သင့်ဦးနှောက်ရဲ့ စီမံခန့်ခွဲရေး အလုပ် အလုပ်လုပ်ပုံနှင့် ၎င်းကို တိုးတက်အောင် ပြုလုပ်နည်း။
-
0:01 - 0:04ဒီတော့ ကျွန်မမှာ ဝန်ခံစရာ
တစ်ခုရှိပါတယ်၊ -
0:04 - 0:06မကြာသေးခင်ကမှ
ကားမောင်းသင်ခဲ့တာပါ။ -
0:07 - 0:08တော်တော့ကို ခက်ခဲတာပါ။
-
0:09 - 0:12အခု ဒါဟာ ပိုအိုတဲ့ ဦးနှောက်ရဲ့
ကိစ္စတစ်ခု မဟုတ်ခဲ့ဘူး။ -
0:12 - 0:15သင်ပထမဆုံးကာမောင်းသင်တုန်းက
ဘယ်လိုမျိုးဆိုတာကို သင်မှတ်မိလား။ -
0:16 - 0:18ဆုံးဖြတ်သမျှ သတိရှိရှိ၊ အေးအေးလူလူ
ဖြစ်တာ ဘယ်တုန်းကလဲ။ -
0:19 - 0:23စိတ်ပိုင်းအရ လုံးဝကို ဖျက်ပစ်လိုက်တဲ့
သင်ခန်းစာတွေကနေ အိမ်ပြန်ပြန်လာတယ်။ -
0:23 - 0:27အခု သိမှတ်မှုဆိုင်ရာ သိပ္ပံပညာရှင်အဖြစ်
စီမံခန့်ခွဲရေး အလုပ်ဆိုတာကို -
0:27 - 0:31ကျွန်မ အများကြီးသုံးနေတာ
ကျွန်မသိတယ်။ -
0:31 - 0:37စီမံခန့်ခွဲရေး အလုပ်ဟာ ကားမောင်းသင်တာလို
ရည်မှန်းချက်တွေအောင်မြင်ဖို့ -
0:37 - 0:39ကျွန်မတို့အတွေးတွေ၊ ခံစားမှုတွေနဲ့
-
0:39 - 0:41လုပ်ဆောင်မှုတွေကို သတိရှိရှိ ထိန်းဖို့
-
0:41 - 0:42အံ့ဖွယ်အရည်အချင်းတစ်ခုပါ၊
-
0:43 - 0:46စိတ်ကူးပေါက်မှုတွေနဲ့
ကြိုတင် စီစဉ်မှုတွေကို ဟန့်တားတဲ့ -
0:46 - 0:49အကျင့်တွေကနေ ခွဲထွက်ဖို့လိုတဲ့အခါ
သုံးတဲ့အရာပါ။ -
0:50 - 0:52ဒါပေမဲ့ ကိစ္စတွေ မှားသွားတဲ့အခါ
အရှင်းဆုံး မြင်နိုင်တယ်။ -
0:53 - 0:57ဥပမာ၊ အဟာရအစာပေါ်မှာ
မတော်တဆ လိမ္မော်ရည် လောင်းချဖူးလား။ -
0:57 - 0:59(ရယ်သံများ)
-
0:59 - 1:01(သို့) Facebook မှာ လျှောက်ကြည့်ရင်း
-
1:01 - 1:03အစည်းအဝေး လွတ်သွားပြီလို့
ရုတ်တရက် သတိရမိတာရော -
1:03 - 1:04(ရယ်သံများ)
-
1:04 - 1:06(သို့) ဒီတစ်ခုကပိုရင်းနှီးနိုင်တယ်
-
1:06 - 1:09အလုပ်ကနေ အိမ်အပြန်အလာမှာ
စတိုးဆိုင်မှာ ရပ်ဖို့စီစဉ်ပြီးမှ -
1:09 - 1:11အလိုလိုထိန်းတာအစား
အိမ်ကိုတန်းမောင်းဖူးလား။ -
1:11 - 1:14(ရယ်သံများ)
-
1:14 - 1:16ဒီအဖြစ်တွေက လူတိုင်းဖြစ်ပါတယ်။
-
1:16 - 1:18ဒါကို မေ့လျော့တတ်မှုလို့ အမြဲလို
ခေါ်တယ်၊ -
1:18 - 1:19ဒါပေမဲ့ တကယ် ဖြစ်နေတာက
-
1:19 - 1:22ကျွန်မတို့ဟာ စီမံခန့်ခွဲမှုလုပ်ငန်းမှာ
သတိလစ်ဟင်းမှု ကြုံနေတာပါ။ -
