-
ဘစ်ဘန်း ဘယ်အချိန်က ဖြစ်ပေါ်ခဲ့သလဲဆိုတာကို ကျွန်တော်တ့ို အနီးစပ်ဆုံးခန့်မှန်းနိုင်တာက-
-
အမှန်က စကြဝဠာဟာ အမှတ်ထူးတစ်ခုကနေ ပြန့်ကားလာတာပဲဖြစ်လို့
-
ပေါက်ကွဲမှုလို့ သွယ်ဝိုက်ညွှန်းဆိုတဲ့ ဘစ်ဘန်းဆိုတဲ့
-
အခေါ်အဝေါ်ကိုတောင် သိပ်သဘောမတွေ့ပါဘူး
-
အမှတ်ထူး တစ်ခုကနေ စပြီးပြန်ကားလာတဲ့အချိန်ဟာ
-
နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက် ကြာပါပြီ ငွေပမာဏအများကြီးကို
-
တွက်တဲ့အခါ သုံးတဲ့ ဘီလီယံဆိုတဲ့ ကိန်းကို
-
အချိန်နဲ့တွဲသုံးတာ အံ့သြစရာ ပါပဲ ရိုးစင်းတယ်လို့ထင်ရပေမဲ့
-
အမှန်က မဟုတ်ပါဘူး နောက်သင်ခန်းစာတွေမှာ
-
အချိန်နဲ့ ပတ်သတ်ပြီး အတိုင်းအတာတွေ ပြောတဲ့အခါ
-
ဒီ ၁၃.၇ ဘီလီယံ ဆိုတာ ဘယ်လောက်ကြာတယ်
-
ဘယ်လို အတိုင်းအတာမျိုး ဖြစ်တယ်ဆိုတာ
-
စဉ်းစား ချင့်ချိန် နိုင် လာပါလိမ့်မယ်
-
နောက်တစ်ခု ပြောချင်တာက ဒီအချိန် အတိုင်းအတာဟာ
-
အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါ ကျွန်တော်
-
ဒီဘစ်ဘန်းအကြောင်းကို စသိတဲ့ အချိန်ကတည်းက
-
အခုအချိန်ထိ သိသမျှမှာ ၁၃.၇ ဘီလီယံ ဆိုတာ
-
အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါပဲ
-
နောင်တစ်ချိန် ပိုပြီး ကောင်းအောင် တိကျအောင် ခန့်မှန်းနိုင်ရင်
-
ဒီကိန်းမှာ နည်းနည်း အတိုးအလျော့ ရှိလာနိုင်မယ် ထင်ပါတယ်
-
အခုလက်ရှိမှာတော့ ဒါကအမှန်ကန်ဆုံးပါပဲ
-
ဒီတန်ဖိုးနဲ့ပဲ ကျွန်တော်တို့ လေ့လာနိုင်တဲ့ စကြဝဠာအကြောင်းကို
-
ပြောရမှာပါ
-
ဒါကြောင့် ပြန်ကားမှုဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံ လောက်က စခဲ့တယ်ဆိုရင်
-
ကျွန်တော်တို့ သုံးဘက်တိုင်း စကြဝဠာ ထဲကအရာအားလုံးဟာ
-
အမှတ်ကလေးတစ်ခု ကနေစခဲ့တာဖြစ်နိုင်ပါတယ်
-
အခု ကျွန်တော်တို့ ဆီကိုရောက်နေတဲ့ အလင်းဖိုတွန်လေးတစ်မှုံရဲ့
-
ရောက်နိုင်တဲ့ အဝေးဆုံးအကွာအေဝေးပေါ့
-
ဒါဆိုကျွန်တော်တို့ အမြင်မမှားပါဘူး
-
ဒီမှာကျွန်တော့်မျက်လုံး ဒါကမျက်တောင်မွှေး လို့ပဲ
-
ဆိုကြပါစို့
-
အခုကျွန်တော်တို့ မျက်လုံး ဒါမှမဟုတ်
-
တယ်လီစကုတ်ရဲ့ မှန်ဘီလူးကို လာထိတဲ့ အလင်းဖိုတွန်လေးရဲ့
-
ဖြတ်သန်းလာရတဲ့ အဝေးဆုံးခရီး အကွာကဝေးဟာ
-
နှစ်ပေါင်း ၁၃.၇ ဘီလီယံ ရှိပြီဆိုတာပါပဲ
-
is 13.7 billion years.
-
အရင်သင်ခန်းစာတွေမှာ လေ့လာနိုင်တဲ့ စကြဝဠာကို
-
ကျွန်တော် စက်ဝိုင်းပုံ ဆွဲပြခဲ့တယ်ထင်တယ်
-
of the observable universe,
-
I drew - it was a circle.
