မီးတောင်တွေပေါက်ကွဲအောင် ဘယ်အရာက လုပ်တာလဲ။
-
0:07 - 0:12၁၉၄၂ ဖေဖော်ဝါရီ မှာ
မက်စီကိုလယ်သမား Dionisio Pulido က -
0:12 - 0:16မိုးခြိမ်းသံကို ပြောင်းဖူးခင်းဆီက
ကြားလိုက်ရတယ်လို့ ထင်ခဲ့တယ် -
0:16 - 0:20ဒါပေမဲ့ အသံက ကောင်းကင်ပေါ်က
လာတာမဟုတ်ခဲ့ပါဘူး -
0:20 - 0:25ကျောက်ခဲတွေပြိုကျပြီး ဓာတ်ငွေ့ထွက်နေတဲ့
အက်ကွဲကြောင်းကြီးဆီကနေပဲ ဖြစ်ပါတယ် -
0:25 - 0:30ဒီ အပေါက်ကြီးကို Paricutin
မီးတောင်လို့သိလာကြပြီး -
0:30 - 0:37နောက် ၉နှစ်လောက်ထိ ချော်ရည်နဲ့ပြာတွေက
၂၀၀ စတုရန်းကီလိုမီတာလောက် ဖုံးနေခဲ့တယ် -
0:37 - 0:39ဒါပေမဲ့ ဒီ မီးတောင် အသစ်ကြီးက
ဘယ်က ထွက်လာတာလဲ -
0:39 - 0:43ပြီးတော့ ဒီလိုခန့်မှန်းရခက်တဲ့
ပေါက်ကွဲမှုမျိုးက ဘယ်လို အစပျိုးခဲ့တာလဲ -
0:43 - 0:47မီးတောင်တိုင်းရဲ့ ဇာတ်လမ်းက
ချော်ရည်တွေက စတင်တာပါ -
0:47 - 0:51ပင်လယ်ရေ သမုဒ္ဒရာမှာဖြစ်တည်တဲ့
အရည်ပျော်နိုင်တဲ့ကျောက်ခဲက -
0:51 - 0:56ကမ္ဘာ့မျက်နှာပြင်အလွှာတွေထဲကိုစိမ့်ဝင်ပြီး
အရည်ပျော်မှတ်ကိုလျော့ကျစေပါတယ် -
0:56 - 1:00ဘူမိဗေဒဆိုင်ရာ အချက် သုံးခုရဲ့
သိမ်မွေ့တဲ့ ဟန်ချက်ကြောင့်် -
1:00 - 1:04ကျောက်ရည်ပူတွေကို ကမ္ဘာ့မျက်နှာပြင်
အောက်မှာ ပုံမှန် ဆက်ရှိနေစေတာပါ။ -
1:04 - 1:07ပထမဆုံးတစ်ချက်ကတော့
lithostatic ဖိအား ပါ -
1:07 - 1:12ဒါက ကမ္ဘာ့အပေါ်ယံလွှာအလေးချိန်က
အောက်မှာရှိတဲ့ ချော်ရည်ကိုတွန်းနေခြင်း ပါ -
1:12 - 1:17ဒုတိယ အချက် Magmastatic ဖိအားအဖြစ်
ချော်ရည်က အပေါ်ကိုပြန်လည်တွန်းကန်ပါတယ် -
1:17 - 1:20ဒီ ဖိအားနှစ်ခုတိုက်ပွဲ ရဲ့တင်းမာမှုက
တတိယ အချက်ကို ဖြစ်တည်ပါတယ် -
1:20 - 1:24ကမ္ဘာ့ မျက်နှာပြင်
ကျောက်လွှာ မာကျောမှုပါ -
1:24 - 1:27အများအားဖြင့် ကျောက်လွှာတွေရဲ့
လေးလံ မာကျော နိုင်စွမ်းက -
1:27 - 1:29ချော်ရည်ကိုနေရာတကျရှိစေပါတယ်
-
1:29 - 1:35ဒါပေမဲ့ ဒီဖိအားနှစ်ခု ဟန်ချက်ပျက်သွားတာနဲ့
အကျိုးဆက်တွေက ပေါက်ကွဲမှုတွေဖြစ်လာပါတယ် -
1:35 - 1:37မီးတောင်ပေါက်ကွဲမှုအဖြစ်အများဆုံး
အကြောင်းရင်းထဲကတစ်ခုက -
1:37 - 1:40magmastatic ဖိအားများလာခြင်းကြောင့်ပါ
-
1:40 - 1:44ချော်ရည်မှာ ဒြပ်စင် ဒြပ်ပေါင်း
အမျိုးမျိုးပါဝင်ပြီး -