1:24 - 1:28ဒီတော့ စီမံခန့်ခွဲရေး အလုပ်ကို ကျွန်မတို့
ဘဝရဲ့ ကဏ္ဍအားလုံးမှာနေ့စဉ်သုံးကြတယ်။ -
1:28 - 1:29လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က
-
1:30 - 1:33သုတေသီတွေ တွေ့ရှိထားတာက
ဒါက ကလေးဘဝနဲ့ ဟိုမှာဘက်က -
1:33 - 1:35ကောင်းတာတွေအကုန်လုံးကို ကြိုဟောပေးတယ်တဲ့၊။
-
1:36 - 1:40ဥပမာ လူမှုရေး ကျွမ်းကျင်မှု၊ ပညာရေး
အောင်မြင်မှု၊စိတ်နဲ့ရုပ်ပိုင်း ကျန်းမာမှု၊ -
1:40 - 1:42ငွေရှာခြင်း၊ ငွေစုခြင်းနဲ့
-
1:42 - 1:44ထောင်ကနေ ကင်းရှင်းတာတောင်ပါ။
-
1:44 - 1:46ကြားရတာ အတော်ကောင်းပုံပဲနော်။
-
1:46 - 1:48ဒီတော့ ကျွန်မလို သုတေသီတွေဟာ
-
1:48 - 1:51ဒါကို သိနားလည်ဖို့နဲ့ ဒါကို ပိုကောင်း
အောင်လုပ်ဖို့ နည်းလမ်းတွေ ကြံဆရာမှာ -
1:51 - 1:53အလွန်စိတ်ဝင်စားတာ မဆန်းပါဘူး။
-
1:55 - 2:00ဒါပေမဲ့ မကြာသေးခင်က စီမံခန့်ခွဲရေး အလုပ်ဟာ
တိုးတက်ရေး ခေတ်ပေါ်စာလုံးဖြစ်လာခဲ့တယ်။ -
2:01 - 2:04လူတွေထင်တာက ဦးနှောက်လေ့ကျင့်ရေး
iPhone apps နဲ့ ကွန်ပြူတာ ဂိမ်းတွေ -
2:04 - 2:06(သို့) သီးခြားနည်းလမ်းတစ်ခုကို
-
2:06 - 2:09လေ့ကျင့်ရာကကနေ
ဒါကို တိုးတက်အောင်လုပ်နိုင်တယ်လို့ပါ။ -
2:10 - 2:13သုတေသီတွေဟာ လက်တွေ့ခန်းမှာ
ဒါကိုလေ့ကျင့်ပေးဖို့ ကြိုးစားနေတယ် -
2:13 - 2:16ဒါနဲ့ ဆက်စပ်တဲ့ အခြားတစ်ခု
တိုးတက်ဖို့ မျှော်လင့်ရင်းပေါ့ -
2:16 - 2:18ဉာဏ်ရည်လိုမျိုးပေါ့
-
2:19 - 2:21ကဲ၊ ဒီမှာ ကျွန်မ ပြောမှာက
-
2:21 - 2:25စီမံခန့်ခွဲရေး အလုပ်နဲ့ပတ်သက်ပြီး
ဒီလိုတွေပုံက လုံးဝ မှားတယ်။ -
2:25 - 2:28ဦးနှောက် လေ့ကျင်တာက ကျယ်ပြန့်တဲ့
သဘောမှာ စီမံခန့်ခွဲရေးအလုပ်ကို -
2:28 - 2:32မတိုးတက်စေတာက ဒါကို တကယ် သုံးတဲ့
လက်တွေဘဝ အခြေအနေတွေရဲ့အပြင်က -
2:32 - 2:36ကျဉ်းမြောင်းတဲ့နည်းတစ်ခုမှာ
လေ့ကျင့်မှု ပါဝင်လို့ပါ၊ -
2:37 - 2:40ဖုန်းပေါ်က စီမံခန့်ခွဲရေး
အလုပ် အပ်ကို ကျွမ်းကျင်နိင်ပေမဲ့ -
2:40 - 2:44တစ်ပတ်နှစ်ကြိမ် Cheeerios မှာ OJ
လောင်းတာကိုရပ်ဖို့ ကူညီမှာတော့ မဟုတ်ဘူး။ -
2:44 - 2:45(ရယ်သံများ)
-
2:45 - 2:47သင့်ရဲ့စီမံခန့်ခွဲ့ရေး အလုပ်ကို
သင့်ဘဝအတွက် အရေးပါတဲ့ -
2:47 - 2:49နည်းလမ်းတစ်ခုမှာ တကယ်တိုးတက်စေချင်ရင်
