အိပ်ရေးဝမှုက သင်ရဲ့ အထူးစွမ်းအား ဖြစ်ခြင်း
-
0:01 - 0:02ကျေးဇူး အများကြီးတင်ပါတယ်။
-
0:02 - 0:06ကျွန်တော်ရဲ့ ဟောကြားချက်ကို
ဝှေးစေ့များ အကြောင်းနဲ့ စတင်ချင်ပါတယ်။ -
0:07 - 0:08(ရယ်သံများ)
-
0:09 - 0:12ညမှာ ငါးနာရီကြာ အိပ်သူဆီမှာ
-
0:12 - 0:17ဝှေးစေ့ဟာ ခုနစ်နာရီ ဒါမှမဟုတ် ပိုအိပ်သူနဲ့
စာရင် သိသာစွာ သေးပါလိမ့်မယ်။ -
0:17 - 0:20(ရယ်သံများ)
-
0:20 - 0:25အဲဒါ့အပြင် ပုံမှန်ဆိုသလို ညတိုင်း
လေးမှငါးနာရီကြာ အိပ်သူထံတွင် -
0:25 - 0:28testosterone ရဲ့ ပမာဏဟာဖြင့်
-
0:28 - 0:31သူတို့ထက် ၁၀ နှစ် အသက်ပိုကြီသူရဲ့
ပမာဏနဲ့ တူညီပါလိမ့်မယ်။ -
0:33 - 0:37ဒီတော့ အိပ်ရေးမဝဘူးဆိုရင်
အဲဒီလူရဲ့ ကျန်းမာရေးဆိုင်ရာ -
0:37 - 0:40အရေးကြီးတဲ့ အချက်တွေဟာ
ဆယ်နှစ် အိုမင်းလာစေပါမယ်။ -
0:42 - 0:46ပြီးတော့ အိပ်ရေးမဝမှုကြောင့်
အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားမှုဆိုင်ရာ -
0:46 - 0:49ကျန်းမာရေးဟာလည်း ထို့နည်းတူ
ချွတ်ယွင်းလာမှာကို မြင်ကြရပါမယ်။ -
0:50 - 0:54ခင်ဗျားတို့ ကျွန်တော် ယူဆောင်လာခဲ့တဲ့
အကောင်းဆုံး သတင်းက အဲဒီလိုပါ။ -
0:54 - 0:56(ရယ်သံများ)
-
0:56 - 0:59ဒီနေရာကနေပြီး အဲဒါဟာ
ပိုဆိုးလာဖို့သာ ရှိပါတယ်။ -
0:59 - 1:02ခင်ဗျားတို့ အိပ်ရေးဝကြတဲ့အခါမှာ ဖြစ်ပျက်
နိုင်တဲ့ အံ့ဖွယ် သတင်းကောင်းတွေကိုသာမက -
1:02 - 1:04ခင်ဗျားတို့ လုံလောက်စွာ မအိပ်ကြရင်
-
1:04 - 1:08ဦးနှောက် အနေနဲ့ရော၊ ခန္ဓာကိုယ် အနေနဲ့ပါ
ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာ -
1:08 - 1:11မကောင်းတဲ့ အရာတွေ အကြောင်းကိုပါ
ကျွန်တော် ပြောပြပါ့မယ်။ -
1:11 - 1:14ဦးနှောက်နဲ့ သင်ယူရေးနဲ့ မှတ်မိရေး
-
1:14 - 1:17လုပ်ကိုင်နိုင်စွမ်းတွေ
အကြောင်းနဲ့ စတင်ပါရစေ၊ -
1:17 - 1:20နောက်ဆုံး ၁၀ နှစ်ကျော်အတွင်းမှာ
ကျုပ်တို့ ရှာတွေ့ခဲ့ရတဲ့ အတိုင်းဆိုရင်၊ -
1:20 - 1:23သင်ဟာ တစ်ခုခုကို သင်ကြားယူပြီးတဲ့ နောက်မှာ
-
1:23 - 1:26အဲဒါကို မမေ့နိုင်ဖို့အတွက် သင်ဟာ
မှတ်ဉာဏ်အသစ်ထဲတွင် သိမ်းဆည်းထားဖို့ -
1:26 - 1:28ခလုတ်ကို နှိပ်မိရန်
အိပ်ပေးဖို့ လိုအပ်ပါတယ်။ -
1:29 - 1:34ပြီးတော့ မကြာသေးမီက ထပ်တွေ့ရတဲ့ အတိုင်း
ဆိုရင်၊ ဦးနှောက်ကို ပြင်ဆင်ထားဖို့အတွက် -
1:34 - 1:38တစ်ခုခုကို မသင်ယူခင်တွင်လည်း
အိပ်ပေးဖို့ လိုအပ်ပါသေးတယ်၊ -
1:38 - 1:40ဦးနှောက်ဟာ အချက်အလက်အသစ်တွေကို
-
1:40 - 1:43စုပ်ယူဖို့ အသင့်ရှိနေတဲ့ ရေမြှုပ်လို
ဖြစ်နေဖို့ လိုပါတယ်။ -
1:43 - 1:46တဖန် အိပ်မထားရင်
ဦးနှောက်ထဲက ပတ်လမ်းတွေဟာ -
1:46 - 1:49ရေတွေပြည့်နေတဲ့ ရေမြှုပ်နဲ့တူပြီး
-
1:49 - 1:52မှတ်မိစရာ အသစ်တွေကို
စုပ်ယူနိုင်စွမ်း မရှိတော့ပါ။ -
1:52 - 1:54သင်တို့ကို ဒေတာများဖြင့် ပြပေးပါရစေ။
-
1:54 - 1:58ဒီလေ့လာမှုထဲမှာ ကျုပ်တို့ရဲ့
ယူဆချက်ကို စမ်းသပ်ကြည့်ဖို့အတွက် -
1:58 - 2:01ညလုံးပေါက် နှိုးနေသူတွေကို
ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြတယ်။ -
2:02 - 2:05အဲဒါနဲ့ ကျုပ်တို့ဟာ လူတချို့ကို
စုစည်းခဲ့ကြပြီး -
2:05 - 2:08သူတို့ကိုစမ်းသပ်ရေး အုပ်စု နှစ်ခုအဖြစ်
တာဝန် ခွဲပေးလိုက်ကြတယ်- -
2:08 - 2:12အိပ်ရေးဝတဲ့ အုပ်စုနဲ့
မအိပ်ဘဲ နေကြရမယ့် အုပ်စုပါ။ -
2:12 - 2:15အိပ်စက်ရမယ့် အုပ်စုကျတော့
ရှစ်နာရီ အပြည့် အိပ်ခွင့်ကို ရရှိကြမယ်။ -
2:15 - 2:19ဒါပေမဲ့ မအိပ်ကြရမယ့် အုပ်စုကို ကျတော့
ကျုပ်တို့ဟာ နှိုးနေလျက် ရှိနေရန်၊ -
2:19 - 2:21ဓာတ်ခွဲခန်းထဲမှာ၊ ကြီးကြပ်မှုအပြည့်နဲ့
ထားရှိကြမယ်။ -
2:22 - 2:26ခဏမှေးခွင့် ကဖိန်းဓာတ် သောက်ခွင့် မရနိုင်
ကြလို့ ပတ်သက်သူတိုင်း စိတ်ညစ်စရာကြီးပါ။ -
2:27 - 2:28နောက်တစ်နေ့တွင် ကျတော့
-
2:28 - 2:32အဲဒီလို ပါဝင်ခဲ့ကြသူတို့ကို MRI စကင်နာ
အတွင်းမှာ ထားရှိလျက် -