-
ဟုတ်တယ် ဒီလိုစက်ဝိုင်းမျိုးပါ
-
ကျွန်တော်တို့ ဆီကို ဝေးအကွာတဲ့ အရာဝတ္ထုကနေ
-
အလင်းရောက်လာတဲ့အခါ ကျွန်တော်တို့ မြင်နိုင်လာပါတယ်
-
ပုံထဲမှာ ဝေးကွာတဲ့ အရာဝတ္ထုက
-
ဒီမှာပါ အခုအဲဒီအရာဝတ္ထုရဲ့ အလင်းက ကျွန်တော်တို့
-
နေရာကို ရောက်လာဖို့ နှစ်ပေါင်း ၁၃.၇ ဘီလီယံ
-
ကြာပါတယ်
-
ဒီလို ပြောဖို့အတွက် နည်းနည်းတော့ စဉ်းစားဖို့ လိုပါတယ်
-
ဘာလို့ဆို ကျွန်တော်တို့ဟာ ကျယ်ပြန့်လာတဲ့ ဟင်းလင်းပြင်ရဲ့
-
ကြီးကျယ်တဲ့ အချိန်တွေ ခရီးအကွာအဝေးတွေကို
-
ပြောနေလို့ပါပဲ ဒီမှာတွေ့နေရတဲ့
-
အရာဝတ္ထုဟာ
-
ဒါဟာ ကျိန်းသေမုချကို
-
.
-
ကွင်းထဲထည့်ထားလိုက်မယ်
-
အလင်းနှစ် ၁၃.၇ ဘီလီယံ ဝေးတာမဟုတ်ဘူး
-
ကျွန်တော်တို့ ပိုသေးငယ်တဲ့ အချိန်တွေ
-
အကွာအဝေးတွေကို ပြောရင် ဒါကိုအနီးစပ်ဆုံး
-
ခန့်မှန်းခြေအနေနဲ့ ပြောရမှာပါ
-
စကြဝဠာရဲ့ ပြန်ကားမှုဟာ အဲလောက်ကြီးတော့
-
ခြားနားချက် မဖြစ်နိုင်ပါဘူး
-
ပိုပြီး ရှင်းအောင် ပြောပြပါမယ်
-
ဒီနေရာက အရာဝတ္ထုကိုပြောနေပေမယ့် ကျွန်တော်တို့
-
ဟင်းလင်းပြင်ထဲက ကိုအော်ဒိနိတ်တွေကို ထည့်ပြောနိုင်ပါတယ်
-
အမှန်က ဟင်းလင်းပြင်အချိန်လို့ ပြောသင့်တာပါ
-
ဘာလို့ဆို ကျွန်တော်တို့က ဒီအရာဝတ္ထုကို အချိန်တစ်ခုကနေ
-
စောင့်ကြည့်နေတာ ဖြစ်လို့ပါပဲ
-
ဒါပေမယ် ဒီကိုအော်ဒီနိတ်ဟာ ကျွန်တော်တို့ လက်ရှိနေရာကနေ
-
အလင်းနှစ် ၁၃.၇ ဘီလီယံ အကွာမှာတော့ မဟုတ်ပါဘူး
-
ဒီလိုပြောနိုင်တဲ့ အကြောင်းနှစ်ခု ရှိပါတယ်
-
ပထမအချက်က
-
အလင်းထုတ်လွတ်ခဲ့တာက နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကပါ
-
အလင်းထုတ်လွတ်တဲ့အချိန်တုန်းက ကျွန်တော်တို့ဟာ
-
အဲဒီကိုအော်ဒိနိတ်နဲ့ ပိုဲပြီး နီးစပ်ပါတယ်
-
စကြဝဠာထဲက ကျွန်တော်တို့ရဲ့ နေရာဟာ
-
အဲဒီအမှတ်လေးနဲ့ ပိုပြီး နီးစပ်ပါတယ်
-
နောက်တစ်ချက်က - ကျွန်တော် ပုံဆွဲပြမယ်
-
အမှတ်ထူး စပြီးပြန့်ကားလာတဲ့ စကြဝဠာအစ
-
အနှစ် သုံးသိန်းကို ပြန်သွားရအောင်
-
ကျွန်တော်တို့ စကြဝဠာသမိုင်းရဲ့ သက္ကရာဇ် နှစ်သုံးသိန်းကို
-
ရောက်သွားပြီလို့ဆိုပါစို့
-
စကြဝဠာရဲ့ သက်တမ်း သုံးသိန်း လောက်မှာ
-
ဘာတွေဖြစ်နေနိုင်သလဲလို့ ခန့်မှန်းကြည်ရအောင်
-
အဲဒီအချိန်က အရာဝတ္ထုတွေဟာလက်ရှိအချိန်လို ပြည်စုံတဲ့
-
ပြောင်းလဲမှုတွေမဖြစ်သေးဘူး
-
.
