ဟစ်တလာကိုဆန့်ကျင်တဲ့ လျှို့ဝှက်ကျောင်းသားလှုပ်ရှားမှု - Iseult Gillespie
-
0:07 - 0:11၁၉၄၃မှာ မဟာမိတ်လေယာဥ်တွေ
နာဇီဂျာမနီကို ဝင်စီးတဲ့အခါ၊ -
0:11 - 0:15အမည်မသိ ဂျာမန်တွေရေးထားတဲ့
ဟစ်တလာကို ကျောခိုင်းဖို့၊ -
0:15 - 0:19အနာဂတ်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ဖို့၊
ဘယ်တော့မှ မျှော်လင့်ချက်တွေ လက်မလွှတ်ဖို့ -
0:19 - 0:23ဖတ်ရှုသူတွေကို ဆော်သြတဲ့လက်ကမ်းစာတွေ
ထောင်နဲ့ချီ ကြဲချခဲ့တယ်။ -
0:23 - 0:26သူတို့တိုက်ပွဲခေါ်သံဟာ အိမ်နဲ့
အလုပ်ခွင်တွေကို ရိုက်ခတ်ခဲ့တယ်၊ -
0:26 - 0:30သူတို့ရဲ့ သတင်းစကားတွေ ထောင်နဲ့
အကျဥ်းစခန်းတွေထိ ရောက်ရှိခဲ့တယ်။ -
0:30 - 0:34စစ်ပြီးချိန်မှပဲ စာရေးသူတွေရဲ့ အထောက်အထား၊
ဇာတ်လမ်းတွေနဲ့ သူတို့ရဲ့ ဝမ်းနည်းဖွယ် -
0:34 - 0:38ကံကြမ္မာကို လူတွေသိလာရတယ်။
-
0:38 - 0:40ရှေ့ ၁၀နှစ် ဟစ်တလာ အာဏာစယူစဥ်က
-
0:41 - 0:45Hans နဲ့ Sophie Scholl တို့ဟာ
Forchtenbergမြို့က ဆယ်ကျော်သက်တွေ ဖြစ်တယ်။ -
0:45 - 0:48အဲဒီအချိန်မှာ ကြောက်ရွံ့မှု၊ဝါဒဖြန့်မှုနဲ့
-
0:48 - 0:52စောင့်ကြည့်မှုတွေက Scholl မိသားစုနဲ့
ဂျာမန်သန်းချီတို့ဘဝတွေကို -
0:52 - 0:53နာဇီထိန်းချုပ်မှုအောက် ချုပ်ထားခဲ့တယ်။
-
0:53 - 0:56အစိုးရက လူငယ်တွေကို အဓိကထားပြီး၊
-
0:56 - 1:01သူတို့ရဲ့ လှုပ်ရှားမှုကိုထိန်းချူပ်ဖို့၊
အတွေးကိုကြပ်မတ်ဖို့ အဖွဲ့တွေတည်ခဲ့ပါတယ်။ -
1:01 - 1:04ဆယ်ကျော်သက်တွေအနေနဲ့ Hansက
ဟစ်တလာလူငယ်အဖွဲ့မှာ ဝင်ပြီးတော့၊ -
1:04 - 1:07Sophie ကတော့ ဂျာမန်မိန်းကလေးအဖွဲ့ချုပ်မှာ
အသင်းဝင်ခဲ့ပါတယ်။ -
1:07 - 1:09Hans က ရာထူးတွေတက်ခဲ့ပြီး
-
1:09 - 1:12အခြားလူငယ်တွေကို ဝါဒသွင်း၊
သင်တန်းပေးဖို့ ကွပ်ကဲခဲ့ရပါတယ်။ -
1:12 - 1:17သူဟာ ၁၉၃၆မှာ နိုင်ငံတော်စုဝေးပွဲတစ်ခုမှာ
အလံကိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ -
1:17 - 1:20ဒါပေမဲ့ နာဇီရဲ့လေလုံးသဏ္ဌာန်ကို
မျက်မြင်တွေ့ ရချိန်မှာ -
1:20 - 1:23သူ အဲဒါတွေကို မေးခွန်းစထုတ်လာပါတယ်။
-
1:23 - 1:27တစ်ချိန်တည်းမှာပဲ Sophie က သူသိနေရတဲ့
အချက်အလက်တွေကို စသံသယဖြစ်လာတယ်။ -
1:27 - 1:30နာဇီဝါဒဆီ သူတို့ကလေးတွေကို
လက်လွှတ်ရမှာ စိုးတဲ့ -
1:30 - 1:32သူတို့မိဘ Robert နဲ့ Magdalenaက
-
1:32 - 1:35သူတို့ရဲ့ ဒွိဟတွေကို အားမြှောက်ပေးခဲ့တယ်။
