ကလေးတိုင်းကို ရာသက်ပန် စာဖတ်သူတစ်ဦးဖြစ်အောင် စေ့ဆော်ပေးပုံ။
-
0:01 - 0:03မူလတန်းကျောင်း ဆရာမအနေနဲ့
-
0:03 - 0:08အမေက ကျွန်တော် စာဖတ်စွမ်းရည် ကောင်းစေဖို့
သူမ တတ်နိုင်တာ အကုန်လုပ်ခဲ့တယ်။ -
0:08 - 0:13အမြဲတမ်း ပါဝင်တာက မီးဖိုချောင်စားပွဲမှာ
သီတင်းပတ်အဆုံး စာဖတ်တဲ့ သင်ခန်းစာတွေပါ။ -
0:13 - 0:15သူငယ်ချင်းတွေကတော့
အပြင်မှာ ကစားနေချိန်ပေါ့။ -
0:15 - 0:17ကျွန်တော့ရဲ့ စာဖတ်စွမ်းရည်
တိုးတက်လာခဲ့ပေမဲ့ -
0:17 - 0:23အတင်းဖတ်ခိုင်းတဲ့ သင်ခန်းစာတွေဟာ စာဖတ်မှု
ခုံမင်စိတ်ကို တကယ်တော့ စေ့ဆော်မပေးခဲ့ဘူး။ -
0:24 - 0:26အထက်တန်းကျောင်းဟာ အရာတိုင်းကို
ပြောင်းလဲပစ်ခဲ့တယ်။ -
0:26 - 0:33ဒဿမတန်းမှာ ကျွန်တော့ ပုံမှန်အင်္ဂလိပ်တန်းက
ဝတ္ထု့တိုတွေဖတ်၊ စာလုံးပေါင်းစစ်တာလုပ်တယ်။ -
0:33 - 0:37ငြီးငွေ့လွန်းလို့ နောက်အတန်းကို
ပြောင်းပေးဖို့ ပြောခဲ့တယ်။ -
0:37 - 0:40နောက် စာသင်နှစ်ဝက်မှာ ကျွန်တော်
အဆင့်မြင့် အင်္ဂလိပ်စာတန်းကို တက်ခဲ့တယ်။ -
0:40 - 0:42(ရယ်သံများ)
-
0:42 - 0:45ဒီစာသင်နှစ်ဝက်အတွက် ဝတ္ထုနှစ်ပုဒ်ဖတ်ပြီး
စာအုပ်မှတ်တမ်းနှစ်ခု ရေးခဲ့တယ်။ -
0:46 - 0:50ဒီအင်္ဂလိပ်နှစ်တန်းကြားက
ပြင်းထန်တဲ့ ခြားနားချက်နဲ့ တင်းကြပ်မှုက -
0:50 - 0:52စိတ်တိုစေပြီး
ဒီလိုမေးခွန်းတွေ လှုံ့ဆော်ခဲ့တယ်။ -
0:54 - 0:56"ဒီလူဖြူတွေက
ဘယ်ကလာတာလဲ"လို့ပေါ့။ -
0:56 - 0:57(ရယ်သံများ)
-
0:57 - 1:01ကျွန်တော့ အထက်တန်းကျောင်းက လူမည်းနဲ့
လက်တင်နွယ် ၇၀% ကျော်ပေမဲ့ -
1:01 - 1:06အဆင့်မြင့် အင်္ဂလိပ်စာတန်းမှာတော့
နေရာတကာ လူဖြူကျောင်းသားတွေပါ။ -
1:06 - 1:10နိုင်ငံတကာ လူမျိုးခွဲခြားတဲ့ဝါဒနဲ့
ကိုယ်တိုင်ကြုံတွေ့ရမှုက -
1:10 - 1:13စာဖတ်ခြင်းနဲ့ ကျွန်တော့ပတ်သက်မှုကို
ထာဝရ ပြောင်းလဲခဲ့တယ် -
1:13 - 1:17ကျောင်းတစ်ကျောင်း၊ ဆရာတစ်ဦး(သို့)
သင်ရိုးညွှန်းတမ်းတစ်ခုက ကျွန်တော်လိုအပ်တာ -
1:17 - 1:19သင်ပေးဖို့ အားကိုးလို့မရတာ သိခဲ့တယ်။
-
1:19 - 1:24ပညာတတ်ဖြစ်တာတာထက် သူပုန်ဖြစ်ဖို့က
ပိုများသလိုပေါ့။ -
1:24 - 1:27ဘယ်အချိန်၊ ဘာတွေဖတ်လို့ဆိုပြီး
အခြားသူတွေက ကိုယ့်ကို ပြဌာန်းပေးတာ -
1:27 - 1:29ခွင့်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်
-
1:30 - 1:33ကလေးတွေ စာဖတ်တာကူညီဖို့ သော့တစ်ချောင်းကို
-
1:33 - 1:35ခလုတ်တိုက်မိတာ မသိခဲ့ပဲနဲ့ပါ။