-
ဒါကို ကော့စမစ်မိုက်ခရိုဝေ့နောက်ခံ ရောင်စဉ်ဖြာထွက်မှု
-
အကြောင်းမှာ သေချာပြောပါမယ်
-
အဲဒီအချိန်က ဒီအမှတ်လေးဟာ
-
ပူပြင်းတဲ့ ဟိုက်ဒရိုဂျင် ပလပ်စမာ လေးတစ်ခုပါပဲ
-
.
-
ဒီအရာလေးက ထုတ်လွှတ်နေတဲ့ မိုက်ခရိုဝေ့ ဖြာထွက်မှုကို
-
နောက်သင်ခန်းစာ တွေမှ ပြောကြတာပေါ့
-
.
-
စကြဝဠာ အစပိုင်းက အမှတ်လေးနှစ်ခုကို စဉ်းစားကြည့်ရအောင်
-
စကြဝဠာရဲ့အစောပိုင်းကာလမှာ အရင်က ပြောတဲ့အမှတ်လေး အတွက်
-
ကျွန်တော်တို့နေရာကနေ ကိုအော်ဒိနိတ်တစ်ခုရှိတယ်
-
ဆိုပါစို့
-
ဗဟိုချက်တည့်တည့်မှာ မဟုတ်ပါဘူး
-
ဒါလေးက ဗဟိုမှာမဟုတ်တာ
-
မြင်သာပါတယ်
-
စကြဝဠာရဲ့ အစဦး ကာလမှာ
-
ဒီအကွာအဝေးကို တိုင်းတာကြည့်ရင်
-
အလင်းနှစ် သန်းသုံးဆယ် ပဲ
-
ကွာဝေးပါလိမ့်မယ်
-
.
-
ဒီအမှတ်က ပန်းခရမ်းရောင် အရာဝတ္ထုလေးကနေ
-
ဖိုတွန် တစ်ခု ကို
-
မိုက်ခရိုဝေ့ ကြိမ်နှုန်းနဲ့ ထုတ်လွှတ်တယ် ဆိုပါစို့
-
သူထုတ်လွှတ်တဲ့ မိုက်ခရိုဝေ့ ကြိမ်နှုန်းခွင်ကို
-
တွေ့နိုင်မယ်ဆိုပါစို့
-
ပြီးတော့ ဖိုတွန်တစ်ခုကို ထုတ်လွှတ် လိုက်ပါတယ်
-
အဲဒီဖိုတွန်က အလင်းအလျင်နဲ့ သွားပါမယ်
-
ဒါဟာ အလင်းပါပဲ
-
ဖိုတွန်လေးက ပြောတယ်
-
ငါ အလင်းနှစ် သန်းသုံးဆယ်ပဲ သွားရမှာပဲ
-
အဲဒီကို နှစ်သန်းသုံးဆယ်အတွင်း
-
ရောက်မှာပဲ
-
ကျွန်တော်ရှင်းပြပါမယ်
-
ဒီမှာတွက်တဲ့ သချာၤထက်ပိုပြီးရှုပ်ထွေးပါတယ်
-
ဒီမှာဘာတွေ ဖြစ်နေလဲဆိုတာ
-
ကျွန်တော်ပြောပြပါမယ်
-
ဖိုတွန်လေးက ပြောတယ်
-
အနှစ် ဆယ်သန်းလောက်ဆိုရင်
-
အဲဒီ ကိုအော်ဒိနိတ် ကို ငါ ရောက်နေလောက် ပြီပေါ့
-
ဒါက ငါသွားရမယ့် ခရီးအကွာအဝေးရဲ့ သုံးပုံ တစ်ပုံပဲရှိတာ
-
ဒါပေမယ်ံ အဲဒီနှစ်ဆယ်သန်းအတွင်းမှာ ဘာတွေဖြစ်သွားတာလဲ
-
အဲဒီ နှစ်ဆယ်သန်းအတွင်းမှာ စကြဝဠာက
-