-
1:35 - 1:38Robert နဲ့ Magdalena ဟာ
အစိုးရက အစမှာ အားမပေး၊ -
1:38 - 1:42နောက်မှာပိတ်ပင်ခဲ့တဲ့ ပြည်ပရေဒီယိုတွေကို
အိမ်မှာ နားထောင်ခဲ့တယ်။ -
1:42 - 1:47နာဇီရက်စက်မှုတွေကို အစိုးရက
နိုင်ငံပိုင်ရုပ်သံကနေ ငြင်းနေချိန်မှာ -
1:47 - 1:50Scholl မိသားစုက ထိတ်လန့်ဖွယ်
အမှန်တရားတွေကို သိခဲ့ရတယ်။ -
1:50 - 1:54သို့သော် သူတို့ဟာ ဟစ်တလာ့ဂျာမနီရဲ့
ထိန်းချုပ်မှုအောက်မှာပဲ ရှိခဲ့ပါတယ်။ -
1:54 - 1:55စစ်စဖြစ်ပြီးချိန်မှာ
-
1:55 - 1:58Sophie က တိုင်းပြည်အတွက်
ရင်လေးလေးနဲ့ အလုပ်လုပ်ခဲ့တယ်၊ -
1:58 - 2:03Hans က မြူးနစ်မြို့က ဆေးကျောင်းတက်ရင်းနဲ့
စစ်တပ်တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ -
2:03 - 2:09အဲဒီမှာပဲ Christoph Probst၊ Willi Graf နဲ့
Alexander Schmorell တို့ကို Hans တွေ့တယ်။ -
2:09 - 2:12တစ်ယောက်ချင်းစီဟာ နာဇီဝါဒကို
တစ်နေ့တခြား စိတ်ကုန်လာခဲ့ကြတယ်။ -
2:12 - 2:14သူတို့ရဲ့ အမြင်တွေကို မျှဝေချင်ခဲ့ကြတယ်။
-
2:14 - 2:19ဒါပေမဲ့ ဘယ်သူ့ကိုယုံကြည်ရမှန်းမသိချိန်မှာ
သူတို့အမြင်တွေကို ဘယ်လိုမျှဝေရမလဲ။ -
2:19 - 2:22ဒါ့ကြောင့် သူငယ်ချင်းတစ်စုဟာ
အမည်မဲ့ တော်လှန်ကြဖို့ ဆုံးဖြတ်ခဲ့တယ်။ -
2:22 - 2:25သူတို့ပိုက်ဆံတွေထုတ်ကြပြီး
ပုံနှိပ်ပစ္စည်းတွေ ဝယ်ခဲ့တယ်။ -
2:25 - 2:28အသိတစ်ဦးက သူ့စတူဒီယို
မြေအောက်ခန်းကို သူတို့တွေကို သုံးစေခဲ့တယ်။ -
2:28 - 2:31လျှို့ဝှက်စွာနဲ့ သူတို့သတင်းစကားတွေကို
မူကြမ်းရေးခဲ့ကြတယ်။ -
2:31 - 2:37၁၉၄၂ ဂျွန်လ မြူးနစ်မြို့မှာ ပဟေဠိဆန်ဆန်
နာဇီဆန့်ကျင်ရေးလက်ကမ်းစာတွေ ပေါ်လာခဲ့တယ်။ -
2:37 - 2:40စာတွေမှာ အမှတ်အသားက
နှင်းဆီဖြူ ပါတဲ့။ -
2:40 - 2:42ပထမလက်ကမ်းစာက ဟစ်တလာကိုရှုတ်ချပြီး
-
2:42 - 2:45ဂျာမန်တွေကို စစ်ပြင်မှုကို
နှောင့်ယှက်ဖို့ တိုက်တွန်းထားတယ်။ -
2:45 - 2:47"လုံးဝနောက်မကျသွားခင်၊
-
2:47 - 2:52နောက်ဆုံးမြို့ဟာ အုတ်ကျိုးပုံမဖြစ်ခင်၊
တိုင်းပြည်ရဲ့လူငယ်တွေ သွေးမြေကျမသေဆုံးရခင် -
2:52 - 2:54ဒီ ဘုရားမဲ့စစ်ယန္တရားရဲ့
လုပ်ငန်းဆောင်တာတွေကို -
2:54 - 2:58တားဆီးပိတ်ပင်ကြပါ။
-
2:58 - 3:02လူတိုင်းဟာ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ
ရနိုင်မယ်ဆိုတာ မမေ့ပါနဲ့။" -
3:02 - 3:05ထေ့လုံးငေါ့လုံး တွေဟာ
သစ္စာဖောက်မှုလို့ သတ်မှတ်ခံရချိန်မှာ -
