ရသစာပေကို တစ်ခါတစ်ရံ ဘာသာပြန် မရနိုင်တာ ဘာကြောင့်လဲ။ Mariam Mansuryan | TEDxYouth@ISPrague
-
0:06 - 0:09သင်ပုန်းရဲ့ ဝဲဘက်မှာ
ဘာအရောင်ကို မြင်ကြသလဲ။ -
0:10 - 0:11(ပရိသတ်) အပြာရောင်ပါ။
-
0:12 - 0:15ကောင်းပြီ။ သင်ပုန်းရဲ့ ယာဘက်မှာ
ဘာအရောင်ကို မြင်ကြသလဲ။ -
0:15 - 0:17(ပရိသတ်) အပြာ၊ အပြာနုပါ။
-
0:17 - 0:20(ရယ်သံများ)
-
0:20 - 0:23ကောင်းပြီ။ ဒါက အပြာရင့်နဲ့
အပြာနုလို့ ဆိုကြပါစို့။ -
0:23 - 0:24လူတိုင်း သဘောတူကြလား။
-
0:24 - 0:25(ပရိသတ်) သဘောတူတယ်။
-
0:25 - 0:29ကောင်းပြီ၊ ဒီတော့ ဒါတွေကို
ယေဘုယျ ဘယ်ဟာမျိုးလို့ ခေါ်ကြမလဲ။ -
0:29 - 0:30(ပရိသတ်) အပြာရောင်ပါ။
-
0:30 - 0:34ကောင်းပါပြီ။ ကဲ ဒီမှာ ရုရှားဘာသာစကား
ပြောတဲ့လူတွေရှိလား။ -
0:35 - 0:36ရှိတယ်လား။
-
0:36 - 0:38ကောင်းလိုက်တာ၊ လက်တစ်ချို့ မြင်ရတယ်။
-
0:38 - 0:43ကောင်းပြီ။ ဒီတော့ ဝဲဘက်က အရောင်ကို
ရုရှားလို ဘာလို့ ခေါ်မလဲ။ -
0:43 - 0:44Cиний
-
0:44 - 0:46ဒီတော့ ယာဘက်က အရောင်ကျတော့ရော။
-
0:46 - 0:47(ပရိသတ်) Голубой.
-
0:47 - 0:51အင်း၊ ကဲ ဒါတွေကို ပေါင်းပြီး
ဘာလို့ ခေါ်ကြမလဲ။ -
0:52 - 0:55(ရယ်သံများ)
-
0:55 - 0:57သင်တို့ကို လှည့်ကွက်မိသွားတာပါ၊ ဘာလို့ဆို
-
0:57 - 0:59ဒါတွေကို ရုရှားမှာ ပေါင်းခေါ်မရလို့ပါ။
-
0:59 - 1:01ရုရှားစကားမှာ "အပြာ"လို့ပဲ ပြောလို့မရဘူး။
-
1:01 - 1:04အပြာရင့်ကို "синий" လို့ပြောရင်ပြော
ဒါမှမဟုတ်ရင် -
1:04 - 1:06အပြာနုကို голубой လို့ ပြောဖို့လိုတယ်။
-
1:07 - 1:10အာမေးနီးယန်းစကား ပြောသူတွေလည်း
နှစ်ယောက်၊ သုံးယောက်ရှိတာသိတယ်။ -
1:10 - 1:14ဒီတော့ ကျွန်မ ဝါကျတစ်ကြောင်းပေးမယ်။
ဒါကို အာမေးနီးယန်းလို ဘာသာပြန်ပါ။ -
1:14 - 1:16"ငါ့မှာ ဦးလေးတစ်ယောက်ရှိတယ်။"
-
1:16 - 1:18(ပရိသတ်တစ်ဦး) Ես քեռի ունեմ.
-
1:18 - 1:20ကြည့်ပါ၊အခု Nana ပြောတာက "Ես քեռի ունեմ."