နည်းနည်းပိုပြီး ပြန့်ကားလာပါတယ်
-
ကောင်းပြီ ပြန့်ကားလာတဲ့ စကြဝဠာကို
-
ကျွန်တော် ပုံဆွဲပြမယ်
-
အနှစ်ဆယ်သန်း ကြာပြီးတဲ့နောက်မှာ စကြဝဠာဟာ
-
ဒီလိုပုံစံ ဖြစ်သွားနိုင်ပါတယ်
-
အမှန်က ဒါထက်တောင် ပိုကြီး နိုင်ပါတယ်
-
ဒီလိုပဲ ဆွဲပြတာပေါ့
-
နှစ်ပေါင်း ဆယ်သန်းကြာတဲ့နောက်မှာ စကြဝဠာသည်
-
နည်းနည်းပိုပြီး ပြန်ကားလာပါတယ်
-
ဒါက နောင်လာမယ့် အနှစ်ဆယ်သန်းပါ
-
အာကာသရဲ့ အချိန်စကေး အတွင်းက
-
နုနယ်တဲ့ စကြဝဠာထဲက ဖြစ်ရပ်တစ်ခုပါပဲ ဘာလို့ဆိုတော့ ကျွန်တော်တို့က
-
နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကနေ ကြည့်ပြောနေတာ မို့လို့ပါ
-
ကောင်းပြီ အနှစ်ဆယ်သန်း ကြာပြီးတဲ့နောက် ဖြစ်လာတာတွေကို ပြန်ပြောရအောင်
-
စကြဝဠာဟာ ပိုပြန့်ကားလာပါတယ်
-
အခု ဒီမှာရှိနေတဲ့ ကိုအော်ဒိနိတ် ဟာ
-
ဒီကို ကျော်ပြီး ရောက်သွားပါမယ်
-
ဖိုတွန်ထုတ်လွှတ် လိုက်တဲ့ မူလ နေရာရဲ့
-
ကိုအော်ဒိနိတ်က ဒီနေရာမှာပါ
-
.
-
ခုနက ဖိုတွန်က ပြောတာက
-
အလင်းနှစ် ဆယ်သန်း ခရီးသွားပြီးရင် သူဒီကို
-
ရောက်နေ လောက် ပြီလို့ပါ
-
ဒါကျွန်တော် ခန်မှန်းပြီး ပြောနေရတာ ကျွန်တော် ပေးချင်တဲ့
-
အသိလေး မှားယွင်းသွားမှာစိုးလို့ပါ
-
ဖိုတွန်ရဲ့ နှစ်ပေါင်း ဆယ်သန်း ခရီးသွားပြီး
-
ရောက်နေတဲ့ ကိုအော်ဒိနိတ်ဟာ
-
အကြမ်းဖျင်းအားဖြင့် ဒီမှာပါ
-
စကြဝဠာ တစ်ခုလုံး ဟာကျယ်ပြန့်လာနေပါတယ်
-
ဒါကြောင့် ကိုအော်ဒိနိတ်တွေ အားလုံးဟာလည်း ပိုပြီးဝေးကွာလာပါတယ်
-
ပြန်ကားလာတဲ့ စကြဝဠာကြောင့် ဒီမှာ ဘာတွေ
-
ဖြစ်လာသလဲ ကြည့်ရအောင်
-
အလင်းနှစ် သန်းသုံးဆယ်ရှိခဲ့တဲ့ အကွာအဝေးဟာ
-
ဘာတွေဖြစ်လာသလဲ ဆိုတာကိုသိနိုင်ဖို့အတွက်
-
ကျွန်တော် အကြမ်းဖျင်း ခန်မှန်းထားတဲ့ ကိန်းတွေနဲ့
-
ရှင်းပြပါမယ်
-
.
