ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ကိုယ့်အသံ ပြောင်းသွားတာ ဘာကြောင့်လဲ။
-
0:07 - 0:08၁၆ ရာစု အလယ်ပိုင်းတွင်
-
0:08 - 0:12အီတလီနိုင်ငံမှာ အမျိုးသားအဆိုတော်ရဲ့
အသံတမျိုးဟာ သိပ်ကို ခေတ်စားခဲ့တယ်။ -
0:12 - 0:14သက်ကြီးတွေ ဘယ်လိုမှ
ဆိုမရနိုင်တဲ့ အသံမျိုးကို -
0:14 - 0:17သူတို့ဟာ အံ့ဩလောက်ရအောင်ကို
ဆိုနိုင်ခဲ့ကြတယ်။ -
0:17 - 0:20ဒါပေမဲ့ အဲဒီဆုလာဘ်အတွက် ပေးဆပ်ရတဲ့
တန်ဖိုးဟာ ကြီးမားခဲ့ပါတယ်။ -
0:20 - 0:22သူတို့ရဲ့ အဲဒီလို အသံ
ပျောက်ကွယ် မသွားအောင် -
0:22 - 0:25အဲဒီ အဆိုတော်တွေကို အပျိုဖော်မဝင်မီတွင်
သင်းကွပ်ပေးခဲ့ကြရတယ်။ -
0:25 - 0:29သူတို့ရဲ့အသံတွေ ပိုနက်ရှိုင်းလာစေမယ့်
ဟော်မုန်း ဖြစ်စဉ်ကို ရပ်တန့်ပစ်ဖို့ပါ။ -
0:29 - 0:34castrati လို့ အခေါ်ခံခဲ့ကြရသူတို့ရဲ့ နံဝင်
ချိုဘွယ် အသံဟာ ဥရောပမှာ နာမည်ကြီးခဲ့ပါတယ်။ -
0:34 - 0:39အဲဒီအသံကို ဖန်တီးပေးခဲ့တဲ့ ကြမ်းကြုတ်တဲ့
အစဉ်အလာကို တားမြစ်ခဲ့တဲ့ ၁၈၀၀ အထိပါပဲ။ -
0:39 - 0:43အဲဒီအံ့ဖွယ် အသံရဲ့ စွမ်းအားဟာ မယုံကြည်
နိုင်ဖွယ် အသံစဉ်ကို ထုတ်ပေးနိုင်ခဲ့ပေမဲ့ -
0:43 - 0:48သဘာဝအလျောက် ဖွံ့ဖြိုးလာတဲ့ အသံတွေဟာလည်း
အံ့ဖွယ်အသံမျိုးစုံကို ထုတ်လုပ်ပေးနိုင်တယ်။ -
0:48 - 0:55ကျုပ်တို့ အသက်ကြီးလာတာနဲ့ အသံကို ပြောင်းလဲ
စေတဲ့ အပြောင်းအလဲ ခန္ဓာကိုယ်ထဲ ဖြစ်လာတယ်။ -
0:55 - 1:01ဒီတော့ ကျုပ်တို့ရဲ့ အသံအိုးအလုပ်လုပ်ပုံနဲ့
အသံပြောင်းလဲလာရတာ ဘာကြောင့်များလဲ။ -
1:01 - 1:06စကားပြောသံ တစ်ခုထွက်ပေါ်လာဖို့ ခန္ဓာ
ကိုယ်ထဲက အပိုင်းအမျိုးမျိုး ပါဝင်ရပါတယ်။ -
1:06 - 1:10ဒါပေမဲ့ အများဆုံး ပြောင်းလဲလာစေတာက အသက်၊
ကျုပ်တို့ရဲ့ အသံကြိုးများရဲ့ အခြေအနေနဲ့ -
1:10 - 1:12ကျုပ်တို့ အသံအိုးများရဲ့ အရွယ်အစားပါ။
-
1:12 - 1:16အသံအိုးဟာ ကြွက်သားမျာနဲ့ အရိုးနုတွေ
ပါဝင်ပြီး -
1:16 - 1:19အသံကြိုးများကို အားပေးလှုပ်ခါစေတဲ့ စနစ်ပါ၊
-
1:19 - 1:23တကယ်တော့ ပိုတိကျတဲ့ အမည်က အသံအခေါက်များပါ။
-
1:23 - 1:26thyroid နဲ့ arytenoid အရိုးနုတွေအကြား
ဆန့်ဆွဲထားတဲ့ -
1:26 - 1:32အဲဒီကြွက်သား နှစ်ခုဟာ လေပြွန်ကို ဖွင့်ပိတ်
နိုင်တဲ့ ပျော့ပြောင်းတဲ့ ကန့်လန်ကာမျိုးပါ။ -
1:32 - 1:34လေကို လည်ချောင်းမှတဆင့် သယ်ပေးတဲ့ ပြွန်ပါ။
-
1:34 - 1:37ကျုပ်တို့ အသက်ရှူနေစဉ် အခေါက်တွေဟာ