-
2:49 - 2:53ဒါကို အခြေအနေက သြဇာလွှမ်းမိုးပုံကို
နားလည်ဖို့ လိုအပ်ပါတယ်။ -
2:54 - 2:56ကျွန်မဆိုလိုတာကို ပြသပါရစေ။
-
2:56 - 2:58ကလေးငယ်တွေရဲ့ စီမံခန့်ခွဲရေး
အလုပ်ကို တိုင်းဖို့ -
2:58 - 3:00လက်တွေ့ခန်းမှာ သုံးတဲ့
စမ်းသပ်မှုတစ်ခုရှိတယ်၊ -
3:00 - 3:03"dimensional change card sort"
လို့ခေါ်ပါတယ်။ -
3:04 - 3:07ဒီလုပ်ဆောင်မှုမှာ ကလေးတွေဟာ
ကဒ်တွေကို နည်းတစ်ခုနဲ့ -
3:07 - 3:09ဥပမာ ပုံသဏ္ဌာန်အရ
-
3:09 - 3:12အကျင့်တစ်ခုဖြစ်လာတဲ့အထိ
အထပ်ထပ်ရွေးရပါတယ်။ -
3:12 - 3:14ဒီနောက်မှာ အလားတူကဒ်တွေကို
-
3:14 - 3:17အခြားနည်းနဲ့ ပြောင်းပြီး ရွေးခိုင်းတယ်။
-
3:17 - 3:18ဥပမာ အရောင်အရပေါ့၊
-
3:19 - 3:22အခု တကယ့်ကို ငယ်ရွယ်တဲ့ ကလေးတွေဟာ
ဒါနဲ့ရုန်းကန်ရတယ်။ -
3:22 - 3:26သုံ၊လေးနှစ်သားကလေးတွေဟာ
သူတို့ ဘာရွေးသင့်တယ်ဆိုတာ -
3:26 - 3:29ဘယ်နှစ်ကြိမ်သတိပေးပေးပေး
နည်းဟောင်းနဲ့ပဲ ကဒ်တွေကို ဆက်ရွေးနေတယ်။ -
3:30 - 3:33(ဗီဒီယို) အမျိုးသမီး။ အပြာဆို
ဒီမှာထား။ အနီဆို၊ ဒီမှာထား။ -
3:33 - 3:35ဒီမှာ အပြာတစ်ကဒ်။
-
3:35 - 3:37အိုကေ၊ကဲအခု မတူတဲ့ကစားပွဲတစ်ခု
ကစားတော့မယ်နော်။ -
3:37 - 3:40အရောင်ကစားနည်းကို မကစားတော့ဘူး။
-
3:40 - 3:42အခု ပုံသဏ္ဌာန်ကစားနည်း ကစားတော့မယ်၊
-
3:42 - 3:43ဒီပုံသဏ္ဌာန်ကစားနည်းမှာ
-
3:43 - 3:46ကြယ်အားလုံးက ဒီကိုသွား၊
ကုန်ကားတွေက ဒီကိုသွား၊ ရတယ်နော်။ -
3:46 - 3:48ကြယ်တွေ ဒီသွား၊ ကုန်ကားတွေ ဒီသွား၊
-
3:48 - 3:49ကြယ်တွေ ဘယ်သွားလဲ။
-
3:51 - 3:52ကုန်ကားတွေ ဘယ်သွားလဲ။
-
3:52 - 3:54တော်တယ်ဟေ့။
-
3:54 - 3:56အိုကေ၊ ကြယ်တွေ ဒီသွား၊
ကုန်ကားတွေ ဒီသွား၊ -
3:56 - 3:57ဒီမှာ ကုန်ကားတစ်စီး။
-
3:59 - 4:00(ရယ်သံများ)
-
4:00 - 4:03ကြယ်တွေ ဒီသွား၊
ကုန်ကားတွေ ဒီသွား။ -
4:03 - 4:04ဒီမှာ ကြယ်တစ်ပွင့်။
-
4:05 - 4:08(ရယ်သံများ)
-
4:08 - 4:09SB: တကယ်ကို ဆွဲဆောင်မှုရှိပြီး
-
4:10 - 4:14သူ့ရဲ့ စီမံခန့်ခွဲရေး အလုပ်ကိုသုံးဖို့
ပျက်ကွက်တဲ့အခါ အတော့ကို ရှင်းပါတယ်။ -
4:14 - 4:15ဒါပေမဲ့ ဒီမှာရှိတာက
-
4:15 - 4:18ဒီမှာ သူ့ကို သင်ပေးနိုင်တယ်၊
အခြားသူတွေပါ ဒါကိုကြိုက်တယ်၊ -