-
ဒီအကွာအဝေးဟာ အလင်းနှစ်သန်းသုံးဆယ် မကတော့ပဲ
-
သန်း ၁၀၀ လောက်ဖြစ်သွားနိုင်ပါတယ်
-
အခုအကွာကဝေးဟာ သန်းတစ်ရာ လောက် ဖြစ်သွားပါတယ်
-
စကြဝဠာကတော့ ဆက်ပြီးပြန့်ကားနေဆဲပါပဲ
-
ဟင်းလင်းပြင်ကလဲ ဆက်ပြီးကျယ်ပြန့်နေပါတယ်
-
ဒါကို ထရမ်ပိုလိုင်း ဒါမှမဟုတ် ပြန့်ကားပြီး ပါးလျ လာတဲ့
-
ပူဖောင်းတစ်လုံး လိုမျိုး မြင်ယောင်ကြညါ့ပါ
-
ဒါဆို ဒီ ကိုအော်ဒိနိတ်က နှစ်ပေါင်းဆယ်သန်း ကြာပြီးတဲ့နောက်
-
အလင်းရောက်နေမယ့် နေရာပါ
-
အလင်းက ခရီးနှစ်ပေါင်း ဆယ်သန်း
-
သွားပြီးပေမယ့် အကွာအဝေးက ဆယ်သန်းထက် ပိုပြီး တိုးလာပါတယ်
-
အရင်ပြောတဲ့ အလင်းနှစ်သန်းသုံးဆယ် အကွာအဝေး
-
မဟုတ်နိုင်တော့ပါဘူး
-
ဒါကို အတိအကျ တွက်ဖို့ သချာၤက
-
ကျွန်တော် မပြီးသေးလို့ပါ
-
ဒါက အလင်းနှစ် သန်းသုံးဆယ်ကို ဖြတ်သန်းပြီးတဲ့ အမှတ်ပါ
-
အခုနေရာကို အချိုးကျကျ
-
ဖော်ပြနိုင်ဖို့တောင် မလွယ်ပါဘူး
-
ဘာလို့ဆိုတော့ ပြန်ကားမှုဟာ
-
ဖြောင့်တန်း နေတာ မဟုတ်လို့ပါ
-
ကျွန်တော် ထင်သလောက်ကတော့
-
ဒီနေရာ မဟုတ်လောက် ဘူးထင်ပါတယ်
-
ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး
-
ရှင်းပြပါမယ်
-
ဒီနေရာအထိ ကန့်လန့်ဖြတ် အကွာအဝေးဟာ
-
အလင်းနှစ် သန်းနှစ်ဆယ်လောက် ရှိနိုင်ပါတယ်
-
ဘာလို့လဲဆိုတော့ စကြဝဠာဟာ အချိန်တိုင်း ပြန့်ကားနေလို့
-
ဒီကန့်လန့်ဖြတ် အကွာအဝေးဟာ ပိုပိုပြီး ရှည်လျားလာလို့ပါ
-
ဒါကြောင့် ဖိုတွန်က နှစ်ပေါင်း ဆယ်သန်း ခရီးရောက်ခဲ့ပေမယ့်
-
ဒီကန့်လန့််ဖြတ် အကွာအဝေးဟာ
-
အလင်းနှစ် ဆယ်သန်း မကတော့လို့ပါပဲ
-
ပြန့်ကားမှုကြောင့် အလင်းနှစ် သန်း ၂၀ လောက် ကွာဝေးသွားပါတယ်
-
နောက်ပြီး ဟင်းလင်းပြင်ရဲ့ ကန့်လန့်ဖြတ်
-
အကွာအဝေးသည်လည်း အလင်းနှစ်သန်း ၂၀ မကတော့ပါ
-
အလင်းနှစ် သန်း ၈၀ လောက်ဖြစ်နေ နိုင်ပါတယ်
-
ဒီဖိုတွန်လေး အတွက် စိတ်ပျက်သွားစရာပါပဲ
-
အကောင်းမြင်တဲ့ဘက်က ကြည့်ရင်လည်း ဒီလိုပြောလို့ ရပါတယ်
-
ငါဟာ အလင်းနှစ် သန်း ၂၀ အကွာအဝေးကို
-
အနှစ် ဆယ်သန်းထဲ နဲ့ရောက်ခဲ့တာပဲ
-
အိုး ငါဟာ အလင်းထက်တောင် မြန်နေပါပေါ့လား
-
အမှန်က ဟင်းလင်းပြင်ရဲ့ ကိုအောဒိနိတ် တွေကိုယ်နှိုက် ကိုက
-
ပြန့်ကား ထွက်နေလို့ပါ
-
သူတို့ဟာ ပိုပြီးပါးလျလာပါတယ် ဖိုတွန်ကတော့ အလင်းအလျင်နဲ့
-
ခရီးသွားနေမှာပါပဲ ဒါပေမယ့် ဒီကန့်လန့်ဖြတ်