-
1:36 - 1:37တစ်သားတည်းရှိမှု။
-
1:37 - 1:40ကျွမ်းကျင်မှုတွေကို ပြင်ဆင်တာ၊
-
1:40 - 1:44ကျောင်းသားတွေကို စာဖတ်တဲ့အဆင့်
တစ်ခုမှ နောက်တစ်ခုပြောင်းတာ၊ -
1:44 - 1:49စာဖတ်သူတွေ မရင်းနှီးတဲ့ စာလုံးစာရင်းတွေကို
အလွတ်ကျက်ဖို့ အတင်း ကုန်းရုန်းခိုင်းတာအစား -
1:49 - 1:53မိမိတို့ကိုယ်ကို ဒီမေးခွန်း မေးသင့်ပါတယ်။
-
1:53 - 1:57ကလေးတွေကို စာဖတ်သူတွေအဖြစ်
တစ်သားတည်းကျဖို့ ဘယ်လိုစေ့ဆော်ပေးနိုင်လဲ။ -
1:59 - 2:03အရမ်းတော်တဲ့ ပထအတန်းကျောင်းသား
DeSean ကို Bronx မှာ ကျွန်တော်သင်ခဲ့တယ်။ -
2:03 - 2:07သူက တစ်သားတည်းကျတဲ့ ပုံစံ သင်ယူမှုကို
ကျွန်တော်နားလည်ဖို့ ကူညီခဲ့တယ်။ -
2:07 - 2:10တစ်နေ့ သင်္ချာချိန်အတွင်းမှာ
DeSean ဆီလျှောက်သွားပြီး ပြောလိုက်တယ်။ -
2:10 - 2:13"DeSean မင်းက တကယ့် သင်္ချာပညာရှင်ပဲကွ။"
-
2:13 - 2:15သူက ကျွန်တော့ကို ကြည့်ပြီး ပြန်ဖြေတာက
-
2:15 - 2:18"ကျွန်တော်က သင်္ချာပညာရှင်မဟုတ်၊
သင်္ချာပါရမီရှင်ဗျ။" -
2:18 - 2:19(ရယ်သံများ)
-
2:19 - 2:22ကောင်းပြီ၊ DeSean ဟုတ်လား။
-
2:22 - 2:24စာဖတ်တာရောလား။
-
2:24 - 2:25လုံးဝခြားနားတဲ့ ဇာတ်လမ်းပါ။
-
2:25 - 2:27"Mr. Irby ကျွန်တော် မဖတ်တတ်ဘူးဗျ၊
-
2:27 - 2:30ဘယ်တော့မှ စာဖတ်ဖို့
သင်မှာမဟုတ်ဘူး"လို့ သူပြောမှာပါ -
2:30 - 2:33DeSean ကို စာဖတ်တာသင်ပေးတယ်၊
-
2:33 - 2:38ဒါပေမဲ့ စာမတတ်မှုမှာ ရုန်းမထွက်နိုင်သေးတဲ့
လူမည်းကောင်လေးတွေက အနမတဂ္ဂပါ။ -
2:39 - 2:41အမေရိကန် ပြည်ထောင်စု
ပညာရေးဌာနအဆိုအရ -
2:41 - 2:45လူမည်း စတုတ္ထတန်း ယောကျာ်းလေး
၈၅ ရာခိုင်နှုန်းကျော်ဟာ စာဖတ်မှု -
2:45 - 2:47မကျွမ်းကျင်ကြဘူးလို့ဆိုပါတယ်။
-
2:48 - 2:49၈၅ ရာခိုင်နှုန်းတဲ့ဗျာ။
-
2:51 - 2:55စာဖတ်ခြင်းမှာ ကလေးတွေ ရင်ဆိုင်ရတဲ့
စိန်ခေါ်မှု ပိုများလေ -
2:55 - 2:58ယဉ်ကျေးမှုပိုင်း ကျွမ်းကျင်တဲ့
သင်ကြားသူတွေဖြစ်ဖို့ ပိုလိုလေပါ၊ -
2:59 - 3:03လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး လက်တန်း
လူရွှင်တော်အဖြစ် ဘေးပန်းလုပ်ရင်း -
3:03 - 3:06ယဉ်ကျေးမှုပိုင်း ကျွမ်းကျင်မှု အရေးပါတာကို
ကျွန်တော်နားလည်တယ် -
3:06 - 3:09ဒါကို ကျွန်တော် အနက်ဖွင့်တာက
အခြားသူတစ်ဦးကို သင်သိစေချင် -
3:09 - 3:13(သို့) လုပ်နိုင်စေချင်တာကို
သူတို့နဲ့ ဆက်စပ်၊ ပတ်သက်တယ်ထင်တဲ့ -
