ဘာကြောင့် "Waiting for Godot"? ကို သင်ဖတ်သင့်တာလဲ။ Iseult Gillespie
-
0:07 - 0:09Estragon လို့ခေါ်တဲ့ စုတ်ချာချာလူတစ်ယောက်
-
0:09 - 0:13နေဝင်ရီတရောမှာ သစ်ပင်တစ်ပင်အနားထိုင်ပြီး
သူ့ဘွတ်ဖိနပ်ကို အတင်းချွတ်နေတယ်။ -
0:13 - 0:15ခဏအကြာ သူ့မိတ်ဆွေ Vladimir လာပေါင်းတယ်၊
-
0:15 - 0:17Godot ဆိုတဲ့လူကို
သူတို့ဒီမှာစောင့်ရမယ်ဆိုတာ -
0:17 - 0:21သူ့ရဲ့ ပူပန်နေတဲ့အဖော်ကို သတိပေးတဲ့သူပါ။
-
0:21 - 0:24ဒါနဲ့ပဲ Godot ဘယ်တော့လာမလဲ၊
ဘာကြောင့် သူတို့စောင့်နေတာလဲ၊ -
0:24 - 0:26သူတို့စောင့်နေတဲ့ သစ်ပင်ရောဟုတ်ရဲ့လားလို့
-
0:26 - 0:30နှစ်ဦးသား ငြင်းခုံကြတဲ့အခါ
ဦးနှောက်ခြောက်စရာ စက်ဝန်းတစ်ခု စတင်ပါတယ်။ -
0:30 - 0:33ဒီကနေ Waiting for Godot ဟာ
ပိုထူးဆန်းလာရုံမက -
0:33 - 0:36ခေတ်ပေါ်ပြဇာတ်ရဲ့ရှုထောင့်ကို
ပြောင်းလဲခဲ့တဲ့ -
0:36 - 0:38ပြဇာတ်တစ်ခုအဖြစ်လည်း ယူဆခံရပါတယ်။
-
0:38 - 0:42Samuel Beckett က (၁၉၄၉‘၁၉၅၅) ကရေးခဲ့ပြီး
-
0:42 - 0:46ရိုးရှင်းပေမဲ့ စိတ်ထိခိုက်ဖွယ်ရာ
မေးခွန်းတစ်ခုပေးတယ် -
0:46 - 0:50ဇာတ်ကောင်တွေ ဘာလုပ်သင့်ပါသလဲ။
-
0:50 - 0:53Estragon: ဘာမှမလုပ်ပဲနေရအောင်၊
ဒါက ဘေးကင်းတယ်ကွ။ -
0:53 - 0:57Vladimir: သူပြောတာကို စောင့်ကြည့်ရအောင်လေ။
-
0:57 - 0:58Estragon: ဘယ်သူတုန်း။
-
0:58 - 1:00Vladimir: Godot လေကွာ။
-
1:00 - 1:02Estragon: ကောင်းသားပဲကွ။
-
1:02 - 1:04ဒီလိုအသိခက်တဲ့ အပြောနဲ့
ကရွတ်ကွင်းလည်တဲ့တွေးခေါ်မှုက -
1:04 - 1:07Theatre of the Absurd ရဲ့
အဓိက အင်္ဂါရပ်တွေပါ။ -
1:07 - 1:10ဒုတိယကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်လာတဲ့
လှုပ်ရှားမှုတစ်ခုဖြစ်ပြီး -
1:10 - 1:12ပျက်စီးမှုထဲက အဓိပ္ပါယ်ကိုရှာတွေ့ဖို့
-
1:12 - 1:15အနုပညာရှင်တွေ အပြင်းအထန်
အားထုတ်ရတယ်လို့ ထင်ခဲ့တာပါ။ -
1:15 - 1:19အဓိပ္ပာယ်ကင်းမဲ့မှုအယူရှိတွေက ဇာတ်ကွက်၊
ဇာတ်ကောင်နဲ့၊ ဘာသာစကားကို -
1:19 - 1:22သူ့တို့အဓိပ္ပာယ်ကိုမေးခွန်းထုတ်ဖို့
တိုက်ဆိုင် -
1:22 - 1:26စစ်ဆေးကာ သူတို့ရဲ့နက်ရှိုင်းတဲ့
မသေချာမှုကို ဇာတ်စင်မှာမျှဝေတယ်။ -
1:26 - 1:28ဒါဟာ စိတ်ပျက်ဖွယ်ဆိုပေမဲ့
-
1:28 - 1:31အဓိပ္ပာယ်မရှိမှုဟာ ၎င်းရဲ့
မျှော်လင့်ချက်မဲ့မှုကို ဟာသနဲ့ ရောတယ်။ -