-
1:20 - 1:22ဒါပေမဲ့ သူ မမှန်ပါဘူး။
-
1:22 - 1:24(ရယ်သံများ)
-
1:25 - 1:27"ငါ့မှာ ဦးလေးတစ်ယောက်ရှိတယ်" ဆိုတာက
-
1:27 - 1:29"အမေ့ဘက်က(သို့) အဖေ့ဘက်က ဦးလေး
-
1:29 - 1:31တစ်ယောက်ရှိတယ်"လို့ ဆိုလိုနိုင်လို့ပါ။
-
1:31 - 1:35Nana ပြောတာက "ငါ့မှာ အမေ့ဘက်က
ဦးလေးတစ်ယောက်ရှိတယ်" ဆိုတာပါ။ -
1:35 - 1:38ဒါပေမဲ့ ကျွန်မ ပြောနိုင်တာက
"Ես հորեղբայր ունեմ" ပါ။ -
1:38 - 1:41"ငါမှာ အဖေဘက်က ဦးလေးတစ်ယောက်
ရှိတယ်"လို ဆိုလိုမှာဖြစ်ပြီး -
1:41 - 1:43ဒါက မှန်ကန်တဲ့ ဘာသာပြန်ဆိုချက်
တစ်ခုလည်းဖြစ်မယ်။ -
1:44 - 1:48ဒီတော့ အာမေးနီးယန်းဟာ ရုရှားက
"အပြာ"ဆိုရုံပဲ ပြောခွင့်မပေးသလိုဘဲ -
1:48 - 1:52အားမေးနီးယန်းက "ဦးလေး"
ဆိုရုံပဲ ပြောခွင့်မပေးဘူး။ -
1:52 - 1:55ဘယ်ဦးလေးအကြောင်း ပြောနေလဲဆိုတာကို
သတ်မှတ်ဖို့လိုပါတယ်။ -
1:56 - 1:59ဘာသာစကားတွေမှာ
ဒီခြားနားချက်တွေရှိပေမဲ့ -
1:59 - 2:03J.K. Rowling ရဲ့ "Harry Potter" ကို
အာမေးနီးယန်းလို ဖတ်နေစဉ်မှာ -
2:04 - 2:06စာအုပ်ထဲမှာ ဘာဆက်ဖြစ်မယ်ဆိုတာကို
ယေဘုယျအနေနဲ့ နားလည်တယ်။ -
2:07 - 2:08ဘာသာပြန်တစ်ခုဆိုတာတောင်၊
-
2:08 - 2:11ဘာသာစကားတွေမှာ ဒီခြားနားချက်တွေ
ရှိနေတယ်ဆိုတာတောင်ပါ။ -
2:12 - 2:15အင်္ဂလိပ် လူမျိုးတွေ ဖတ်သလိုပဲ
တူညီတဲ့ စာအုပ်၊ တူညီလုနီးပါး -
2:15 - 2:17စာအုပ်ကို ကျွန်မ ဖတ်တာပါ။
-
2:17 - 2:21သင်တို့ တွေးနေမိလောက်တာက ကျွန်မ
ဘာကြောင့် ဒီပေတံကို ကိုင်ထားတာလဲပေါ့။ -
2:21 - 2:25ကောင်းပြီ၊ အကြောင်းပြချက်က ဘာသာပြန်မှုက
တိုင်းတာမှုနဲ့ တူပါတယ်။ -
2:26 - 2:29ဒီတော့ တစ်ခုခုကိ သင်တိုင်းတာတဲ့အခါ
၂၀ စင်တီမိတာ ဆိုကြပါစို့။ -
2:29 - 2:32ဒါပေမဲ့ ကျွန်မတို့အများစုက
ဒါဟာ ၂၀ မဟုတ်တာ သိကြတယ်။ -
2:32 - 2:35ဒါက ၂၀ အပေါင်း(သို့) အနုတ် ၀.၀၀၅ ပါ။
-
2:36 - 2:37ဟုတ်တယ်လေ။
-
2:37 - 2:40ဓာတုဗေဒ၊ ရူပဗေဒ၊ ဒဿမတန်းပေါ့။
-
