Silicon Valley နည်းပညာရှင်က အစိုးရအတွက် အလုပ်လုပ်ရင် ဘာတွေ ဖြစ်ပျက်လာမလဲ
-
0:01 - 0:02အားလုံး မင်္ဂလာပါ။
-
0:02 - 0:03ကျွန်တော်က Matt Cutts ပါ။
-
0:03 - 0:07ကျွန်တော်ဟာ Google မှာ
၁၇ နှစ်နီးပါး အလုပ်လုပ်ခဲ့တယ်။ -
0:07 - 0:10အဲဒီမှာ အတော်လေး ထင်ရှားတဲ့
အင်ဂျင်နီယာ ဖြစ်ခဲ့လို့ -
0:10 - 0:13ကျွန်တော်ဟာ Silicon Valley ဂေဟစနစ်ကို
နီးကပ်စွာ သိကျွမ်းခဲ့သူပါ။ -
0:13 - 0:17အဲဒီနောက်မှာ ကျွန်တော်ဟာ အားကျဖွယ်
လူတချို့ နောက်မှာ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး -
0:17 - 0:21US Digital Service တွင်
ခဏကြာ ကူလုပ်ပေးခဲ့တယ်။ -
0:21 - 0:24HealthCare.gov ဝဘ်ဆိုက် ၂၀၁၃ ခုနှစ်မှာ
တအား ဒေါင်းသွားစဉ် -
0:24 - 0:28ကူပေးခဲ့ကြတဲ့ လူအုပ်စုကို ပြောနေတာပါ။
-
0:28 - 0:29တကယ်နော်။
-
0:29 - 0:32အဲဒါနဲ့ ကျွန်တော်ဟာ သုံးလမှခြောက်လကြာ
လုပ်ပေးဖို့ လက်မှတ်ထိုးခဲ့ပေမဲ့ -
0:32 - 0:34သုံးနှစ်နီးပါး ကြသွားတဲ့ နောက်မှာ
-
0:34 - 0:36Washington DC မှာ ကျွန်တော် ရှိနေတုန်းပါ။
-
0:36 - 0:38ဖက်ဒရယ် အစိုးရအတွက် လုပ်ကိုင်နေတယ်၊
-
0:38 - 0:42အစိုးရဟာ နည်းပညာရှင်တွေကို
အခုအချိန်မှာ သိပ်ကို လိုအပ်နေလို့ပါ။ -
0:42 - 0:43ကျွန်တော့် အလုပ်ဟောင်းတွင်
-
0:43 - 0:46အခန်းတိုင်းမှာ ဗီဒီယိုတွေ့ဆုံပွဲ စနစ်ကို
-
0:46 - 0:48ပြက္ခဒိန်ထဲမှာကို ထည့်ပေးထားပြီး
-
0:48 - 0:52ပါဝါကြိုးတွေကို ပရိဘောဂထဲမှာကို
တပ်ဆင်ပေးထားခဲ့တယ်။ -
0:52 - 0:54ကျွန်တော် အစိုးရ အေဂျင်စီကို ရောက်သွားတော့
-
0:54 - 0:58ဖုန်းနဲ့တွေ့ဆုံပွဲ လုပ်ဖို့ ကျွန်တော်ဟာ
လူတစ်ယောက်ကို ခေါ်ပြီး လုပ်ခိုင်းရတယ်။ -
0:58 - 1:00ကျုပ်တို့ ရုံးခန်းသစ်ကို
ရွေ့ပြောင်းချိန်မှာ၊ -
1:00 - 1:02ကျုပ်တို့ဆီမှာခဏကြ
ဘာပရိဘောဂမှ မရှိခဲ့ဘူး၊ -
1:02 - 1:05အဲဒါနဲ့ ဖုန်းကို အမှိုက်ပုံးပေါ်မှာ
တင်ထားခဲ့ကြတယ်။ -
1:06 - 1:09ကျွန်တော် DC ကို ရွှေ့ပြောင်းတိုင်းမှာ
ကျွန်တော် အံ့ဩမိတာက -
1:09 - 1:13အစိုးရက ဆက်ဆံလုပ်ကိုင်နေရတဲ့
စက္ကူတွေ များလှတာကိုပါ။ -
1:14 - 1:16ဒါက Winston-Salem က ရုံးတစ်ခုပါ၊
-
1:16 - 1:17North Carolina မှာပါ၊
-
1:17 - 1:19အဲဒီမှာ လူတွေဟာ
-
1:19 - 1:22သူတို့ရဲ့ အဆောက်အအုံဟာ စာရွက်စာတမ်းတွေရဲ့
-
1:22 - 1:24အလေးချိန်ဒဏ်ကို
ခံနိုင်ပါ့မလားလို့ စိုးခဲ့ကြတယ်။ -