1:31 - 1:33ဒါဟာ Waiting for Godot အမျိုးအစားကို
Beckett ရဲ့ -
1:33 - 1:35ထူခြားတဲ့ချဉ်းကပ်မှုမှာ ရောင်ပြန်ဟပ်တယ်။
-
1:35 - 1:40ဒါကို သူက "နှစ်ခန်းပါတဲ့ အလွမ်းအသောစုံတဲ့
ပြဇာတ်တစ်ပုဒ်"လို့တံဆိပ်ကပ်ခဲ့တယ်။ -
1:40 - 1:42ဝမ်းနည်းစရာက ဇာတ်ကောင်တွေဟာ
-
1:42 - 1:45ဖြစ်တည်မှု ပဟေဠိမှာပိတ်မိနေတယ်၊
သူတို့ကို ရည်ရွယ်သဘောတစ်ခုပေးဖို့ -
1:45 - 1:48မသိသေးတဲ့သဏ္ဌာန်တစ်ခုကို အချည်းနှီး
စောင့်နေပေမဲ့ -
1:48 - 1:50သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်သဘောက
-
1:50 - 1:53စောင့်ဆိုင်းခြင်းက လာတာပါ။
-
1:53 - 1:55စောင့်နေတုန်းမှာ ငြီးငွေ့မှုထဲကို
သူတို့နစ်ဝင်သွားတယ်၊ -
1:55 - 2:00ဘာသာရေးဆိုင်ရာ ထိတ်လန့်မှုကိုဖေါ်ပြပြီး
မိမိကိုယ်ကိုသတ်သေဖို့ ဆင်ခြင်ကြတယ်။ -
2:00 - 2:04ဒါပေမဲ့ ရယ်စရာကောင်းတာက သူတို့
အကျပ်အတည်းမှာ ငေါထွက်နေတဲ့ ဟာသရှိတာပါ၊ -
2:04 - 2:07သူတို့ရဲ့ဘာသာစကားနဲ့ လှုပ်ရှားမှုတွေမှာ
တွေ့ရပါတယ်။ -
2:07 - 2:10သူတို့ရဲ့တုံ့ပြန်ဆက်သွယ်မှုတွေဟာ
အဓိပ္ပာယ်မရှိတဲ့ စကားလုံးဖန်တာ၊ -
2:10 - 2:12ထပ်တာ၊ အနက်နှစ်ခွထွက်တာတွေပြည့်နေတယ်၊
-
2:12 - 2:15ရုပ်ပိုင်း ပြက်လုံးထုတ်တာ၊
သီချင်းဆိုတာ၊ ကတာ၊ -
2:15 - 2:17ကသုတ်ကရက် ဦးထုပ်တွေလဲတာ
တွေလည်းပါတာပါ။ -
2:17 - 2:20မကြာခဏ မရှင်းလင်းတာက ပရိတ်သတ်က
ရယ်မလား၊ ငိုမလား၊ -
2:20 - 2:23Beckett ဟာ သူတို့နှစ်ဦးကြားက ခြားနားမှုကို
-
2:23 - 2:26မြင်လေမလားဆိုတာပါ။
-
2:26 - 2:28Beckett ဟာ ဒဗ္ဗလင်မှာမွေးပြီး
-
2:28 - 2:31ပဲရစ်ကိုမပြောင်းခင် အင်္ဂလိပ်၊
ပြင်သစ်နဲ့အီတလီကို လေ့လာခဲ့တယ်၊ -
2:31 - 2:34အဲဒီမှာ ပြဇာတ်၊ ကဗျာနဲ့ စကားပြေရေးရင်း
သူ့ဘဝအချိန်အများစု -
2:34 - 2:36ကုန်ဆုံးခဲ့တယ်။
-
2:36 - 2:39Beckett ဟာ ဘာသာစကားကို တစ်သက်တာ
ချစ်မြတ်နိုးစိတ်ရှိပေမဲ့ -
2:39 - 2:43သူ့လက်ရာထဲမှာ အဟတွေ၊ ရပ်တာတွေနဲ့ လစ်ဟာမှု
တဒင်္ဂတွေကို ပေါင်းစပ်ရင်း -
2:43 - 2:47တိတ်ဆိတ်မှုအတွက်
နေရာလွတ် ဖန်းတီးခဲ့သေးတယ်။ -
2:47 - 2:50ဒါဟာ သူ့ မူပိုင်အမှတ်အသား၊ရဲ့
အဓိကအင်္ဂါရပ်တစ်ခု၊ -
2:50 - 2:53မညီတဲ့ ဇာတ်အဟုန်၊ ကြေကွဲဖွယ် ဟာသပါ၊
-
2:53 - 2:56ဒါက Theatre of the Absurd တစ်လျှောက်လုံး
လူကြိုက်များလာခဲ့တာပါ။ -
2:56 - 2:59သူဟာ အသိခက်တဲ့
သရုပ်သကန်ကိုလည်း ပျိုးထောင်ခဲ့ပြီး -