2:32 - 2:36ကျုပ်တို့က ဦးနှောက် အလုပ်လုပ်ပုံကို
ဓာတ်ပုံတွေ ရိုက်ယူနေချိန်မှာ သူတို့ကို -
2:36 - 2:40အချက်အလက် အသစ် စာရင်းရှည်ကြီးကို
ကျက်မှတ်ခိုင်းခဲ့ပါတယ်။ -
2:40 - 2:42အဲဒီနောက်မှာ ခုနက သင်ယူမှုရဲ့
ထိရောက်မှုကို သိရဖို့ -
2:42 - 2:44သူတို့ကို စမ်းသပ်ကြည့်ကြမှာဖြစ်ပါတယ်။
-
2:44 - 2:48ခင်ဗျားတို့အားလုံး အဲဒါကို ဒီပုံထဲက
ထောင်လိုက် ဝင်ရိုးမှာ မြင်နိုင်ပါတယ်။ -
2:48 - 2:51အဲဒီအုပ်စု နှစ်ခုကို ထိပ်ချင်းဆိုင်ပြီး
တိုက်ကြည့်မယ်ဆိုရင်၊ -
2:51 - 2:56ကျုပ်တို့ တွေ့ရှိကြရမယ့် အချက်က
မအိပ်လိုက်ကြရတဲ့ သူတို့ဟာ -
2:56 - 3:00အချက်သစ်တွေကို မှတ်မိနိုင်စွမ်း
၄၀ ရာခိုင်နှုန်း နည်းနေကြခြင်းကိုပါပဲ။ -
3:00 - 3:02ပညာတွေကို သင်ယူနေကြတဲ့
လူတွေ အကြားမှာ -
3:02 - 3:05အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး
လက်ရှိဖြစ်ပျက်နေပုံကို ထည့်တွက်လိုက်ရင် -
3:05 - 3:08အဲဒီအချက်ဟာ အတော်လေး
စိုးရိမ်စရာ ကောင်းပါတယ်။ -
3:09 - 3:10လက်တွေ့တွင်၊ အဲဒီအချက်ဟာဖြင့်
-
3:10 - 3:14ကလေး တစ်ယောက်က စာမေးပွဲမှာ
အမှတ်ကောင်းရတာနဲ့ -
3:14 - 3:17ဝမ်းနည်းဖွယ်ရာ ကျရှုံးနိုင်မယ့်
အလားအလာ ၄၀ ရာခိုင်နှုန်းကို ဆိုလိုပါတယ်။ -
3:18 - 3:22ကျုပ်တို့ဟာ ဆက်ပြီး လေ့လာခဲ့ကြလျက်
ဦးနှောက်ရဲ့ သင်ကြားနိုင်စွမ်း အဲဒီလို -
3:23 - 3:26ဖြစ်လာစေတဲ့ ချွတ်ယွင်းမှုတွေကို
ရှာကြံခဲ့ကြပါတယ်။ -
3:26 - 3:28ကျုပ်တို့ ဦးနှောက်ရဲ့ ဘေးဘက်နဲ့ ညာဘက်မှာ
-
3:28 - 3:33တည်ရှိနေတဲ့ အရာတစ်ခု ရှိပြီး
hippocampus လို့ ခေါ်ပါတယ်။ -
3:33 - 3:35အဲဒီ hippocampus ဟာ ကျုပ်တို့ ဦးနှောက်ရဲ့
-
3:35 - 3:38အချက်အလက်များကို
လက်ခံယူရေးပုံးနဲ့ တူပါတယ်။ -
3:39 - 3:42၎င်းဟာ မှတ်ယူစရာ ဖိုင်သစ်တွေကို
လက်ခံရာတွင် သိပ်တော်ပြီး -
3:42 - 3:43အဲဒါတွေကို ထိန်းသိမ်းပေးပါတယ်။
-
3:44 - 3:47ညပိုင်းမှာ အိပ်ရေးအဝ ရရှိခဲ့ကြသူတို့ အထဲက
-
3:47 - 3:50အဲဒီအရာကို ကြည့်ကြည့်ရင်
သင်ယူရေးဆိုင်ရာ လိုအပ်တဲ့ -
3:50 - 3:53တက်ကြွတဲ့ လှုပ်ရှားမှုတွေ
အများအပြားကို တွေ့နိုင်ပါတယ်၊ -
3:55 - 3:58တချိန်တည်းမှာ မအိပ်လိုက်ကြရတဲ့
သူတွေကို လေ့လာကြည့်ရင် -
3:58 - 4:01ကျုပ်တို့ဟာ သိသာထင်ရှားတဲ့ အချက်ပြမှု
တစ်ခုကိုမှ တွေ့နိုင်မှာ မဟုတ်ပါဘူး။ -
4:03 - 4:08ဒီတော့ မအိပ်လိုက်ရမှုက သူတို့ မှတ်ဉာဏ်ရဲ့
လက်ခံယူရေးပုံးကို ပိတ်ချပစ်လို့ -
4:08 - 4:11ဝင်လာသမျှ ဖိုင်များကို
ပြန်ကန်ထုတ်ခံလိုက်ကြရပါတယ်။ -
4:12 - 4:16ထိုသူတို့ဟာ အတွေ့အကြုံအသစ်တွေကို
မှတ်ဉာဏ်ထဲကို ထည့်မရနိုင်ပါ။ -
4:18 - 4:23ကျွန်တော်က ခင်ဗျားတို့ကို အိပ်မရအောင် လုပ်
ခဲ့ရင် အဲဒီလို ဆိုးဝါးတာ ဖြစ်လာနိုင်တယ်။ -
4:23 - 4:26ဒါပေမဲ့ ခုနက ကျုပ်တို့ စမ်းသပ်ခဲ့ကြတဲ့
အုပ်စုဆီကို ပြန်သွားကြရအောင်။ -
4:26 - 4:30ရှစ်နာရီအပြည့် အိပ်လိုက်ကြရတဲ့
သူတွေကို ခင်ဗျားတို့ မှတ်မိကြတယ်နော်။ -
4:30 - 4:33ဒီနေရာမှာ ကျုပ်တို့ဟာ ဒါကို နောက်တမျိုး
မေးခွန်းထုတ်နိုင်ကြပါတယ်- -
4:33 - 4:37ကျုပ်တို့ရဲ့ မှတ်မိရေးနဲ့ သင်ယူရေး
လုပ်နိုင်စွမ်းတွေကို နေ့စဉ် နေ့တိုင်း -
4:37 - 4:38ဆန်းသစ်လာစေပြီး တိုးမြှင့်ပေးတဲ့
-
4:38 - 4:42အိပ်ရေးဝမှုကြောင့် ကျုပ်တို့ ရရှိကြတဲ့
စိတ်ပိုင်းဆိုင်ရာ -
4:42 - 4:44အရည်အသွေးက ဘယ်လိုများပါလိမ့်။
-
4:44 - 4:47ဦးခေါင်း တဝမ်းမှာ
လျှပ်ခေါင်းတွေကို တပ်ဆင်ပေးခြင်းဖြင့် -
4:47 - 4:51ကျုပ်တို့ တွေ့မြင်ခဲ့ကြရတာက ကြီးမားပြီး
အားကောင်းတဲ့ ဦးနှောက်လှိုင်းတွေပါ၊ -
4:51 - 4:55နက်ရှိုင်းစွာ အိပ်စက်နေချိန်မှာ
အဲဒီလို တွေ့မြင်ကြရတာပါ၊ -
4:55 - 4:57၎င်းတို့ရဲ့ ထိပ်တွေမှာ စီးပြေးနေကြတဲ့
-
4:57 - 5:00လျှပ်စစ်လှုပ်ရှားမှုတွေ အံ့ဘွယ်
ပေါက်ကွဲမှုတွေပါ၊ -
5:00 - 5:03အဲဒါကို ကျုပ်တို့က အိပ်စက်မှု
ဗိုင်းလိပ်တံလို့ ခေါ်ကြတယ်။ -