2:40 - 2:42(ရယ်သံများ)
-
2:42 - 2:44ဒီတော့ ဒါက ဘာသာပြန်တာနဲ့
အတော့ကို ဆင်တူတယ်။ -
2:44 - 2:48"Harry Potter" ကို ဖတ်တော့ ကျွန်မလည်းပဲ
တူညီတဲ့ ၂၀ စင်တီမီတာကို မြင်နေပေမဲ့ -
2:48 - 2:51ဒါက နည်းနည်းလေး မရောခဲ့ဘူး။
-
2:51 - 2:54ဘာသာစကားတွေဟာ
ခြားနားတဲ့ အကြောင်းတစ်ခု ရှိလို့ပါ။ -
2:54 - 2:57တစ်ခုခု မပျောက်ဆုံးဘဲ ဒါတွေကြားက
စိတ်ကူးတွေကို ရွှေ့လို့ကို မရတာပါ။ -
2:57 - 3:02ဒီတော့ ကျွန်မ ၀.၀၀၅ ပျောက်ပေမဲ့
အသေစားပါ၊ တကယ့်ကို အရေးမပါတာပါ။ -
3:03 - 3:07ဒါပေမဲ့ ၀.၀၀၅ သာမဟုတ်ဘဲ
တစ် စင်တီမီတာ(သို့) -
3:07 - 3:11ဖြစ်လောက်တာက
၁၀ ဖြစ်တဲ့နေရာမှာ ကိစ္စတစ်ခုရှိလား။ -
3:11 - 3:15ကောင်းပြီ၊ ဟောဒီက လူဟာ ကောင်လေး
(သို့) ကောင်းမလေးတစ်ယောက်လို့ သင်ထင်လား။ -
3:15 - 3:17(ပရိသတ်) ကောင်မလေးပါ။
-
3:17 - 3:20ဟုတ်တယ်၊ သင်တို့အများစု
"ကောင်မလေး"လို့ ပြောတယ်၊ မှန်ပါတယ်။ -
3:20 - 3:21ဒါပေမဲ့
-
3:21 - 3:26သူက Harper Lee ရဲ့ To Kill a Mockingbird
က တကယ့် အဓိက ဇာတ်ကောင်ဖြစ်ပြီး -
3:26 - 3:28ကျွန်မ ဒီစာအုပ်ကို ဖတ်နေတုန်းက
-
3:29 - 3:31တကယ့်ကို ဘာမှန်းမသိတာကြီးပါ။
-
3:31 - 3:36စာမျက်နှာ ၆၀ လောက် ရောက်မှပဲ
အဓိက ဇာတ်ကောင်ရဲ့ လိင်ကို နားလည်နိုင်တယ်။ -
3:36 - 3:39ဘာလို့လဲဆိုတော့ စာရေးသူက
သဲလွန်စတွေသာ ပေးနေခဲ့ပြီး -
3:39 - 3:42စာရေးသူဟာ ဒီလိုမျိုး စာကိုးတွေနဲ့တောင်
ကျွန်မကို စိတ်ရှုပ်နေစေတာပါ။ -
3:42 - 3:46"ငါ ကျိန်ရဲတယ်၊ Scout တစ်ခါတစ်လေ နင်
ပြုမူတာက မိန်းကလေးနဲ့တူတယ်၊ ရှက်စရာကြီး။" -
3:47 - 3:50"နင်ပြုမူတာက မိန်းကလေးတစ်ယောက်နဲ့
အတော်တူတယ်၊ ရှက်စရာကြီး"လို့ ပြောတဲ့အခါ -
3:50 - 3:54အဲဒီလူဟာ မိန်ကလေးတစ်ယောက်လို
မပြုမူသင့်ဘူးလို့ ကျွန်မတို့ နားလည်တာလေ။ -
3:54 - 3:59(သို့) Scout ပြောနေတာက "တစ်ခါ သူ့ကို ငါ
ရိုက်နှက်ခဲ့ပေမဲ့ သူက အေးဆေးဆေးဆေးပါ"တဲ့။ -