-
အကွာအဝေးရဲ့ အလင်းနှစ်ဆယ်သန်း သည်
-
အဲဒီ အကွာအဝေးထက်ပိုပြီး ကျယ်ပြန့် သွားပြီး
-
အလင်းနှစ်သန်း ၂၀ ဖြစ်သွားလို့ပါပဲ
-
ဒီနေရာမှာ ဟင်းလင်းပြင်ရဲ့ ကိုအောဒိနိတ်ကိန်းတွေကို
-
အချိန်နဲ့ မြှောက်လိုက်ရုံနဲ့ ပြန့်ကားနှုန်းကို တွက်လို့မရနိုင်ပါဘူး
-
အထူးသဖြင့် ကိုအောဒိနိတ်တွေ အချင်းချင်း
-
ဆန်ကျင်ဖက်ကို ဦးတည်ပြီး ဝေးကွာသွားတဲ့ အခါမှာပေါ့
-
ဒါဘယ်ဖက်ကို ရွေ့သွားလဲဆိုတာ တွေ့နိုင်ပါတယ်
-
အခု ဖိုတွန်လေးက ထပ်ပြောဦးမယ်
-
အင်း နောက်ထပ် အနှစ် သန်း ၄၀ ဆိုရင်တော့
-
ငါ အဲဒီကို ရောက်လောက်ပါပြီ ပေါ့
-
တကယ့် အမှန်က နောက်ထပ် အနှစ်သန်း ၄၀ ကြာတဲ့အခါ
-
အဲဒီအမှတ်က ဒီကိုရောက်နေ လောက်ပါပြီ
-
ဒီအကွာအဝေးက အလင်းနှစ် သန်း ၈၀ ဖြစ်နေလို့ပါ
-
နှစ်သန်း ၄၀ သွားပြီးတဲ့အခါ နောက်ထပ်
-
နှစ်သန်း ၄၀ ပိုပြန့်ကားလာပါမယ်
-
အချိန်နဲ့ အမျှ စကြဝဠာ ဟာပိုပိုပြီး
-
ကျယ်ပြန့် လာနေလို့ပါပဲ
-
စကြဝဠာ တစ်ခုလုံးကိုတော့ ကျွန်တော် ဆွဲမပြနိုင်ပါဘူး
-
ဖိုတွန်လေးကို စပြီး ထုတ်လွှင့်ခဲ့တဲ့
-
နေရာက ဒီနားလောက်မှာပါ
-
နှစ်ပေါင်း ၁၀ သန်းခရီးသွားခဲ့တဲ့ အလင်းရဲ့
-
လက်ရှိ နေရာက
-
ဒီနားမှာပါ
-
နှစ်သန်း ၄၀ လောက် ခရီးသွားခဲ့တဲ့ အလင်းရဲ့
-
နေရာကတော့ ဒီနားလောက်မှာပါ
-
အရင်က အမှတ်နှစ်ခု ကြားထဲက
-
အလင်းနှစ် ၁၀ သန်း အကွာအဝေးဟာ
-
အခု သန်း ၂၀ ဖြစ်နေပါပြီ
-
ဒါကတော့ ကျွန်တော်အထင်
-
အလင်းနှစ် တစ်ဘီလီယံလောက်တာင် ဖြစ်နေနိုင်ပါတယ်
-
ဒီနေရာက အကွာအဝေးကတော့
-
ပြောရရင်
-
အတော်လေးကြီးတဲ့ကိန်း ဖြစ်နိုင်ပါတယ်
-
အလင်းနှစ် သန်း ၁၀၀ လောက် ရှိမယ်ထင်တယ်
-
ဒီအကွာအဝေးကလည်း ကျွန်တော့်အထင်
-
အလင်းနှစ်သန်း ၅၀၀ လောက်ရှိနိုင်တယ်
-
ဒါကြောင့် ဒီနှစ်မှတ်ကြားထဲက အကွာအဝေးတွေ အားလုံးပေါင်းရင် အလင်းနှစ် တစ်ဘီလီယံလောက် ရှိနိုင်တယ်
-
ဖိုတွန်အတွက် ပိုပြီး ရှုပ်ထွေးသွားစရာပါပဲ
-
သူခရီးအတော် ရောက်လို့ ပြန်လှည့် ကြည့်လိုက်တဲ့ အခါမှာ
-
ငါဟာ အလင်းနှစ်သန်း ၆၀၀ ကို နှစ်သန်း ၅၀ ထဲနဲ့ ရောက်လာတာ
-
အတော်လေး အဆင်ပြေတယ်လို့ ထင်စရာပါပဲ
-
ဒါပေမယ် အဲလိုမရိုးရှင်းပါဘူး ဖိုတွန်လေးဟာ
-
ပြန့်ကားနေတဲ့ အလင်းနှစ် သန်း ၃၀ ကို
-
ဖြတ်သန်းလာ ရပါတယ် ဘာကြာင့်လဲဆိုတော့
-
ဟင်းလင်းပြင် ကိုယ်နှိုက်ကိုက ပြန့်ကားနေလို့ပါပဲ