5:03 - 5:07နက်ရှိုင်းစွာ အိပ်ပျော်နေချိန်မှာ ပေါ်လာ
ကြတဲ့ ဦးနှောက်လှိုင်းများ စုပေါင်းမှုကမှ -
5:08 - 5:12ညအချိန်တွင် ဖိုင်တွေကို မေ့လွယ်တဲ့
ရေတိုမှတ်ဉာဏ်ထဲမှနေပြီး -
5:12 - 5:16ဦးနှောက်ထဲရှိ ရေရှည်မှတ်ဉာဏ်ထဲတွင်
သိမ်းဆည်းပေးလျက် -
5:16 - 5:20၎င်းတို့ကို ကာကွယ်ပေးရင်း
လုံခြုံအောင် လုပ်ပေးနိုင်ဖို့အတွက် -
5:20 - 5:24ဖိုင်များ လွှဲပြောင်းရေး လုပ်ငန်း လုပ်ပေး
နိုင်တဲ့ အရည်အသွေးကို ဖန်တီးပေးကြတာပါ။ -
5:24 - 5:28ပြီးတော့ အိပ်နေချိန်မှာ အဲဒီလို မှတ်ဉာဏ်
အကျိုးကျေးဇူးတွေကို ခံစားနိုင်ကြတာကို -
5:28 - 5:32နားလည်ရန် သိပ်ကို အရေးကြီးပါတယ်၊
-
5:32 - 5:36၎င်းနဲ့ ဆက်စပ်နေကြတဲ့ ကျန်းမာရေးနဲ့ လူမှု
ရေးဆိုင်ရာ သက်ရောက်မှုတွေ ရှိနေကြလို့ပါ။ -
5:36 - 5:39ကျွန်တော် ခင်ဗျားတို့ကို အဲဒီလို နယ်ပယ်
တစ်ခုအကြောင်းကို ပြောပြပါရစေ၊ -
5:39 - 5:42ကျုပ်တို့ လုပ်ကိုင်နေတာကို
အိုမင်းလာမှုနဲ့ စိတ်ဖောက်ပြန်မှု ရောဂါနဲ့ -
5:42 - 5:45ဆက်စပ်လျက် ဆေးခန်းထဲကို
ရွှေ့ပြောင်းခဲ့ပါတယ်။ -
5:46 - 5:49ကျုပ်တို့ အသက်ကြီးလာကြတာတာနဲ့
သင်ယူရေးနဲ့ မှတ်မိရေး -
5:49 - 5:54လုပ်နိုင်စွမ်းတွေ ကျဆင်းလာတတ်တာဟာ
ဘယ်သူအတွက်မှ လျှို့ဝှက်ချက် မဟုတ်လို့ပါ။ -
5:55 - 5:57ပြီးတော့ ကျုပ်တို့ ထပ်တွေ့ကြရတာက
-
5:57 - 6:03အိုမင်းလာမှုရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာက
အိပ်နိုင်မှု အခြေအနေ ဆိုးဝါးလာခြင်းပါပဲ၊ -
6:04 - 6:07အထူးသဖြင့် ကျုပ်တို့ဆွေးနွေးတဲ့ နက်ရှိုင်း
အိပ်နိုင်တဲ့ အရည်အသွေး ကျဆင်းလာပါတယ်။ -
6:08 - 6:11နောက်ဆုံးနှစ်ထဲကျမှသာ
ခုနက ပြောခဲ့တဲ့ အရာနှစ်ခုတို့ဟာ -
6:11 - 6:15တချိန်တည်းမှာ ဖြစ်နေကြရုံသာမက ၎င်းတို့ဟာ
သိသာစွာ အပြန်အလှန်ဆက်စပ်နေကြောင်း -
6:15 - 6:18အထောက်အထားတွေကို
ကျုပ်တို့ ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။ -
6:18 - 6:21ကျုပ်တို့ရဲ့ တွေ့ရှိချက်အရ နက်ရှိုင်းတဲ့
အိပ်စက်မှု နှောင့်ယှက်ခံရမှုကို -
6:21 - 6:25အသက်အိုမင်းလာချိန်မှာ သိနားလည်နိုင်စွမ်း
နဲ့ မှတ်မိနိုင်စွမ်း ကျဆင်းလာမှုနဲ့ -
6:25 - 6:28အထူးသဖြင့် Alzheimer ရောဂါ
ဖြစ်ကြသူတို့ အကြားမှာပါ -
6:28 - 6:32ကျုပ်တို့က ထည့်တွက်စဉ်းစားခဲ့ကြခြင်းဟာ
-
6:32 - 6:34များစွာမှ လျော့ပြီး တွက်ချက်ခဲ့ကြတာပါ။
-
6:36 - 6:39အခု ကျွန်တော် ပြောပြလိုက်တဲ့ဟာက
တကယ့် စိတ်ပျက်ဖွယ် သတင်းဖြစ်တာ အမှန်ပါပဲ။ -
6:39 - 6:42မေးလ်ထဲမှာ တွေ့နေကြရသလို
ကျုပ်တို့ဆီကို ရောက်ရှိလာနေပါတယ်။ -
6:42 - 6:45ဒါပေမဲ့ ပြောပြတဲ့ထဲမှာ
မတူတဲ့ ထူးခြားချက် တစ်ခု ရှိပါတယ်။ -
6:46 - 6:51အိုအင်းမှုနဲ့ ဆက်စပ်နေကြတဲ့ ကျုပ်တို့
သိရှိကြတဲ့ အချက်တွေ အများအပြားနဲ့ မတူဘဲ၊ -
6:51 - 6:54ဥပမာ၊ ကုသရန် ခဲယဉ်းလှတဲ့ ဦးနှောက်ရဲ့
ရုပ်ပိုင်း ဖွဲ့စည်းမှုဆိုင်ရာ -
6:54 - 6:57အပြောင်းအလဲတွေ ဆိုပါစို့။
-
6:57 - 7:02ဒါပေမဲ့ အိပ်ရေးဝမှု ကျတော့ ကျုပ်တို့
အနေနဲ့ တစ်ခုခု လုပ်လို့ရနိုင်မယ့် -
7:02 - 7:05အိုမင်းခြင်းနဲ့ Alzheimer ရောဂါဆိုင်ရာ
ရှင်းပြ မရနိုင်သေးတဲ့ ပဟေဠိရဲ့ -
7:05 - 7:07အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်လို့ပါ။
-
7:09 - 7:12ပြီးတော့ ကျွန်တော်ရဲ့ အိပ်စက်မှုဌာနတွင်
အဲဒါကို ချဉ်းကပ်ဖို့ အားထုတ်တဲ့ နည်းလမ်းက -
7:12 - 7:15စကားစပ်မိလို့ ပြောရပါက
အိပ်ဆေးကို အသုံးမပြုကြပါ။ -
7:16 - 7:20အိပ်ဆေးတွေဟာ သဘာဝကျတဲ့ အိပ်စက်မှုကို
ဖန်တီးမပေးနိုင်ကြတဲ့ တုံးတဲ့ကိရိယာတွေပါ။ -
7:21 - 7:25အဲဒီအစား၊ ကျုပ်တို့က နည်းလမ်းကို အောက်ပါ
အခြေခံဖြင့် ပြုစုရန် အားထုတ်နေကြပါတယ်။ -
7:25 - 7:28အဲဒါကို ဦးနှောက်ကို လျှပ်စစ်ဖြင့်
တိုက်ရိုက်ဆွပေးခြင်းလို့ ခေါ်ပါတယ်။ -
7:28 - 7:31ကျုပ်တို့ဟာ ဦးနှောက်ထဲသို့
ဗို့အား နည်းနည်းလေးကို သွင်းပေးကြတယ်၊ -