1:44 - 1:47အများစုဟာ ကျောက်ရည်ပူတွေအဖြစ်ကို
ပျော်ဝင်သွားပါတယ် -
1:47 - 1:53မြင့်မားတဲ့ ဒြပ်ပါဝင်မှုတွေမှာ ရေ(သို့)
ဆာလဖာလို ဒြပ်ပေါင်းတွေဟာ မပျော်ဝင်တော့ပဲ -
1:53 - 1:57အဲဒါအစား ဖိအားမြင့်
ဂတ်စ်ပူဖောင်းလေးတွေဖြစ်လာပါတယ် -
1:57 - 1:59အဲဒီပူဖောင်းတွေကမ္ဘာ့မျက်နှာပြင်ဆီ
ရောက်လာတဲ့အခါ -
1:59 - 2:02သေနတ်ဖောက်သလို ပြင်းအားနဲ့
ပေါက်ကွဲနိုင်ပါတယ် -
2:02 - 2:06သန်းများစွာရှိတဲ့ပူဖောင်းတွေ
တပြိုင်တည်းပေါက်ကွဲတဲ့အခါ -
2:06 - 2:10သူ့ရဲ့ပြင်းအားက ကမ္ဘာ့လေထုဒုတိယအလွှာထိ
ပြာမှုန့်ထုကြီးကို ပို့ပေးနိုင်ပါတယ် -
2:10 - 2:15ဒါပေမဲ့ သူတို့မပေါက်ကွဲခင် လှုပ်ခါထားတဲ့
ဆိုဒါထဲက CO2 ပူဖောင်းတွေလိုလုပ်ဆောင်ပါတယ် -
2:15 - 2:18သူတို့ရဲ့တည်ရှိမှုက ချော်ရည်ရဲ့
သိပ်သည်းဆကိုလျော့ကျပြီး -
2:18 - 2:23ဖော့ဂုဏ်သတ္တိအားများလာတာကြောင့်
အပေါ်ယံအလွှာကို တွန်းနေသလိုဖြစ်စေပါတယ် -
2:23 - 2:28မက်ဆီကို က Paricutin မီးတောင်ပေါက်မှုက
ဒီဖြစ်စဉ်ကြောင့်လို့ ဘူမိဗေဒပညာရှင်တွေ -
2:28 - 2:30ယုံကြည်ကြပါတယ်
-
2:30 - 2:34ဖော့ဂုဏ်ရှိပူဖောင်းတွေမှာ
လူသိများတဲ့ သဘာဝဖြစ်စဉ် ၂ခုရှိပါတယ် -
2:34 - 2:37တစ်ခါတစ်လေ မြေအောက်
ပိုနက်တဲ့နေရာက ချော်ရည်အသစ်တွေဟာ -
2:37 - 2:41အငွေ့ပါတဲ့ အပိုဆောင်းဒြပ်ပေါင်းတွေကို
နဂိုချော်ရည်ထဲသို့ယူဆောင်လာပါတယ် -
2:41 - 2:45ဒါပေမဲ့ ချော်ရည်တွေစတင်အေးခဲလာရင်လည်း
ပူဖောင်းလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ် -
2:45 - 2:50သူ့အရည်ပျော်မှတ် မှာတော့ ချော်ရည်ဟာ
ဓာတ်ငွေ့တွေ ပျော်နေတဲ့သတ္တုတွေ အရောတခုပါ -
2:50 - 2:56ကျောက်ရည်ပူတွေ မာလာရင် သတ္တုဒြပ်ရော
တချို့က သလင်းကျောက်ပုံ အခဲဖြစ်လာကြတယ် -
2:56 - 3:00ဒီဖြစ်စဉ်မှာ ပေါက်ကွဲမှုပူဖောင်းတွေ
ဖြစ်စေတဲ့ -
3:00 - 3:03ဒြပ်ပေါင်းတွေရဲ့ ပြင်းအားမြင့်စေတဲ့
-
3:03 - 3:06ပျော်ဝင်ဓာတ်ငွေ့တွေ မပါဝင်ပါဘူး
-
3:06 - 3:10ပေါက်ကွဲမှုတိုင်းက magmastatic ဖိအား
မြင့်လာခြင်းကြောင့် မဟုတ်ပါဘူး -
3:10 - 3:15တစ်ခါတစ်ရံ အပေါ်ကကျောက်ခဲတွေက
အန္တရာယ်ရှိလောက်အောင် နိမ့်ကျလာပါတယ် -
3:15 - 3:20တောင်ပြိုကျတာ ကချော်ရည်အကန့် အပေါ်က