3:59 - 4:01အသေရိုက်နှက်တာနဲ့ မိန်းကလေးတွေလား။
-
4:02 - 4:05၁၉၆၀ လား။ တကယ့််ကို တခြားစီနော်။
-
4:05 - 4:06(ရယ်သံများ)
-
4:06 - 4:09ဒီတော့ ဘာကြောင့် စာရေးသူက
ကျွန်မကို စိတ်ရှုပ်အောင် လုပ်တာလဲဆိုပြီး -
4:09 - 4:11တွေးမိတာက
"ငါ့အင်္ဂလိပ်စာ ညံ့လွန်းတာဖြစ်မယ်။ -
4:11 - 4:14ဒီစာအုပ်ကို မှန်ကန်စွာ
နားမလည်တာဖြစ်မယ်။" -
4:14 - 4:17ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဒီအကြောင်းအရာရဲ့
ပဓာဏကျတဲ့ အပိုင်းတစ်ခုလို့ သိရှိခဲ့တယ်။ -
4:18 - 4:20ဘာလို့လဲဆိုတော့ စာအုပ် အလယ်လောက်မှာ
-
4:20 - 4:23ဒီဇာတ်ကောင်ကရဲ့ နာမည်က
Aunt Alexandra လို့ ပါလာလို့ပါ။ -
4:23 - 4:28ဒါကြောင့် Scout ရဲ့အဒေါ်ဆိုတော့ Scout ကို
ကောင်မလေးတစ်ယောက်ဖြစ်အောင် ကြိုးစားတာပါ။ -
4:28 - 4:33ဒီတော့ စာအုပ်ထဲမှာ ပထမ Scout က
သူ့ကိုယ်သူ ကလေးတစ်ယောက်အဖြစ် ဖော်ပြတယ်။ -
4:33 - 4:35ငါ ကောင်မလေးမဟုတ်၊ ကောင်လေးမဟုတ်၊
ဒါပေမဲ့ ကလေးတစ်ယောက် -
4:36 - 4:38ဘယ်လိုပဲဖြစ်ဖြစ် Aunt Alexandra က
သူ့ကို ကောင်မလေးအဖြစ် -
4:38 - 4:42သင်ပေးတော့ (စာအုပ်) အဆုံးမှာ Scout ကို
ဂါဝန်တွေ ဝတ်ထားပြီး သူ့အဒေါ်၊ -
4:42 - 4:44သူ့သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်တာကို
မြင်တွေ့နိုင်တယ်။ -
4:44 - 4:48ဒီတော့ Scout က သူ့လိင်ကို ဖော်ပြသလို၊
-
4:48 - 4:49သူ့လိင်ကို ရှာဖွေတွေ့ရှိသလို
-
4:49 - 4:53စာဖတ်သူဟာ အလားတူ ကြုံရတော့
အဓိက ဇာတ်ကောင်မှာလိုပဲ -
4:53 - 4:55ကျွန်မတို့မှာ တူညီတဲ့ ခရီးတစ်ခုရှိတယ်၊
သူနဲ့ ကျွန်မတို့နေတယ်။ -
4:56 - 4:58ဘယ်လိုပဲဖြစ်ဖြစ် ဒီနမူနာကို ကြည့်ရအောင်။
-
4:58 - 5:02"Mariam အိမ်ကို သွားခဲ့တယ်"လို့ အင်္ဂလိပ်၊
ရုရှား(သို့) အာမေးနီးယန်းလို ပြောတဲ့အခါ -
5:02 - 5:06Mariam ဟာ မိန်းကလလေးနာမည်ဆိုတော့
ကောင်မလေးအကြောင်း ပြောနေတာသိတယ်။ -
5:06 - 5:11ကောင်းပြီ၊ အခု Mariam ကို "သူမ"