3:05 - 3:08ဒီလိုစကားသုံးနှုန်းမှုက မကြုံစဖူးပါပဲ။
-
3:08 - 3:11ဒီစာရဲ့အများစုကို Hans Scholl ရေးခဲ့ပါတယ်။
-
3:11 - 3:16သူ့အစ်ကိုရဲ့ လှုပ်ရှားမှုတွေမသိဘဲ
၁၉၄၂မှာ မြူးနစ်ကို Sophie လာခဲ့တယ်။ -
3:16 - 3:18မကြာခင်ပဲ သူ ကျောင်းမှာ
လက်ကမ်းစာတွေကို တွေ့တယ်။ -
3:18 - 3:21ဒါပေမဲ့ Han ရဲ့ အခန်းထဲက
သက်သေတွေကို သူမတွေ့ရသေးခင်ထိ -
3:21 - 3:23စာတွေကို ဘယ်သူရေးလဲ သူမသိခဲ့ဘူး။
-
3:23 - 3:28သူ့ထိတ်လန့်မှုက သိပ်မကြာလိုက်ဘဲ
သူ့အစ်ကိုတို့နဲ့ သူလက်တွဲခဲ့တယ်။ -
3:28 - 3:34မောင်နှမ၂ယောက်အတွက် နှစ်ပေါင်းများစွာ
မျိုသိပ်ထားရတာတွေ စုအရှိန်မြင့်ချိန်ပါ။ -
3:34 - 3:40၁၉၄၂ ဂျွန်ကနေ ၁၉၄၃ ဖေဖော်ဝါရီထိ
အဖွဲ့က ပျာပျာယာယာအလုပ်လုပ်ခဲ့ကြတယ်။ -
3:40 - 3:42ဂတ်စတာပိုက သဲလွန်စရှာချိန်မှာ
-
3:42 - 3:45နှင်းဆီဖြူက အမြဲသတိရှိခဲ့ပါတယ်။
-
3:45 - 3:50စစ်ရှိန်မြင့်၊ စည်းကမ်းတွေတင်းကျပ်လာပြီး
မြူးနစ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေခံရတယ်။ -
3:50 - 3:54ဒါပေမဲ့ နှင်းဆီဖြူက လျှို့ဝှက်
ပူးပေါင်းကြံစည်မှုတွေ ပိုလုပ်လာခဲ့တယ်။ -
3:54 - 3:58အဆောက်အုံတွေမှာ ဂရပ်ဖတီတွေဆွဲ၊
ဂတ်စတာပိုအုံလိုက်ပါတဲ့ရထားတွေ စီးခဲ့ကြတယ်။ -
3:58 - 4:00၁၉၄၂ ဆောင်းရာသီမှာ
-
4:00 - 4:04Hans ဟာ စိတ်မချရတဲ့ခရီးစဥ်နဲ့
ချက်ကိုစလိုဗားကီးယားနယ်စပ်ကို -
4:04 - 4:06နာဇီဆန့်ကျင်ရေးသမားတွေနဲ့ သွားတွေ့ ခဲ့တယ်။
-
4:06 - 4:09၁၉၄၃ ဖေဖော်ဝါရီ ၁၈ မှာ
-
4:09 - 4:13Sophie နဲ့ Hansက သူတို့တက္ကသိုလ်ကို
လက်ကမ်းစာအပြည့် အိတ်တစ်လုံးယူသွားခဲ့တယ်။ -
4:13 - 4:18အစောင့်တစ်ယောက်က သူတို့လုပ်နေတာတွေကို
သတိထားမိပြီး ဂတ်စတာပိုကို သတင်းပေးခဲ့တယ်။ -
4:18 - 4:20၂ယောက်လုံး ပက်သက်မှုမရှိကြောင်း
အေးဆေးငြင်းခဲ့တယ်၊ -
4:20 - 4:24ရဲက စာတွေအကုန်ပြန်စုပြီး
အိတ်လွတ်ထဲပြန်ထည့်ကြည့်ချိန် -
4:24 - 4:27ကွက်တိဖြစ်နေတာ မတွေ့ရခင်ထိပေါ့။
-
4:27 - 4:29Hans နဲ့ Sophie ဝန်ခံတဲ့အခါမှာ
-
4:29 - 4:34သူတို့ကိုတရားရုံးပို့ပြီး ခေါင်းဖြတ်စက်နဲ့
သတ်ဖို့ ချက်ချင်းအမိန့်ချခဲ့တယ်။ -
4:34 - 4:40အလွန်ပင်ပန်းတဲ့စစ်ဆေးမှုတွေနဲ့ကြုံရပေမဲ့
၂ယောက်လုံးက ပေါင်းကြံသူတွေကို မဖော်ခဲ့ဘူး။ -
4:40 - 4:45မကွပ်မျက်ခင်မှာ Sophie ဟာ
သူ့တိုင်းပြည်အခြေအနေကို ဒေါသူပုန်ထခဲ့တယ်။ -