ကျောက်ခဲထုအများကြီးကို ဖယ်ထုတ်ပေးနိုင်တယ် -
3:20 - 3:25ဒါက lithostatic ဖိအားကိုလျော့ကျစေပြီး
ပေါက်ကွဲမှုတစ်ခု ချက်ချင်းဖြစ်ပေါ်စေပါတယ် -
3:25 - 3:28ဒီလို ဖြစ်စဉ်ကို Unloading လို့ခေါ်ပြီး
-
3:28 - 3:31၁၉၈၀ က Mount St.Helens ရဲ့
ရုတ်တရက်ပေါက်ကွဲမှုလိုမျိုး -
3:31 - 3:36ပေါက်ကွဲမှုအများစုရဲ့ အဓိက အချက်ဖြစ်ပါတယ်
-
3:36 - 3:39မြေတိုက်စားခံရမှုတွေနဲ့ ရေခဲပြင်
အရည်ပျော်မှုတွေကြောင့် -
3:39 - 3:42unloading ဖြစ်စဉ်က ကြာမြင့်တတ်ပါတယ်
-
3:42 - 3:45တကယ်တော့ ရာသီဥတုပြောင်းလဲမှုကြောင့်
ရေခဲပြင်အရည်ပျော်ခြင်းက -
3:45 - 3:50မီးတောင်ရဲ့ဖြစ်စဉ်တွေကိုများလာနိုင်သဖြင့်
ဘူမိဗေဒပညာရှင်တွေကစိုးရိမ်ကြပါတယ် -
3:50 - 3:54နောက်ဆုံး...အောက်ကချော်ရည်ကိုထိန်းထားဖို့
ကျောက်လွှာတွေ မမာကျောသောကြောင့်လည်း -
3:54 - 3:57မီးတောင်ပေါက်ကွဲမှုတွေက ဖြစ်လာနိုင်ပါတယ်
-
3:57 - 4:00ချော်ရည်မှထွက်လာတဲ့
အက်စစ်အငွေ့တွေနဲ့ အပူတွေက -
4:00 - 4:05hydrothermal alteration ဖြစ်စဉ်ကိုဖြတ်ပြီး
ကျောက်ခဲတွေကို ပျက်စီးစေပြီး -
4:05 - 4:08တဖြည်းဖြည်း မာကျောတဲ့ကျောက်ကို
ပျော့ပျောင်းတဲ့ရွံ့ အဖြစ်ပြောင်းလဲစေပါတယ် -
4:08 - 4:12ကျောက်လွှာတွေက ကမ္ဘာ့မြေလွှာ
လှုပ်ရှားမှုကြောင့် အားနည်းလာပါတယ် -
4:12 - 4:17ငလျင်တွေက အက်ကွဲရာတွေ ဖန်တီးနိုင်ပြီး
မျက်နှာပြင်ပေါ် ချော်ရည်ပူတွေထွက်လာစေပါတယ် -
4:17 - 4:20ပြီးတော့ ကမ္ဘာ့မျက်နှာပြင်လွှာကိုလည်း
ပါးလွှာအောင်ဆွဲဆန့်ပြီး -
4:20 - 4:23တိုက်ကြီးများရဲ့မြေကျောက်လွှာကို
တစ်ခုနဲ့တစ်ခု ဝေးကွာစေပါတယ် -
4:23 - 4:26ကံမကောင်းစွာနဲ့ ပေါက်ကွဲမှုဖြစ်စေတဲ့
အရာတွေကိုသိထားခြင်းက -
4:26 - 4:29သူတို့ကို ခန့်မှန်းလွယ်အောင်
မပြုလုပ်ထားပါဘူး -
4:29 - 4:32သိပ္ပံပညာရှင်တွေက ကမ္ဘာ့မျက်နှာပြင်
လွှာရဲ့အလေးချိန်နဲ့ခံနိုင်အားကို -
4:32 - 4:33အကြမ်းဖျင်း သတ်မှတ်နိုင်ပေမဲ့
-
4:33 - 4:37ချော်ရည်အကန့်ရဲ့ အနက် နဲ့ အပူတွေက
magmastatic ဖိအားအတွင်း -
4:37 - 4:40တိုင်းတာဖို့ အလွန်ခက်ခဲပါတယ်
-
4:40 - 4:44ဒါပေမဲ့ မီးတောင်ပညာရှင်တွေက
ဒီကျောက်တောင်ကြီးကိုအနိုင်ရဖို့အတွက် -
4:44 - 4:47နည်းပညာအသစ်ကို ရှာတွေခဲ့ပါတယ်
