5:57 - 5:58ဒီတော့ ရှေ့ဆက်ရင်းနဲ့
-
5:58 - 6:00သုတေသနကနေ ကနဦး
လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်စဉ် -
6:00 - 6:02အနာဂတ် autofocals တွေကို နောက်ဆုံးမှာ
-
6:02 - 6:05ပုံမှန် မျက်မှန်တွေနဲ့
ပိုတူအောင်လုပ်ဖို့ စီစဉ်တယ်။ -
6:05 - 6:08ဒါဖြစ်ပေါ်ဖို့အတွက် မျက်စိ
ခြေရာခံရေး ဖြေရှင်းနည်းရဲ့ -
6:08 - 6:11ကြံ့ခိုင်မှုကို သိသာစွာမြှင့်တင်ဖို့ လိုမယ်။
-
6:11 - 6:15ပိုသေး၊ ပိုထိရောက်တဲ့ အီလက်ထရွန်းနစ်
မှန်တွေနဲ့ ပေါင်းစပ်ဖို့လည်း လိုမှာပါ။ -
6:15 - 6:17ဆိုလိုတာက လက်ရှိ ရှေ့ပြေးပုံစံနဲ့တောင်
-
6:17 - 6:20ယနေ့ ဆုံချက်ချိန်နိုင်တဲ့မှန် နည်းပညာဟာ
အငြိမ် ပြင်ဆင်မှု -
6:20 - 6:23အစဉ်အလာပုံစံတွေထက်
ပိုကောင်းစွာ လုပ်နိုင်တာကို ပြသတာပါ။ -
6:23 - 6:25ဒီတော့ အဓိကကျတာက အချိန်ပါပဲ။
-
6:25 - 6:27မဝေးတဲ့ အနာဂတ်မှာ ဘယ်မျက်မှန်ကို
-
6:27 - 6:30ဘယ်အချိန်မှာ သုံးဖို့ ပူပန်နေမယ့်အစား
အရေးကြီးတဲ့အရာတွေကို -
6:30 - 6:33အာရုံစိုက်နိုင် လာမယ်ဆိုတာ
အတော် ရှင်းပါတယ်။ -
6:34 - 6:35ကျေးဇူးတင်ပါတယ်။
-
6:35 - 6:37(လက်ခုပ်သံများ)
- Title:
- အလိုအလျောက် ဆုံချက်ချိန်ပေးတဲ့ အနာတ်ဂတ် စာကြည့်မျက်မှန်များ။
- Speaker:
- Nitish Padmanaban
- Description:
-
သင် အသက်ကြီးလာတာနဲ့အမျှ သင့်မျက်လုံးတွေရဲ့ ဆုံချက်ပြန်ညှိနိုင်စွမ်းဟာ တဖြည်းဖြည်း ဆုံရှုံးသွားတယ်။ လူသားကိုယ်တိုင်လို အိုမင်းလာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး အနီးကြည့်အဝေးကြည့်မျက်မှန်တွေ၊ မျက်ကပ်မှန်တွေကို အားကိုးရမှုနဲ့ နဲ့ LASIK ခွဲစိတ်မှုလို လုပ်ငန်းစဉ်တွေပေါ်လာခဲ့ရတယ်။ Nitish Padmanaban ကနေပြီး အားနည်းလာတဲ့ မျက်လုံးတွေအတွက် တကယ့်ကို နောက်ဆုံးပေါ် နည်းပညာ တစ်ခုရဲ့ ဖျတ်ခနဲ အမြင်တစ်ခုကို ပေးထားပါတယ်။ သင့်ရဲ့ အမြင်အာရုံကို ထောက်လှမ်းပြီး အနီးရော အဝေးပါ သင်မြင်တာကို ချိန်ညှိပေးတဲ့ အင်အားရှိတဲ့ အလိုအလျောက် ဆုံချက်ချိန်ပေးတဲ့ မှန်ဘီလူးတွေပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 06:51
sann tint approved Burmese subtitles for Autofocusing reading glasses of the future | ||
sann tint edited Burmese subtitles for Autofocusing reading glasses of the future | ||
Myo Aung accepted Burmese subtitles for Autofocusing reading glasses of the future | ||
Myo Aung edited Burmese subtitles for Autofocusing reading glasses of the future | ||
sann tint edited Burmese subtitles for Autofocusing reading glasses of the future | ||
sann tint edited Burmese subtitles for Autofocusing reading glasses of the future | ||
sann tint edited Burmese subtitles for Autofocusing reading glasses of the future | ||
sann tint edited Burmese subtitles for Autofocusing reading glasses of the future |