4:18 - 4:20နောက်ဆုံး သူတိုးတက်သွားမယ်၊
-
4:20 - 4:21ဒါပေမဲ့ လက်တွေ့ခန်းအပြင်က
-
4:21 - 4:24သူ့စီမံခန့်ခွဲရေး အလုပ်တိုးတက်မယ်လို့
ဆိုလိုတာလား။ -
4:24 - 4:28မဟုတ်ပါ၊ အကြောင်းက လက်တွေ့ဘဝမှာ
ပုံသဏ္ဌာန်နဲ့ အရောင်ကြား ပြောင်းတာထက် -
4:28 - 4:31အများကြီးပိုလုပ်ဖို့
စီမံခန့်ခွဲရေး အလုပ်ကို သုံးဖို့လိုမယ်။ -
4:31 - 4:34အပေါင်းကနေ အမြောက်ကို
(သို့) ကစားတာကနေ ရှင်းလင်းတာ -
4:34 - 4:37(သို့) သူ့ခံစားချက်ကို တွေးတာကနေ
-
4:37 - 4:40သူ့သူငယ်ချင်းအကြာင်းတွေးတာကို
ပြောင်းဖို့လိုလိမ့်မယ်။ -
4:40 - 4:43လက်တွေ့ဘဝအခြေအနေတွေက အောင်မြင်မှုက
အကြောင်းအရာတွေပေါ် မူတည်တယ်၊ -
4:43 - 4:47သင့်ကို ဘယ်လိုတွန်းအားပေးတာ၊
သင့်ရွယ်တူတွေ ဘာတွေလုပ်ဆိုတာမျိုးပေါ့။ -
4:47 - 4:50နောက် သီးခြားအခြေအနေတစ်ခုမှာ
စီမံခန့်ခွဲရေး အလုပ်ကို သုံးနေချိန် -
4:50 - 4:54သင် စီမံဆောင်ရွက်တဲ့
ဗျူဟာတွေပေါ်မှာလည်း မူတည်ပါတယ်။ -
4:55 - 4:58ဒီတော့ ကျွန်မပြောနေတာက
အခြေအနေဟာ တကယ့်ကို အရေးပါတယ်။ -
4:59 - 5:02အခု ကျွန်မ သုတေသနကနေ
နမူနာတစ်ခုကို ပေးပါရေစေ။ -
5:02 - 5:06တစ်လောက လုပ်နေကျ မုန့်ချို စမ်းသပ်မှု
လုပ်ဖို့ ကလေးတစ်သိုက်ကို ခေါ်လာခဲ့တယ်။ -
5:06 - 5:09စီမံခန့်ခွဲရေး အလုပ်အတော်
လိုအပ်နိုင်တဲ့ -
5:09 - 5:12ကျေနပ်မှုပေးတဲ့ အချိန်ဆွဲမှုကို
တိုင်းတာတာ တစ်ခုပါ။ -
5:13 - 5:15ဒီတော့ စမ်းသပ်မှုကို ကြာဖူးလောက်ပေမဲ့
-
5:15 - 5:17အခြေခံက ကလေးတွေကို
ရွေးချယ်မှုတစ်ခုပေးတာပါ။ -
5:17 - 5:19သူတို့ဟာ မုန့်ချိုတစ်ခုကို
ချက်ချင်းရနိုင်တယ်။ -
5:19 - 5:21(သို့)အခြားတစ်ခန်းကိုသွားပြီး
မုန့်ချိုတွေပိုရဖို့ -
5:21 - 5:23ကျွန်မကို စောင့်နိုင်တယ်၊
-
5:23 - 5:25တစ်ခုအစား မုန့်နှစ်ခု ရနိုင်တယ်လေ။
-
5:25 - 5:29ကဲ ကလေးအများစုဟာ
ဒုတိယ မုန့်ချိုကို တကယ်လိုချင်ပေမဲ့ -
5:29 - 5:33အဓိက မေးခွန်းက
ဘယ်လောက်ကြာကြာ သူတို့ စောင်နိုင်လဲ။ -
5:33 - 5:34(ရယ်သံများ)
-
5:34 - 5:38ကဲ အခြေအနေရဲ့ အကျိုးသက်ရောက်မှုကို
ကြည့်ဖို့ အလိမ်တစ်ခုထည့်လိုက်တယ်။ -
5:39 - 5:42သူတို့ဟာ အဖွဲ့တစ်စုမှာရှိခဲ့တာလို့
ကလေးတိုင်းကို ပြောခဲ့တယ်၊ -