1:24 - 1:25တကယ်နော်။
-
1:25 - 1:27စက္ကူဆီမှာ အားနည်းချက် တချို့ရှိတယ်။
-
1:27 - 1:28အခု ပဟေဠိ တစ်ခုမေးမယ်-
-
1:28 - 1:32ခင်ဗျားတို့ရဲ့ နောက်ဆုံး အမည်ဟာ
H ဒါမှမဟုတ် ပိုမြင့်တဲ့ စာလုံးနဲ့ စရင်၊ -
1:32 - 1:35ခင်ဗျားတို့ရဲ့ လက်ကို မြှောက်ပြပေးပါ။
-
1:36 - 1:37"ဝိုး"။
-
1:37 - 1:38သတင်းဆိုးကို ပြောရပါမယ်-
-
1:38 - 1:41ခင်ဗျားတို့ရဲ့ စစ်မှုထမ်းဟောင်းဆိုင်ရာ
မှတ်တမ်းတွေ -
1:41 - 1:43၁၉၇၃ ခုနှစ် မီးထဲမှာ ဖျက်ဆီးခံလိုက်ကြရတယ်။
-
1:43 - 1:44(ရယ်သံများ)
-
1:44 - 1:45တကယ်နော်။
-
1:45 - 1:49ပြီးတော့ စက္ကူနဲ့ စီမံဆောင်ရွက်ရတာကလည်း
နှေးကွေးပြီး အမှားတွေ ပါနိုင်ပါတယ်။ -
1:49 - 1:51ခင်ဗျားတို့ စစ်မှုထမ်းဟောင်း ဖြစ်ကြရင်၊
-
1:51 - 1:54ရထိုက်တဲ့ ကျန်းမာရေးအကျိုးခံစားခွင့်အတွက်
လျှောက်ထားရင်၊ -
1:54 - 1:55စက္ကူပုံစံကိုသုံးခဲ့တယ် ဆိုပါက၊
-
1:55 - 1:59အဲဒီ ပုံစံကို စီမံလုပ်ကိုင်ပေးမှာကို
ခင်ဗျားတို့ဟာ လချီစောင့်ရပါမယ်။ -
1:59 - 2:01အဲဒါကို ကျွန်တော်တို့က
ဝဘ်ပုံစံနဲ့ အစားထိုးပေးလိုက်လို့ -
2:01 - 2:03အခုတော့ စစ်မှုထမ်းဟောင်း အများစုတို့ဟာ
-
2:03 - 2:05သူတို့ရဲ့ ကျန်းမာရေးအကျိုးခံစားခွင့်တွေကို
-
2:05 - 2:07၁၀ မိနစ်အတွင်းမှာ ရှာတွေ့နိုင်ကြတယ်။
-
2:07 - 2:09(လက်ခုပ်သံများ)
-
2:09 - 2:12ကျွန်တော့် အနေနဲ့ ဂုဏ်ယူမိတဲ့
လုပ်ဆောင်ချက် တစ်ခု ရှိပါသေးတယ်။ -
2:12 - 2:15ကျုပ်တို့ဟာ Small Business Administration
မှာပါ ကူလုပ်ခဲ့ကြပြီး -
2:15 - 2:18သူတို့ရဲ့စနစ်တစ်ခုကို
စက္ကူမှ ဒစ်ဂျစ်တယ်သို့ ရွှေ့ပေးခဲ့ကြတယ်။ -
2:18 - 2:19အဲဒီတော့ အဲဒီမတိုင်မီက မြင်ရပုံနဲ့
-
2:19 - 2:22ဒါက အဲဒီနောက်ပိုင်း ပုံပါ။
-
2:22 - 2:24အရင်က ရုံးခန်းတွေပဲ၊
လူတွေလဲ အရင်အတိုင်းပဲ၊ -
2:24 - 2:26ဒါပေမဲ့ စနစ်က လူတိုင်းအတွက်
ပိုကောင်းလာတယ်။ -
2:27 - 2:31တစ်ချိန်မှာ ကျွန်ုပ်တို့ စနစ်တစ်ခု ခေတ်မီ
အောင် ပြောင်းခဲ့မှု ပွဲတော်အတွက် -
2:31 - 2:33အနီးရှိ ကုန်စုံစတိုးဆိုင်ကို သွားကြပြီး
-
2:33 - 2:35"ခင်ဗျားတို့ ကိတ်မုန့်ကို
ကျုပ်တို့ ပြုစုပေးခဲ့ကြတဲ့ -
2:35 - 2:38ဒီဂျစ်တယ်ပုံစံနဲ့ အလှဆင်ပေးနိုင်မလား"
လို့ မေးကြတယ်။ -
2:38 - 2:41ဆိုင်ထဲက လူတွေ ကျုပ်တို့ မှာချင်တာကို
အတော်လေး စိတ်ညစ်သွားကြတယ်။ -
2:41 - 2:44သူတို့က အစိုးရထံမှ တရားဝင်