7:31 - 7:34ပုံမှန်အားဖြင့် ခံစားဖို့ မလွယ်အောင်ကို
နည်းလှတဲ့ ပမာဏပါ၊ -
7:34 - 7:36ဒါပေမဲ့ သက်ရောက်မှုကိုကျတော့
တိုင်းထွာရနိုင်ပါတယ်။ -
7:37 - 7:43တကယ်လို့ လူငယ်၊ ကျန်းမာတဲ့ သက်ကြီးတွေမှာ
အိပ်နေစဉ် အဲဒီလို အားပေးသွင်းမှုက -
7:43 - 7:48နက်ရှိုင်းစွာ အိပ်စက်မှုရဲ့ ဦးနှောက်
လှိုင်းများနဲ့အတူ သီချင်းဆိုပေးသလိုပါ၊ -
7:48 - 7:52နက်ရှိုင်းစွာ အိပ်စက်မှု ဦးနှောက်လှိုင်း
များရဲ့ အရွယ်အစားကို မြှင့်ပေးရုံမက၊ -
7:52 - 7:57အဲဒီလို လုပ်ပေးမှုကြောင့် အိပ်စက်ခြင်းရဲ့
မှတ်ဉာဏ်ဆိုင်ရာ အကျိုးခံစားရမှုကိုပါ -
7:57 - 7:59နှစ်ဆ တိုးချဲ့ပေးနိုင်မှာပါ။
-
7:59 - 8:02အခု စဉ်းစားစရာက ကျုပ်တို့ဟာ
ဒီလိုသယ်ရလွယ်တဲ့ -
8:02 - 8:06ဈေးသိပ်မကြီးတဲ့ နည်းပညာကိရိယာကိုပဲ
-
8:06 - 8:10စိတ်ဖောက်ပြန်မှု ရောဂါရှိကြတဲ့ သက်ကြီး
များထံသို့ လွှဲပြောင်း သုံးရနိုင်မလား။ -
8:10 - 8:15ကျုပ်တို့ဟာ သူတို့အတွက် နက်ရှိုင်းစွာ
အိပ်စက်မှုကို ပြန်ဖြည့်တင်းပေးနိုင်ပြီး -
8:15 - 8:19အဲဒီလို လုပ်ပေးမှုရဲ့ ကျေးဇူးအဖြစ်
သူတို့ရဲ့ သင်ယူရေးနဲ့ -
8:19 - 8:21မှတ်ဉာဏ် လုပ်ကိုင်နိုင်စွမ်းကို
မြှင့်တင်ပေးနိုင်မလား။ -
8:21 - 8:24အဲဒီအချက်ဟာ ဒီနေ့တွင် ကျွန်တော်ရဲ့
တကယ့် မျှော်လင့်ချက်ကြီးပါ။ -
8:24 - 8:28အဲဒါဟာ တကယ့်ကို ဧရာမပန်းတိုင်ကို
လက်လှမ်းမှီမှုပဲ ဖြစ်ပါလိမ့်မယ်။ -
8:29 - 8:33အခု ပြောပြခဲ့တာက ဦးနှောက်အတွက်
အိပ်စက်မှု ဥပမာ တစ်ခုပါ။ -
8:33 - 8:36တကယ်တော့ အိပ်စက်မှုဟာ
တကိုယ်လုံးအတွက် မရှိမဖြစ် လိုအပ်ချက်ပါ။ -
8:37 - 8:41အိပ်စက်မှု ဆုံးရှုံးခံရမှုနဲ့ မျိုးပွားမှု
စနစ်အကြောင်း ကျုပ်တို့ ပြောပြီးခဲ့ကြပါပြီ။ -
8:42 - 8:47အိပ်စက်မှု ဆုံးရှုံးခံရမှုနဲ့ ခင်ဗျားတို့
နှလုံးသွေးကြောစနစ် အကြောင် ပြောနိုင်ပါတယ်။ -
8:47 - 8:50တစ်နာရီတည်းကြောင့်ကို
အဲဒီလို ဖြစ်နိုင်ပါတယ်။ -
8:50 - 8:55ကမ္ဘာတဝမ်းလုံးမှာ လူ ၁.၆ ဘီလီယံအပေါ်မှာ
ပြုလုပ်တဲ့ စမ်းသပ်မှု တစ်ခုရှိနေရာ -
8:55 - 9:00နိုင်ငံ ၇၀ ကျော်တို့ဟာ
တစ်နှစ်လျှင်နှစ်ကြိမ် -
9:00 - 9:02နေ့တာ အချိန်ကို
ရွှေ့ပြောင်းမှု လုပ်ကြပါတယ်။ -
9:03 - 9:06နွေဦးမှာ နာရီကိုရွှေ့ရလို့ ကျုပ်တို့
အိပ်ချိန် တစ်နာရီ လျှော့ချခံရလို့ -
9:06 - 9:12နောက်တစ်နေ့တွင် နှလုံးဆိုင်ရာ ပြဿနာတွေ ၂၄
ရာခိုင်နှုန်း တိုးခံစားရတာ မြင်နိုင်ပါတယ်။ -
9:15 - 9:18ဆောင်းဦးမှာကျတော့
အိပ်ချိန်ကို တစ်နာရီတိုးရကြလို့၊ -
9:18 - 9:22နှလုံးဆိုင်ရာ ပြဿနာရင်ဆိုင်ရမှု
၂၁ ရာခိုင်နှုန်း နည်းလာတာ တွေ့နိုင်ကြတယ်။ -
9:23 - 9:25အဲဒီအချက်ဟာ အံ့အားသင့်ဖို့
မကောင်းပေဘူးလား။ -
9:27 - 9:33ပြီးတော့ ကားတိုက်မှုတွေ၊ လမ်းတွေပေါ် မတော်
တဆမှုတွေ၊ ကိုယ့်ကိုယ်ကို လုပ်ကြံမှုတွေ -
9:33 - 9:35လိုက်ကြည့်ရင် အလားတူပဲ မြင်ရမှာပါ။
-
9:36 - 9:40ဒါပေမဲ့ နက်ရှိုင်းစွာ လေ့လာသင့်တဲ့အရာတစ်ခု
အဖြစ် ခင်ဗျားတို့ကို အာရုံစိုက်စေလိုတာက- -
9:40 - 9:42အိပ်ရေးမဝမှုနဲ့ ကိုယ်ခံစွမ်းအားစနစ်
အကြောင်းကိုပါ။ -
9:43 - 9:48ဟောဒီပုံထဲမှာ ကျွန်တော်ဟာ အားရဖွယ်ရာ
အပြာရောင် အရာတွေကို မိတ်ဆက်ပေးချင်ပါတယ်။ -
9:48 - 9:51၎င်းတို့ကို သဘာဝ သတ်ဖြတ်ရေး ဆဲလ်လို့
ခေါ်ကြပြီး၊ -
9:51 - 9:55အဲဒီ သဘာဝ သတ်ဖြတ်ရေး ဆဲလ်တွေကို
ခင်ဗျားတို့ရဲ့ ကိုယ်ခံစနစ်ရဲ့ -
9:55 - 9:58လျှို့ဝှက်ဝန်ဆောင်ရေး
အေဂျင့်တွေလို ယူဆနိုင်ပါတယ်။ -
9:58 - 10:03၎င်းတို့ဟာ အန္တရာယ်များပြီး မလိုလားအပ်တဲ့
အရာများကို ဖေါ်ထုတ်ရာတွင် သိပ်တော်ကြပြီး -
10:03 - 10:05၎င်းတို့ကို ဖျက်သိမ်းပေးကြပါတယ်။
-
10:05 - 10:09ဒီမှာ ၎င်းတို့ လုပ်နေကြတာက ကင်ဆာ
အကျိတ်ထုကို ဖျက်ဆီးပစ်နေကြတာပါ။ -
10:11 - 10:16ဒီတော့ ကျုပ်တို့ဆီမှာ အဲဒီလို
ကိုယ်ခံစနစ်ကို ခုခံ သတ်ဖြတ်ပေးကြမယ့် -