5:42 - 5:43ဥပမာ အစိမ်းရောင်အဖွဲ့ပေါ့။
-
5:43 - 5:47သူတို့ကို အစိမ်းရောင် တီရှပ်တောင်
ဝတ်ဖို့ပေးလိုက်တယ်။ -
5:47 - 5:51ပြီးတော့ ကျွန်မက "မင်းတို့အဖွဲ့က
မု့န်ချိုတွေ စောင့်နေပြီး -
5:51 - 5:53ဒီအခြားအဖွဲ့၊ လိမ္မော်ရောင်အဖွဲ့က
-
5:53 - 5:54မစောင့်ဘူး"လို့။
-
5:54 - 5:56(သို့) ဆန့်ကျင်ဘက် ပြောတာက
-
5:56 - 5:58"မင်းတို့အဖွဲ့က မုန့်ချိုတွေ မစောင့်ဘူး၊
-
5:58 - 6:00သူများအဖွဲ့က စောင့်တယ်။"
-
6:00 - 6:02နောက် ကလေးကို အခန်းထဲမှာ
တစ်ယောက်တည်းထားခဲ့ပြီး -
6:02 - 6:05ဘယ်လောက်ကြာကြာ စောင့်လဲသိဖို့
ဝက်ဘ်ကမ်ကနေ စောင့်ကြည့်တယ်။ -
6:06 - 6:10(ရယ်သံများ)
-
6:10 - 6:14ဒီတော့ တွေ့ရှိရတာက သူတို့အဖွဲ့ဟာ
မုန့်ချိုနှစ်ခုကို -
6:14 - 6:16စောင့်တယ်လို့ ယုံကြည်တဲ့ ကလေးတွေဟာ
-
6:16 - 6:19စောင့်ဖို့ဖြစ်နိုင်ခြေပိုရှိတယ်။
-
6:20 - 6:24ဒီတော့ သူတို့ဟာ တစ်ခါမှ မဆုံဖူးတဲ့
အရွယ်တူအဖွဲ့ရဲ့ လွှမ်းမိုးတာခံရတယ်။ -
6:24 - 6:26(ရယ်သံများ)
-
6:26 - 6:28တော်တော် မိုက်တယ်မို့လား။
-
6:28 - 6:30ကဲ၊ ကျွန်မ မသိသေးတဲ့
ဒီရလဒ်နဲ့ဆို -
6:30 - 6:35သူတို့အဖွဲ့ကို သူတို့လိုက်တုပတာ (သို့)
ဒီထက် ပိုနက်ရှိုင်းတာ တစ်ခုခုလားပေါ့။ -
6:35 - 6:37ဒါနဲ့ နောက်ထပ်ကလေးတွေခေါ်လာပြီး
-
6:37 - 6:42မုန့်ချိုစမ်းသပ်မှုအပြီးမှာ ကလေးစုံတွဲ
တွေရဲ့ပုံတွေကို သူတို့ကို ပြခဲ့တယ်၊ -
6:42 - 6:46ပြီးတော့ သူတို့ကို "ဒီကလေးတွေထဲက
တစ်ယောက်ဟာ အရာတွေကို ချက်ချင်းလိုချင်တယ်၊ -
6:46 - 6:48ဥပမာ ကွတ်ကီးတို့၊ စတစ်ကာတို့ပေါ့။
-
6:48 - 6:49အခြားကလေးတွေက စောင့်ချင်တော့
-
6:49 - 6:52သူတို့တွေက ဒါတွေကို ပိုရနိုင်တာပေါ့။"
-
6:52 - 6:53ဒီနောက် သူတို့ကို မေးတာက
-
6:53 - 6:55"ဒီနှစ်ယောက်ထဲက ဘယ်ကလေးကို
ပိုသဘောကျလဲ၊ -
6:55 - 6:57ဘယ်သူနဲ့ ပိုကစားချင်လဲ။"
-
6:58 - 7:02တွေ့ရှိရတာက သူတို့အဖွဲ့ စောင့်နေတာလို့
ယုံကြည်တဲ့ကလေးတွေဟာ -
7:02 - 7:05အရာတွေအတွက် စောင့်ချင်တဲ့
အခြားကလေးတွေကို ပိုလိုလားတတ်တာပါ။ -
7:06 - 7:10ဒီတော့ သူတို့အဖွဲ့လုပ်တာကို သင်ယူခြင်းက
ပိုစောင့်တာကို ပိုတန်ဖိုးထားစေတယ်။ -
7:11 - 7:13ဒါတင်မကပဲ
-