ဘေးမှာ ရှိနေကြလျက်၊ -
1:37 - 1:39ကျုပ်တို့ စပြောတော့တာနဲ့ ပိတ်ချလာပါတယ်။
-
1:39 - 1:42ကျုပ်တို့ရဲ့ အဆုတ်ဟာ ပိတ်ထားတဲ့ အခေါက်
တွေကို ကျော်ပြီး လေကို ထိုးတင်ပေးတယ်၊ -
1:43 - 1:46၎င်းတို့ဟာ ပွင့်လာကြပြီး အမျှင်များကို
လှုပ်ရှားစေရင်း အသံကို ထုတ်လုပ်ပေးတယ်။ -
1:46 - 1:50တူရိယာ တစ်ခုခု တီးမှုတ်ရာမှာ လိုအပ်သလို
အထူးအာရုံစိုက်ရန် မလိုအပ်ဘဲ -
1:50 - 1:53ကျုပ်တို့ဟာ အသံစဉ်တွေကို ပြောနေရင်း
လိုအပ်သလို ပြောင်းလဲနိုင်ကြတယ်။ -
1:53 - 1:56လေကို မြန်ဆန်စွာ ဒါမှမဟုတ် နှေးကွေးစွာ
ထုတ်ပေးလျက် -
1:56 - 1:59အဲဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်နဲ့ အားကို
ပြောင်းလဲပေးနိုင်ကြပါတယ်။ -
1:59 - 2:03အဲဒါက ကျုပ်တို့အသံရဲ့ ကျယ်အားနဲ့
အနိမ့်အမြင့်ကို ညှိပေးတာပါ။ -
2:03 - 2:08လျင်မြန်စွာ မသိမသာ လှုပ်ခါမှုတွေက
မကျယ်တဲ့ အသံမြင့်တွေကို ဖန်တီးပေးတယ်။ -
2:08 - 2:13နှေးပြီး ကြီးမားတဲ့ တုန်ခါမှုတွေကျတော့
နက်ရှိုင်းပြီး နိမ့်တဲ့ အသံကို ဖြစ်စေတယ်။ -
2:13 - 2:16နောက်ဆုံးအနေနဲ့၊ အရိုးနုတွေအကြားရှိ
အသံအိုး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို -
2:16 - 2:19ပြောင်းလဲပေးလျက် ခုနက
အခေါက်တွေကို ကျုံ့ခြင်းဆန့်ခြင်းဖြင့် -
2:19 - 2:23ကျုပ်တို့ရဲ့ အတွင်းပိုင်း အသံဆိုင်ရာ
တူရီယာကို စိတ်တိုင်းကျ ကစားနိုင်ပါတယ်။ -
2:23 - 2:26ကျုပ်တို့ ပြောလိုက်ကြတဲ့ ပထမဦးဆုံး စကား
လုံးနဲ့ နောက်ဆုံး ကစားလုံး ဒီအတိုင်းပါပဲ။ -
2:26 - 2:30ဒါပေမဲ့ အသက်ကြီးလာရင်
ကျုပ်တို့ရဲ့ အသံအိုးလည်း ကြီးရင့်လာတယ်။ -
2:30 - 2:33အပျိုဖော်ဝင်ချိန်မှာ ပထမဦးဆုံး အဓိက
အကျဆုံး ပြောင်းလဲမှုစတင်တယ်၊ -
2:33 - 2:35သင့်ရဲ့ စကားပြောသံဟာ နက်ရှိုင်းလာတယ်။
-
2:35 - 2:39သင့်အသံအိုးက ပိုကြီးထွားလာလျက်
-
2:39 - 2:44အသံ အခေါက်တွေကို ဆန့်ပေးရင်း ၎င်းတို့
လှုပ်ခါရန် ခန်းမကို တိုးဖွင့်ပေးတယ်။ -
2:44 - 2:47အဲဒီ ပိုရှည်လာကြတဲ့ အခေါက်များရဲ့
တုန်ခါမှုဟာ နှေးလာကာ ပိုကျယ်လာတယ်။ -
2:47 - 2:50အဲဒါကြောင့် အခြေခံသံစဉ်ဟာ နိမ့်လာရတယ်။
-
2:50 - 2:53ယောက်ျားလေး အများအပြားအတွက်
အဲဒီကြီးထွားမှုဟာ အံ့ဖွယ်ဖြစ်နိုင်ပြီး၊ -
2:53 - 2:57testosterone အဆင့်မြင့်လွန်းလို့
အသံဟာ အစပိုင်းတွင် အက်သံ ပါလာတတ်တယ်၊ -
2:57 - 3:00အဲဒီနောက်မှာ နက်ဝင်လာကာ အသံအမျိုးမျိုး