4:45 - 4:48ဒါပေမဲ့လည်း သူကမျှော်လင့်ချက်တွေပြည့်တဲ့
အနာဂတ်အကြောင်းလည်း ပြောခဲ့တယ်၊ -
4:48 - 4:52"တရားမျှတမှုအတွက် ပေးဆပ်ဖို့
တစ်ယောက်မှ ရှိမနေရင် -
4:52 - 4:56တရားမျှတမှု လွှမ်းမိုးဖို့ ငါတို့
ဘယ်လိုမျှော်လင့်နိုင်မလဲ။ -
4:56 - 5:00ဒီလို နေသာပြီး နှစ်လိုဖွယ်နေ့မှာ
ငါသွားရတော့မယ်။ -
5:00 - 5:03ဒါပေမဲ့ ငါ့သေခြင်းကို အရေးပါစေတာက
-
5:03 - 5:08ဒီအရာကနေ လူထောင်ချီ နှိုးထလာပြီး
တက်ကြွလှုပ်ရှားလာစေတာပဲ။"
- Title:
- ဟစ်တလာကိုဆန့်ကျင်တဲ့ လျှို့ဝှက်ကျောင်းသားလှုပ်ရှားမှု - Iseult Gillespie
- Speaker:
- Iseult Gillespie
- Description:
-
သင်ခန်းစာအပြည့်အစုံလေ့လာကြည့်ရှုရန် - https://ed.ted.com/lessons/the-secret-student-resistance-to-hitler-iseult-gillespie
၁၉၄၃ မှာ နာဇီဂျာမနီမှာ ထောင်နဲ့ချီတဲ့ လက်ကမ်းစာတွေကို မဟာမိတ်လေယာဥ်တွေ ကြဲချခဲ့တယ်။ လက်ကမ်းစာတွေက ဖတ်ရှုသူတွေကို ဟစ်တလာကို ကျောခိုင်းဖို့၊အနာဂတ်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ဖို့နဲ့ ဘယ်တော့မှ မျှော်လင့်ချက်တွေ လက်မလွှတ်ဖို့ ဆော်သြခဲ့တယ်။ သူတို့ရဲ့ တိုက်ပွဲခေါ်သံဟာ အိမ်တွေနဲ့ အလုပ်ခွင်တွေကို ရိုက်ခတ်ခဲ့တယ်၊ အကျဥ်းစခန်းတွေထိတောင် သူတို့ရဲ့ သတင်းစကားတွေ ရောက်ရှိပျံနှံ့ခဲ့တယ်။ စာတွေမှာ အမှတ်အသားက နှင်းဆီဖြူ ပါတဲ့။ Iseult Gillespie က ဆန့်ကျင်တဲ့အဖွဲ့ရဲ့ အသေးစိတ်ကို ပြောပြထားပါတယ်။
သင်ခန်းစာပြုလုပ်သူ - Iseult Gillespie၊ စီစဥ်ညွှန်ကြားသူ - WOW-HOW Studio။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:09
![]() |
sann tint approved Burmese subtitles for The secret student resistance to Hitler | |
![]() |
sann tint edited Burmese subtitles for The secret student resistance to Hitler | |
![]() |
sann tint accepted Burmese subtitles for The secret student resistance to Hitler | |
![]() |
sann tint edited Burmese subtitles for The secret student resistance to Hitler | |
![]() |
Thaw Tint Te Tun edited Burmese subtitles for The secret student resistance to Hitler | |
![]() |
Thaw Tint Te Tun edited Burmese subtitles for The secret student resistance to Hitler |