ဆိုတဲ့ နာမ်စားတစ်ခုနဲ့ ပြောင်းလိုက်ရအောင်။ -
5:11 - 5:13"သူမအိမ်ကိုသွားခဲ့တယ်"၊
ကောင်မလေးဆိုတာသိတယ်။ -
5:13 - 5:16"Она пошла домой,"
ဒါက ကောင်မလေးဆိုတာ သိတယ်။ -
5:16 - 5:19ဒါပေမံ့ Նա գնաց տուն လို့ ပြောတဲ့အခါ
ဒါက ယုံမှားသံသယဖြစ်စရာတစ်ခုပါ။ -
5:19 - 5:22ဘာလို့လဲဆိုတော့ အာမေးနီးယန်းမှာ
Nana သိလောက်မှာပါ၊ -
5:22 - 5:27နာမ်စား "նա" က ကောင်လေးတွေရော၊
ကောင်မလေးတွေကိုပါ ကိုယ်စားပြုတယ်။ -
5:28 - 5:31ဒါပေမဲ့ လူပုဂ္ဂိုလ်ရဲ့ လိင်ကို
ဖုံးကွယ်ချင်ပြီး -
5:31 - 5:35Mariam ကို ချစ်စနိုးနာမည်တစ်ခု ပေးမယ်
ဆိုရင်တောင် ဆိုကြပါစို Scout ပေါ့၊ -
5:35 - 5:39ဒီတော့ "Scout အိမ်ကို သွားခဲ့တယ်"၊
ကောင်းလေးလား၊ ကောင်မလေးလား ကျွန်မ မသိဘူး။ -
5:39 - 5:42"Մեձաչքանին գնաց տուն"
ကျွန်မ မသိသေးဘူး။ -
5:42 - 5:45ဘယ်လိုပဲဖြစ်ဖြစ် "Глазастик пошла домой"
-
5:45 - 5:50Глазастик пошла домой, пошла домой
လို့ ပြောတဲ့အခါမှာ ကောင်မလေးဆိုတာ သိတယ်။ -
5:50 - 5:54ဘာလို့လဲဆိုတော့ ရုရှာစားမှာ "သွားသည်"
လို့ပဲ ပြောလို့မရသလို -
5:54 - 5:57"သွားခဲ့သည်" လို့ပဲ ပြောလို့ မရလို့ပါ။
-
5:57 - 5:59ရုရှားစာမှာရှိတဲ့ ကြိယာတိုင်းကိုပါ။
-
5:59 - 6:03ဘာလို့လဲဆိုတော့ пошёл" (သို့)
"пошла" တစ်ခုခု ပြောဖို့လိုတာကြောင့်ပါ။ -
6:03 - 6:07"Пошёл" က ကောင်လေးတွေဖြစ်ပြီး
"пошла" က ကောင်မလေးတွေ ဖြစ်လိမ့်မယ်။ -
6:07 - 6:10ဒီတော့ ဒီဝါကျကို ရုရှားလို
ဘာသာပြန်ချင်တဲ့အခါ -
6:10 - 6:15ကျွန်မဟာ"Я избил его" (သို့)
"Я избилa его လို့ ပြောဖို့လိုတယ်။ -
6:15 - 6:17ဒါနဲ့ စောင့်ပါဦး။
-
6:17 - 6:21ဒီတော့ ဒါက ရုရှားလို တစ်စုံတစ်ယောက်ရဲ့
လိင်ကို မဖုံးကွယ်နိုင်ဘူးလို့ ဆိုလိုတာလား။ -
6:21 - 6:23ဟုတ်ကဲ့၊ ဖုံးကွယ်တာပါ။
-
6:23 - 6:26ကျွန်မ ရုရှား စာအုပ်ကို ဖတ်နေတုန်း
ဘာစာအုပ်လဲ မှန်းကြည့်ပါလား။ -
