< Return to Video

ရာသီဥတုပြောင်းလဲခြင်း - ကမ္ဘာ့ရဲ့ အကြီးစား Tetris တုံးဆင့်ကစားပွဲ -Joss Fong

  • 0:06 - 0:08
    ရာသီဥတုပြောင်းလဲမှုကို
    နားလည်ဖို့
  • 0:08 - 0:10
    Tetris တုံးဆင့်ဂိမ်းကို တွေးကြည့်ပါ
  • 0:10 - 0:14
    ကပ်ကမ္ဘာအတွက် ကမ္ဘာမြေက ကာဗွန်တုံးတွေနဲ့
    ဒီဂိမ်း အမျိုးအစားကို ကစားပါတယ်
  • 0:14 - 0:20
    ၄င်းတို့ကလေထုထဲကို မီးတောင်၊အပင်ဆွေးေ
    အသက်ရှူသတ္တဝါနဲ့ပင်လယ်မျက်နှာပြင်ကထွက်တဲ့
  • 0:20 - 0:21
    ကာဗွန်ဒိုင်အောက်ဆိုဒ်
  • 0:21 - 0:22
    အနေနဲ့
  • 0:22 - 0:22
    ဝင်လာပါတယ်
  • 0:22 - 0:26
    ၎င်းတို့ကို အပင်တွေက အစာချက်လုပ်ငန်းမှာ
    အသုံးပြုတဲ့အခါ၊ သမုဒ္ဒရာက
  • 0:26 - 0:28
    ပြန်စုပ်ယူတဲ့အခါ
    မြေလွှာနဲ့နုန်းမှာ
  • 0:28 - 0:30
    သိုလှောင်တဲ့အခါ
    လေထုထဲကနေ ပြန်ထွက်သွားပါတယ်
  • 0:30 - 0:32
    ဒီ Tetris တုံးဆင့်ဂိမ်းကို
    ကာဗွန်သံသရာ လို့ခေါ်ပြီး
  • 0:32 - 0:35
    ၎င်းက ကမ္ဘာ့သက်ရှိတို့ရဲ့
    အင်ဂျင်တစ်ခုပါ
  • 0:35 - 0:37
    ၄င်းက ရာသီဥတုနဲ့ ဘယ်လိုပတ်သတ်ပါလဲ
  • 0:37 - 0:39
    ဒီကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
    လေထဲမှာပြန်စုပ်ယူခံဖို့
  • 0:39 - 0:41
    စောင့်ဆိုင်းနေစဉ်
    အာကာသထဲ
  • 0:41 - 0:43
    ယိုစိမ့်သွားမဲ့ နေရဲ့အပူချိန်တချို့ကို
  • 0:43 - 0:45
    ထွက်ပေါက်မရှိအောင် ပိတ်လှောင်ထားပါတယ်
  • 0:45 - 0:48
    ဒါကြောင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
    ဖန်လုံအိမ်ဓာတ်ငွေလို့ခေါ်ပြီး
  • 0:48 - 0:50
    ၎င်းက ဖန်လုံအိမ်အာနိသင်လို့ သိကြတဲ့
  • 0:50 - 0:51
    ပူနွေးတဲ့အလွှာကို ဖန်တီးခြင်းဖြင့်
  • 0:51 - 0:54
    ကမ္ဘာကို အင်္ဂါဂြိုဟ်လို
    မအေးခဲအောင် ထိန်းပေးပါတယ်
  • 0:54 - 0:58
    လေထုထဲမှာ ရှင်းထုတ်ခံဖို့ စောင့်စားနေတဲ့
    ကာဗွန်ဒိုင်အောက်ဆိုဒ်တုံးတွေ ပိုများလေလေ
  • 0:58 - 1:00
    ကမ္ဘာမြေ ပိုပူနွေးလာလေလေ ပါပဲ။
  • 1:00 - 1:02
    လေထုထဲက ကာဗွန်ပမာဏဟာ
    ရေခဲခေတ်နဲ့ ဥက္ကာခဲ
  • 1:02 - 1:05
    ကျရောက်တဲ့ ကာလတစ်လျောက်လုံး
    အပြောင်းအလဲ ဖြစ်ခဲ့ပေမဲ့
  • 1:05 - 1:09
    လွန်ခဲ့တဲ့ နှစ် ၈,၀၀၀ ကာလအတွင်းမှာ
    တည်ငြိမ်တဲ့ရာသီဥတုဟာ ရုပ်လုံးပေါ်လာပြီး
  • 1:09 - 1:12
    လူ့ယဉ်ကျေးမှုတွေကို
    ရှန်သန်ခွင့် ပြုလိုက်ပါတယ်
  • 1:12 - 1:14
    ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀ ခန့်မှာ
  • 1:14 - 1:18
    မြေလွှာထဲသိုလှောင်ထားတဲ့ သက်ရင့်
    ကာဗွန်တွေကို စတင်တူးဖော်ခဲ့ကြတယ်
  • 1:18 - 1:21
    ဒီရုပ်ကြွင်းလောင်စာတွေ၊ ကျောက်မီသွေး၊
    ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တွေက
  • 1:21 - 1:24
    လူသားတွေမပေါ်ခင် ရှေးကာလထဲက
    သေဆုံးတဲ့ အပင်နဲ့တိရစ္ဆာန်တို့ရဲ့
  • 1:24 - 1:27
    မြေမြှုပ်အကြွင်းအကျန်များက
    ဖြစ်လာတာပါ
  • 1:27 - 1:29
    ၎င်းတို့ဆီမှာ သိုလှောင်ထားတဲ့ စွမ်းအင်က
  • 1:29 - 1:32
    စက်ရုံ၊ကားနဲ့ ဓာတ်အားပေးစက်ရုံတွေကို
    မောင်းနှင်နိုင်ပေမဲ့
  • 1:32 - 1:37
    ဒီလောင်ကျွမ်းမှုကကမ္ဘာ့Tetrisတုံးဆင့်ဂိမ်း
    ထဲကို ကာဗွန်အသစ်တွေ ဝင်ရောက်စေပါတယ်
  • 1:37 - 1:40
    တစ်ချိန်တည်းမှာပဲ စိုက်ပျိုးရေးအတွက်
    တောတွေရှင်းတာကြောင့်
  • 1:40 - 1:43
    ကမ္ဘာ့ရဲ့ ကာဗွန်ဖယ်ရှားနိုင်စွမ်းကို
    ကျဆင်းစေပါတယ်
  • 1:43 - 1:47
    ၁၇၅၀ ခုနှစ် ကတည်းက လေထုထဲရှိ
    ကာဗွန်ပမာဏဟာ
  • 1:47 - 1:49
    ၄၀% လောက်ထိ တိုးသွားလိုက်တာ
  • 1:49 - 1:51
    ကျရိပ်ကိုမပြတော့ပါဘူး
  • 1:51 - 1:54
    ဒီ Tetris တုံးဆင့်နည်းလိုပါပဲ၊
    အတုံးတွေ ပုံလာလေ
  • 1:54 - 1:57
    တည်ငြိမ်အောင်ထိန်းဖို့ ပိုခက်လေပါပဲ
  • 1:57 - 1:59
    လေထုထဲက အပိုဆောင်း
    ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက
  • 1:59 - 2:01
    မျက်နှာပြင်အပူကို
    ပိုလှောင်ပိတ်စေခြင်းဖြင့်
  • 2:01 - 2:03
    ဖန်လုံအိမ်အာနိသင်ကို အရှိန်မြင့်စေပြီး
  • 2:03 - 2:06
    ဝင်ရိုးစွန်း ရေခဲလွှာတွေကို
    ပျော်ဆင်းစေပါတယ်
  • 2:06 - 2:09
    ဒါတွေ ပိုအရည်ပျော်လေ၊ နေရောင်ခြည်
    အလင်းပြန်မှုနည်းလေဖြစ်ပြီး
  • 2:09 - 2:12
    သမုဒ္ဒရာရေ ပူနွေးမှုကိုတောင်
    ပိုမြန်စေပါတယ်
  • 2:12 - 2:16
    ပင်လယ်ရေမြင့်တက်လာပြီး ကမ်းရိုးတန်း
    ဒေသရှိလူများကို ရေလွှမ်းမိုးခြင်း၊
  • 2:16 - 2:18
    သသာ၀ဂေဟစနစ် ပျက်သုန်းခြင်း၊
    အချိန်နှင့်အမျှ
  • 2:18 - 2:21
    ပိုပြင်းထန်တဲ့ရာသီဥတု စတဲ့အန္တရာယ်တွေနဲ့
    ရင်ဆိုင်ရမည့်အလားအလာတွေရှိစေလာပါမယ်
  • 2:21 - 2:25
    ရာသီဥတုပြောင်းလဲမှုက လူအမျိုးမျိုးနဲ့
    ဒေသတွေကိုနည်းပေါင်းစုံနဲ့ထိခိုက်နိုင်တယ်
  • 2:25 - 2:29
    ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါက
    ကျုပ်တို့အားလုံး မပါမနေရမဲ့ ကစားပွဲပါ
  • 2:29 - 2:30
    Tetris ဂိမ်းနဲ့မတူတဲ့အချက်က
  • 2:30 - 2:33
    ပြန်စဖို့နဲ့ ထပ်ကြိုးစားဖို့ အခွင့်အရေး
    တော့ ထပ်မရတော့ပါဘူး
Title:
ရာသီဥတုပြောင်းလဲခြင်း - ကမ္ဘာ့ရဲ့ အကြီးစား Tetris တုံးဆင့်ကစားပွဲ -Joss Fong
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/climate-change-earth-s-giant-game-of-tetris-joss-fong။