10:16 - 10:19ဆဲလ်တစ်စုံ အမြဲတမ်း
ရှိနေဖို့ ဆုတောင်းကြရပါမယ်။ -
10:19 - 10:22ခင်ဗျားတို့ အိပ်ရေးမဝရင် အဲဒီဆဲလ်တွေ
မရှိနိုင်ခြင်းဟာ ဝမ်းနည်းစရာပါပဲ။ -
10:24 - 10:25အဲဒါကြောင့် ဒီစမ်းသပ်မှုထဲမှာ
-
10:25 - 10:29စမ်းသပ်ခံရမယ့်သူတွေကို တစ်ညလုံး
အိပ်မရအောင် ပြုလုပ်မှာမဟုတ်ဘဲ -
10:29 - 10:33ထိုသူတို့ကို တစ်ညအတွက်သာလျှင်
အိပ်ချိန်ကို လေးနာရီဖြင့် -
10:33 - 10:35ကန့်သတ်လျက် ခွင့်ပြုပေးမှာပါ။
-
10:35 - 10:38အဲဒီနောက်မှာ သူတို့ရဲ့ ကိုယ်ခံစနစ်ထဲက
ဆဲလ်တွေရဲ့ တက်ကြွမှုနှုန်း ဘယ်လောက် -
10:38 - 10:40နိမ့်ကျသွားသလဲ ဆိုတာကို စစ်ဆေးကြည့်မှာပါ။
-
10:41 - 10:44အဲဒီရလဒ်ဟာ သေးသေးလေး မဟုတ်ပါ၊
၁၀ ရာခိုင်နှုန်းလည်း မဟုတ်၊ -
10:44 - 10:46၂၀ ရာခိုင်နှုန်းလည်း မဟုတ်၊
-
10:46 - 10:50သဘာဝ သတ်ဖြတ်ရေး ဆဲလ်တွေရဲ့ တက်ကြွမှုဟာ
၇၀ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တာပါ။ -
10:52 - 10:56အဲဒါဟာ စိုးရိမ်ဖို့ ကောင်းတဲ့ ကိုယ်ခံအား
စနစ်ရဲ့ ချွတ်ယွင်းမှုပါ၊ -
10:57 - 11:00အဲဒါကြောင့်မို့လို့ ကျုပ်တို့ဟာ
အိပ်ရေးမဝမှုနဲ့ ခင်ဗျားတို့ဆီမှာ -
11:00 - 11:04ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာနိုင်တဲ့
အန္တရာယ်တို့ဟာ ဆက်စပ်မှုရှိနေကြောင်း -
11:04 - 11:08နမိတ်လက္ခဏာတွေကို ကျုပ်တို့ဟာ တိုးတိုး
တွေ့ရှိလာနေကြတာကို နားလည်ရနိုင်ပါတယ်။ -
11:10 - 11:13လောလောဆယ်အထိ၊ အဲဒီစာရင်းတွင်
အစားအိမ်ကင်ဆာ၊ -
11:13 - 11:16ဆီးကျိတ်ကင်ဆာနဲ့ ရင်ဘတ် ကင်ဆာတို့
ပါဝင်ကြပါတယ်။ -
11:18 - 11:23တကယ်တော့ အိပ်ရေးမဝခြင်းနဲ့ ကင်ဆာအကြား
ဆက်စပ်မှုဟာ သိပ်ကို ထင်ရှားလွန်းလို့ -
11:23 - 11:26ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင်
-
11:26 - 11:30ညအချိန်မှာ လုပ်ရတဲ့
အလုပ်ဆိုင်း မှန်သမျှကို -
11:30 - 11:33လူသားရဲ့ အိပ်ချိန်နဲ့ နှိုးနေချိန်
စည်းချက် ချိုးဖောက်ခံရတာမို့လို့ -
11:33 - 11:36ကင်ဆာရောဂါဖြစ်နိုင်ခြေ
အကြောင်းရင်းဆိုပြီး သတ်မှတ်လာရပါတယ်။ -
11:36 - 11:39သေသွားတဲ့ နောက်မှာ အိပ်ချင်သလောက်
အိပ်လို့ ရနိုင်ပါတယ်လို့ -
11:39 - 11:42ပြောဆိုမှုတွေကို
ခင်ဗျားလို့ ကြားခဲ့ဘူးမှာပါ။ -
11:42 - 11:45ဒါပေမဲ့ တကယ့်ကို လေးလေးနက်နက်
ပြောဆိုရပါက -- -
11:45 - 11:47အဲဒီလို အကြံပေးချက်ဟာ
လုံးဝကို မဆီလျော်ပါဘူး။ -
11:48 - 11:53လူမျိုးစုံ သန်းချီတို့ရဲ့ သေဆုံးမှုနောက်
ရောဂါရှာဖွေမှုများမှ အဲဒီလို သိလာရတာပါ။ -
11:53 - 11:55ရိုးရှင်းနေတဲ့ အမှန်တရားက-
-
11:55 - 11:59ကိုယ်အိပ်တဲ့ အချိန်ဟာ တိုတောင်းလေ၊
ကိုယ့်အသက်ဟာလည်း တိုတောင်းလေပါ။ -
11:59 - 12:02အိပ်ရေး တိုတောင်းမှုဟာ သေဆုံးမှုရဲ့
အကြောင်းရင်းမျိုးစုံ ဖြစ်နိုင်တယ်။ -
12:05 - 12:09ခုနက ပြောပြခဲ့တဲ့ ကင်ဆာ ဒါမှမဟုတ်
Alzheimer ရောဂါဖြစ်နိုင်ခြေ -
12:09 - 12:11အန္တရာယ် ပိုကြီးထွားလာနိုင်ခြင်းဟာ
-
12:11 - 12:16မလုံလောက်သေးဘူးလို့ ထင်မြင်ကြပါက၊
-
12:16 - 12:19အိပ်ရေးမဝမှုဟာဖြင့် ဇီဝဘဝကိုယ်၌ရဲ့
ချည်မျှင်နဲ့တူတဲ့ DNA ဗီဇကုဒ်ကိုတောင် -
12:19 - 12:23ချွတ်ယွင်းသွားစေနိုင်ကြောင်း
အထောက်အထားတွေကို -
12:25 - 12:27ကျုပ်တို့ တွေ့ခဲ့ကြရပါတယ်။
-
12:28 - 12:32ဒီတချီ လေ့လာမှုထဲတွင်၊
ကျန်းမာကြတဲ့ သက်ကြီး အုပ်စုကို ရွေးယူပြီး -
12:32 - 12:36တစ်ပတ်ကြာအောင် သူတို့ကို
ညတိုင်း ခြောက်နာရီသာ -
12:36 - 12:37အိပ်ခွင့်ပြုခဲ့ကြပြီး
-
12:37 - 12:41နောက်ပိုင်းတွင် သူတို့လို အရွယ်ပဲဖြစ်ပြီး
ညတိုင်း ရှစ်နာရီအပြည့် အိပ်ခွင့်ရရှိကြတဲ့ -
12:41 - 12:44လူအုပ်စုနဲ့ ယှဉ်ပြီး မျိုးရိုးဗီဇဆိုင်ရာ
အချက်အလက်တွေကို -
12:44 - 12:46တိုင်းထွာ လေ့လာခဲ့ကြပါတယ်။
-
12:46 - 12:49အဲဒီမှာ အရေးပါတဲ့ တွေ့ရှိချက်
နှစ်ချက်ကို တွေ့ရှိခဲ့ပါတယ်။ -