ပြောင်းလဲရင်း -
3:00 - 3:04အာဒံရဲ့ပန်းသီးများ လို့ခေါ်တဲ့
အသံအိုးရဲ့ တုန်ခါသံများ ကြားရနိုင်တယ်။ -
3:04 - 3:07အပျိုဖော်ဝင်စဉ် အသံဆိုင်ရာ
နောက် အပြောင်းအလဲ တစ်ခုက -
3:07 - 3:10တသားတည်းရှိတဲ့ တစ်ရှူးက
အခေါက်တွေ လာပြီး ဖုံးအုပ်ချိန်မှာပါ၊ -
3:10 - 3:14ကွဲပြားစွာ အလုပ်လုပ်ကြတဲ့
အလွှာသုံးလွှာ အထူး ပေါ်လာစေပါတယ်၊ -
3:14 - 3:15ဗဟိုကြွက်သား၊
-
3:15 - 3:20ဆွဲဆန့်ထားကာ ပျော့တဲ့အမျှင်များဖြင့်
ရစ်ပတ်နေတဲ့ မာနေတဲ့ collagen အလွှာ၊ -
3:20 - 3:22ပြီးတော့ အပြင်တွင် ချွဲအမြှေးပါးလွှာတွေပါ။
-
3:22 - 3:26အဲဒီ အလွှာတွေက အသံထဲကို နက်ရှိုင်းမှုနဲ့
ပင်ကိုထူးခြားချက်ကို ထည့်ပေးကြတယ်။ -
3:26 - 3:31ပျိုဖေါ်မဝင်မီတုန်းက အသံစဉ်တွေနဲ့
ကွဲပြားတဲ့ အသံစဉ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ -
3:31 - 3:36ပျိုဖော်ဝင်ပြီးနောက်မှာ လူအများစုရဲ့အသံဟာ
နှစ် ၅၀ ကြာတဲ့အထိ -
3:36 - 3:37မပြောင်းသလောက်ပါပဲ။
-
3:37 - 3:40ကျုပ်တို့ဟာ မတူတဲ့ အသံတွေ
ကိုယ်စီ သုံးနေကြပေမဲ့၊ -
3:40 - 3:44နောက်ဆုံးမှာတော့ အသံအိုး ကြီးရင့်လာမှုနဲ့
ဆက်စပ်နေတဲ့ လက္ခဏာတွေကို ခံစားလာကြရတယ်၊ -
3:44 - 3:46အဲဒါကို presbyphonia လို့ ခေါ်ပါတယ်။
-
3:46 - 3:49ပထမဦးဆုံးအချက်က ကျုပ်တို့ရဲ့ အခေါက်ထဲက
ကော်လာဂျင်ဟာ မာလာပါတယ်၊ -
3:49 - 3:53ပြီးတော့ ဝန်းရံနေကြတဲ့ အမျှင်တွေ
မာကျော ယိုယွင်းလာကြတယ်။ -
3:53 - 3:57ပျော့ပြောင်းမှု နည်းလာခြင်းက သက်ကြီး
အသံသို့ ပြောင်းလာစေပါတယ်။ -
3:57 - 4:01သွေးဆုံးမှုရဲ့ ဟော်မုန်း သက်ရောက်မှုကို
ဖြတ်ကျော်ခဲ့ကြရတဲ့ အမျိုးသမီးများဆိုရင် -
4:01 - 4:07မြင့်တဲ့ အသံကို အသံအခေါက်များ
မျိုချခံရခြင်းကြောင့် ပြောင်းပြန်တွေ့ရတယ်။ -
4:07 - 4:13အခေါက်များရဲ့ ထုထယ် တိုးလာမှုက တုန်ခါမှု
ကို နှေးစေလျက် အသံကို နက်ရှိုင်းလာစေတယ်။ -
4:13 - 4:16အဲဒီလို အသက်ကြီးမှု လက္ခဏာတွေ
ပိုရှုပ်ထွေးလာကြပြီး -
4:16 - 4:19ကျန်းမားတဲ့ အသံအိုး အာရုံစွန်းတွေ
နည်းလာကြတာမို့လို့ -
4:19 - 4:24ကြွက်သားကို တိကျစွာ ထိန်းချုပ်မှု နည်းလာကာ
အသက်ရှူသံ (သို) မာတဲ့အသံကို ပေါ်လာစေပါတယ်။ -
4:24 - 4:28နောက်ဆုံးမှာတော့ သင်ရဲ့ အသံကို ပြောင်းလဲ
စေနိုင်ကြတဲ့ ခန္ဓာဗေဒဆိုင်ရာ -
4:28 - 4:29အချက်တွေ သိပ်မများကြပါဘူး။
-
4:29 - 4:32ဒါပေမဲ့ ကိုယ်က ကောင်းမွန်စွာ