7:13 - 7:15ဒီကလေးတွေဟာ ကိုယ်တိုင်
စောင့်တာကို အကူရဖို့ -
7:15 - 7:18ဗျူဟာတွေထုတ်ဖို့ စီမံခန့်ခွဲရေး အလုပ်ကို
သုံးခဲ့တာဖြစ်နိုင်တယ်။ -
7:18 - 7:22ဥပမာ သူတို့လက်တွေပေါ်မှာ ထိုင်တာ၊
မုန့်ချိုတွေကနေ မျက်နှာလွှဲတာ -
7:22 - 7:25(သို့) အာရုံပြောင်းဖို့
သီချင်းဆိုတာတို့ပေါ့။ -
7:25 - 7:26(ရယ်သံများ)
-
7:28 - 7:32ဒီတော့ ဒါအားလုံးက အခြေအနေဟာ
ဘယ်လောက် အရေးပါတယ် ဆိုတာကိုပြတာပါ။ -
7:32 - 7:36ဒီကလေးတွေမှာ စီမံခန့်ခွဲရေး အလုပ်
ကောင်းတာ၊ ဆိုးတာ ရှိတာမဟုတ်ပဲ -
7:36 - 7:39အခြေအနေက ဒါကို ပိုကောင်ကောင်း
အသုံးပြုဖို့ ကူညီပေးတာပါ။ -
7:40 - 7:44ဒီတော့ ဒါက သင်နဲ့သင့်ကလေးတွေ
အတွက် ဘာကိုဆိုလိုတာလဲ။ -
7:44 - 7:47ကဲ၊ သင်တို့ စပိန်စာ
သင်ချင်တယ်ဆိုပါစို့။ -
7:47 - 7:49သင့်အခြေအနေကို ပြောင်းပြီး
-
7:49 - 7:53သင်ယူချင်တဲ့အခြားသူတွေနဲ့ဝန်းရံဖို့
ကြိုးစားနိုင်ကာ -
7:53 - 7:56ဒီလူတွေဟာ သင် တကယ် သဘောကျတဲ့
သူတွေဆို ပိုတောင်ကောင်းပါတယ်။ -
7:56 - 7:59ဒါက စီမံခန့်ခွဲရေး အလုပ်ကို အသုံးပြုဖို့
သင့်ကို ပိုနှိုးဆော်စေပုံပါ။ -
8:00 - 8:04(သို့) သင့်ကလေးရဲ့ သင်္ချာအိမ်စာမှာ
ပိုတော်ဖို့ ကူညီချင်တယ်ဆိုပါစို့။ -
8:04 - 8:08ဒီထူးခြားတဲ့အခြေအနေမှာ
စီမံခန့်ခွဲရေးလုပ်ငန်းကို သုံးဖို့ -
8:08 - 8:10သူ့ကို ဗျူဟာတွေ သင်ပေးနိုင်ပါတယ်၊
-
8:10 - 8:13ဥပမာ သူစပြီး စာမကြည့်ခင်
သူ့ဖုန်းကို သိမ်းထားတာ -
8:13 - 8:16(သို့) တစ်နာရီ စာကြည့်ပြီးရင်
သူ့ဘာသာ ဆုပေးဖို့ စီစဉ်တာတို့ပေါ့။ -
8:17 - 8:20ကဲ၊ အခြေအနေက အရေးပါတယ်ဆိုတာမျိုး
ထင်စေချင်တာမဟုတ်ဘူး။ -
8:20 - 8:25စီမံခန့်ခွဲရေး အလုပ်ဟာ ရှုပ်ထွေးပြီး
အကြောင်းရင်းများစွာနဲ့ ပုံသွင်းထားတာပါ။ -
8:25 - 8:27ဒါပေမဲ့ ကျွန်မ အမှတ်ရစေချင်တာက
-
8:27 - 8:29ဘဝရဲ့ ကဏ္ဍတစ်ချို့မှာ
သင့်ရဲ့ စီမံခန့်ခွဲရေး အလုပ် -
8:29 - 8:32တိုးတက်ချင်ရင်
-
8:32 - 8:34တက်သုတ်ရိုက် ကုစားမှုတွေ မရှာပါနဲ့။
-
8:34 - 8:35အခြေအနေအကြောင်းစဉ်းစားပြီး
-
8:35 - 8:38ပန်းတိုင်တွေဟာ သင့်အတွက်
ပိုအရေးပါအောင်လုပ်နိုင်ပုံနဲ့ -
8:38 - 8:40ဒီထုးခြားတဲ့အခြေအနေမှာ
-
8:40 - 8:42မိမိကိုယ်ကိုယ်ကူညီဖို့