-
တကယ့်အမှန် ကိုပြောရရင်
-
ကျွန်တော်တို့ ဆီကိုရောက်လာတဲ့ ဖိုတွန်လေးဟာ
-
အလင်းနှစ် ၁၃.၇ ဘီလီယံကို ဖြတ်သန်းလာပြီးပါပြီ
-
ဒါဆို အခုရောက်နေတဲ့ ဖိုတွန်လေးကို ဒီအမှတ်ကနေ
-
လက်ရှိ နှစ်သန်း ၁၃.၇ ဘီလီယံကို ဖြတ်လာပြီးတဲ့ အခုချိန်ထိ အမြန်သွားခိုင်း ကြည့်ရအောင်
-
ဒါက ကျွန်တော်တို့ လေ့လာနိုင်တဲ့ စကြဝဠာ တစ်ခုလုံးပါ
-
ဒီအမှတ်လေးကို သူ့ကိုထုတ်လွှင့် ခဲ့တဲ့ မူလနေရာကို ပြန်သွားကြည့်ခိုင်း ရအောင်
-
ကျွန်တော်တို့က ဒီမှာရှိနေပါတယ်. ပိုရှင်းအောင်ပြောရရင်
-
လေ့လာနိုင်တဲ့စကြဝဠာကို ဆွဲတဲ့အခါ ကျွန်တော်တိုွှ့က
-
လေ့လာသူတွေဖြစ်တာကြောင့် ဗဟိုချက်မှာရှိပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က
-
ဦးတည်ဖက်အမျိုးမျိုးကို သတ်မှတ်အတိုင်းအတာ တစ်ခုကနေ လေ့လာနေလို့ပါပဲ
-
ဒါကြောင့် လေ့လာနိုင်တဲ့ စကြဝဠာမှာ ကျွန်တော်တို့က ဗဟိုချက်မှာပဲ ရှိနေပါတယ်
-
ဒါကလေ့လာနိုင်တဲ့ စကြဝဠာတစ်ခုလုံးဖြစ်ပြီး ဖိုတွန်လေးကို လွန်ခဲ့သော နှစ်ပေါင်း
-
၁၃.၇ ဘီလီယံ (ဘစ်ဘန်းဖြစ်ပေါ်ပြီးနောက် နှစ်ပေါင်း သုံးသိန်း) က ဒီနေရာကနေ ထုတ်လွှင့်ခဲ့ပါတယ်
-
အခု ကျွန်တော်တို့ ဆီရောက်ပြီပေါ့
-
ဖိုတွန်လေးလည်း နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက် ခရီးသွားခဲ့ပြီးပါပြီ
-
ဒီနေရာမှာပြောစရာရှိတာက အရာဝတ္ထုတွေနဲ့ ကျွန်တော်တို့ဟာ အချင်းချင်း
-
ဝေးရာကိုဆက်ပြီး ရွေ့နေတာကြောင့် အခုလက်ရှိအကွာအဝေးကို
-
ခန့်မှန်းရရင် ၄၆ ဘီလီယံလောက် ရှိနိုင်ပါတယ်
-
ပိုရှင်းအောင် ပြောရရင် အခုလက်ရှိ အချိန်မှာ
-
အရာဝတ္ထုဟာ ကျွန်တော်တို့နဲ့ အလင်းနှစ် ၄၆ ဘီလီယံအကွာမှာရှိနေပါတယ်
-
အဲဒီအရာဝတ္ထုကို အလင်းကိုသုံးပြီးလေ့လာမယ် အလင်းနှစ်ကိုအခြေခံပြီးပြောရင်
-
အဲဒီအလင်းဟာ ကျွန်တော်တို့ဆီ ရောက်ဖို့ နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကြာပါတယ်
-
ဒီလိုကြီးမားတဲ့ အလျားတွေကိုပြောရင် အလင်းကိုပဲသုံးပါတယ်
-
ကျွန်တော် တစ်ဆယ်အခြေနဲ့ပဲ ပြောပါမယ်
-
အလင်းနှစ် ၁၃.၇ ဘီလီယံ လောက်ပါပဲ
-
အမှန်တကယ် အလင်းနှစ် ကိုတိုင်းတာနိုင်တဲ့
-
ပေတံ တစ်ချောင်းနဲ့ တိုင်းရင်
-
ဒီပြန့်ကားထွက်နေတဲ့ ဟင်းလင်းပြင်ကြီးဟာ
-
အခုအချိန်မှာ အလင်းနှစ် ၄၆ ဘီလီယံလောက် ရှိနေပါမယ်
-