6:26 - 6:30ပထမဆုံး စာမျက်နှာကတည်းက
Scout ရဲ့ လိင်ကို ဖော်ပြခဲ့တယ်။ -
6:31 - 6:34ဒီတော့ "Scout ရဲ့ လိင် ဖုံးကွယ်ခြင်း"
ကို မသိတဲ့ -
6:34 - 6:35ကျွန်မရဲ့ ရုရှား သူငယ်ချင်းနဲ့
-
6:35 - 6:39ဒီစာအုပ်အကြောင်း ကျွန်မ
ဆွေးနွေးရမယ်ဆိုရင် ကျွန်မတို့မှာ -
6:39 - 6:42ဒီစာအုပ်နဲ့ပတ်သက်ပြီး
လုံးဝ ခြားနားတဲ့ နားလည်ခြင်းရှိမှာပါ။ -
6:42 - 6:45ဒီတော့ ဒါက ၀.၀၀၅ မဟုတ်တော့ဘူး၊
ဧရာမ ခြားနားမှုတစ်ခု ဖြစ်နှင့်ပါပြီ။ -
6:45 - 6:50ဘာလို့လဲဆိုတော့ ကျွန်မရဲ့ သူငယ်ချင်းက
ကျွန်မ ရတဲ့ အာဘော်ရဲ့အပိုင်းကို မရလို့ပါ။ -
6:53 - 6:55ဒါကြောင့် "Harry Potter" ကို
အာမေးနီးယန်းလို ဖတ်တာနဲ့ -
6:55 - 6:59"To Kill a Mockingbird" ဖတ်တာဟာ
-
6:59 - 7:02ရုရှားလိုတော့ Убить пересмешника ပါ၊
နည်းနည်း ခြားနားပါတယ်။ -
7:02 - 7:06ဘာလို့လဲဆိုတော့ "Harry Potter" မှာလည်း
ခြားနားချက်တွေရှိတာတောင်မှ -
7:06 - 7:08ဒါတွေက သိပ်အများကြီး အရေးမပါဘူး။
-
7:09 - 7:12ဒါပေမဲ့ အင်္ဂလိပ်စာမှာ အာဘော်
တစ်ခုကို ဖော်ပြဖို့ သူ့ကို ပေးတဲ့ -
7:12 - 7:18အခွင့်အလမ်းရှိတယ်ဆိုတဲ့ဒီထူးခြားမှုကို
အသုံးပြုဖို့ Harper Lee ကဆုံးဖြတ်ခဲ့တယ်။ -
7:19 - 7:21ဒီတော့ ဒါကို ရုရှားလို ဖတ်တဲ့အခါ
-
7:21 - 7:24သူဖော်ပြချင်ခဲ့တဲ့ အာဘော်ကို
သင် တကယ်မရဘူး။ -
7:24 - 7:28ဒါရဲ့ နောက်ထပ် ဥပမာတစ်ခုက
Emma Donoghue ရဲ့ "Room" ဖြစ်လိမ့်မယ်။ -
7:28 - 7:31ဒါပေမဲ့ စာအုပ်ထဲကို မသွားခင်
ကျွန်မ ပြောချင်တာတစ်ခုရှိတယ်။ -
7:31 - 7:35ဥပမာ ဒီပေတံဟာ ရုရှားစာမှာ
ဣတ္ထိလိင်ဖြစ်လိမ့်မယ်။ -
7:35 - 7:37ဘာလို့လဲဆိုတော့ ဒါက "линейка" ဖြစ်ပြီး
-
7:37 - 7:43ဒါက "а" နဲ့ ဆုံးရင်
ဣတ္ထိလိင်(သို့) "я"နဲ့လည်း ဆုံးနိုင်တယ်။ -
7:43 - 7:44ဒါက ရုရှားစာအလုပ်လုပ်ပုံပါ။
-
7:44 - 7:47စပိန်စာက အလားတူ လုပ်ဆောင်တယ်။
ဂျာမန်စာ အလားတူ လုပ်တယ်။ -