3:13 - 3:18ဆက်သွယ်ရေး(သို့) အတွေ့အကြုံတွေအဖြစ်
ဘာသာပြန်နိုင်တဲ့ အစွမ်းလို့ပါ။ -
3:19 - 3:21စင်ပေါ်မတက်ခင် ကျွန်တော်
ပရိတ်သတ်ကို အကဲဖြတ်တယ်။ -
3:22 - 3:24လူဖြူတွေလား၊ လက်တင်နွယ်တွေလား၊
-
3:24 - 3:28လူကြီးလား၊ လူငယ်လား၊
ပညာသည်တွေလား၊ ရှေးရိုးစွဲတွေလားလို့ပါ၊ -
3:28 - 3:31ဒီနောက် ရယ်သံအများဆုံး ထွက်နိုင်မယ်
ထင်တာကို မူတည်ကာ -
3:31 - 3:34ကျွန်တော့ ပြက်လုံးတွေကို
ရွေးချယ်တယ်၊ မွမ်းမံတယ်။ -
3:34 - 3:38ဘုရားကျောင်းတစ်ခုမှာ ဖျော်ဖြေတုန်း
အရက်ဆိုင်ပြက်လုံးတွေ ပြောနိုင်ပေမဲ့ -
3:39 - 3:41ရယ်သံတော့ မထွက်လောက်ဘူးပေါ့ဗျာ။
-
3:41 - 3:43(ရယ်သံများ)
-
3:43 - 3:48လူ့အဖွဲ့အစည်းအဖြစ် ကလေးတွေအတွက်
ဘုရားကျောင်းမှာ အရက်ဆိုင်ပြက်လုံးတွေ -
3:48 - 3:51ပြောတာနဲ့တူတဲ့ စာဖတ်အတွေ့အကြုံတွေကို
ကျွန်တော်တို့ ဖန်တီးနေတာပါ။ -
3:52 - 3:54ဒီနောက် ဘာလို့ ကလေးအများကြီး
စာမဖတ်လဲလို့ ဝေခွဲမရဖြစ်တယ်။ -
3:55 - 3:58ပညာသင်ပေးသူနဲ့ ဒသနပညာရှင်
Paulo Freire ယုံကြည်တာက -
3:58 - 4:01သင်ပေးခြင်းနဲ့ သင်ယူခြင်းဟာ
နှစ်လမ်းသွားဖြစ်သင့်တယ်တဲ့။ -
4:01 - 4:06ကျောင်းသားတွေကို အချက်အလက်တွေဖြည့်ဖို့
ခြင်းတောင်းလွတ်တွေလို့မဟုတ်ပဲ -
4:06 - 4:08အသိသုတ ပူပေါင်းဖန်တီးသူလို့
ရှုမြင်သင့်တယ်။ -
4:10 - 4:13ကျောင်းသားတွေ ကျောက်ရုပ်လို
ငြိမ်ထိုင်ဖို့ (သို့) လုံးဝ အသံတိတ် -
4:13 - 4:16စာလုပ်ဖို့လိုတဲ့ ကွတ်ကီး ဖြတ်စက်
သင်ရိုးညွှန်းတန်းတွေနဲ့ -
4:16 - 4:19ကျောင်းမူဝါဒတွေ
-
4:19 - 4:24ဒီပတ်ဝန်းကျင်တွေဟာ မကြာခဏတော့
တစ်ဦးချင်း သင်ယူမှုလိုအပ်ချက်တွေ၊ -
4:24 - 4:27ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့
ကျွမ်းကျင်မှုကို ဖယ်ထုတ်ပစ်တယ်။ -
4:27 - 4:29အထူးသဖြင့် လူမည်းကောင်လေးတွေပါ။
-
4:30 - 4:33များစွာသော ကလေးစာအုပ်တွေဟာ
လူမည်းကောင်လေးတွေကို ကျွန်စနစ်တို့၊ -
4:33 - 4:38ပြည်သူ့အခွင့်အရေး၊ အတ္ထုပ္ပတ္တိတို့
လေးနက်တာတွေ အာရုံစိုက်ခိုင်းတယ်။ -
4:38 - 4:42အမေရိကန်ပြည်ထောင်စုက ၂ ရာခိုင်နှုန်း
မရှိတဲ့ ဆရာတွေဟာ လူမည်းအမျိုသားတွေပါ။ -
4:42 - 4:46လူမည်းကောင်တွေ အများစုဟာ
တစ်ဦးတည်း မိခင်တွေက ပြုစုပျိုးထောင်ခဲ့တာပါ -
4:46 - 4:51ပြောရရင် လူမည်းအမျိုသားတစ်ဦး
စာဖတ်တာမမြင်ဖူးတဲ့ -
4:52 - 4:56(သို့) စာဖတ်ဖို့ အားပျေးတဲ့