ကော့စမစ်မိုက်ခရိုဝေ့နောက်ခံ ရောက်စဉ်ဖြာထွက်မှု အကြောင်းပြောတဲ့အခါ
-
ပိုနားလည်နိုင်ဖို့ အရိပ်အမြွက် တစ်ခုလောက်ပေးခဲ့မယ်
-
ဟင်းလင်းပြင်ထဲက ဒီအမှတ်ဟာ ဘာနဲ့တူသလဲ
-
ကျွန်တော်တို့ ဆီကို အလင်းနှစ် ၁၃.၇ ဘီလီယံလောက်နဲ့ ရောက်တဲ့
-
ကျွန်တော်တို့ နဲ့ အလင်းနှစ် ၄၆ ဘီလီယံ အကွာက အမှတ်လေးဟာ
-
ဘာနဲ့ ဆင်တူသလဲ
-
ဆင်တူတယ် ဆိုတဲ့စကားကို ပြောတဲ့အခါ ကျွန်တော်တို့ဆီရောက်နေတဲ့
-
ဖိုတွန်လေးကို အခြေခံပြီးပဲ ပြောတာပေါ့
-
ဒီ ဖိုတွန် ဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံက ကျန်ခဲ့တဲ့ ဖိုတွန်ပါ
-
ဒီဖိုတွန်တွေကို စကြဝဠာအစဦး ကာလက
-
ဒီပူပြင်းတဲ့ ဟိုက်ဒရိုဂျင် ပလပ်စမာတိမ်တိုက် ထဲကနေ
-
ထုတ်လွှတ်ခဲ့တာပါ
-
ဒီအဖြူရောင် အခိုးအငွေ့တိမ်တိုက်ကို ကျွန်တော်တို့တွေ
-
ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တစ်ခုအနေနဲ့
-
မြင်တွေ့ရမှာပါ
-
တည်ငြိမ်တဲ့ အက်တမ်တွေအဖြစ် မကွြဲပားသေးတဲ့အချိန်မှာ ကြယ်တွေ ဂလက်ဆီတွေဟာ အလွန့်ကို နည်းနည်းလေးပဲ ရှိဦးမှာပါ
-
ဒီ အဖြူရောင် ပလပ်စမာတိမ်တိုက် ကို ကြည့်ရအောင်
-
အခုလက်ရှိ အချိန်မှာ အဲဒီအမှတ်ဟာ ကျွန်တော်တို့ နဲ့ အလင်းနှစ် ၄၆ ဘီလီယံ အကွာမှာရှိနေပြီးတော့
-
တည်ငြိမ်တဲ့ အက်တမ်တွေအဖြစ် ပြောင်းလဲလာလို့ ကြယ်တွေ ဂြိုလ်တွေ ဂလက်ဆီတွေအဖြစ် တည်ရှိနေပါပြီ
-
အဲဒီနေရာမှာ လူသားတွေဖြစ်တည်ပြီးတော့
-
ကျွန်တော်တို့ ကိုအော်ဒိနိတ်က
-
လွှင့်ထုတ်လိုက်တဲ့ ဖိုတွန်လေးတွေ ကိုသာ လေ့လာမယ်ဆိုရင်
-
သူမြင်ရမှာက လွန်ခဲ့တဲ့နှစ် ၁၃.၇ ဘီလီယံက
-
အလင်းကိုပါ သူတို့တွေ့ရမှာက ကျွန်တော်တို့ ရဲ့
-
စကြဝဠာ အစဦးကာလက ပူပြင်းတဲ့
-
အဖြူရောင် ပလပ်စမာတိမ်တိုက် တစ်ခုကိုပါ
-
နောက်သင်ခန်းစာမှာ ပြောရင် ပိုပြီးနားလည်အောင် ကြိုစဉ်းစား ထားနိုင်ပါတယ်
-
အဲဒီ အချိန်ကာလက ဘယ်ဦးတည်ဖက်ကမဆို လာခဲ့တဲ့ ဖိုတွန်တွေဟာ
-
သူတို့ရဲ့ စကြဝဠာအစဦးကာလ
-
နှစ်ပေါင်း ၁၃.၇ ဘီလီယံက အခြေအနေကနေ
-
လာခဲ့တာဖြစ်ပါတယ် နောက်တစ်နည်းပြောရရင်
-
တိကျတဲ့ အက်တမ်တွေအဖြစ် မကွဲပြားသေးတဲ့
-
စကြဝဠာအစဦးကာလ ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တွေကနေ
-
လွှင့်ထုတ်လိုက်တဲ့ အလင်းတွေပါ
-
ဒါဟာ ဟင်းလင်းပြင်ရဲ့နောက်က ကော့စမစ်ရောင်ခြည်ဖြာထွက်မှု တွေဟာ
-
ဘယ်ကလာခဲ့သလဲ ဆိုတဲ့ အဖြေပါပဲ