7:47 - 7:50ဒီဘာသာစကားတွေမှာ "သဒ္ဒါဆိုင်ရာ လိင်"
လို့ခေါ်တာ တစ်ခုရှိတယ်။ -
7:53 - 7:55ဒီစာအုပ် Emma Donoghue ရဲ့ "Room" မှာ
-
7:55 - 7:59အမေတစ်ယောက်နဲ့ သူ့သားဟာ အခန်းတစ်
ခန်းထဲမှာ ငါးနှစ်ကြာ ပိတ်မိနေခဲ့ပြီး -
7:59 - 8:02သူ့သားဟာ အခန်းရဲ့အပြင်က ကမ္ဘာကို
လုံးဝ မမြင်ဖူးဘူးဖူးဆိုတော့ -
8:02 - 8:06သူဟာ နည်းနည်း ထူးဆန်းနေမယ်လို့
တွေးတာက ယုတ္တိရှိတယ်။ -
8:06 - 8:08ဒီထူးဆန်းမှုကို
စာအုပ်မှာ ဘယ်လို ဖော်ပြလဲ။ -
8:09 - 8:10ကောင်းပြီ၊
-
8:10 - 8:14သူ့ဝန်းကျင်က အရာဝတ္ထုအားလုံးမှာ
လိင်တွေရှိတယ်လို့ သူတွေးတယ်။ -
8:14 - 8:18ဒီတော့ ဒီကော်ဇော်ကြမ်းက "၎င်း" မဟုတ်ဘဲ
-
8:18 - 8:20"သူမ" ဖြစ်လိမ့်မယ်။
-
8:20 - 8:24သူ့မှာ ရုရှားစိတ်တစ်ခု ရှိပေမဲ့
အင်္ဂလိပ်တွေအတွက် တကယ် ထူးဆန်းနေတယ်။ -
8:24 - 8:27ဘာလို့လဲဆို "ကော်ဇော်၊ သူမ"
လို့ အင်္ဂလိပ်လို ပြောတဲ့အခါ -
8:28 - 8:29"ကော်ဇော်"ကို လူအသွင်ပြုလို့ပါ။
-
8:29 - 8:32သူက "ကျွန်တော် နှစ်နှစ်ကတည်း ဝင်္ကပါ
လုပ်နေခဲ့ကြတယ်။ -
8:32 - 8:35သူမက ဥမင်တွေမှာ စုပြီး တွဲကပ်ထားတဲ့
အိမ်သာသုံးစက္ကူလိပ်တွေ အတွင်းမှာ -
8:35 - 8:37ပြည့်နေတာ" လို့ ပြောတဲ့အခါ
-
8:37 - 8:39အခု ဝင်္ကပါက သူမပါ။
-
8:39 - 8:42ကောင်းပြီ၊ ဒါကို ရုရှားလို
ကြိုးစား ဘာသာပြန်ရအောင်။ -
8:42 - 8:47ပထမဆုံးအနေနဲ့ "лабиринт" က
"т" စာလုံးနဲ့ ဆုံးတော့ "သူ" ဖြစ်လိမ့်မယ်။ -
8:47 - 8:49ဒါပေမဲ့ တကယ် အရေးပါတာက ဒါမဟုတ်ဘူး။
-
8:50 - 8:52"သူ"(သို့) "သူမ"လို ဝင်္ကပါလို့ တွေးမိရင်
-
8:52 - 8:56ဒါက အရေးမပါဘူးလို့ သင်ငြင်းခုန်နိုင်တယ်။
-
8:56 - 8:59အရေးကြီးတာက ရုရှားစကားမှာ
лабиринт ကို "သူ"လို့ ပြောဖို့ -
8:59 - 9:03လုံးဝ သဘာဝကျတာက
ဒါက လူတွေ ပြောကြတာမို့ပါ။ -
9:03 - 9:08ဒီတော့ အရေးကြီးတာက Emma Donoghue ရဲ့
စာအုပ်ထဲက အင်္ဂလိပ်စာမှာ ထူးတယ်လို့မြင်တာက -