12:50 - 12:55ပထမအချက်အနေနဲ့ အတော်ကလေးများတယ်လို့
ဆိုရမယ့် မျိုးရိုးဗီဇ ၇၁၁ တို့ရဲ့ -
12:55 - 12:58လှုပ်ရှားမှုဟာ ချွတ်ယွင်းနေခဲ့ကြရာ
-
12:58 - 13:00အိပ်ရေးမဝခြင်းက အကြောင်းရင်းပါ။
-
13:00 - 13:03ဒုတိယအချက်က ခုနက မျိုးရိုးဗီဇ တစ်ဝက်လောက်က
-
13:03 - 13:06လက်တွေ့မှာ ပိုတက်ကြွစွာ
လှုပ်ရှားနေခဲ့ကြပြီး -
13:06 - 13:08အခြားတစ်ဝက်ကျတော့ လျော့နည်းနေခဲ့ကြပါတယ်။
-
13:08 - 13:12အိပ်ရေးမဝလို့ ပိတ်ချခံလိုက်ကြရတဲ့
မျိုးရိုးဗီဇတွေဟာ -
13:12 - 13:15ကိုယ်ခံအားစနစ်နဲ့ ဆက်စပ်နေကြတဲ့
မျိုးရိုးဗီဇတွေ ဖြစ်ခဲ့ကြလို့၊ -
13:15 - 13:18ကျုပ်တို့ဟာ ထပ်ပြီး ကိုယ်ခံစွမ်းအား
ချို့တဲ့မှုကို တွေ့ကြရတာပါ။ -
13:19 - 13:22အခြားတစ်ဖက်တွင်၊ လက်တွေ့မှာ
အိပ်အရေးမဝမှုကြောင့် ပိုတက်ကြွစွာ -
13:22 - 13:25လှုပ်ရှားလာခဲ့ကြတဲ့ မျိုးရိုးဗီဇတွေကျတော့၊
-
13:25 - 13:29အသားပိုများ တိုးပွားရေးနဲ့
ဆက်စပ်နေကြတဲ့ ဗီဇများ၊ -
13:29 - 13:34ခန္ဓာကိုယ်အတွင်းမှာ နာတာရှည်
ရောင်ရမ်းမှုကို ဖြစ်စေကြတဲ့ ဗီဇများနဲ့ -
13:34 - 13:37စိတ်ဖိစီးမှုနဲ့ဆက်စပ်နေကြတဲ့ ဗီဇများ
ဖြစ်ခဲ့ကြလို့ -
13:37 - 13:40နှလုံးသွေးကြောဆိုင်ရာ
ရောဂါရဲ့ အကြောင်းရင်းဖြစ်နိုင်ကြတယ်။ -
13:41 - 13:45ဒီတော့ ကျုပ်တို့ရဲ့ ကျန်းမာရေးရဲ့
ဘယ်မျက်နှာစာကိုပဲ ယူကြည့်ကြည့်၊ -
13:45 - 13:48အိပ်ရေးမလုံလောက်မှုကြောင့်
ထိခိုက်မနစ်နာဘဲ ကျန်ရစ်နိုင်တာ -
13:48 - 13:50တစ်ခုမှာမှ မရှိနိုင်ပါ။
-
13:51 - 13:54ဒါဟာ ကိုယ့်အိမ်ထဲက
ကျိုးပေါက်နေတဲ့ ရေပိုက်နဲ့ တူပါတယ်။ -
13:54 - 13:58အိပ်စက်မှု ဆုံးရှုံးမှုဟာဖြင့်
သင့်စိတ်ထဲက ချောင်ချိုချောင်ကြား -
13:58 - 14:00အပေါက်တိုင်းထဲသို့ စိမ့်ဝင်လျက်
-
14:00 - 14:04သင့်ကျန်းမာရေးကို နေ့စဉ်
စောင့်ရှောက်ပေးနေတဲ့ -
14:04 - 14:07DNA ရဲ့အခြေခံ ရင်းမြစ်ကိုတောင်
ထိခိုက်စေမှာပါ။ -
14:09 - 14:12ဒါတွေကို ကြားသိလိုက်ရတဲ့ နောက်မှာ
ခင်ဗျားတို့က -
14:12 - 14:15"အို ဘုရားသခင်၊ ကျွန်တော် ဘယ်လိုလုပ်ပြီး
ပိုကောင်းအောင် အိပ်ရမှာလဲ။ -
14:15 - 14:19ကောင်းကောင်း အိပ်စက်ဖို့ ခင်ဗျားက
ဘာတွေများ အကြံပေးနိုင်မလဲ။" မေးလိုကြမှာပါ။ -
14:19 - 14:23အဲဒီလိုဆိုရင် အိပ်ရေးကို
ထိခိုက်စေနိုင်ကြတဲ့ -
14:23 - 14:25အရက်နဲ့ ကဖိန်းဓာတ်ကို ရှောင်ရှားရန်
လိုအပ်ပုံနဲ့ -
14:25 - 14:28ကိုယ်က ညအချိန်မှာ ကောင်းကောင်း
အိပ်နိုင်ဖို့ ကြိုးပမ်းလိုပါက၊ -
14:28 - 14:31နေ့ခင်းတွင် ခဏမှေးတာမျိုးကို
ရောင်ရန် လိုအပ်တဲ့အပြင် -
14:31 - 14:33ကျွန်တော်ပေးလိုတဲ့
အကြံပြုချက် နှစ်ခု ရှိပါတယ်။ -
14:33 - 14:36ပထမက ပုံမှန်ဖြစ်မှုပါ။
-
14:36 - 14:39အိပ်ရာဝင်ချိန်နဲ့ အိပ်ရာမှ နိုးချိန်ဟာ
အမြဲတမ်း တစ်ချိန်တည်းမှာ ဖြစ်ရပါမယ်၊ -
14:39 - 14:42ရုံးရက်လား၊ စနေ၊ တနင်္ဂနွေလား
မဆိုင်ပါဘူး။ -
14:42 - 14:45ပုံမှန်ဖြစ်မှုဟာ ပဓာနပါ။
-
14:45 - 14:47အဲဒီလိုဆိုရင် အိပ်စက်မှုကို
ကျောက်စူးချပေးနိုင်ပြီး -
14:47 - 14:51အိပ်စက်မှုရဲ့ ပမာဏနဲ့ အရည်အသွေးကို
မြှင့်တင်ပေးပါမယ်။ -
14:52 - 14:55ဒုတိယအချက်က အေးအောင် ပြုလုပ်ပေးပါ။
-
14:55 - 14:59အိပ်စက်မှုကို စတင်ပေးရန်အတွက်
သင့်ခန္ဓာကိုယ်ဟာ ပင်ကို အပူချိန်ကို -
14:59 - 15:03ဖာရင်ဟိုက် နှစ်သုံးဒီဂရီခန့်
နှိမ့်ချပစ်ရန် လိုပြီး -
15:03 - 15:05ဆက်ပြီး အိပ်ပျော်နေနိုင်ပါလိမ့်မယ်။
-
15:05 - 15:07အဲဒါကြောင့်မို့လို့ ကိုယ်ဟာ အိပ်ချင်ရင်
-
15:07 - 15:10ပူတဲ့ အခန်းနဲ့စာပါက
အေးနေတဲ့ အခန်းထဲမှာ အိပ်ပျော်ဖို့ -
15:10 - 15:12ပိုလွယ်ကူတာ အဲဒါကြောင့်ပါ။
-
15:12 - 15:15အဲဒါကြောင့်မို့လို့ အိပ်ခန်းရဲ့
အပူချိန်မှာ ၆၅ ဒီဂရီခန့် -
15:15 - 15:18ဒါမှမဟုတ် ၁၈ ဒီဂရီစင်တီဂရိတ်
ဝန်းကျင်မှာရှိဖို့ အားထုတ်ပါ။ -
15:18 - 15:20အဲဒါက လူအများစုအတွက်