ကမ္ဘာလောက်ကြီး ကြီးတဲ့ တုံးဆင့်ကစားပွဲကြီးရှိပါတယ်။ ကစားကွင်းနေရာက ကမ္ဘာဂြိုလ်ဖြစ်ပြီး ဆက်မဲ့တုံးလေးတွေက ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကိုယ်စားပြုပါတယ်။ ကျုပ်တို့ရဲ့ ကားတွေ၊ စက်ရုံတွေနဲ့ ဓာတ်အားထုတ်လုပ်ရေးတွေ လည်ပတ်ဖို့ရာ ရုပ်ကြွင်းလောင်စာတွေကို လောင်ကျွမ်းပစ်လိုက်တာကြောင့် ၎င်းဓာတ်ငွေ့ဟာ အရင်ထက်ကို မြန်မြန်သွက်သွက်ပဲ စုပုံတိုးပွားနေပါတော့တယ်။ ဝန်ပိုနေတဲ့ ဒီ CO2 က ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေပုံနဲ့ Tetris တုံးဆင့်ကစားပွဲလိုမဟုတ်တော့ တစ်ကြော့ပြန်စဖို့နဲ့ နောက်တစ်ကြိမ် ကြိုးစားဖို့ အခွင့်အရေးတွေ မရနိုင်ကြောင်း ကျုပ်တို့ကို Joss Fong က သတိပေးလျက် လိုရင်းကိုတင်ပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Joss Fong၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- Provincia Studio။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
02:49

Burmese subtitles

Revisions