2:59 - 3:02သူ့လက်ရာရဲ့ဆိုလိုချက်အကြောင်း
ထင်မြင်ချက်တွေကို အတည်ပြုဖို့ -
3:02 - 3:05(သို့) ငြင်းဆန်ဖို့ ငြင်းဆန်ခဲ့တယ်။
-
3:05 - 3:06ဒါက ပရိတ်သတ်ကို ဆက်မှန်းဆစေပြီး
-
3:06 - 3:09သူ့ရဲ့သဘာဝလွန် လောကတွေနဲ့
ပဟေဠိဆန်တဲ့ ဇာတ်ကောင်တွေမှာ -
3:09 - 3:12သူတို့ရဲ့စွဲလမ်းမှု တိုးလာစေတယ်။
-
3:12 - 3:15ရှင်းလင်းတဲ့အဓိပ္ပါယ်ကင်းမဲ့မှုဟာ
Godot ကို -
3:15 - 3:18အဆုံးမရှိတဲ့ အဓိပ္ပါယ်ကောက်မှုကို
ဖွင့်ပေးတယ်။ -
3:18 - 3:21ဝေဖန်သူတွေက ပြဇာတ်အကြောင်း
မရေတွက်နိုင်တဲ့ သဘောထားတွေပေးခဲ့တယ်၊ -
3:21 - 3:24ပြဇာတ်ကိုယ်၌ရဲ့ ဇာတ်ကွက်ကို
ထင်ဟပ်တဲ့ ထွေပြားမှုနဲ့ ထင်မြင်ချက်ရဲ့ -
3:24 - 3:28သံသရာတစ်ခု အကျိုးဆက်ဖြစ်စေရင်းပေါ့။
-
3:28 - 3:31၎င်းကို စစ်အေးရူပကအလင်္ကာတစ်ခု၊
-
3:31 - 3:33ပြင်သစ် ပြန်လည်ဆန်းသစ်ရေးနဲ့
-
3:33 - 3:36ဗြိတိန်ရဲ့ အိုင်ယာလန် ကိုလိုနီပြုမှုရဲ့
အဖြစ် ဖတ်ကြတယ်။ -
3:36 - 3:38ဇာတ်လိုက်နှစ်ဦးရဲ့ အင်အားဟာ
-
3:38 - 3:40ပြင်းထန်တဲ့ ငြင်းခုံမှုကိုလည်း
အစပျိုးပေးတယ်။ -
3:40 - 3:43၎င်းတို့ကို ကမ္ဘာပျက်ကိန်းရဲ့
ရှင်ကျန်သူတွေအဖြစ် ဖတ်ကြတယ်၊ -
3:43 - 3:46ဇရာအိုအတွဲတစ်ခု၊
မစွမ်းဆောင်နိုင်တဲ့ မိတ်ဆွေနှစ်ဦး၊ -
3:46 - 3:52Freudအတ္တနဲ့ မသိစိတ်ကို လူပုဂ္ဂိုလ်အဖြစ်
ခိုင်းနှိုင်းမှုအဖြစ်နဲ့တောင်ပါ။ -
3:52 - 3:54အထင်အရှား Beckett ဆိုခဲ့တာက
-
3:54 - 3:57သူသေချာနိုင်တာဆိုလို့
Vladimir နဲ့ Estragon တို့ဟာ -
3:57 - 4:00အနားကော့ ဦးထုပ်လုံးဆောင်းထားတာပဲ"တဲ့။
-
4:00 - 4:03ဝေဖန်ရေးထင်မြင်ချက်နဲ့
စိတ်တိုစရာကောင်းတဲ့ ဇာတ်ကွက်လိုပဲ -
4:03 - 4:05သူတို့ရဲ့ဘာသာစကားဟာ မကြာခဏတော့
ဘာမဟုတ်တာကို -
4:05 - 4:08ငြင်းခုံ၊ကျီစယ်တဲ့ နှစ်ယောက်လို
အတွေးစပြတ်သွားတယ်၊ -
4:08 - 4:11နောက်တော့ ပြီးတဲ့နေရာက ပြန်ကောက်တယ်။
-
4:11 - 4:14Vladimir: အစကနေပြန်စလို့ရလောက်တယ်ကွ။
-
4:14 - 4:16Estragon: ဒါက လွယ်လိမ့်မယ်ကွ။
-
4:16 - 4:19Vladimir: ခက်တာက အစပဲကွ။
-
4:19 - 4:22Estragon: ဘာကနေဖြစ်ဖြစ် စလို့ရတာပဲလေ။
-
4:22 - 4:24Vladimir: ဟုတ်တယ်၊ဒါပေမဲ့
မင်းဆုံးဖြတ်ရမှာလေ။ -
4:24 - 4:28Beckett က ကျွန်ုပ်တို့ကို အမှတ်ရစေတာက
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေလိုပဲ -
4:28 - 4:31ဇာတ်ခုံပေါ်က လောကဟာ အမြဲတော့
ယုတ္တိမတန်ဘူးဆိုတာပါ။ -
4:31 - 4:35၎င်းဟာ သဘာဝကျမှုနဲ့ စိတ်လှည့်စားမှု၊
အကျွမ်းဝင်မှုနဲ့ ဆန်းပြားမှု -
4:35 - 4:37နှစ်ခုစလုံးကို ဖွေရှာနိုင်ပါတယ်
-
4:37 - 4:41ပြီးတော့ ဆွဲဆောင်နိုင်ဆဲ သေသပ်တဲ့
ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့ -
4:41 - 4:46အကောင်းဆုံး ပြဇာတ်ကတော့ ကျွန်ုပ်တို့ကို
ဆက်ပြီး တွေးစေ၊ စောင့်နေစေတုန်းပါ။
- Title:
- ဘာကြောင့် "Waiting for Godot"? ကို သင်ဖတ်သင့်တာလဲ။ Iseult Gillespie
- Speaker:
- Iseult Gillespie
- Description:
-
သင်ခန်းစာအပြည်အစုံကို https://ed.ted.com/lessons/why-should-you-read-waiting-for-godot-iseult-gillespie တွင်ကြည့်ပပါ။
လူနှစ်ယောက်ဖြစ်တဲ့ Estragon နဲ့ Vladimir တို့ဟာ Godot ဆိုတဲ့ လူတစ်ယောက်ကို စောင့်ဖို့ နေဝင်ရီတရောမှာ သစ်ပင်တစ်ပင်အောက်မှာဆုံကြတယ်။ ဒါနဲ့ပဲ Godot ဘယ်တော့လာမလဲ၊ ဘာကြောင့် သူတို့စောင့်နေတာလဲ၊ သူတို့စောင့်နေတဲ့ သစ်ပင်ရောဟုတ်ရဲ့လားလို့ ငြင်းခုံကြတဲ့အခါ ဦးနှောက်ခြောက်စရာ စက်ဝန်းတစ်ခု စတင်ပါတယ်။ ဒီပြဇာတ်ဟာ ရိုးရှင်းပေမဲ့ စိတ်ထိခိုက်ဖွယ်ရာ မေးခွန်းတစ်ခု ‘ဇာတ်ကောင်တွေ ဘာလုပ်သင့်ပါသလဲ‘ ကို ထုတ်မေးထားတယ်။ Iseult Gillespie ကနေပြီး ဒီအလွမ်းအသောစုံတဲ့ပြဇာတ်ကိုဖတ်ဖို့ သင်သိဖို့လိုရာမှန်သမျှကို မျှဝေထားပါတယ်။
သင်ခန်းစာကို Iseult Gillespie က ပြုစုပြီး Tomás Pichardo-Espaillat က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:03
![]() |
sann tint approved Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
Myo Aung accepted Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
Myo Aung edited Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
sann tint edited Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
sann tint edited Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
sann tint edited Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
sann tint edited Burmese subtitles for Why should you read "Waiting for Godot"? | |
![]() |
sann tint edited Burmese subtitles for Why should you read "Waiting for Godot"? |