-
4:47 - 4:50အပူခံအာရုံစနစ်များတိုးတက်လာမှုက
သိပ္ပံပညာရှင်တွေကို -
4:50 - 4:52မြေအောက်လွှာ ထူးခြားဖြစ်စဉ်တွေကို
စစ်ဆေးခွင့် ရစေတယ်။ -
4:52 - 4:56Spectrometers က ထွက်လာတဲ့ချော်ရည်ထဲက
ဓာတ်ငွေ့ကို လေ့လာဆန်းစစ်နိုင်ပါတယ် -
4:56 - 5:02လေဆာတွေက မီးတောင်ပုံစံအတိုင်း မြင့်
လာတဲ့ချော်ရည်ကို တိကျစွာခြေရာခံနိုင်တယ် -
5:02 - 5:07ဒီကိရိယာတွေက ပေါက်ကွဲမှုတွေ
အကြောင်းကိုကျွန်တော်တို့ ပိုနားလည်အောင် -
5:07 - 5:09ကူညီပေးမယ်လို့မျှော်လင့်ပါတယ်
- Title:
- မီးတောင်တွေပေါက်ကွဲအောင် ဘယ်အရာက လုပ်တာလဲ။
- Speaker:
- Steven Anderson
- Description:
-
၁၉၄၂ ဖေဖော်ဝါရီ မှာ မက်စီကိုလယ်သမား Dionisio Pulido ကမိုးခြိမ်းသံကို ပြောင်းဖူးခင်းဆီကကြားလိုက်ရတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အသံက ကောင်းကင်ပေါ်က လာတာမဟုတ်ခဲ့ပါဘူး။ ကျောက်ခဲတွေပြိုကျပြီး ဂတ်စ်တွေထွက်နေတဲ့ အက်ကွဲကြောင်းကြီးဆီကနေ ဖြစ်ပြီး အဲ့အရာကို Paricutin မီးတောင်လို့သိလာကြပါတယ်။ ဒီ မီးတောင် အသစ်ကြီးက
ဘယ်က ထွက်လာတာလဲ...ပြီးတော့ ဒီလိုခန့်မှန်းရခက်တဲ့ ပေါက်ကွဲမှုမျိုးက ဘယ်လို အစပျိုးခဲ့တာလဲ။ Steven Anderson က ရှာဖွေတွေ့စူးစမ်းထားပါတယ်။ သင်ခန်းစာကို Steven Anderson က ပြုစုပြီး Cabong Studios က ရိုက်ကူးထားတာပါ။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:10
![]() |
sann tint approved Burmese subtitles for What makes volcanoes erupt? | |
![]() |
sann tint edited Burmese subtitles for What makes volcanoes erupt? | |
![]() |
sann tint accepted Burmese subtitles for What makes volcanoes erupt? | |
![]() |
sann tint edited Burmese subtitles for What makes volcanoes erupt? | |
![]() |
sann tint edited Burmese subtitles for What makes volcanoes erupt? | |
![]() |
sann tint edited Burmese subtitles for What makes volcanoes erupt? | |
![]() |
sann tint edited Burmese subtitles for What makes volcanoes erupt? | |
![]() |
Hsu Myat Thu edited Burmese subtitles for What makes volcanoes erupt? |