စာနဲ့ ရေးပေးစေလိုခဲ့ကြတယ်။ -
2:44 - 2:47ကျုပ်တို့က အစိုးရအတွက် အလုပ်လုပ်နေကြတော့
စာတစ်စောင် ရေးပေးပြီး -
2:47 - 2:49"ခင်ဗျားတို့ဟာ ပွဲတော်ကျင်းပရေး
ရည်ရွယ်ချက်အတွက် -
2:50 - 2:53အစိုးရဒိုမိန်းပုံစံကို ကိတ်မုန့်မှာ သုံး
နိုင်ကြောင်း" ထည့်ရေးခဲ့ရတယ်။ -
2:53 - 2:54(ရယ်သံများ)
-
2:54 - 2:58အဲဒီနောက် သုံးဆင့်ကိတ်မုန့်နဲ့ ပုံစံဖြည့်
ကြတဲ့ ပြက်လုံးဆိုးတွေ ပေါ်ထွက်လာခဲ့တယ်။ -
2:58 - 3:00အစိုးရရုံးတွေမှာ ပြောနေကြတဲ့
ပြက်လုံးတွေပါ။ -
3:00 - 3:02စက္ကူအကြောင်း ပြောတာ လုံလောက်ပါပြီ၊
-
3:02 - 3:06ကျုပ်တို့ဟာ ဒေါင်းသွားကြတဲ့ ကွန်ပျူတာ
စနစ်တွေကိုလည်း ပြုပြင်ပေးကြပါသေးတယ်။ -
3:06 - 3:09ကျွန်တော်တို့ဟာ နောက်ဆုံး လုပ်ကိုင်
နည်းတွေကို မိတ်ဆက်ပေးတယ်၊ -
3:09 - 3:12အသုံးပြုသူဗဟိုပြု ဒီဇိုင်းနဲ့ ကလောက်၊
-
3:12 - 3:15ပြီးတော့ အစိုးရရဲ့ ဝယ်ယူရေးစနစ်ကို
ကျုပ်တို့ မြှင့်တင်ပေးခဲ့ကြတယ်။ -
3:15 - 3:17အစိုးရက ဆော့ဝဲ ဝယ်ပုံဟာ
-
3:17 - 3:22သူတို့က ကုလားထိုင်တွေ၊ လက်နက်တွေ၊ တင့်ကား
တွေကို ဝယ်သလိုပဲ ဝယ်ရတယ်၊ -
3:22 - 3:27စာမျက်နှာ ၁၀၀၀ ကျော်ရှိတဲ့
စည်းကမ်းချက်တွေကို လိုက်နာရတယ်။ -
3:27 - 3:31ဒီတော့ အစိုးရရဲ့ လုပ်ငန်းတွေထဲ ရှုပ်ထွေး
နေတဲ့ အရာတွေ ရှိနေသေးတာ အမှန်ပါပဲ။ -
3:31 - 3:34ဒါပေမဲ့ ဒီလိုကိစ္စထဲမှာ Silicon Valley ဟာ
ကယ်တင်ရှင်နဲ့ တူပါတယ်။ -
3:34 - 3:35(ရယ်သံများ)
-
3:35 - 3:37နောက်ထပ် လာဦးမယ့် အရာ ရှိပါသေးတယ်။
-
3:37 - 3:40နည်းပညာ နယ်ပယ်ထဲက
အကောင်းဆုံးနဲ့ အတော်ဆုံး ဦးနှောက်တွေက -
3:40 - 3:42အစားအစာပို့ပေးရေး လုပ်ငန်းသစ်တွေနဲ့
-
3:42 - 3:43စကူတာတွေကို ပြီးတော့ လူတွေဆီ
-
3:43 - 3:47ပေါင်းပင်တွေ ပို့ပေးနည်း မြှင့်တင်ဖို့
အားထုတ်နေကြတယ်။ -
3:47 - 3:51အခုနေ လုပ်ကိုင်ဖို့ အဲဒါတွေဟာ
အရေးကြီး အလုပ်တွေများလား။ -
3:52 - 3:56Silicon Valley ဟာ ကမ္ဘာကြီး ပိုကောင်းအောင်
လုပ်ပေးဖို့ကို ပြောဆိုရတာ ကြိုက်တယ်။ -
3:56 - 4:00ဒါပေမဲ့ တကယ်ကျတော့
အစိုးရထဲမှာမှ ကိုယ့်အားထုတ်မှုရဲ့ -
4:00 - 4:02သက်ရောက်မှုကို လက်တွေ့ခံစားရတာပါ။
-
4:02 - 4:03လူတစ်ယောက်ရဲ့ ဖခင်ဆုံးသွားခဲ့ပါတယ်။
-
4:03 - 4:06သူဟာ Twitter မှနေပြီး
ကျွန်တော့်ကို မရရအောင် ရှာယူခဲ့ပြီး -
4:06 - 4:10သူ့အတွက် အင်မတန်မှ မလွယ်ကူခဲ့ချိန်မှာ