ဗျူးဟာတွေသုံးနိုင်ပုံပါ။ -
8:43 - 8:49ရှေးဂရိတွေပြောတဲ့ "ကိုယ့်ကိုယ်ကို သိ"
လို့ ပြောချိန်ဟာ အကောင်းဆုံးလို့ ထင်တယ်။ -
8:49 - 8:53ဒါရဲ့အဓိကအပိုင်းက အခြေအနေက
သင့်အပြုအမူကို ပုံသွင်းပေးပြီး -
8:53 - 8:57ပိုကောင်းတာအတွက် ဒီအသိသုတကို
အသုံးပြုနိုင်ပုံပါ။ -
8:57 - 8:58ကျေးဇူးတင်ပါတယ်။
-
8:58 - 9:01လက်ခုပ်သံများ။
- Title:
- သင့်ဦးနှောက်ရဲ့ စီမံခန့်ခွဲရေး အလုပ် အလုပ်လုပ်ပုံနှင့် ၎င်းကို တိုးတက်အောင် ပြုလုပ်နည်း။
- Speaker:
- Sabine Doebel
- Description:
-
သင်ဟာ သင့်ဦးနှောက်ရဲ့စီမံခန့်ခွဲရေး အလုပ်ကို နေ့စဉ်အသုံးပြုရပါတယ်။ ဒါက အာရုံစိုက်ခြင်၊ ကြိုတင် စီစဉ်မှုနဲ့ စိတ်ကူးပေါက်တာတွေကို ထိန်းချုပ်တာတိုလို အရာတွေကို သင်လုပ်ဆောင်ပုံပါ။ ပိုကောင်းအောင် လုပ်ကိုင်နိုင်ဖို့ ၎င်းကို တိုးတက်အောင် လုပ်ရနိုင်ပါသလား။ သိပ္ပံပညာရှင် Sabine Doebel ကနေပြီး သူ့ရဲ့ ကလေးဖွံ့ဖြိုးမှု သုတေသနမှ စိတ်ဝင်စားဖွယ်အကောင်းဆုံးတွေနဲ့အတူ သိမှတ်မှုဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းကို သက်ရောက်မှုရှိစေတဲ့ အကြောင်းရင်းတွေကို စူးစမ်းရှာဖွထားပတယ်၊ ပြီးတော့ အကျင့်ဆိုးတွေကို ဖြတ်ပစ်ဖို့နဲ့ သင့်ရည်မှန်းချက်တွေအောင်မြင်ဖို့ ၎င်းကို အသုံးပြုနိုင်ပုံပါ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 09:15
![]() |
sann tint approved Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
sann tint edited Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
Myo Aung accepted Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
Myo Aung edited Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
sann tint edited Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
sann tint edited Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
sann tint edited Burmese subtitles for How your brain's executive function works -- and how to improve it | |
![]() |
sann tint edited Burmese subtitles for How your brain's executive function works -- and how to improve it |