9:08 - 9:11ရုရှားစကားမှာ လုံးဝ သာမန် အရာ
တစ်ခုအဖြစ် မြင်တာပါ။ -
9:12 - 9:14ဒါကြောင့် ဒါကို Roman Jakobson
-
9:14 - 9:16ပြောခဲ့တဲ့ ဒီအရာနဲ့ ဆက်စပ်ချင်တယ်။
-
9:16 - 9:19"ဘာသာစကားတွေဟာ သူတို့ ဖော်ပြရမယ့်
အရာမှာ အခြေခံအားဖြင့် ခြားနားကြပြီး -
9:19 - 9:21သူတို့ဖော်ပြနိုင်လောက်တာမှာ မဟုတ်ပါ။"
-
9:22 - 9:25ဒီတော့ ရုရှားစကားမှာ လူပုဂ္ဂိုလ်ရဲ့
လိင်ကို ကျွန်မ ဖော်ပြရမယ်။ -
9:25 - 9:29အာမေးနီးယန်းမှာတော့
ဦးလေးဘက်ကို ဖော်ပြရမှာပါ။ -
9:29 - 9:31ဒါကို ဖုန်းကွယ်လို့ကို မရတာပါ။
-
9:31 - 9:35ဒီတော့ အခု ကျွန်မမှာ သင်တို့အတွက်
မေးခွန်းတစ်ခုရှိတယ်။ -
9:35 - 9:38ဒါက ဒါကိုစာအုပ်တစ်အုပ်တည်းလို့
ခေါ်ရနိုင်ပါ့မလား။ -
9:38 - 9:40ကျေးဇူးတင်ပါတယ်။
-
9:40 - 9:42(လက်ခုပ်သံများ)
- Title:
- ရသစာပေကို တစ်ခါတစ်ရံ ဘာသာပြန် မရနိုင်တာ ဘာကြောင့်လဲ။ Mariam Mansuryan | TEDxYouth@ISPrague
- Description:
-
၂၁ ရာစုအတွင်းမှာ နေထိုင်ခြင်းရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ လက္ခဏာသွင်ပြင်တွေထဲက တစ်ခုကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ရသစာပေကို တွေ့ကြုံခံစားဖို့ အခွင့်အလမ်းပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ ကျွမ်းကျင်တဲ့ ဘာသာစကားတွေကလွဲပြီး ကျွန်ုပ်တို့အများစုဟာ ဘာသာပြန်တွေအပေါ် အားထားရတာပါ။ စာပေဆိုင်ရာ ကိရိယာတွေနဲ့ အသုံးအဆောင်တွေက ဘာသာစကားတစ်ခုကနေ နောက်တစ်ခုကို ဘာသာပြန်ဆိုချက်ကို ဘယ်လောက် လွယ်ကူစွာ အသက်ဆက်စေနိုင်လဲ။ လုံးဝကို ဘာသာပြန်လို့မရတဲ့ ရသစာပေရဲ့ ကဏ္ဍတွေရှိလား။ အာမေးနီးယန်း၊ အင်္ဂလိပ်နဲ့ ရုရှားဘာသာစကားတွေကနေ ဥပမာတွေ အသုံးပြုရင်း Mariam Mansuryan ကနေပြီး တစ်ခါတစ်ရံမှာ အတွေးအခေါ်တွေဟာ "ဘာသာပြန်ရာတွင် ပျောက်ဆုံး" နိုင်တယ်တာကို ဆွေးနွေးတင်ပြထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 09:43