အိပ်စက်ရန် အကောင်းဆုံးဖြစ်ပါတယ်။ -
15:22 - 15:26နောက်ဆုံး အနေနဲ့ နောက်ကို ခြေတစ်လှမ်း
ပြန်ဆုတ်ပြီး၊ -
15:26 - 15:29အရေးကြီးဆုံး ကြေညာချင်တဲ့
အချက်က ဘာများလဲဆိုရင်၊ -
15:31 - 15:33ကျွန်တော်စိတ်ထင် ဒီလိုပါ-
-
15:33 - 15:38အိပ်စက်မှုဟာ၊ ကံမကောင်းချင်တော့၊ လိုချင်မှ
ရွေးယူရမယ့် ဘဝစည်းစိမ်တစ်ခု မဟုတ်ပါဘူး၊ -
15:39 - 15:44အိပ်စက်ခြင်း ဘယ်လိုမှ ထိပါးခံမရနိုင်တဲ့
ဇီဝလိုအပ်ချက်ပါ။ -
15:45 - 15:48အဲဒါဟာ ကိုယ့်အသက်ကို ပံ့ပိုးပေးတဲ့
စနစ်တစ်ခုပါ၊ -
15:49 - 15:53ပြီးတော့ အသက်ရှင်နေထိုင်ဖို့ သဘာဝမိခင်ရဲ့
အကောင်းဆုံး အားထုတ်မှုပါ။ -
15:55 - 15:59စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတဝမ်းမှာ
အိပ်စက်မှု နည်းပါးလာနေခြင်းဟာ -
15:59 - 16:04ကျုပ်တို့ရဲ့ ကျန်းမာရေး၊ ဘဝကောင်းစားမှုကို
အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေပြီး၊ -
16:04 - 16:07ကျုပ်တို့ ကလေးများရဲ့ လုံခြုံမှုနဲ့
ပညာရေးကိုတောင် ခြိမ်းခြောက်လာပါတယ်။ -
16:08 - 16:11ဒါဟာ တိတ်ဆိတ်စွာ အိပ်ရေးမဝမှု
ကပ်ဘေးနဲ့ တူပါတယ်၊ -
16:11 - 16:15ပြီးတော့ ၂၁ ရာစုမှာ ကျုပ်တို့ ရင်ဆိုင်ရတဲ့
အများပြည်သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ -
16:15 - 16:17စိန်ခေါ်မှုကြီး ဖြစ်လာနေပါတယ်။
-
16:20 - 16:24အခုတော့ ကျွန်တော်တို့ဟာ
ညအချိန်မှာ အပြည့်အဝ -
16:24 - 16:27အိပ်စက်ပိုင်ခွင့်ကို
တောင်းဆိုကြရမယ့် အချိန်ပါ၊ -
16:28 - 16:30ဒါကို ဘာမှရှက်ကြောက်စရာ မလိုပါဘူး၊
-
16:30 - 16:34ဒါမှမဟုတ် အိပ်ခြင်း ပျင်းရိခြင်းပါဆိုတဲ့
ကံဆိုးယူဆမှုကို မေ့ပစ်ကြရပါမယ်။ -
16:35 - 16:41ဒီလိုလုပ်နိုင်ရင် ကျုပ်တို့ဟာ အားကောင်းတဲ့
အသက်ရှင်ဆေးကြောင့် ပြန်သွေးစည်းကြပါမယ်။ -
16:42 - 16:45စံပြဖြစ်သင့်တဲ့ ကျန်းမာရေးကို
ပြန်ရလာကြမှာပါ။ -
16:45 - 16:48ကျုပ်တို့က အဲဒီလို ယူဆချက်တွေကို
ကျော်လွှားလိုက်ကြတဲ့ နောက်မှာ -
16:48 - 16:52ခင်ဗျားတို့ အားလုံးကို မင်္ဂလာရှိညပါ၊
ကျန်းမာချမ်းသာပါစေ ဆုတောင်းချင်ပါတယ်။ -
16:52 - 16:53အရေးကြီးဆုံးက ...
-
16:53 - 16:57ခင်ဗျားတို့အားလုံး ကောင်းမွန်စွာ
အိပ်ကြတယ်လို့ မျှော်လင့်ပါတယ်။ -
16:57 - 16:58တကယ့်ကိုပဲ အထူးကျေးဇူးတင်ပါရစေ။
-
16:58 - 17:03(လက်ခုပ်သံများ)
-
17:03 - 17:04ကျေးဇူးတင်ပါတယ်။
-
17:04 - 17:07(လက်ခုပ်သံများ)
-
17:07 - 17:08ကျေးဇူးအများကြီးတင်ပါတယ်။
-
17:08 - 17:11David Biello- ခဏလေး၊ ခဏလေး၊
အဲဒီမှာ ခဏ ရပ်နေပါဦး။ -
17:11 - 17:13ထွက်ပြေးမသွားတာကို
အထူး ကျေးဇူးတင်လိုပါတယ်။ -
17:13 - 17:15ခင်ဗျား ပြောပြတာတွေဟာ
ကြောက်စရာကြီးပါပဲ။ -
17:15 - 17:18Matt Walker- ခင်ဗျားကို ကြိုဆိုပါတယ်။
DB- ဟုတ်ကဲ့၊ ကျေးဇူးပါပဲ၊ ကျေးဇူးပဲ။ -
17:18 - 17:23ကျုပ်တို့ အိပ်ပျော်မရရင်ကော
ဘယ်လို လုပ်သင့်ပါသလဲ။ -
17:23 - 17:27ညနက်ချိန်မှာ အိပ်မရနိုင်လို့ တချိန်လုံး
အိပ်ရာထဲမှာ လူးလိမ့်နေရတဲ့ အချိန်မျိုးမှာ -
17:27 - 17:29ညဘက် အလုပ်လုပ်ရတဲ့အခါမျိုးမှာ
ဘာလုပ်ရနိုင်ပါသလဲ။ -
17:29 - 17:32MW- ခင်ဗျားပြောတာ မှန်ပါတယ်၊
ကျုပ်တို့ဟာ အိပ်မရတဲ့ ပြဿနာရှိပါတယ်။ -
17:33 - 17:34အိပ်ခြင်းဟာ ဘဏ်တိုက်နဲ့ မတူပါဘူး။
-
17:34 - 17:36ကျုပ်တို့ဟာ အကြွေးတွေကို စုစည်းပြီး
-
17:36 - 17:39နောင်တစ်နေ့နေ့တွင် ပြန်ပြီး
ပေးဆပ်နိုင်မယ်လို့ မျှော်လင့်မရနိုင်ပါဘူး။ -
17:39 - 17:42အဲဒါရဲ့ ကြောက်မက်ဖွယ်ရာ
ဆိုးကျိုးကိုပါ ထောက်ပြပေးရပါမယ်၊ -
17:42 - 17:45ကျုပ်တို့ရဲ့ကျန်းမာရေးဟာ
လျင်မြန်စွာ ဆုတ်ယုတ်လာပါမယ်၊ -
17:45 - 17:47ပထမအချက်အနေနဲ့၊ ကိုယ့်အိပ်ရမယ့်
အချိန်မှာ တမင်ကို -
17:47 - 17:50ခိုင်မာတဲ့ အကြောင်းပြချက် မရှိဘဲနဲ့
မအိပ်ဘဲနေသူဆိုလို့ -
17:50 - 17:52လူသားမျိုးစိတ်သာ ရှိတာကို ထောက်ပြရမယ်။
-