လူမည်းအမျိုးသား တစ်ခါမှ မရှိဖူးဘူး။ -
4:58 - 5:03လူမည်းကောင်လေးတစ်ယောက်ကို
စာဖတ်တာဟာ လုပ်သင့်တဲ့ အရာတစ်ခုလို့တောင် -
5:03 - 5:05ကောက်ချက်ချဖြစ်စေမဲ့ ဘယ်ယဉ်ကျေးမှု
-
5:05 - 5:07အကြောင်းရပ်တွေ၊
လူမှုရေး နိမိတ်တွေရှိနေလဲ။ -
5:08 - 5:11ဒါကြောင့် Barbershop Books တွေကို
ကျွန်တော် ဖန်တီးခဲ့တာပါ။ -
5:12 - 5:15ဒါက ဆံပင်ညှပ်ဆိုင်မှာ ကလေးတွေ ရင်းနှီးတဲ့
-
5:15 - 5:19စာဖတ်တဲ့ နေရာတွေကို ဖန်တီးတဲ့
စာတတ်မြောက်မှု အကျိုးအမြတ်မယူမှုပါ။ -
5:20 - 5:21တာဝန်က ရိုးစင်းပါတယ်၊
-
5:21 - 5:24လူမည်းကောင်လေးတွေကို စာဖတ်သူတွေအဖြစ်
တန်းတူသဘောထားအောင် ကူညီဖို့။ -
5:26 - 5:29လူမည်းကောင်လေးအများအပြားဟာ ဆံသဆိုင်ကို
တစ်လမှာ တစ်ခါ (သို့) နှစ်ခါသွားတယ်။ -
5:30 - 5:33တစ်ချို့ဆို သူတို့အဖေတွေထက်
ဆံပင်ညှပ်သမားကို ပိုတွေ့ကြတယ်။ -
5:34 - 5:39Barbershop Books တွေဟာ စာဖတ်ခြင်းကို
အမျိုးသား ဗဟိုပြုတဲ့ နေရာနဲ့ ဆက်သွယ်ပေးကာ -
5:39 - 5:43လူမည်းအမျိုးသားတွေနဲ့ ကောင်လေးတွေရဲ့
အဦးဆုံး စာဖတ်အတွေ့အကြုံတွေ ပါဝင်ပါတယ်။ -
5:44 - 5:46ဒီတစ်သားတည်းရှိမှု အခြေခံတဲ့ စာဖတ်ခြင်း
အစီအစဉ်ဟာ -
5:46 - 5:50လူမည်းကောင်လေးတွေ ထောက်ခံထားတဲ့
ရွေးထားတဲ့ ကလေးစာအုပ်စာရင်းကို သုံးပါတယ်။ -
5:50 - 5:53ဒါတွေဟာ သူတို့တကယ်ဖတ်ချင်တဲ့
စာအုပ်တွေပါ။ -
5:55 - 5:58Scholastic's 2016 Kids and Family
အစီရင်ခံစာက တွေ့ရှိတာက -
5:58 - 6:04စာအုပ်တစ်အုပ် ရွေးချယ်တဲ့အခါ
ကလေးတွေရှာတဲ့ နံပါတ်တစ်က -
6:04 - 6:06သူတို့ကို ရယ်အောင်လုပ်မယ့်
စာအုပ်တစ်အုပ်ပါ။ -
6:07 - 6:13ဒီတော့ လူမည်းကောင်လေးတွေနဲ့ အခြား
ကလေးတွေကို မလိုအပ်ပေမဲ့လည်း -
6:13 - 6:15စာဖတ်ဖို့ကူညီတာ
အလေးအနက်ဖြစ်တယ်ဆိုရင် -
6:15 - 6:17ရှေးဦးစာတတ်မြောက်မှုထဲကို
သက်ဆိုင်တဲ့ အမျိုးသား စာဖတ်ခြင်း -
6:17 - 6:19နမူနာတွေ ထည့်သွင်းဖို့လိုတယ်
-
6:20 - 6:24အပြန်အလှန်အနေနဲ့ လူကြီးတွေ အတော်ကြိုက်တဲ့
ကလေးစာအုပ်တစ်ချို့ -
6:24 - 6:29အပျော်၊ ခပ်ပေါပေါ (သို့) "Gross Greg"
လိုရိုင်းစိုင်းတဲ့စာအုပ်တွေတောင်မှပါ။ -
6:29 - 6:33(ရယ်သံများ)
-
6:34 - 6:39"သင်က သူတို့ကို ဒေဝေါကြီးတွေလို့ ခေါ်တယ်၊
Greg က အရသာရှိတဲ့ သကြားလေးတွေလို့ခေါ်တယ်။" -
6:39 - 6:40(ရယ်သံများ)
-
6:40 - 6:44ခင်ဗျားတစ်ချို့ ရလိုက်တဲ့ အပြုသဘော
တုံ့ပြန်မှု -