ဂရုစိုက်နေထိုင်ပါက၊ -
4:32 - 4:35သင်ရဲ့ အသံကို ထုတ်လုပ်ပေးတဲ့ အသံအိုးဟာ
အသေအချာ စီမံထားတဲ့ တူရိယာပါ၊ -
4:35 - 4:36သီချင်းကြီးတွေကို၊
-
4:36 - 4:38စိတ်ဝင်စားစရာ ဟောကြားချက်ကို သာမက
-
4:38 - 4:40အစွမ်းထက်တဲ့
မိန့်ခွန်းတွေကို ချွေနိုင်မှာပါ။
- Title:
- ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ကိုယ့်အသံ ပြောင်းသွားတာ ဘာကြောင့်လဲ။
- Speaker:
- Shaylin A. Schundler
- Description:
-
သင်ခန်းစား အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/why-does-your-voice-change-as-you-get-older-shaylin-a-schundler
လူ့အသံဟာ အံ့ဘွယ် အသံအမျိုးမျိုး တသီကြီးကို ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်ုပ်တို့ အသက် ကြီးရင့်လာတာနဲ့အမျှ၊ ကျွန်ပ်တို့ ခန္ဓာကိုယ်ဟာ ကျွန်ုပ်တို့ရဲ့ အသံကို ပြောင်းစေတဲ့ အပြောင်းအလဲကြီး နှစ်ခု ဖြတ်ကျော်ရပါတယ်။ ဒီတော့ ကျွန်ုပ်တို့ရဲ့ အသံအိုး တကယ် အလုပ်လုပ်ပုံက ဘယ်လိုများလဲ၊ ပြီးတော့ ကျွန်ုပ်တို့ အသံတွေ ပြောင်းလာရတာက ဘာကြောင့်လဲ။ Shaylin A. Schundler က ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အသံ ပြောင်းသွားတာ ဘာကြောင့်လဲ ဆိုတာကို ရှင်းပြထားပါတယ်။
Shaylin A. Schundler ရဲ့ သင်ခန်းစာကို Andrew Foerster & Nick Counter တို့က စီမံညွှန်ကြားပြီး အသက်ဝင်ပုံများဖြင့် ဖေါ်ပြပေးခဲ့ကြပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:55
![]() |
Myo Aung approved Burmese subtitles for Why does your voice change as you get older? | |
![]() |
Myo Aung edited Burmese subtitles for Why does your voice change as you get older? | |
![]() |
Myo Aung accepted Burmese subtitles for Why does your voice change as you get older? | |
![]() |
Myo Aung edited Burmese subtitles for Why does your voice change as you get older? | |
![]() |
Sanda Aung edited Burmese subtitles for Why does your voice change as you get older? | |
![]() |
Sanda Aung edited Burmese subtitles for Why does your voice change as you get older? | |
![]() |
Sanda Aung edited Burmese subtitles for Why does your voice change as you get older? |