17:52 - 17:54DB- ကျုပ်တို့က သိပ်စမတ်ကျကြလို့ပါ။
-
17:54 - 17:57MW- သဘာဝမိခင်ဟာ ဆင့်ကဲဖြစ်စဉ်
တစ်လျှောက်လုံးမှာ -
17:57 - 18:00အိပ်ရေးမဝမှုလို့ ကျုပ်တို့ ခေါ်ကြတဲ့
စိန်ခေါ်မှုကို မရင်ဆိုင်ခဲ့ရလို့ -
18:00 - 18:05ကျွန်တော်က ဒီအကြောင်းကို
အထူးပြောဆိုနေရတာပါ။ -
18:05 - 18:09အဲဒါကြောင့် သဘာဝမိခင်ဟာ အဲဒါ့အတွက်ကို
ကယ်တင်ရေးနည်းကို မတီထွင်ခဲ့တာပါ၊ -
18:09 - 18:11အဲဒီတော့ ကိုယ်ဟာ အိပ်ရေးမဝတာမျိုး ကြုံရရင်
-
18:11 - 18:15အရာတွေဟာ ဦးနှောက်ထဲမှာရော၊ ခန္ဓာကိုယ်
ထဲမှာပါ လျင်မြန်စွာ ချွတ်ယွင်းလာကြပါတယ်။ -
18:15 - 18:18ဒီတော့ ကိုယ်ဟာ ဦးစားပေးတတ်ဖို့ လိုပါတယ်။
-
18:18 - 18:21DB- အိုကေ၊ အိပ်ရာထဲမှာ လူးလိမ့်နေရတဲ့
-
18:21 - 18:23ကျွန်တော်က ဘာလုပ်ရမလဲ။
-
18:23 - 18:27MW- ကိုယ်ဟာ အိပ်ရာထဲမှာ အကြာကြီး
အိပ်မရ ဖြစ်နေတယ်ဆိုရင်၊ -
18:27 - 18:30ကိုယ်ဟာ အိပ်ရာမှ ထလိုက်ပြီး
အခြား တစ်ခန်းကို သွားပြီး -
18:30 - 18:32ဒီ့ပြင်ဟာ တစ်ခုခုကို လုပ်သင့်ပါတယ်။
-
18:32 - 18:36ဒီလိုပြောရတာက ကိုယ့်ဦးနှောက်ဟာ
အိပ်မရနိုးနေရခြင်းနှင့် ချိတ်ဆက် -
18:36 - 18:38စဉ်းစားပြီး လက်ခံလာမှာကို စိုးရလို့ပါ၊
-
18:38 - 18:42ကျုပ်တို့ဟာ အိပ်ခန်းနဲ့ အဲဒီလို ဆက်စပ်
မှုကို ရိုက်ချိုးပစ်ရန် လိုအပ်ပါတယ်။ -
18:42 - 18:45ဒါကြောင့်မို့လို့ အိပ်ချင်တော့မှသာ
အိပ်ခန်းထဲကို ပြန်ဝင်ခြင်းဖြင့် -
18:45 - 18:48အိပ်ရာဆိုတာက အိပ်စက်ရမယ့် နေရာပဲဆိုတဲ့
-
18:48 - 18:50ဆက်စပ်နေတဲ့ အလေ့အထကို
ကိုယ်ဟာ ပြန်ပြီး သင်ယူလာနိုင်မှာပါ။ -
18:50 - 18:52ဒါကိုပဲ ဒီပြင်နည်းဖြင့် ရှင်းပြရရင်၊
-
18:52 - 18:56ထမင်းစားတဲ့ စားပွဲမှာ ဝင်ထိုင်လျက်
ဗိုက်ဆာလာမှာကို စောင့်နေတာနဲ့ တူပါတယ်။ -
18:56 - 18:59အလားတူပဲ အိပ်ချင်လာမှာကို စောင့်ဖို့
အိပ်ရာထဲမှာ လှဲနေဖို့ မလိုပါဘူး။ -
18:59 - 19:02DB- ဒီလို သတိပေးစေ့ဆော်ချက်အတွက်
ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ -
19:02 - 19:03သိပ်ကောင်းတဲ့ အလုပ်ပါ၊ Matt။
-
19:03 - 19:05MW- ဝမ်းသာပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
- Title:
- အိပ်ရေးဝမှုက သင်ရဲ့ အထူးစွမ်းအား ဖြစ်ခြင်း
- Speaker:
- Matt Walker
- Description:
-
အိပ်စက်ခြင်းဟာ သင့်အသက်ကို ပံ့ပိုးပေးတဲ့ စနစ်ဖြစ်ပြီး သဘာဝမိခင်ကြီးမှ အသက်ရှင် ရပ်တည်နိုင်ဖို့ အကောင်းဆုံး အားထုတ်မှုပါလို့ အိပ်စက်မှုဆိုင်ရာ သိပ္ပံပညာရှင် Matt Walker က ဆိုပါတယ်။ အိပ်စက်မှုကို နက်နက်ရှိုင်းရှိုင်း လေ့လာထားတဲ့ ဒီဟောပြောချက်ထဲတွင် Walker က ကျုပ်တို့ အိပ်ရေးဝတဲ့ အခါမှာ ဖြစ်ပျက်တတ်တဲ့ ကောင်းတဲ့ အရာတွေကို မျှဝေထားသလို အိပ်ရေး မဝတဲ့အခါမှာ ဦးနှောက်ရော၊ ခန္ဓာကိုပါ ရင်ဆိုင်ရတဲ့ ကြောက်မက်ဖွယ်ရာ အရာများကို ရှင်းပြထားပါတယ်။ ပြီးတော့ အိပ်စက်ခြင်းက သင်ကြားနိုင်မှု၊ မှတ်ဉာဏ်၊ ကိုယ်ခံစနစ်နဲ့ မျိုးရိုးဗီဇ ကုဒ်ကိုတောင် အကျိုးသက်ရောက်ပုံကို လေ့လာရင်း အိပ်မရသူများအတွက် အသုံးဝင်မယ့် အကြံပေးချက် အချို့တို့ကိုပါ လေ့လာကြည့်လိုက်ကြပါ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 19:18
![]() |
Myo Aung approved Burmese subtitles for Sleep is your superpower | |
![]() |
Myo Aung edited Burmese subtitles for Sleep is your superpower | |
![]() |
Sanda Aung accepted Burmese subtitles for Sleep is your superpower | |
![]() |
Sanda Aung edited Burmese subtitles for Sleep is your superpower | |
![]() |
Myo Aung edited Burmese subtitles for Sleep is your superpower | |
![]() |
Myo Aung edited Burmese subtitles for Sleep is your superpower | |
![]() |
Myo Aung edited Burmese subtitles for Sleep is your superpower |