6:44 - 6:47(သို့)ရုန့်ရင်းတဲ့ တုံပြန်မှု ရယ်သံဟာ
-
6:47 - 6:48(ရယ်သံများ)
-
6:48 - 6:52လူမည်းကောင်လေးတွေ ထိုက်တန်ပြီး
ဒါကို အသည်းအသန်ကို ပိုလိုအပ်ပါတယ်။ -
6:53 - 6:57အမေရိကန် ပညာရေးကို ဒုက္ခပေးတဲ့
ရက်စက်တဲ့မညီမျှမှုတွေကို ဖျက်သိမ်းခြင်းက -
6:58 - 7:01ကျွန်တော်တို့ဆီက တောင်းဆိုတာက
ကျွန်တော်က စာဖတ်သူ တစ်ယောက်ဆိုတဲ့ -
7:01 - 7:05စာလုံးသုံးလုံး ပြောဖို့ ကလေးအားလုံးကို
စေ့ဆော် စာဖတ်တဲ့ အတွေ့အကြုံတွေ -
7:06 - 7:07ဖန်တီးဖို့ပါ။
-
7:07 - 7:08ကျေးဇူးတင်ပါတယ်။
-
7:08 - 7:14(လက်ခုပ်သံများ)
- Title:
- ကလေးတိုင်းကို ရာသက်ပန် စာဖတ်သူတစ်ဦးဖြစ်အောင် စေ့ဆော်ပေးပုံ။
- Speaker:
- Alvin Irby
- Description:
-
အမေရိကန်ပြည်ထောင်စု ပညာရေးဌာနအရ လူမည်း စတုတ္ထတန်း ယောကျာ်းလေး ၈၅ ရာခိုင်နှုန်းကျော်ဟာ စာဖတ်ရာမှာ ကျွမ်းကျင်မှုမရှိကြဘူးလို့ဆိုပါတယ်။ ကလေးအားလုံး စာကောင်းကောင်းဖတ်စာ သေချာစေဖို့ ဘယ်လိုမျိုး စာဖတ်ခြင်းအတွေ့အကြုံတွေကို ကျွန်တော်တို့ ဖန်တီးပေးသင့်ပါသလဲ။ ကျွန်တော်တို့ စာဖတ်ခြင်း သင်ကြားပုံကို ပြန်လည်သုံးသတ်မိစေတဲ့ ဒီဟောပြောချက်မှာ ပညာသင်ကြားပေးသူနဲ့ စာရေးဆရာ Alvin Irby ကနေပြီး လူမည်းကလေးတွေ ရင်ဆိုင်ရတဲ့ စာဖတ်ခြင်း စိန်ခေါ်မှုတွေကို ရှင်းပြထားပြီး ယဉ်ကျေးမှုပိုင်းအရ ကျွမ်းကျင်တဲ့ ပညာသင်ကြားပေးသူတွေဟာ ကလေးအားလုံးကို စာဖတ်သူတွေအဖြစ် ရှာဖွေဖော်ထုတ်ရာမှာ ကူညီဖို့ လုပ်ပုံကို ကျွန်တော်တို့ကိုပြောပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 07:27
![]() |
sann tint approved Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
Myo Aung accepted Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
Myo Aung edited Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
sann tint edited Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
sann tint edited Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
sann tint edited Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
sann tint edited Burmese subtitles for How to inspire every child to be a lifelong reader | |
![]() |
sann tint edited Burmese subtitles for How to inspire every child to be a lifelong reader |