ကျုပ်တို့ မြှင့်တင်ပေးခဲ့ကြတဲ့ စနစ်တစ်ခုက -
4:10 - 4:12သူ့ကို များစွာမှ ကူညီပေးခဲ့တာကို
ပြောဖို့ အတွက်ပါ။ -
4:12 - 4:16အဲဒီလို ခဲယဉ်းတဲ့ ကာလမျိုးမှာ အစိုးရဟာ
ကောင်းမွန်စွာ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်၊ -
4:16 - 4:19အဲဒါကြောင့် အစိုးရထဲမှာ ဆန်းသစ်တီထွင်မှု
တွေ လုပ်ပေးဖို့ လိုအပ်တယ်။ -
4:19 - 4:21အခု ကျွန်တော် ဝန်ခံချင်တာ တစ်ခု ရှိပါတယ်။
-
4:21 - 4:23ကျွန်တော် DC ကို ရောက်ခါစတုန်းက
-
4:23 - 4:26ဗျူရိုကရက် ဆိုတဲ့ စကားလုံးကို
ကျွန်တော် တခါတရံ သုံးတတ်ခဲ့တယ်။ -
4:26 - 4:27အခု နောက်ပိုင်းမှာကျတော့၊
-
4:27 - 4:31ကျွန်တော်ဟာ ပြည်သူ့ ဝန်ထမ်းဆိုတဲ့
စကားလုံးသုံးရတာ ပိုကြိုက်တယ်။ -
4:31 - 4:33လူတွေကို ငိုလာစေနိုင်တဲ့
Francine လို လူမျိုးဆိုပါစို့။ -
4:33 - 4:36အနည်းဆုံးအားဖြင့် သူမရဲ့
အားမာန်စိတ်ကို တွေ့မိလို့ -
4:36 - 4:38ကျွန်တော် ငိုချင်ခဲ့တာ အမှန်ပါပဲ။
-
4:38 - 4:42ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း
နက်နက်ရှိုင်းရှိုင်း အရမ်းကို ဂုဏ်ယူပါတယ်။ -
4:42 - 4:46သူတို့ဟာ ယုတ္တိမရှိတဲ့
အခြေအနေတွေကို ဖြတ်ကျော်ရင်း -
4:46 - 4:49ညဉ့်မိုးချုပ်အထိ အဖြေမှန်ကို
ရှာဖို့ ကြိုးပမ်းကြမယ့် သူတွေပါ။ -
4:50 - 4:52အစိုးရဟာ လစာအပြင်
အပိုဆုငွေတွေကို မပေးနိုင်လို့ -
4:52 - 4:56ကျုပ်တို့ဟာ ကိုယ်ပိုင် ဆုတွေကို
တီထွင်ခဲ့ကြရတယ်။ -
4:56 - 4:59ကျုပ်တို့ရဲ့ လက်ဖွဲ့က
Molly ဆိုတဲ့ ကဏန်းကောင်ပါ။ -
4:59 - 5:03တကယ်တမ်းမှာ ကဏန်းပုံစံ
ပိုက်ဆံအိတ် ဖြစ်တဲ့ အဲဒီဆုဟာ -
5:03 - 5:05သတ္တုပြားထဲမှာ ဝက်အူနဲ့ စုပ်ထားတာပါ။
-
5:06 - 5:08ဒီခေတ်ထဲတွင် အရာရာတိုင်းကို
ဖြေရှင်းပေးနိုင်ကြတဲ့ -
5:09 - 5:12မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို
ကျွန်တော် သိပ်မယုံချင်ပါဘူး။ -
5:12 - 5:14ကျွန်တော် ပိုယုံကြည့်တာက
-
5:14 - 5:16ကျွန်တော့်ကို ကူဖို့ လာကြတဲ့ လူတွေကိုပါ။
-
5:17 - 5:20ခင်ဗျားတို့က တကယ့်ကို အနှစ်သာရရှိတာ
တစ်ခုခုကို ရှာနေကြရင် -- -
5:20 - 5:25ပြီးတော့ စိတ်ပျက်ဖွယ် အရာတွေ အပါအဝင်
အကြောင်းစုံကို အပြည့်အဝ သိရှိလိုကြရင် -
5:25 - 5:27ခင်ဗျားတို့ သိသင့်တာက ဒီလိုပါ။
-
5:27 - 5:29မြို့တွေ၊ ပြည်နယ်နဲ့
ပြည်ထောင်စု အဆင့်များတွင် -
5:29 - 5:34ပြည်သူ့ဝန်ထမ်းတွေက
နည်းပညာရှင်တွေနဲ့ လက်တွဲပြီး -
5:34 - 5:37လုပ်ကိုင်ဖို့ ကြိုးစားကြတဲ့ အခါမှာ
ခက်ခဲရှုပ်ထွေးတဲ့ အရာတွေသာမက -
5:37 - 5:40သေရေးရှင်ရေး အရေးပါပြီး ယုံကြည့်ရန် ခက်တဲ့
အရာတွေ ဖြစ်ပျက်တတ်ပါတယ်။ -
5:40 - 5:43အဲဒါကို ကျုပ်တို့ဟာ ထာဝရ
လုပ်ကိုင်ပေးဖို့ မလိုပါဘူး။ -
5:43 - 5:46ဒါပေမဲ့ အဲဒီလိုနည်းဖြင့် ခင်ဗျားတို့ဟာ
ပြည်သူ့ ဝန်ဆောင်မှုထဲမှာ အခုကိုပဲ -
5:46 - 5:48အပြောင်းအလဲကို လုပ်ပေးနိုင်ကြပါတယ်။
-
5:48 - 5:49ကျေးဇူးတင်ပါတယ်။
-
5:49 - 5:52(လက်ခုပ်သံများ)
- Title:
- Silicon Valley နည်းပညာရှင်က အစိုးရအတွက် အလုပ်လုပ်ရင် ဘာတွေ ဖြစ်ပျက်လာမလဲ
- Speaker:
- Matt Cutts
- Description:
-
အစိုးရဟာ Silicon Valley လို လုပ်ကိုင်လာမယ်ဆိုရင် ဘာတွေ ဖြစ်ပျက်လာမလဲ။ အင်ဂျင်နီယာ ဖြစ်သူ Matt Cutts က သူ့အနေနဲ့ Google (သူ ၁၇ နှစ်နီးပါး လုပ်ခဲ့တဲ့နေရာ) မှ ထွက်ပြီး US အစိုးရဆီ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်တဲ့ နောက် ဖြစ်ပျက်လာတာတွေကို မျှဝေထားပြီး ကျုပ်တို့က တကယ့်ကို သက်ရောက်မှု တစ်ခုခုကို လုပ်ပြချင်ရင် ကျုပ်တို့ရဲ့ အကူအညီကို အလိုအပ်ဆုံး နေရာမှာ သွားလုပ်ဖို့ လိုအပ်တယ်လို့ အကြံပေးပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 06:04
![]() |
Myo Aung approved Burmese subtitles for What happens when a Silicon Valley technologist works for the government | |
![]() |
Myo Aung edited Burmese subtitles for What happens when a Silicon Valley technologist works for the government | |
![]() |
Sanda Aung accepted Burmese subtitles for What happens when a Silicon Valley technologist works for the government | |
![]() |
Sanda Aung edited Burmese subtitles for What happens when a Silicon Valley technologist works for the government | |
![]() |
Myo Aung edited Burmese subtitles for What happens when a Silicon Valley technologist works for the government | |
![]() |
Myo Aung edited Burmese subtitles for What happens when a Silicon Valley technologist works for the government | |
![]() |
Myo Aung edited Burmese subtitles for What happens when a Silicon Valley technologist works for the government |